Wednesday, September 26, 2018

ဗိုလ်ချုပ်မှူးကြီးကို အရေးယူဖို့ AI အဖွဲ့က နယူးယောက်မှာ လှုံ့ဆော်


ဗိုလ်ချုပ်မှူးကြီးကို အရေးယူဖို့ AI အဖွဲ့က နယူးယောက်မှာ လှုံ့ဆော်
---
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ ခေါင်းဆောင်တွေက ဆွေးနွေးပေးရေးအတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က လှုံ့ဆော်လှုပ်ရှားနေပါတယ်။ 
ဗိုလ်ချုပ်မှူးကြီးရဲ့ ပိုစတာ ရုပ်ပုံကြီးတွေဘေးမှာ အရေးယူရေး လှုံ့ဆော်တဲ့ စာတမ်းတွေလည်း ရေးထားပါတယ်။ လက်ကမ်းစာရွက်တွေ ဖြန့်ဝေတဲ့ ပုံတွေကိုလည်း Amnesty International USA က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 
စာတမ်းတွေထဲမှာတော့ ‘Wanted for mass murder’ ‘လူအမြောက်အမြား သတ်ဖြတ်မှုအတွက် အလိုရှိသည်’ ဆိုတဲ့ စာတမ်းကိုလည်း တွေ့ရပါတယ်။ 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာတပ်မတော်က ရာဇ၀တ်မှုတွေ ကျူးလွန်တာ တွေ့ရကြောင်း AI က စွပ်စွဲထားပါတယ်။ 
ဓာတ်ပုံ - Amnesty International USA ဖေ့စ်ဘုတ်

0 comments: