မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီလ သြဂုတ် ၂၈၊ ၂၀၁၈ ရက်နေ့ကျရင် ကမ္ဘာသိ တံခါးဖွင့် open door ဆွေးနွေးကြတော့မယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်အသံ မြန်မာပိုင်းက ဒီကနေ့ ရေးသားထားပါတယ်။
ဇူလိုင် ၂၃၊၂၀၁၈ ရက်နေ့က လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် လျို့ဝှက်ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ပထမခြေလှမ်းပါ။
မြန်မာအာဏာပိုင်တွေကို တက်ရောက် ခုခံလျှောက်ထားပိုင်ခွင့် ပေးမယ်လို့ ဆိုပါတယ်။
အလျှောက်မကောင်းရင်တော့ နာဖို့ရှိပါတယ်။
တဖက်မှာလည်း ကချင်နဲ့ ကရင်က မြန်မာအာဏာပိုင်တွေကို နိင်ငံတကာရာဇဝတ်တရားရုံးမှာ စစ်ဆေး အရေးယူဖို့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပူပူနွေးနွေး တောင်းဆိုထားတာ ရှိပါတယ်။
တခြားသတင်းတွေအရ တိုင်းရင်းသားနယ်တွေမှာ ဗမာတပ်တွေ ပိုပြီး ရန်လိုလာနေတယ်လို့လဲ ကြားနေရပါတယ်။
နာဂနဲ့ကရင်ကို စပြီး ရန်ရှာနေတယ်လို့ သိရပါတယ်။
ရှမ်းတပ်တွေနဲ့လည်း တင်းမာနေတဲ့ သတင်းတွေ ထွက်နေပါတယ်။
VOA မှာ ရေးထားတာကတော့ ICC ကိစ္စကိုလည်း ဆက်ပြီး အကောင်အထည် ဖေါ်သွားမယ်လို့ ဗြိတိန်ကိုယ်စားလှယ်က ပြောသွားကြောင်း ရေးသားထားတာ တွေ့ရပါတယ်။
နိင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကတော့ တခုပြီးတခု ထွက်လာနေပါပြီ။
ဒီဘောပွဲက တော်တော် ကြည့်လို့ကောင်းတယ်။
.
အိသက်မွန်
Friday, August 3, 2018
ကြိုးစင်ပြသာနာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment