Thursday, March 7, 2019

စကားဝဲတဲ့မြို့



မွေးရပ်မြေ အလည်ဖိလာဖို့ ဖိတ်ခေါ်တယ် ...😍😍😍

စကားဝဲတဲ့မြို.......

    ခြံစည်းရိုးမရှိတဲ့မြို့

အိမ်ဂရံထုတ်ပေးရန်ခက်တဲ့မြို့ ဈေးမရှိတဲ့မြို့အိမ်တိုင်းဈေးဆိုင်တည်တဲ့မြို့ စကားဝဲတဲ့မြို့ လမ်းကျဉ်းတဲ့မြို့ ကုန်းအဆင်းအတက်များတဲ့မြို့ အားကစားကွင်း(ဘော်လုံးကွင်းမရှိတဲ့မြို့) တဖက်အိမ်နောက်ကျောက ချောက် ရှိပြီး မျက်နှာခြင်းဆိုင်အိမ်တန်းက တောင်ကမ်းပါးယံရှိတဲ့မြို့ ရံဖန်နှင်းတွေဖုံး မြင်ကွင်းမရှင်းတဲ့မြို့ ရံဖန်မိုးတွေစိုစိုရွှဲနေတဲ့မြို့ စိမ်းမြမြ လေတွင် နတ်သစ်ရွက်နံ့
သင်းတဲ့မြို့ ပီအိပ်ခ်ျ ဆဲဗင်းနဲ့ သဘာဝလက်ဆောင်ရထားတဲ့မြို့ ပဝတ္တိ သားတို့ မခွါခြင်တဲ့မြို့ ။

     ဧည့်သည်ကို တပ်မက်တဲ့မြို့ ။ဧည့်သည်ကိုစွဲမက်စေတဲ့မြို့။ဆောင်းတွင်ရေခဲသေတ္တာထဲမှ ဖလန်နယ်လက်ရှည်ထုတ်ဝတ်ရသလို အေးစိမ့်နေတဲ့မြို့ ။ဂိုဏ်းချုပ်ဆရာတော် ကိုတခါဖူးမိရုံဖြင့် တသက်မှတ်မိနေသော မှတ်ညာဏ်ကောင်းသည့် ဆရာတော်နေတဲ့မြို့။လူများသာမက ဆရာတော်များပါ ဧည့်သည်ကို တမ်းတသောမြို့။

    ဘဝဝမ်းကျောင်းရာမှာ အကုသိုလ်နှင့်ကင်းသောမြို့။

      ထိုထိုသော ရုပ်ဂုဏ်သတ္တိများဖြင့်ထူးခြားသောမြို့ကလေးသို့သည်နှစ်ဦး တွင်တခေါက်ရောက်ခဲ့ပြန်သည်။ရောက်လေတိုင်း မပြန်ခြင်သော မြို့စာရင်းတွင် ရှားရှားပါးပါး သည်တမြို့သာ။ရှစ်ဆယ်အလွန်တွင်ပထမဆုံးအကြိမ်ရောက်ခဲ့ဖူးသည်။ညီတော်မောင် မိန်းမ
တောင်းရန်သွားရသောခရီးဖြစ်ပြီး မိမိအဖို့ ထူးခြားဆန်းကျယ်သောအတွေ့အကြုံများက ယနေ့ထိမမေ့။ညီတော်မောင်နှင့် သူ၏ချစ်လှစွာသောဇနီးသည်နှစ်ယောက်ပင် ခရီးရှည်သို့ထွက်ခွာသွားသည်မှာ ကြာပြီ။သူတို့နှစ်ယောက် ဆွေစပ်မျိုးတော်သော ခရီးစဉ်ပင်နှစ်လေးဆယ်နီးပါးရှိပေမင့် ပထမဆုံးသော နတ်သစ်ရွက်မြေခြေချခြင်းကို မနေ့က ကဲ့သို့ထင်ရှားစွာမှတ်မိနေသည်။

      မီးနှစ်ကြိမ်လောင်ပြီးနောက် ကျဉ်းလှသောလမ်းကို ဝဲယာနှစ်ဖက်မှ အိမ်တို့ကသုံးပေစီဆုတ်ပေးသဖြင့် တလမ်းထဲသော လမ်းမကြီးမှာ အတန်ကျယ်လာသည်။မီးမခ ခင်ကမြို့အိမ်များသည် ရေနံချေး ဝ နေသောထင်းရှူးသားအိမ်များဖြင့်ခန့်ထယ်ခဲ့ဖူးသည်။မီးကြောင့်မြို့ပြသည် သစ်လွင်လာသည်။အုတ် သဲတို့ဖြင့်ထင်းရှူးသား နေရာအစားဝင်လာသည်။သို့ကြောင့် မြို့သည်ကာလာသွပ်များ ဆေးရောင်ချယ် တိုက်များ စတီးများဖြင့်တန်ဆာဆင်သော သစ်လွင်တောက်ပသောမြို့ သစ်ဖြစ်လာရသည်။

    နှစ်ကြိမ်လောင်သောမီး တွင် ပကတိအတိုင်းကျန်ရစ်သောနေရာများတွင်ကား လမ်းများသည်ကျဉ်းနေပြီး  ရေနံချေး ဝ နေသော ထင်းရှူးသား အိမ်များသည်ကာလာစုံဖြင့်သစ်လွင်နေသောမြို့တွင် ကာလအိနြေ္ဒဖြင့် တည်ငြိမ်လျှက်။

    ထင်းရှူးသားဖြင့် သုံးထပ်နေအိမ်တလုံးအား အမှတ်မထင်မြင်လိုက်ရသောအခါ တောင်ပေါ်မြို့၏နှစ်ထပ်ထင်းရှူးအိမ်များအကြား ထူးခြားဆန်းကျယ် မြင်ကွင်းကို အံ့စေသည်။

     စားသောက်ဆိုင် ခေါက်ဆွဲထမင်းဆိုင်များသည် အမြင်တွင်သန့်ရှင်းသပ်ရပ်သလောက် လက်ရာသည် ရသာလျှာကြောကို တုန်ခါနေအောင် ကောင်းသည် ဟု မှတ်ချက်ပြုရမည့်မြို့ ဖြစ်သည်။

    စေတနာလဲကောင်းသည်။ မြို့ကလဲသန်ရှင်းသည်။စားစရာများ
ကလဲအော်ဂဲနစ်များသည်။လက်ရာကလဲ ဧည့်ကြိုက်ဖြစ်သည်။ဆက်ဆံရေးယူနီဖောင်းကလဲ ဧည့်သည်ကိုပျော်စေသည်။လမ်းတလျှောက် ဝဲယာအိမ်တိုင်းသည် ဈေးဆိုင်များချည့်သာ။ခင်ရာဆွေမျိုး
ဆိုသည့်မြို့ဖြစ်သည်။

    တခုတော့ရှိသည်………စကားတော့ဝဲသည်။

    ဝဲသည့်စကားသံသည် သာယာချစ်ခင်ဖွယ်ဖြစ်သည်။

   နတ်သစ်ရွက်မြေ နမ့်ဆန်မြို့သို့ ကျနော် နတ်လမ်းညွှန်လုပ်လိုက်
ပါရစေ။

Copy- Thin Maung Thein (FB)
Photo - credit 

0 comments: