Tuesday, January 31, 2012

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကရင်အမျိုး သမီးများ ပြောဆို

ဇန်န၀ါရီလ ၃၀ရက်၊ ၂၀၁၂။

ကရင်တမျိုးသားလုံးအတွက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း တည်ဆောက်သည့် အခန်းကဏ္ဍ လုပ်ငန်းစဉ် တလျှောက်တွင် ကရင်အမျိုး သမီးများ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသမီး အစည်း အရုံး(KWO) က ပြောသည်။

KWO ၏ ၅ကြိမ်မြောက် ကွန်ဂရက်အပြီး ဒုတိယ အကြိမ်မြောက် ဗဟိုကော်မတီဝင်များ အစည်းအဝေး၌ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးဖြစ်စဉ်များကို ဆွေးနွေး သုံးသပ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်ရန် အရေးကြီး ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅နဲ့အညီ ကျမတို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။”ဟု KWO အတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က ပြောသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU လည်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါ ဝင်မှုရှိလာအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ထားသည်။

ကေအဲန်ယူ တပ်မဟာ(၄)ဘက်တွင် အစိုးရစစ်တပ်များ တိုးချဲ့ကာ ရိက္ခာပို့နေ .

ဇန်နဝါရီလ 30 ရက် 2012 ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ တပ်မဟာ(၄)နယ်မြေဖြစ်သည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မေတ္တာမြို့ နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်မှ တပ်အင်အားတိုးချဲ့မှုများနှင့်အတူ ရိက္ခာပို့ဆောင်မှုများ ဆက်တိုက် လုပ် ဆောင်လျှက်ရှိသည်ဟု သိရသည်။

တပ်အင်အား ၁,၀၀၀ ကျော်ရှိသည့် စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၂၀)နှင့် နည်းဗျူဟာ(၁)၊ (၃)တို့မှ တပ်ရင်း ၇ရင်းသည် စစ် ကား ၅၀စီးဖြင့် စစ်ဗျူဟာ(၁)ဌာနချုပ် ရေဖြူရွာသို့ ယခုလ ၂၉ရက်နေ့က ရောက်ရှိခဲ့သကဲ့သို့ စစ်ဗျူဟာ(၂)မှလည်း ရိက္ခာပို့ ကား (၂၀)စီးသည် ထားဝယ်မှ အိုင်ဝိုင်းစခန်းသို့ ရိက္ခာပို့ဆောင်ရန်အတွက် မေတ္တာစခန်းသို့ ရောက်ရှိခဲ့ပြီဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၄)မှ အမည်မဖော်လိုသူ တပ်ဘက်အရာရှိတစ်ဦးက “အခု စကခ (၂၀) ရောက်လာပြီ။ စကခ(၁၃)၊ (၈)တို့ အခုထိ ပြန်မဆင်းဘူး။ ပြောတာက တပ်ချိန်းတယ်ဆိုပေမယ့် ဒါဟာ တပ်အပြောင်းအလဲ လုပ်ဆောင်တယ်လို့ ပြောလို့ မရဘူး။ တပ်အင်အား ထပ်ဖြည့်တယ်လို့ ပြောရမှာ။”ဟု ပြောသည်။

ဗိုလ်မှုးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူးအကြောင်း


မောင်စည်သာ ဆိုတဲ့ တပ်မတော်အရာရှိဟောင်းတဦး စည်းလုံးခြင်းရဲ့အင်အားဘလော့ဂ်မှာ ရေးသားခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၁၂ ပုဒ် ဖြစ်ပါတယ်။


သပြေတခက် ကြွေရက်ကယ်စော - အပိုင်း (၁)

စာဖတ်ပရိသတ်များခင်ဗျား-

မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီး ဗထူးကို ကြားဖူး နားဝ ရှိခဲ့ကြပေမဲ့ သားဖြစ်သူ ဗိုလ်ကြီးမြင့်ထူးရဲ့  အကြောင်းကိုတော့ သိသူရှိ သလို မသိသူလည်း အများအပြား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရွံ့ မုန်းတဲ့ ဗိုလ်ကြီးမြင့်ထူးရဲ့  ရင်နင့်စဖွယ် ဖြစ်ရပ်မှန်ကို စာဖတ် ပရိသတ်များအား တင်ပြပေး လိုက်ပါတယ်။ တိုင်းပြည်အတွက် သားကောင်းတစ်ဦး ဖက်ဆစ် စစ်ဘီလူး တွေကြောင့် အသက်ပေးခဲ့ပုံ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဆောင်းပါးကို နောင်လာ နောင်သား မျိုးဆက်သစ်များ သိရှိနိုင်ရန် ဖြစ်ပါ တယ်။ တဆက်တည်းမှာ ဒီမိုကရေစီ အရေးအတွက် အသက် ပေးသွားတဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင် လူ တပ်မတော်သား တွေရဲ့  ၀ိညာဉ်ကို ဦးညွှတ်ရင်း နိုင်ငံ့ အတွက် ကောင်းမြတ်သော စိတ်ထားဖြင့် စစ်အာဏာရှင်စနစ် ချူပ်ငြိမ်းရေး အောင်မြင်သည့်အထိ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဆောင်းပါးတွဲ ပေးပို့ ဖေါ်ပြခွင့်ပြုတဲ့ တပ်မတော် အရာရှိဟောင်းများကို အထူး ကျေးဇူးတင် ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ စည်းလုံးခြင်းရဲ့  အင်အား ၀က်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ်ခင်ဗျား။

တပ်မှူး ဒုဗိုလ်မှူးကြီးတင်ဦး ကွပ်ကဲအုပ်ချုပ်သည့် မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲရှိ ‘ရေကြည်အိုင်’ အကျဉ်းထောင်သည် အရှေ့ဘက်တွင် ထောင်ဗူး၊ မြောက်ဘက် နှင့် တောင်ဘက်တွင် အုတ်ကြွပ်မိုး တစ်ထပ်အိမ် (၅) လုံးစီရှိကြ၏။ အိမ်တစ်လုံး နှင့် တစ်လုံး အကြား ပတ်လည်တွင် ပြင်ပအား အိမ်တွင်းမှ လွတ်လွတ်လပ်လပ် ကြည့် ရှုမရနိုင်စေရန် လူတရပ်ကျော် မြင့်သည့် သစ်သားဝင်းထရံဖြင့် ကာရံထား၏။

အနောက်ဘက်တွင် သွပ်မိုး၊ သစ်သားကာ အိမ် (၆) လုံးမှာလည်း အိမ်တစ်လုံး နှင့် တစ်လုံး အိမ်ပြင်ကို မမြင်ရလေ အောင် သစ်သားဝင်းထရံဖြင့်ပင် ကာရံထားလေ၏။

တောင်ဘက်မှ အုပ်ကြွပ်မိုးအိမ်တန်း နှင့် ကိုက် (၃၀) ခန့် အကွာတွင်၊ Cell ဟုခေါ်သည့် အချုပ်ဆောင် ရှိနေလေသည်။ Cell အခန်းတခန်းသည် အရှည် (၁၀) ပေ နှင့် အကျယ် (၅) ပေသာရှိ၍၊ Cell အချုပ်ဆောင်မှာ သွပ်မိုး၊ သစ်သားကာဖြစ်ပြီး၊ Cell အခန်းပေါင်း (၂၀) ခန့် ပါရှိလေသည်။

ဤ Cell အချုပ်ဆောင်၊ အနောက်ဘက် သွပ်မိုး (၆) အိမ်တန်း၊ မြောက်ဘက်အုပ်ကြွပ်မိုး (၅) အိမ်တန်း နှင့် ထောင်ဗူးဝတို့ လေးဘက်အကြားတွင် ပေ (၂၀၀) ကျော်ပတ်လည်ကျယ်သည့် ကွင်းပြင်ရှိနေ၏။

ဝန်ကြီးချုပ်ဦးနု၊ သမတကြီး မန်းဝင်းမောင်၊ ပထစ ခေါင်းဆောင်များဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် နှင့် ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ ဖဆပလ ခေါင်းဆောင်များဖြစ်ကြသည့် ဦးကျော်ငြိမ်း နှင့် ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း စသည့် ပုဂ္ဂိုလ် များ သည် ဤကွင်းပြင်တွင် လမ်းလျှောက်ကြ၏။ နံနက် (၅) နာရီမှစ၍ လမ်းလျှောက်လိုသူ တိုင်း (တစ်ကြိမ်လျှင်တစ်ဦး သာ) (၁၀) မိနစ်စီ လမ်းလျှောက်ခွင့် ရကြ၏။

ဤပုဂ္ဂိုလ်ကြီးများမှာ အိမ်များတွင် အကျဉ်းကျနေသူများဖြစ်၏။ Cell အခန်းတွင် အကျဉ်းကျ ခံနေရသူတို့၏ဘ၀မှာမူ အရှင်လတ်လတ် ငရဲကျနေသည် နှင့် ဘာမျှမခြားပေ။

ဗဟိုထောက်လှမ်းရေးတပ်တွင် Cell အခန်းများ ပါရှိသည့် အချုပ်ဆောင် (ကျနော်သိသလောက်) နှစ်ခု ရှိပါသည်။ တခုမှာ အထက်တွင် ဖေါ်ပြခဲ့သည့် အချုပ်ဆောင်ဖြစ်ပြီး၊ နောက်တခုမှာ ရေကြည်အိုင်၏ အပြင်ဘက်၊ ဗဟိုထောက် လှမ်းရေးကင်းရုံ နှင့် တွဲထားသည့် အချုပ်ဆောင် ဖြစ်လေသည်။

ထားဝယ်သားတွေ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ် (ရုပ်သံ သတင်း)

Copy from -burmavjmedia

ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို

january 30, 2012

လွှတ်​တော်မှာ ဘတ်ဂျက်ခွဲ​ဝေ​ရေး​ ​ဆွေး​နွေး​တဲ့​အခါ ပညာ​ရေး​အတွက် ဘတ်ဂျက်ကို လက်ရှိ ခွဲ​ဝေ​နေတာထက် အဆများ​စွာ တိုး​တက်ဖို့​ လိုတယ်လို့​ ပညာ​ရေး​ ​လောကသား​တွေက ​ပြောပါတယ်။ လက်ရှိ ပညာ​ရေး​ ဘတ်ဂျက်ထက် အဆ၂ဝ​လောက်ရ​အောင် ​ဆွေး​နွေး​ကြဖို့​ မြန်မာနိုင်ငံ အထက်မြန်မာပြည် ပညာ​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​ (အငြိမ်း​စား​) နိုင်​ငွေသိန်း​က တိုက်တွန်း​ခဲ့​ပါတယ်။

အခုကျင်း​ပ​နေတဲ့​ လွှတ်​တော် အစည်း​အ​ဝေး​တွေမှာ ၂၀၁၁-၂၀၁၂ ​နောက်ထပ် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​နဲ့​ ၂၀၁၂-၂၀၁၃ ပြည်​ထောင်စု ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​တွေကို ​ဆွေး​နွေး​ဖို့​ ပြင်ဆင်​ နေတာ​ကြောင့်​ တိုက်တွန်း​ လိုက်တာလည်း​ ဖြစ်ပါတယ်။

လက်ရှိမှာ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီရဲ့​ ဥက္ကဋ္ဌ တာဝန်ကို ယူ​နေတဲ့​ နိုင်​ငွေသိန်း​က “အရင်က ​ပေး​ထား​တဲ့​ အဆထက်ကို အဆ ၂၀ ​လောက် ​ပေး​ဖို့​ ကောင်း​တယ်လို့​ ​ပြောချင်တယ်။ နည်း​တောင်နည်း​သေး​လား​ မသိဘူး​။ အပစ်အခတ် ရပ်စဲ​ရေး​လည်း​ ပြီး​သွား​ပြီ။ ဟိုဘက် ကာကွယ်​ရေး​ အသုံး​စရိတ် က တအား​ကို ​လျှော့​နိုင်သ​လောက် ​လျှော့​ပြီး​တော့​ ဒီဘက်မှာ​တော့​ တိုး​ပေး​ဖို့​ ​ကောင်း​မယ်လို့​ သ​ဘောရတယ်

Monday, January 30, 2012

ဂျပန် သတင်းဌာနများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ် ရုပ်သံ သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်များ... (သတင်း၊ ဓာတ်ပုံ)

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)
" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိ ပြောင်မြောက်တဲ့ အားပေး ထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှ ညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
 
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
 
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
 
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "


(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
သတင်းရင်းမြစ်..
by The Voice Weekly

- ဟန်ထက် ပေးပို့သည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် မြင်ကွင်းများ...
 ထားဝယ်လေဆိပ်မှ အထွက်... ကြိုဆိုသူ ပရိသတ်များ..
 ရေဖြူ မြို့မှ ပြည်သူလူထု မြင်ကွင်းများ..
တအိမ်တယောက် မတက်မနေရလည်း မပြောဆိုရပါ..။ နေရာမရမှာစိုးလို့ အစောကြီးကတည်းက လာစောင့်နေကြတဲ့ အမေစုအား မေတ္တာပေးမယ့် လူထုပရိသတ်များ...
မယ်ဝယ်သားဂူလောင်း အမေစုကို ရှစ်တယ်...

ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။

နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ဓာတ်ပုံ ... Reuters,Getty Images
Copy from - demowaiyan