Wednesday, July 11, 2018

ကာခ်ဳပ္မအလ တတိယအႀကိမ္ ၂၁ ရာစု ပင္လုံညီလာခံမိန္ခြန္း စဆုံး

ၿငိမ္းခ်မ္းေရးေတြ အလွမ္းေဝးေနအုန္းမည္.....

မွတ္တမ္းတင္ထားျခင္းသာ

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လုံ တတိယအစည္းအေဝးတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ေျပာၾကားသည့္ ႏႈတ္ခြန္းဆက္အမွာစကား
ေနျပည္ေတာ္၊ ဇူလိုင္ ၁၁

ႂကြေရာက္လာၾကတဲ့ နိုင္ငံေတာ္အစိုးရပိုင္းမွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ျပည္တြင္းျပည္ပမွ ဧည့္သည္ေတာ္မ်ားနဲ႔ တိုင္းရင္းသား အဖြဲ႕အစည္း အသီးသီးမွ ပုဂၢိဳလ္မ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာရႊင္လန္းၾက ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္သပါတယ္။

ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ လုပ္ငန္းစဥ္ေတြအေပၚ ယုံၾကည္ခ်က္ ျပည့္ျပည့္ဝဝနဲ႔ ယေန႔စတင္က်င္းပတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- (၂၁)ရာစုပင္လုံ တတိယအစည္းအေဝးကို တက္ေရာက္လာၾကတဲ့ အတြက္လည္း ေလးစားဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္းနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီးက ကိုယ္စားလွယ္မ်ားကိုလည္း ႀကိဳဆိုပါေၾကာင္း ဦးစြာေျပာၾကားလိုပါတယ္။

ၿငိမ္းခ်မ္းေရးဆိုတာ နိုင္ငံတိုင္းလူမ်ိဳးတိုင္းအတြက္ တန္ဖိုးျဖတ္လို႔မရတဲ့ အရိပ္အာဝါသတစ္မ်ိဳးျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးဆိုတဲ့ အရိပ္ေကာင္းရွိမွသာ တည္ၿငိမ္ေအးခ်မ္းတဲ့ လူ႔ပတ္ဝန္းက်င္၊ သာယာနာေပ်ာ္ဖြယ္ေကာင္း တဲ့ လူမႈဘဝ၊ ဖြံ့ၿဖိဳးတိုးတက္တဲ့ အေျခခံအေဆာက္အအုံေတြကို ဖန္တီးတည္ေဆာက္နိုင္ၾကမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔နိုင္ငံဟာ နိုင္ငံတစ္နိုင္ငံအတြက္လိုအပ္တဲ့ အရင္းအျမစ္ေကာင္းေတြ ေပါႂကြယ္ဝတဲ့နိုင္ငံျဖစ္ေပ မယ့္ ၿငိမ္းခ်မ္းေရးအရင္းအျမစ္ေကာင္းေတြကေတာ့ လိုအပ္ေနဆဲပဲ ျဖစ္တယ္ဆိုတာ အားလုံးလက္ခံရမည့္ ပကတိအရွိတရားျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔နိုင္ငံရဲ့ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းဟာ ရွည္လ်ားလွပါတယ္။ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡဟာလည္း ရွည္လ်ားခဲ့သလို ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ သမိုင္းဟာလည္း ရွည္လ်ားလွပါတယ္။ သမိုင္းဆိုတာ မိမိတို႔ျဖတ္သန္းခဲ့ရတဲ့ ကာလတစ္ေလၽွာက္မွာ ရင္ဆိုင္ ၾကဳံေတြ႕ခဲ့ရတဲ့ အဆိုး၊ အေကာင္းေတြကို အက်ိဳး၊ အေၾကာင္းနဲ႔ ထင္သာျမင္သာေအာင္ မီးေမာင္းထိုးျပတဲ့ ေၾကးမုံျပင္တစ္ခ်ပ္ပါပဲ။ အဲဒီသမိုင္း စာမ်က္ ႏွာေတြကို အစြဲကင္းကင္းနဲ႔ျပန္ၾကည့္ရင္ ကၽြန္ေတာ္တို႔နိုင္ငံရဲ့ သမိုင္းျဖစ္ရပ္မွန္ေတြကို ေတြ႕ရွိနိုင္မွာျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ ေခတ္စားေနတဲ့ “အတိတ္သမိုင္းရဲ့ အက်ဥ္းသားမျဖစ္ေစနဲ႔” ဆိုတဲ့ စကားဟာ ဒီသမိုင္းထဲက အတိတ္ရဲ့နာၾကည္းစရာေတြ၊ ရန္ၿငိဳးရန္စ ျဖစ္စရာေတြ သတိေပးထားျခင္းျဖစ္တာေၾကာင့္ သင္ခန္းစာယူရမွာ ေတြကိုေတာ့ ဆက္လက္သင္ခန္းစာရယူၿပီး အျမင္သစ္၊ အသြင္သစ္နဲ႔ ေဆာင္ရြက္သြားရမွာျဖစ္ပါတယ္။ အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္ရတယ္ဆိုတဲ့ နိယာမတရားအရျဖစ္ေပၚခဲ့တဲ့ အေၾကာင္းတရားမ်ားကို မွန္မွန္ ကန္ကန္ ေဝဖန္ဆန္းစစ္ရမွာ ျဖစ္ပါတယ္။

ပထမဦးစြာ ကၽြန္ေတာ္တို႔နိုင္ငံမွာျဖစ္ပြားခဲ့ရတဲ့၊ ျဖစ္ပြားေနဆဲျဖစ္တဲ့ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားရျခင္းရဲ့ မူလအရင္းခံဇာစ္ျမစ္ကို ေလ့လာၾကည့္ရင္ ကိုလိုနီေခတ္ၿဗိတိသၽွနယ္ခ်ဲ႕တို႔ လက္ထက္ကတည္းက က်င့္သုံး ခဲ့တဲ့ ေသြးခြဲအုပ္ခ်ဳပ္မႈစနစ္ေၾကာင့္နဲ႔ နိုင္ငံေရး၊ အယူဝါဒေရး၊ လူမ်ိဳးေရး၊ ဘာသာေရး ကြဲျပားျခားနားမႈေတြ ေၾကာင့္ဆိုတာေတြ႕ရမွာ ျဖစ္ပါတယ္။ ေပၚေပါက္ခဲ့တဲ့ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ တပ္မေတာ္ရဲ့ အၾကား မွာ ျပႆနာႀကီးငယ္တစ္စုံတစ္ရာမရွိဘဲ သက္ဆိုင္ရာအစိုးရမ်ားနဲ႔ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အၾကားမွာ သာ မေက်နပ္ခ်က္ေတြ၊ ေတာင္းဆိုခ်က္ေတြရွိေၾကာင္း ေတြ႕ရွိရမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ နိုင္ငံသူ၊ နိုင္ငံသားအားလုံး၊ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမအားလုံးဟာ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တစ္ေျမ တည္းေန၊ တစ္ေရတည္းေသာက္ အတူတကြ ပူးေပါင္းေနထိုင္ခဲ့ၾကတာပါ။ သကၠရာဇ္ ၄၇၄ ခုႏွစ္မွာ ေရးထိုးခဲ့တဲ့ ျမေစတီေက်ာက္စာမွာ ဘာသာစကား ၄ မ်ိဳးနဲ႔ ေရးထိုးထားရာမွာ ပါဠိအျပင္ ပ်ဴ၊ မြန္၊ ျမန္မာစတဲ့ တိုင္းရင္း သားဘာသာစကားေတြ ေပါင္းစည္းထားျခင္းဟာ ပထမျမန္မာနိုင္ငံ လက္ထက္ကတည္းက ကၽြန္ေတာ္တို႔ နိုင္ငံဟာ ျပည္ေထာင္စုနိုင္ငံအသြင္နဲ႔ ရပ္တည္ခဲ့တယ္ဆိုတာ ထင္ရွားေနပါတယ္။

ၿဗိတိသၽွကိုလိုနီလက္ေအာက္ တစ္နိုင္ငံလုံးက်ေရာက္ၿပီးတဲ့ အခ်ိန္မွာလည္း တိုင္းရင္းသားအားလုံးပါဝင္တဲ့ ၁၀ ႏွစ္ၾကာ မ်ိဳးခ်စ္စစ္ပြဲႀကီးကို ဆင္ႏႊဲၿပီး လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းကို စတင္ခဲ့ၾကပါတယ္။ ကၽြန္ေတာ္တို႔ နိုင္ငံမွာ ကိုလိုနီေခတ္ကေန ဒီေန႔အထိ ဖြဲ႕စည္းပုံအေျခခံဥပေဒသေဘာ ျပဌာန္းခဲ့တဲ့ ဥပေဒနဲ႔ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေပါင္း ၆ ခုရွိခဲ့ေၾကာင္းေတြ႕ရပါတယ္။ ၁၉၄၇ ခုႏွစ္၊ ၁၉၇၄ ခုႏွစ္နဲ႔ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒေတြ ဟာေတာ့ လြတ္လပ္ေရးရၿပီးေခတ္ ျမန္မာနိုင္ငံရဲ့ထင္ရွားတဲ့ အေျခခံဥပေဒမ်ားျဖစ္ပါတယ္။ ၿဗိတိသၽွကိုလိုနီ လက္ထက္မွာ ၿဗိတိသၽွပါလီမန္ကျပ႒ာန္းတဲ့ ၁၉၁၉ ခုႏွစ္ အိႏၵိယစီရင္အုပ္ခ်ဳပ္မႈအက္ဥပေဒ (The Government of India Act, 1919)၊ ၁၉၃၅ ခုႏွစ္ ျမန္မာနိုင္ငံေတာ္စီရင္အုပ္ခ်ဳပ္မႈအက္ဥပေဒ (The Government of Burma Act,1935)နဲ႔ ဂ်ပန္ေခတ္ ဗမာနိုင္ငံေတာ္ အုပ္ခ်ဳပ္ေရးစည္းမ်ဥ္းျပဳလုပ္ေသာ ဥပေဒ (၁၉၄၃ ခုႏွစ္)တို႔ဟာ ကိုလိုနီေခတ္မွာ ျပ႒ာန္းခဲ့တဲ့ အေျခခံဥပေဒေတြပဲ ျဖစ္ပါတယ္။ အဲဒီထဲက ၁၉၁၉ ခုႏွစ္ အိႏၵိယစီရင္အုပ္ခ်ဳပ္မႈဥပေဒအရ ၁၉၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၂ ရက္ေန႔မွာ ျမန္မာနိုင္ငံကို ဒိုင္အာခီအုပ္ခ်ဳပ္ေရး ေပးခဲ့ပါတယ္။ ဒါေပမယ့္ ရွမ္း၊ ခ်င္းနဲ႔ ကခ်င္ေဒသေတြကိုေတာ့ ခ်န္လွပ္ေသြးခြဲအုပ္ခ်ဳပ္ခဲ့ၿပီး ၁၉၃၅ ခုႏွစ္ ျမန္မာနိုင္ငံေတာ္စီရင္အုပ္ခ်ဳပ္မႈ အက္ဥပေဒအရ ျမန္မာနိုင္ငံကို ၉၁ ဌာန အုပ္ခ်ဳပ္ေရးစနစ္ တိုးျမႇင့္ေပးခဲ့ေပမယ့္ တိုင္းရင္းသားေဒသေတြကိုေတာ့ ဒီတိုးျမႇင့္မႈကေနခ်န္လွပ္ၿပီး ဆက္လက္ေသြးခြဲအုပ္ခ်ဳပ္ခဲ့တာ ေတြ႕ရတယ္။ တိုင္းရင္းသားေဒသေတြကို အပိုင္း(၁) ဇယားဝင္ေဒသ( Part I Scheduled Area)၊ အပိုင္း(၂)ဇယားဝင္ေဒသ (Part II Scheduled Area)ဆိုၿပီး ဘုရင္ခံက တိုက္ရိုက္အုပ္ခ်ဳပ္တဲ့ေဒသနဲ႔ ဘုရင္ခံက စိတ္ႀကိဳက္ကိုယ္စား လွယ္ ခန္႔အပ္အုပ္ခ်ဳပ္ခြင့္ျပဳထားတဲ့ေဒသဆိုၿပီး အကြဲကြဲအျပားျပား ေသြးခြဲအုပ္ခ်ဳပ္ ခဲ့ၾကတယ္။ ဒီလိုေသြးခြဲ အုပ္ခ်ဳပ္မႈကို အဲဒီေခတ္က ျမန္မာ့လြတ္လပ္ေရး ဦးေဆာင္အဖြဲ႕ႀကီးျဖစ္တဲ့ တို႔ဗမာအစည္းအ႐ုံးက ၁၉၃၈ ခုႏွစ္၊ ေမာ္လၿမိဳင္ ညီလာခံကေနစၿပီး ေတာက္ေလၽွာက္ကန္႔ကြက္ခဲ့ပါတယ္။

ဒီလိုေသြးခြဲအုပ္ခ်ဳပ္ခဲ့မႈေၾကာင့္ တိုင္းရင္းသားေဒသေတြမွာ ဖြံ႔ၿဖိဳးတိုးတက္မႈေနာက္က်ခဲ့တာ၊ ျပည္နယ္၊ ျပည္မ အထင္အျမင္လြဲ ေသြးကြဲခဲ့တာေတြ ျဖစ္ခဲ့ရပါတယ္။ ဂ်ပန္ေတြ ျမန္မာနိုင္ငံကဆုတ္ခြာၿပီး ၿဗိတိသၽွေတြက စကၠဴျဖဴစာတမ္းကို အေကာင္အထည္ေဖာ္အုပ္ခ်ဳပ္ရာမွာလည္း တိုင္းရင္းသားေဒသေတြကို ဆက္လက္ ေသြးခြဲအုပ္ခ်ဳပ္ဖို႔ ေတာင္တန္း ေဒသအုပ္ခ်ဳပ္ေရးဌာန(Frontier Area Administration)ကို ဖြင့္လွစ္ခဲ့ျပန္တယ္။ ေသြးခြဲမႈအရွိန္အဟုန္ ျပင္းထန္လာၿပီး ျမန္မာ့လြတ္လပ္ေရးရရွိတဲ့အခါ တိုင္းရင္းသားေဒသေတြကို ခ်န္လွပ္ထား နိုင္ဖို႔ ေဆာင္ရြက္ခဲ့တာေတြ႕ရပါတယ္။ တိုင္းရင္းသားေဒသေတြနဲ႔ ျပည္မေဒသအၾကား နိုင္ငံေရးအရ ဆက္သြယ္မႈမျပဳနိုင္ဖို႔ နိုင္ငံေရးလႈပ္ရွားမႈရွိသူမ်ားကို နယ္ျခားေဒသေက်ာ္ျဖတ္မႈခ်ဳပ္ကိုင္ေရးဥပေဒ( Frontier Crossing Act) ကိုသုံးၿပီး ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း၊ နယ္ႏွင္ျခင္းတို႔ ျပဳလုပ္ခဲ့ၾကတယ္။ ဒီေသြးခြဲအုပ္ခ်ဳပ္ခံခဲ့ရျခင္း အက်ိဳးဆက္ေတြဟာ ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ျပဳလုပ္တဲ့ ပင္လုံ ညီလာခံက်င္းပရာမွာ ႀကီးမားတဲ့ရိုက္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာလည္း ဒီေန႔အထိ ရိုက္ခတ္မႈ အက်ိဳးသက္ေရာက္မႈမ်ား ရွိေနဆဲျဖစ္တယ္။ ဒီေသြးခြဲ အုပ္ခ်ဳပ္မႈရဲ့အက်ိဳးဆက္ေၾကာင့္ ပ်က္ျပားခဲ့ရတဲ့ တိုင္းရင္းသားစည္းလုံး ညီညြတ္မႈ၊ ဖြံ့ၿဖိဳးတိုးတက္ေရးမညီမၽွမႈ၊ အဲဒီကေနတစ္ဆင့္ ျမစ္ဖ်ားခံလာတဲ့ လက္နက္ ကိုင္ပဋိပကၡေတြကို သမိုင္းစာမ်က္ႏွာေပၚက ေဖ်ာက္ဖ်က္ၿပီး စည္းလုံးညီညြတ္မႈ ပ်က္ျပားရတာ၊ ဖြံ့ၿဖိဳး တိုးတက္မႈမညီမၽွရတာနဲ႔ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားလာရတာဟာ လြတ္လပ္ေရးရၿပီးမွ အစပ်ိဳးျဖစ္ပြား လာရသေယာင္ ေျပာဆိုပုံေဖာ္ေနမႈေတြဟာ မလုပ္သင့္တဲ့ လုပ္ရပ္ေတြပဲျဖစ္ပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ ၁၉၄၈ ခုႏွစ္၊ မတ္လမွာပဲ ဗမာျပည္ကြန္ျမဴနစ္ပါတီဟာ အဲဒီအခ်ိန္က ဦးႏု ဦးေဆာင္တဲ့ ဖဆပလအစိုးရကို ဝါဒေရးရာအရဆန္႔က်င္ၿပီး ေတာခိုသြားျခင္းျဖင့္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡကို စတင္ခဲ့တာ ျဖစ္ပါတယ္။ ကြန္ျမဴနစ္ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဂိုရွယ္ဟာ စာတမ္းတစ္ခုေရးၿပီး ဗိုလ္တာရာရဲ့ ပ်ဥ္းမနားသူပုန္နယ္ေျမ၊ ဦးစိႏၲာနဲ႔ ဗုံေပါက္သာေက်ာ္တို႔ရဲ့ ရခိုင္သူပုန္နယ္ေျမမ်ားကို ေထာက္ခံ ရန္နဲ႔ ၎နယ္ေျမေတြကို လြတ္ေျမာက္ေရးေဒသအျဖစ္သတ္မွတ္ၿပီး တစ္စတစ္စတိုးခ်ဲ႕သြားဖို႔ တစ္နိုင္ငံလုံး ဆူပူေသာင္းက်န္းဖို႔ လႈံ႔ေဆာ္ခဲ့ပါတယ္။ ကြန္ျမဴနစ္နဲ႔ ဖဆပလ၊ ရဲေဘာ္ျဖဴနဲ႔ ဖဆပလ ဝါဒေရးရာကြဲျပားမႈေတြ ဆက္ျဖစ္ၿပီး အဖြဲ႕အစည္းအသီးသီးက တပ္မေတာ္ကို ၎တို႔ဘက္ပါေရး အျပင္းအထန္ဆြဲေဆာင္ခဲ့ၾကပါတယ္။ ထိုစဥ္က အဓိကတပ္မေတာ္ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ ေနဝင္း လက္မခံခဲ့ပါဘူး။ မေရွးမေႏွာင္းမွာပဲ ကရင္လူမ်ိဳးေရး၊ သီးျခားကရင္ျပည္နယ္ ထူေထာင္ေရးရည္မွန္းခ်က္နဲ႔ ကရင္လက္နက္ကိုင္ပဋိပကၡ ေပၚေပါက္ လာရျပန္တယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက မူဂ်ာဟစ္သူပုန္ေတြဟာ ျမန္မာနိုင္ငံလြတ္လပ္ေရး ရရွိခ်ိန္ကစၿပီး ဘာသာေရးနဲ႔ သီးျခားျပည္နယ္ထူေထာင္ေရး ရည္မွန္းခ်က္နဲ႔ ဖဆပလ အစိုးရကို ဆန္႔က်င္ တိုက္ခိုက္ေနၾကၿပီးျဖစ္ပါတယ္။ ဒီေန႔အထိ လက္နက္ကိုင္ ပဋိပကၡမ်ား ျဖစ္ေနရဆဲျဖစ္တဲ့ ကခ်င္ေဒသမွာ KIO လက္နက္ကိုင္အဖြဲ႕ ေပၚေပါက္လာရျခင္းဟာ ၁၉၆၁ ခုႏွစ္၊ ၾသဂုတ္လ ၂၆ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ဦးႏု ဦးေဆာင္တဲ့ ျပည္ေထာင္စုပါတီ(ပထစ)အစိုးရက ဗုဒၶဘာသာကို နိုင္ငံေတာ္ဘာသာအျဖစ္ ျပ႒ာန္းလိုက္လို႔ ဘာသာေရးအေျခခံၿပီး ေပၚေပါက္ခဲ့ရတာကို ေနာက္မွတိုင္းရင္းသားေရးလို႔ေျပာလာတာ ျဖစ္ပါတယ္။ က်န္ လက္နက္ကိုင္ အဖြဲ႕မ်ားဟာလည္း နိုင္ငံေရး၊ အယူဝါဒေရး၊ လူမ်ိဳးေရးနဲ႔ ဘာသာေရးတို႔ကိုအေျခခံၿပီး ေပၚေပါက္လာရတာပဲျဖစ္လို႔ တပ္မေတာ္ေၾကာင့္ ျပည္တြင္းလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ေပၚေပါက္ လာရသေယာင္၊ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡ ျဖစ္ရသေယာင္ ေျပာဆိုေနျခင္းမ်ားဟာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအတြက္ အႏၲရာယ္မ်ားလွတဲ့ လုပ္ေဆာင္ခ်က္ေတြပဲျဖစ္ပါတယ္။ တပ္မေတာ္ရဲ့ ေဆာင္ရြက္ ခ်က္မ်ားဟာ အစိုးရရဲ့ အုပ္ခ်ဳပ္ေရးယႏၲရားကို အကာအကြယ္ေပးျခင္းနဲ႔ ျပည္သူလူထုရဲ့ အသက္၊ အိုးအိမ္၊ စည္းစိမ္နဲ႔အက်ိဳးစီးပြားကို အကာအကြယ္ေပးျခင္းသာ ျဖစ္ပါတယ္။

ေသြးခြဲအုပ္ခ်ဳပ္မႈအက်ိဳးဆက္ေတြ၊ နိုင္ငံေရး၊ ဝါဒေရး၊ လူမ်ိဳးေရး၊ ဘာသာေရးမေက်နပ္ခ်က္ေတြေၾကာင့္ ေပၚေပါက္လာတဲ့ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြကို ခ်ဳပ္ၿငိမ္းေစဖို႔နဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္နိုင္ဖို႔ ျမန္မာနိုင္ငံအစိုးရအဆက္ဆက္ ႀကိဳးပမ္းခဲ့ၾကပါတယ္။ ေအာင္ျမင္ခဲ့တဲ့ အပိုင္းေတြရွိသလို မေအာင္ျမင္တဲ့ အပိုင္းေတြလည္း ရွိခဲ့ပါတယ္။ ဘာေၾကာင့္ေအာင္ျမင္ခဲ့တယ္၊ ဘာေၾကာင့္မေအာင္ျမင္ခဲ့ဘူး။ ဘယ္သူေတြနဲ႔ ၿငိမ္းခ်မ္းေရးတည္ေဆာက္နိုင္ခဲ့တယ္၊ ဘယ္သူေတြနဲ႔ေတာ့ မတည္ေဆာက္နိုင္ခဲ့ဘဲ ဘာေၾကာင့္ ပ်က္ျပားခဲ့ရတယ္ဆိုတာ သမိုင္းမွာ အထင္အရွားရွိပါတယ္။ သို႔ေသာ္ အခိုင္အမာေျပာနိုင္တာ တစ္ခုကေတာ့ ေခတ္အဆက္ဆက္ အစိုးရအဆက္ဆက္ရဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈတိုင္းမွာ တပ္မေတာ္အေနနဲ႔ ထဲထဲ ဝင္ဝင္ပူးေပါင္းပါဝင္ၿပီး အျပဳသေဘာေဆာင္တဲ့ ေဆာင္ရြက္ခ်က္မ်ား၊ နိုင္ငံေတာ္လြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ျမဲေရး၊ တိုင္းရင္းသားစည္းလုံးညီညြတ္ေရးနဲ႔ ျပည္ေထာင္စုမၿပိဳကြဲေရးအတြက္ ေဆာင္ရြက္ ခ်က္မ်ားကိုသာ ေဆာင္ရြက္ခဲ့ေၾကာင္း ခိုင္ခိုင္မာမာေျပာလိုပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လာရင္ သမိုင္းေၾကာင္းနဲ႔ယွဥ္ၿပီးရွင္းျပမွ ခိုင္မာမႈရွိမွာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံ လြတ္လပ္ေရးရၿပီးကာစ ၃ လနဲ႔ ၆ လအတြင္း ၁၉၄၈ ခုႏွစ္၊ မတ္လနဲ႔ ဇြန္လတို႔မွာပဲ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡေတြ စတင္ခဲ့ပါတယ္။ အဲဒီေခတ္က ဖဆပလအစိုးရအေနနဲ႔ အေစာဆုံး ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈအျဖစ္ ေမလ ၁၅ ရက္ေန႔မွာ ဦးႏုၿငိမ္းခ်မ္းေရးမူ ၁၅ ခ်က္၊ ဒါကို လက္ဝဲညီညြတ္ေရးမူ ၁၅ ခ်က္လို႔ လူသိမ်ားခဲ့ပါတယ္။ ဒါကို ထုတ္ျပန္ခဲ့ တယ္၊ ဒါကိုအေကာင္အထည္ေဖာ္ဖို႔ အစိုးရရဲ့ ဦးေဆာင္မႈနဲ႔ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းကို ဥကၠ႒ခန္႔ထားၿပီး လက္ဝဲစည္း႐ုံးေရးေကာင္စီကို ဖြဲ႕စည္းေဆာင္ရြက္ေစခဲ့ေၾကာင္းေတြ႕ရပါတယ္။

ေတာ္လွန္ေရးေကာင္စီ ေခတ္မွာေတာ့ ၁၉၆၃ ခုႏွစ္၊ ဇြန္လ ၁၁ ရက္ေန႔မွာ “ျပည္တြင္းၿငိမ္းခ်မ္းေရး အတြက္ ေတာတြင္းလက္နက္ကိုင္ အဖြဲ႕အစည္းအားလုံးသို႔ ေတာ္လွန္ေရး ေကာင္စီကမ္းလွမ္းခ်က္”ကို ထုတ္ျပန္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ကို စတင္ခဲ့ပါတယ္။ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈကို ဦးေဆာင္ပါဝင္ခဲ့ရပါတယ္။ ျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္ပါတီ အစိုးရလက္ထက္မွာေတာ့ ၁၉၈၀ ျပည့္ႏွစ္ေလာက္ကစၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရး အတြက္ ႀကိဳးပမ္းခဲ့ရာ ၁၉၈၁ ခုႏွစ္ေလာက္မွာ ေတြ႕ဆုံေဆြးေႏြးပြဲေတြ စတင္ခဲ့ပါတယ္။ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးမ်ားကအဖြဲ႕ဝင္အျဖစ္ ထဲထဲဝင္ဝင္ ပါဝင္ခဲ့ရပါတယ္။ အဲဒီႏွစ္ေတြမွာပဲ ကခ်င္ျပည္နယ္ၿငိမ္းခ်မ္းေရးအတြက္ အစိုးရကိုယ္စား ေဆာင္ရြက္နိုင္ဖို႔ တပ္မေတာ္က ေျမာက္ပိုင္းတိုင္း စစ္ဌာ နခ်ဳပ္၊ တိုင္းမႉးဦးေဆာင္တဲ့ ကခ်င္ျပည္နယ္ အာဏာပိုင္အဖြဲ႕အစည္းကို ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ အစိုးရက တာဝန္ေပးအပ္ခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္း တပ္မေတာ္အစိုးရလက္ထက္မွာေတာ့ တပ္မေတာ္က ဦးေဆာင္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ခဲ့ရာမွာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ႀကီး ၁၇ ဖြဲ႕၊ အဖြဲ႕ငယ္ ၂၃ ဖြဲ႕၊ စုစုေပါင္းအဖြဲ႕ ၄၀ နဲ႔ ၿငိမ္းခ်မ္းေရးရယူနိုင္ခဲ့ပါတယ္။ ပါတီစုံဒီမိုကေရစီေခတ္ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ ေၾကညာခ်က္အမွတ္၊ ၁/၂၀၁၁ နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း အားလုံးကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ ဒီလိုဖိတ္ေခၚ တဲ့ ဖိတ္ေခၚခ်က္ထဲမွာ “နိုင္ငံေတာ္သည္ ဒို႔တာဝန္အေရး(၃)ပါးကိုထိန္းသိမ္းၿပီး ေအးခ်မ္းသာယာ၍ ဖြံ့ၿဖိဳးတိုးတက္ေသာ နိုင္ငံေတာ္တည္ေဆာက္ရန္” ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ ၿငိမ္းခ်မ္းေရးဖိတ္ေခၚတာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားက ဒို႔တာဝန္အေရး(၃)ပါးကို လက္ခံရမယ္။ ခြဲထြက္ေရးကိစၥမေျပာဖို႔နဲ႔ ေရြးေကာက္ပြဲလမ္းေၾကာင္းသည္သာ အဓိကျဖစ္တယ္ဆိုတာ အႀကိမ္ႀကိမ္ ရွင္းလင္းၿပီးမွ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တာပါ။ ဒါ့ေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈတိုင္းဟာ ျပည္ေထာင္စုရဲ့ အမ်ိဳးသား အက်ိဳးစီးပြားကို လိုက္နာေစာင့္ထိန္းၾကဖို႔ လိုအပ္မွာျဖစ္ပါတယ္။ တပ္မေတာ္သားေတြအေနနဲ႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရး ဗဟိုေကာ္မတီနဲ႔ လုပ္ငန္းေကာ္မတီ စတဲ့ ေကာ္မတီအသီးသီးမွာ ထိထိေရာက္ေရာက္ ပါဝင္ပူးေပါင္းေဆာင္ရြက္ခဲ့ၿပီး တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္(NCA)ကို ယခုဆိုလၽွင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕နဲ႔ သေဘာတူညီခ်က္ ရယူခ်ဳပ္ဆို နိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဒီေန႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ဦးေဆာင္ေနတဲ့ အစိုးရ လက္ထက္မွာလည္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC)၊ ပစ္ခတ္တိုက္ခိုက္မႈ ပူးတြဲေစာင့္ၾကည့္ေရးအဖြဲ႕ အဆင့္ဆင့္ တို႔မွာ တပ္မေတာ္က ပူးေပါင္းပါဝင္ေဆာင္ရြက္လ်က္ရွိၿပီး အစိုးရရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား လ်င္ျမန္ ေအာင္ျမင္ေစေရးအတြက္ အေတြ႕အၾကဳံမ်ားနဲ႔ယွဥ္ၿပီး ကိုယ္စြမ္းဉာဏ္စြမ္းရွိသေရြ႕ ေဆာင္ရြက္လ်က္ရွိပါတယ္။ ေရွ႕တန္းစစ္ေျမျပင္မွာ မလႊဲမေရွာင္သာ ရင္ဆိုင္တိုက္ခိုက္ေနရတဲ့ ကၽြန္ေတာ္တို႔ တပ္မေတာ္သားမ်ားက ၿငိမ္းခ်မ္းေရးကို အလိုလားဆုံးျဖစ္ပါတယ္။ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး၊ ျပည္ေထာင္စုနဲ႔ တိုင္းရင္းသားစည္းလုံး ညီညြတ္ေရးကို မထိခိုက္တဲ့ ၿငိမ္းခ်မ္းေရး၊ လြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာအာဏာကို မထိခိုက္နိုင္တဲ့ ၿငိမ္းခ်မ္းေရးကို ျဖစ္နိုင္သမၽွ အျမန္ဆုံးရခ်င္တယ္လို႔ ေျပာလိုပါတယ္။

ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြနဲ႔ ပတ္သက္ၿပီး အယူအဆအမ်ိဳးမ်ိဳး ကြဲျပားေနတာေတြရွိပါတယ္။ တပ္မေတာ္အစိုးရလက္ထက္ ၁၉၈၉ ခုႏွစ္ကေနစၿပီး ၁၉၉၉ ခုႏွစ္အထိ ၿငိမ္းခ်မ္းေရးရယူခဲ့တဲ့ အဖြဲ႕ အစည္း(၄၀)ရွိခဲ့ပါတယ္။ ၎အဖြဲ႕အစည္းေတြနဲ႔ ၿငိမ္းခ်မ္းေရးရယူခဲ့ရာမွာ KIO၊ KIA အဖြဲ႕မွအပ က်န္အဖြဲ႕မ်ား နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဆိုတာမရွိဘဲ တစ္ဖြဲ႕ခ်င္းအလိုက္သာ ေတြ႕ဆုံေဆြးေႏြးသေဘာတူခဲ့တဲ့ ယာယီ ေနထိုင္ရန္ နယ္ေျမကန္႔သတ္ သေဘာတူညီခ်က္ေတြ၊ ေဒသဖြံ့ၿဖိဳးေရးအတြက္ သေဘာတူညီခ်က္ေတြစတဲ့ Gentleman Agreement ေတြသာရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္နက္စြဲကိုင္ထားၿပီး အပစ္အခတ္ရပ္စဲ ထားတဲ့အေျခအေန၊ အစိုးရအေပၚယုံၾကည္လို႔ လက္နက္စြန္႔လႊတ္ၿပီး ၿငိမ္းခ်မ္းေရးကို အစစ္အမွန္ ျမတ္နိုး တာေၾကာင့္ လက္နက္နဲ႔ၿငိမ္းခ်မ္းေရး လဲလွယ္တဲ့ အေျခအေနဆိုၿပီး အမ်ိဳးမ်ိဳးကြဲျပားစြာ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ခဲ့ပါတယ္။ အဲဒီေခတ္က ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ခဲ့တဲ့ အေနအထား ရွိၿပီးျဖစ္လို႔ ဒီေန႔ေဖာ္ ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပါဝင္စရာမလိုဘူးဆိုၿပီး အခ်ိဳ႕ကယူဆေနၾကပါတယ္။

ေခတ္ကာလခ်င္း၊ အေျခအေနခ်င္း၊ အုပ္ခ်ဳပ္မႈစနစ္ခ်င္းမတူေတာ့ဘူးဆိုတာ သတိခ်ပ္ၾကဖို႔ လိုပါတယ္။ ယခင္ကစစ္အုပ္ခ်ဳပ္ေရးနဲ႔ အုပ္ခ်ဳပ္ခဲ့ၿပီး တိုင္းျပည္ရဲ့အာဏာ အရပ္ရပ္ကို တပ္မေတာ္အစိုးရတစ္ခုတည္းက ထိန္းေက်ာင္းခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ေခတ္ဟာ ျပည္သူလူထု လိုလားေတာင္းဆိုခဲ့တဲ့ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ နိုင္ငံေတာ္ကိုအုပ္ခ်ဳပ္ေနတာ ျဖစ္ပါတယ္။ ဒီမိုကေရစီစနစ္နဲ႔ကိုက္ညီတဲ့ အျပဳအမူေတြ၊ အေလ့အထေတြ၊ လုပ္ေဆာင္ခ်က္ ေတြရွိဖို႔ လိုအပ္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြဟာလည္း ဒီမိုကေရစီစံႏႈန္းေတြ အတိုင္း၊ အမ်ားစုက လက္ခံသေဘာတူညီခ်က္ေတြအတိုင္း အေျခခံထား ေဆာင္ရြက္ၾကဖို႔လိုပါတယ္။ အမ်ိဳးမ်ိဳးကြဲျပားျခားနားစြာ ေဆာင္ရြက္ေနလို႔ မရပါဘူး။ ဒီအတြက္ ကၽြန္ေတာ္တို႔မွာ အားသာခ်က္ တစ္ရပ္ အေနနဲ႔ အင္အားစုေတာ္ေတာ္မ်ားမ်ားက သေဘာတူညီ လက္ခံထားၿပီးျဖစ္တဲ့ တစ္နိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခိုင္ခိုင္မာမာရွိေနတာပဲ ျဖစ္ပါတယ္။

ဒီစာခ်ဳပ္ကို ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းမွာ ဒီမိုကေရစီ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ျပည္သူလူထု တစ္ရပ္လုံးကို ကိုယ္စားျပဳတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က ကန္႔ကြက္သူမရွိ အတည္ျပဳေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ NCA ကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းတိုင္းက လက္မွတ္ေရးထိုးရမွာ ျဖစ္ပါတယ္။ ပစ္ခတ္ တိုက္ခိုက္မႈေတြမရွိလို႔ လက္မွတ္ထိုးစရာမလိုဘူးလို႔ ေျပာဆိုေနတာေတြ၊ ယခင္သေဘာ တူညီခ်က္ေတြရွိၿပီး ျဖစ္တယ္လို႔ ဆိုေနတာေတြဟာ ေလၽွာက္လွမ္းေနတဲ့ ဒီမိုကေရစီက်င့္ဝတ္ေတြနဲ႔ ညီညြတ္မႈမရွိဘူးလို႔ ေျပာလိုပါတယ္။ NCA ဟာ အမည္နာမအားျဖင့္သာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ ျဖစ္ပါတယ္။ အႏွစ္သာရအားျဖင့္ ဒီထက္ပိုမိုနက္ရွိုင္းက်ယ္ျပန္႔ပါတယ္။ စာခ်ဳပ္ရဲ့အေျခခံမူ ပထမအခ်က္မွာပဲ ဒီေန႔တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသာမက အျခားတိုင္းရင္းသားအဖြဲ႕အစည္းေတြ ေတာင္းဆို ေနတဲ့ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံတဲ့ ျပည္ေထာင္စုကိုတည္ေဆာက္မယ္လို႔ သေဘာတူ သတ္မွတ္ခဲ့ၿပီးျဖစ္ပါတယ္။ စာခ်ဳပ္ကို လက္မွတ္ေရးထိုးၿပီးျဖစ္တဲ့ အဖြဲ႕မ်ားကိုၾကည့္ရင္လည္း တပ္မေတာ္ အစိုးရ လက္ထက္ကတည္းက ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ ရယူခဲ့ၿပီးအဖြဲ႕ေတြပါသလို အဲဒီေခတ္က ၿငိမ္းခ်မ္းေရးမရယူနိုင္ခဲ့ဘဲ ဆက္လက္တိုက္ပြဲဝင္ေနတဲ့ အဖြဲ႕ေတြ၊ ေခတ္အဆက္ဆက္ တိုက္ပြဲဝင္လာခဲ့တဲ့ အဖြဲ႕ေတြ ပါဝင္ေၾကာင္း ထင္ရွားစြာ ေတြ႕ရမွာျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ၾကရာမွာ အခ်ိန္မဆြဲပဲ ရဲရဲဝံ့ဝံ့လုပ္ေဆာင္ ၾကဖို႔ လိုအပ္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားဟာ လိုအပ္တာထက္ပိုၿပီး အခ်ိန္ၾကာလာရင္ ေဘး ပေယာဂေတြ၊ ဝင္ေရာက္စြက္ဖက္မႈေတြ၊ ႀကိဳးကိုင္ျခယ္လွယ္တာေတြရွိလာၿပီး ရရွိၿပီးျဖစ္တဲ့ ယုံၾကည္မႈ တည္ေဆာက္ထားတာေတြ၊ ခက္ခက္ခဲခဲတည္ေဆာက္ထားရတဲ့ ရရွိၿပီးသေဘာတူညီခ်က္ေတြ အားနည္း သြားနိုင္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ျပည့္ညႇိႏွိုင္းေဆြးေႏြးျခင္းမ်ား၊ ရလဒ္ထြက္လာေအာင္ ေဆြးေႏြးျခင္း မ်ားကို နိုင္ငံေတာ္နဲ႔ တိုင္းရင္းသားျပည္သူလူထုရဲ့ အက်ိဳးစီးပြားကို ထာဝစဥ္ေရွးရႈၿပီး စိတ္ေစတနာထက္ထက္ သန္သန္နဲ႔ စဥ္ဆက္မျပတ္ ေဆာင္ရြက္သြားၾကဖို႔ တိုက္တြန္းလိုပါတယ္။ ကိုယ္စားလွယ္မ်ားအေနနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈကို ေရရွည္ၿငိမ္းခ်မ္းေရး တည္တံ့ခိုင္ျမဲေရးရလဒ္ရတဲ့အထိ ဆက္တိုက္ေဆာင္ရြက္ဖို႔ လိုပါမယ္။ ရလဒ္မထြက္မီ ေဆြးေႏြးမႈရပ္နားၿပီးေနာက္ အေျခအေနေျပာင္းလဲမႈမ်ား မၾကာခဏေတြ႕ရတဲ့ အတြက္ ရလဒ္ထြက္သည္အထိ ေဆြးေႏြးဖို႔ ကၽြန္ေတာ္တိုက္တြန္းရျခင္းျဖစ္ပါတယ္။ လုပ္ငန္းစဥ္မ်ားကို စဥ္ဆက္မျပတ္ တစ္ဆက္တည္းေဆာင္ရြက္သြားၿပီး ၂၀၂၀ ျပည့္ႏွစ္မွာ က်င္းပျပဳလုပ္မယ့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ အစည္းအေဝးမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ၿပီးျပတ္ေစေရးေဆာင္ရြက္ သြားပါလို႔ အေလးထား တိုက္တြန္းေျပာၾကားလိုပါတယ္။

နိုင္ငံေတာ္နဲ႔ တိုင္းရင္းသားျပည္သူလူထုရဲ့ အက်ိဳးစီးပြားတစ္ခုတည္းကိုသာေရွးရႈၿပီး ကၽြန္ေတာ္တို႔ လက္ထက္မွာပဲ ေခတ္အဆက္ဆက္ ေတာက္ေလာင္ခဲ့ရတဲ့ လက္နက္ကိုင္ပဋိပကၡကို အၿပီးတိုင္ၿငိမ္းသတ္ၿပီး ေခတ္မီဖြံ့ၿဖိဳးတိုးတက္ေသာ၊ စည္းလုံးညီညြတ္ခိုင္ခံ့ေသာ ဒီမိုကေရစီ နိုင္ငံေတာ္သစ္ကို ျပည္သူ႔ဆႏၵနဲ႔အညီ တည္ေဆာက္ခ်င္လို႔သာျဖစ္ပါတယ္။ ဒီေန႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို နိုင္ငံေတာ္အစိုးရနဲ႔ တပ္မေတာ္က တက္ႂကြစြာ ဦးေဆာင္ေဆာင္ရြက္ေနျခင္းဟာ ကၽြန္ေတာ္တို႔မွာ အင္အားခ်ိနဲ႔ေနလို႔ မဟုတ္ဘူးဆိုတာ သတိခ်ပ္ ေစလိုပါတယ္။ အမွန္တကယ္ ၿငိမ္းခ်မ္းေရးလိုခ်င္တဲ့ အဖြဲ႕အစည္းမွန္သမၽွ သေဘာတူညီခ်က္ေတြကိုသာ လိုက္နာရင္ ဘာေသနတ္သံမွ ၾကားရမွာမဟုတ္ပါဘူး။ ကိုယ့္လူကိုသာ နိုင္ေအာင္ထိန္းဖို႔ အဓိပၸါယ္ကင္းမဲ့တဲ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳး မေပးဖို႔ လိုပါမယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ ေဆာင္ရြက္ရာမွာ ၿငိမ္းခ်မ္းေရးထက္ အေရးႀကီးတာ ဘာမွမရွိဘူး။ ဒီကာလမွာ နားလည္မႈလြဲမွားေစနိုင္တဲ့ ကိစၥမ်ိဳးေတြကို ေရွ႕တန္းတင္ျခင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ မသက္ဆိုင္တဲ့ ကိစၥေတြကိုဆြဲသြင္းလာျခင္းတို႔မျပဳလုပ္ဖို႔ အေရးႀကီးပါတယ္။ အခ်ိဳ႕ေသာ ေဒသမွာရွိေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားဟာ ၅၂ သန္းေသာ တိုင္းရင္း သားျပည္သူလူထု တစ္ရပ္လုံးကို ကိုယ္စားျပဳတာ မဟုတ္သလို နိုင္ငံေရးပါတီမ်ားဟာလည္း သူတို႔ကို ေထာက္ခံသူမ်ားကို ကိုယ္စားျပဳတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔တပ္မေတာ္ဟာ တိုင္းရင္းသား ျပည္သူလူထုက ေပါက္ဖြားလာတဲ့ ျပည္သူ႔တပ္မေတာ္ျဖစ္တာနဲ႔အညီ နိုင္ငံေတာ္နဲ႔ျပည္သူလူထုကို ကိုယ္စားျပဳရတဲ့ အဖြဲ႕ အစည္းျဖစ္ပါတယ္။ မိမိတို႔ရဲ့ ျဖစ္တည္မႈနဲ႔ရပ္တည္မႈတို႔ဟာ မွန္ကန္ဖို႔ အထူးလိုတယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြနဲ႔ဆက္စပ္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကိုလည္း ေဆာင္ရြက္လိုတဲ့ သေဘာထားေတြ ကၽြန္ေတာ္တို႔ သိပါတယ္။ တိုင္းရင္းသားျပည္သူလူထုရဲ့အက်ိဳးကိုေရွးရႈၿပီး ၂၀၁၅ ခုႏွစ္မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ရဲ့ ဇယား ၂ -တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ဥပေဒျပဳစာရင္းမွာ အခ်က္ (၃၄)ခ်က္၊ ဇယား၅-တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္မ်ားက ေကာက္ခံရမည့္ အခြန္အခမ်ားမွာ အခ်က္ (၂၀)ခ်က္တို႔ကို ျပင္ဆင္ျဖည့္စြက္ေပးၿပီး လုပ္ပိုင္ခြင့္မ်ားတိုးခ်ဲ႕ေပးခဲ့ပါတယ္။ ထပ္မံျပင္ဆင္လိုတာေတြရွိရင္ ဆက္လက္ညႇိႏွိုင္း ေဆြးေႏြးလုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။ ဒီလိုေဆာင္ရြက္ရာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အခန္း ၁၂၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ျခင္းအခန္းပါ ျပ႒ာန္းခ်က္ေတြအတိုင္း ေဆာင္ရြက္ ၾကဖို႔လိုပါတယ္။ ရွိၿပီးသား နိုင္ငံေတာ္အေျခခံမူ(၄၈)ခ်က္ ခိုင္မာတည္တံ့ဖို႔ လိုအပ္ပါတယ္။

ဒီမိုကေရစီစနစ္က်င့္သုံးတဲ့ နိုင္ငံအျပင္ မည္သည့္စနစ္က်င့္သုံးတဲ့ နိုင္ငံမွာမဆို တစ္ခုတည္းေသာ တပ္မေတာ္ တစ္ရပ္သာ ရွိပါတယ္။ ဒါ့ေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနနဲ႔လည္း နိုင္ငံတကာက က်င့္သုံးေနတဲ့ ၿငိမ္းခ်မ္းေရးဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားနဲ႔အညီ ေဆာင္ရြက္သြားဖို႔ လိုအပ္ပါတယ္။ ဒီအခ်ိန္မွာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုေပၚေပါက္လာဖို႔ လက္နက္ကိုင္ လမ္းစဥ္ေတြ ခ်ဳပ္ၿငိမ္းသြားေရးဟာ ပထမဦးစားေပးေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။ မလိုလားအပ္တာေတြကို ဆြဲထည့္ ေဆြးေႏြးၿပီး အခ်ိန္ဆြဲေနမယ့္အစား တစ္နိုင္ငံလုံးၿငိမ္းခ်မ္းေရးရရွိလာခ်ိန္မွာ ေရွ႕ဆက္ေဆာင္ရြက္ ရမယ့္ လုပ္ငန္းမ်ားကို ဒီမိုကေရစီနည္းလမ္းတက် ေဆြးေႏြးညႇိႏွိုင္း အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ထပ္မံေျပာၾကားလိုတာကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္တဲ့ေနရာမွာ အခ်ိန္ဆြဲေဆာင္ ရြက္ျခင္းဟာ ဖြံ့ၿဖိဳးတိုးတက္မႈ ေနာက္က်ေနတဲ့ ကၽြန္ေတာ္တို႔နိုင္ငံကို ပိုၿပီးနိမ့္က်ေအာင္ ဆြဲႏွစ္ေနမႈ တစ္ခု ျဖစ္တယ္ဆိုတာကိုလည္း ေျပာၾကားလိုပါတယ္။ ယခုအစည္းအေဝးဟာ ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းမွာ က်င္းပရမယ့္ အစည္းအေဝးျဖစ္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီေန႔မွျပဳလုပ္နိုင္တာပါ။ ကၽြန္ေတာ္တို႔နိုင္ငံနဲ႔ နိုင္ငံသူ၊ နိုင္ငံသားေတြအတြက္ ကၽြန္ေတာ္တို႔မွာ လုပ္စရာအလုပ္ေတြ အမ်ားႀကီးရွိပါေသးတယ္။ ဟန္ေရးျပေန႐ုံနဲ႔ မၿပီးေသးပါဘူး။ စကားလုံး လွလွေလးေတြ ေျပာဆိုျငင္းခုံေန႐ုံနဲ႔လည္း မၿပီးနိုင္ပါဘူး။ တိုင္းျပည္ရဲ့ အားဟာ ျပည္တြင္းမွာပဲ ရွိပါတယ္။ ျမန္မာနိုင္ငံသားေတြအားလုံးမွာ တာဝန္ရွိပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ ညီညြတ္တဲ့ အင္အား၊ စြမ္းအားကို ပဲ့သြားဖို႔ ယိုင္နဲ႔သြားေစဖို႔ ႏွဲ႕ေန၊ ေသြးထိုးေနတာ သတိျပဳဖို႔လိုပါတယ္။ “ၿပိဳင္တူတြန္း လၽွင္ေရြ႕နိုင္ပါသည္” ဆိုေပမယ့္ ေရြ႕ေအာင္မတြန္းနိုင္ရင္ ကၽြန္ေတာ္တို႔ အလုပ္လုပ္ေနတာေတြဟာ အလုပ္ၿပီးေျမာက္မႈရလဒ္နဲ႔ တိုင္းတာပါက “သုည”ပဲ ျဖစ္ပါလိမ့္မယ္။ ကိုယ့္တိုင္းျပည္၊ ကိုယ့္လူမ်ိဳးကို တစ္ကယ္ခ်စ္ရင္ နိုင္ငံရဲ့တိုးတက္မႈ လမ္းေၾကာင္းမွာ အဟန္႔အတားျဖစ္ေနတဲ့ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡကို အခ်ိန္မဆိုင္းဘဲဖယ္ရွားပစ္ဖို႔၊ စိတ္ရင္းေစတနာအမွန္နဲ႔ ဆက္လက္ေဆာင္ရြက္သြားၾကဖို႔ တိုက္တြန္း လိုပါတယ္။ နိုင္ငံေတာ္ဟာ ျပည္သူလူထုရဲ့ဆႏၵနဲ႔အညီ ပါတီစုံဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ေနတာျဖစ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္တဲ့ေနရာမွာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးမ်ားနဲ႔ အဖြဲ႕အစည္းတိုင္းဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္း သာတူညီမၽွတစ္ေျပးညီျဖစ္ဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ အိမ္နီးခ်င္း မိတ္ေဆြနိုင္ငံမ်ားကိုလည္း ကၽြန္ေတာ္တို႔နိုင္ငံကို ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စု အျဖစ္ တည္ေဆာက္ရာမွာ ထာဝရၿငိမ္းခ်မ္းတည္ၿငိမ္တဲ့ နယ္စပ္ေဒသမ်ား ျဖစ္ေစေရးအတြက္ အေလး ထားညႇိႏွိုင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။

ဧည့္သည္ေတာ္မ်ားနဲ႔ တာဝန္ရွိသူမ်ားခင္ဗ်ာ-

နိဂုံးခ်ဳပ္အေနနဲ႔ေျပာၾကားလိုတာကေတာ့ အမိနိုင္ငံေတာ္ကို ခ်စ္ျမတ္နိုးတဲ့ စိတ္ဓာတ္ေတြ၊ ဆင္ျခင္တုံတရားနဲ႔ ျပည့္စုံတဲ့အသိပညာေတြ ဖြံ႔ၿဖိဳးတိုးတက္ၿပီး ျပည္ေထာင္စုစိတ္ဓာတ္ကို ခံယူက်င့္သုံးကာ စည္းလုံးညီညြတ္မႈကို တန္ဖိုးထားတတ္တဲ့ သိမ္ေမြ႕ေလးနက္ေသာ လူ႔ေဘာင္အဖြဲ႕အစည္းသစ္ တိုးတက္ျဖစ္ထြန္းလာဖို႔ ၿငိမ္းခ်မ္း ေရးကို ျပည့္အဝေအာင္ျမင္ေအာင္တည္ ေဆာက္ၿပီးအနာဂတ္မ်ိဳးဆက္သစ္မ်ားထံလႊဲေျပာင္းေပးနိုင္တဲ့ သမိုင္း ေပးတာဝန္ေက်ပြန္သူမ်ားအျဖစ္ ကမၸည္း မွတ္တမ္းေကာင္း ေရးထိုးနိုင္သူမ်ားျဖစ္ေအာင္ အခ်ိန္မဆြဲပဲ ႀကိဳးပမ္း ၾကပါစို႔လို႔ တိုက္တြန္းရင္းနိဂုံးခ်ဳပ္လိုက္ပါတယ္။

(Unicode Version)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

နေပြည်တော်၊ ဇူလိုင် ၁၁

ကြွရောက်လာကြတဲ့ နိုင်ငံတော်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များနဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ ယနေ့စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက်လာကြတဲ့ အတွက်လည်း လေးစားဂုဏ်ယူဝမ်းမြောက်ပါကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များကိုလည်း ကြိုဆိုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရိပ်အာဝါသတစ်မျိုးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အရိပ်ကောင်းရှိမှသာ တည်ငြိမ်အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင်၊ သာယာနာပျော်ဖွယ်ကောင်း တဲ့ လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်တဲ့ အခြေခံအဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတစ်နိုင်ငံအတွက်လိုအပ်တဲ့ အရင်းအမြစ်ကောင်းတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပေ မယ့် ငြိမ်းချမ်းရေးအရင်းအမြစ်ကောင်းတွေကတော့ လိုအပ်နေဆဲပဲ ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမည့် ပကတိအရှိတရားဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟာ ရှည်လျားလှပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟာလည်း ရှည်လျားခဲ့သလို ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းဟာလည်း ရှည်လျားလှပါတယ်။ သမိုင်းဆိုတာ မိမိတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အဆိုး၊ အကောင်းတွေကို အကျိုး၊ အကြောင်းနဲ့ ထင်သာမြင်သာအောင် မီးမောင်းထိုးပြတဲ့ ကြေးမုံပြင်တစ်ချပ်ပါပဲ။ အဲဒီသမိုင်း စာမျက် နှာတွေကို အစွဲကင်းကင်းနဲ့ပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ “အတိတ်သမိုင်းရဲ့ အကျဉ်းသားမဖြစ်စေနဲ့” ဆိုတဲ့ စကားဟာ ဒီသမိုင်းထဲက အတိတ်ရဲ့နာကြည်းစရာတွေ၊ ရန်ငြိုးရန်စ ဖြစ်စရာတွေ သတိပေးထားခြင်းဖြစ်တာကြောင့် သင်ခန်းစာယူရမှာ တွေကိုတော့ ဆက်လက်သင်ခန်းစာရယူပြီး အမြင်သစ်၊ အသွင်သစ်နဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုတဲ့ နိယာမတရားအရဖြစ်ပေါ်ခဲ့တဲ့ အကြောင်းတရားများကို မှန်မှန် ကန်ကန် ဝေဖန်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ်မြစ်ကို လေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံး ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ ကြောင့်ဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့ အကြား မှာ ပြဿနာကြီးငယ်တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အကြားမှာ သာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက် အတူတကွ ပူးပေါင်းနေထိုင်ခဲ့ကြတာပါ။ သက္ကရာဇ် ၄၇၄ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ မြစေတီကျောက်စာမှာ ဘာသာစကား ၄ မျိုးနဲ့ ရေးထိုးထားရာမှာ ပါဠိအပြင် ပျူ၊ မွန်၊ မြန်မာစတဲ့ တိုင်းရင်း သားဘာသာစကားတွေ ပေါင်းစည်းထားခြင်းဟာ ပထမမြန်မာနိုင်ငံ လက်ထက်ကတည်းက ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံအသွင်နဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။

ဗြိတိသျှကိုလိုနီလက်အောက် တစ်နိုင်ငံလုံးကျရောက်ပြီးတဲ့ အချိန်မှာလည်း တိုင်းရင်းသားအားလုံးပါဝင်တဲ့ ၁၀ နှစ်ကြာ မျိုးချစ်စစ်ပွဲကြီးကို ဆင်နွှဲပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို စတင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုလိုနီခေတ်ကနေ ဒီနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေသဘော ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါင်း ၆ ခုရှိခဲ့ကြောင်းတွေ့ရပါတယ်။ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွေ ဟာတော့ လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ အခြေခံဥပဒေများဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီ လက်ထက်မှာ ဗြိတိသျှပါလီမန်ကပြဋ္ဌာန်းတဲ့ ၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of India Act, 1919)၊ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of Burma Act,1935)နဲ့ ဂျပန်ခေတ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ (၁၉၄၃ ခုနှစ်)တို့ဟာ ကိုလိုနီခေတ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေတွေပဲ ဖြစ်ပါတယ်။ အဲဒီထဲက ၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုဥပဒေအရ ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေး ပေးခဲ့ပါတယ်။ ဒါပေမယ့် ရှမ်း၊ ချင်းနဲ့ ကချင်ဒေသတွေကိုတော့ ချန်လှပ်သွေးခွဲအုပ်ချုပ်ခဲ့ပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ မြန်မာနိုင်ငံကို ၉၁ ဌာန အုပ်ချုပ်ရေးစနစ် တိုးမြှင့်ပေးခဲ့ပေမယ့် တိုင်းရင်းသားဒေသတွေကိုတော့ ဒီတိုးမြှင့်မှုကနေချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ခဲ့တာ တွေ့ရတယ်။ တိုင်းရင်းသားဒေသတွေကို အပိုင်း(၁) ဇယားဝင်ဒေသ( Part I Scheduled Area)၊ အပိုင်း(၂)ဇယားဝင်ဒေသ (Part II Scheduled Area)ဆိုပြီး ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်တဲ့ဒေသနဲ့ ဘုရင်ခံက စိတ်ကြိုက်ကိုယ်စား လှယ် ခန့်အပ်အုပ်ချုပ်ခွင့်ပြုထားတဲ့ဒေသဆိုပြီး အကွဲကွဲအပြားပြား သွေးခွဲအုပ်ချုပ် ခဲ့ကြတယ်။ ဒီလိုသွေးခွဲ အုပ်ချုပ်မှုကို အဲဒီခေတ်က မြန်မာ့လွတ်လပ်ရေး ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ တို့ဗမာအစည်းအရုံးက ၁၉၃၈ ခုနှစ်၊ မော်လမြိုင် ညီလာခံကနေစပြီး တောက်လျှောက်ကန့်ကွက်ခဲ့ပါတယ်။

ဒီလိုသွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာ၊ ပြည်နယ်၊ ပြည်မ အထင်အမြင်လွဲ သွေးကွဲခဲ့တာတွေ ဖြစ်ခဲ့ရပါတယ်။ ဂျပန်တွေ မြန်မာနိုင်ငံကဆုတ်ခွာပြီး ဗြိတိသျှတွေက စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်အုပ်ချုပ်ရာမှာလည်း တိုင်းရင်းသားဒေသတွေကို ဆက်လက် သွေးခွဲအုပ်ချုပ်ဖို့ တောင်တန်း ဒေသအုပ်ချုပ်ရေးဌာန(Frontier Area Administration)ကို ဖွင့်လှစ်ခဲ့ပြန်တယ်။ သွေးခွဲမှုအရှိန်အဟုန် ပြင်းထန်လာပြီး မြန်မာ့လွတ်လပ်ရေးရရှိတဲ့အခါ တိုင်းရင်းသားဒေသတွေကို ချန်လှပ်ထား နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ တိုင်းရင်းသားဒေသတွေနဲ့ ပြည်မဒေသအကြား နိုင်ငံရေးအရ ဆက်သွယ်မှုမပြုနိုင်ဖို့ နိုင်ငံရေးလှုပ်ရှားမှုရှိသူများကို နယ်ခြားဒေသကျော်ဖြတ်မှုချုပ်ကိုင်ရေးဥပဒေ( Frontier Crossing Act) ကိုသုံးပြီး ဖမ်းဆီးချုပ်နှောင်ခြင်း၊ နယ်နှင်ခြင်းတို့ ပြုလုပ်ခဲ့ကြတယ်။ ဒီသွေးခွဲအုပ်ချုပ်ခံခဲ့ရခြင်း အကျိုးဆက်တွေဟာ ပင်လုံစာချုပ်ချုပ်ဆိုဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြုလုပ်တဲ့ ပင်လုံ ညီလာခံကျင်းပရာမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီနေ့အထိ ရိုက်ခတ်မှု အကျိုးသက်ရောက်မှုများ ရှိနေဆဲဖြစ်တယ်။ ဒီသွေးခွဲ အုပ်ချုပ်မှုရဲ့အကျိုးဆက်ကြောင့် ပျက်ပြားခဲ့ရတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးမညီမျှမှု၊ အဲဒီကနေတစ်ဆင့် မြစ်ဖျားခံလာတဲ့ လက်နက် ကိုင်ပဋိပက္ခတွေကို သမိုင်းစာမျက်နှာပေါ်က ဖျောက်ဖျက်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရတာ၊ ဖွံ့ဖြိုး တိုးတက်မှုမညီမျှရတာနဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာရတာဟာ လွတ်လပ်ရေးရပြီးမှ အစပျိုးဖြစ်ပွား လာရသယောင် ပြောဆိုပုံဖော်နေမှုတွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ မတ်လမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဲဒီအချိန်က ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရကို ဝါဒရေးရာအရဆန့်ကျင်ပြီး တောခိုသွားခြင်းဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂိုရှယ်ဟာ စာတမ်းတစ်ခုရေးပြီး ဗိုလ်တာရာရဲ့ ပျဉ်းမနားသူပုန်နယ်မြေ၊ ဦးစိန္တာနဲ့ ဗုံပေါက်သာကျော်တို့ရဲ့ ရခိုင်သူပုန်နယ်မြေများကို ထောက်ခံ ရန်နဲ့ ၎င်းနယ်မြေတွေကို လွတ်မြောက်ရေးဒေသအဖြစ်သတ်မှတ်ပြီး တစ်စတစ်စတိုးချဲ့သွားဖို့ တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ကွန်မြူနစ်နဲ့ ဖဆပလ၊ ရဲဘော်ဖြူနဲ့ ဖဆပလ ဝါဒရေးရာကွဲပြားမှုတွေ ဆက်ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက တပ်မတော်ကို ၎င်းတို့ဘက်ပါရေး အပြင်းအထန်ဆွဲဆောင်ခဲ့ကြပါတယ်။ ထိုစဉ်က အဓိကတပ်မတော်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် နေဝင်း လက်မခံခဲ့ပါဘူး။ မရှေးမနှောင်းမှာပဲ ကရင်လူမျိုးရေး၊ သီးခြားကရင်ပြည်နယ် ထူထောင်ရေးရည်မှန်းချက်နဲ့ ကရင်လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက် လာရပြန်တယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဂျာဟစ်သူပုန်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန်ကစပြီး ဘာသာရေးနဲ့ သီးခြားပြည်နယ်ထူထောင်ရေး ရည်မှန်းချက်နဲ့ ဖဆပလ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေကြပြီးဖြစ်ပါတယ်။ ဒီနေ့အထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေရဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပြည်ထောင်စုပါတီ(ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ခဲ့ရတာကို နောက်မှတိုင်းရင်းသားရေးလို့ပြောလာတာ ဖြစ်ပါတယ်။ ကျန် လက်နက်ကိုင် အဖွဲ့များဟာလည်း နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေးနဲ့ ဘာသာရေးတို့ကိုအခြေခံပြီး ပေါ်ပေါက်လာရတာပဲဖြစ်လို့ တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက် လာရသယောင်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ရသယောင် ပြောဆိုနေခြင်းများဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များလှတဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ တပ်မတော်ရဲ့ ဆောင်ရွက် ချက်များဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းသာ ဖြစ်ပါတယ်။

သွေးခွဲအုပ်ချုပ်မှုအကျိုးဆက်တွေ၊ နိုင်ငံရေး၊ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးမကျေနပ်ချက်တွေကြောင့် ပေါ်ပေါက်လာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်းစေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံအစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြပါတယ်။ အောင်မြင်ခဲ့တဲ့ အပိုင်းတွေရှိသလို မအောင်မြင်တဲ့ အပိုင်းတွေလည်း ရှိခဲ့ပါတယ်။ ဘာကြောင့်အောင်မြင်ခဲ့တယ်၊ ဘာကြောင့်မအောင်မြင်ခဲ့ဘူး။ ဘယ်သူတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တယ်၊ ဘယ်သူတွေနဲ့တော့ မတည်ဆောက်နိုင်ခဲ့ဘဲ ဘာကြောင့် ပျက်ပြားခဲ့ရတယ်ဆိုတာ သမိုင်းမှာ အထင်အရှားရှိပါတယ်။ သို့သော် အခိုင်အမာပြောနိုင်တာ တစ်ခုကတော့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်းမှာ တပ်မတော်အနေနဲ့ ထဲထဲ ဝင်ဝင်ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေးအတွက် ဆောင်ရွက် ချက်များကိုသာ ဆောင်ရွက်ခဲ့ကြောင်း ခိုင်ခိုင်မာမာပြောလိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် သမိုင်းကြောင်းနဲ့ယှဉ်ပြီးရှင်းပြမှ ခိုင်မာမှုရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ၃ လနဲ့ ၆ လအတွင်း ၁၉၄၈ ခုနှစ်၊ မတ်လနဲ့ ဇွန်လတို့မှာပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ စတင်ခဲ့ပါတယ်။ အဲဒီခေတ်က ဖဆပလအစိုးရအနေနဲ့ အစောဆုံး ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအဖြစ် မေလ ၁၅ ရက်နေ့မှာ ဦးနုငြိမ်းချမ်းရေးမူ ၁၅ ချက်၊ ဒါကို လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်လို့ လူသိများခဲ့ပါတယ်။ ဒါကို ထုတ်ပြန်ခဲ့ တယ်၊ ဒါကိုအကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ဦးဆောင်မှုနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို ဥက္ကဋ္ဌခန့်ထားပြီး လက်ဝဲစည်းရုံးရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်စေခဲ့ကြောင်းတွေ့ရပါတယ်။ တော်လှန်ရေးကောင်စီ ခေတ်မှာတော့ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ “ပြည်တွင်းငြိမ်းချမ်းရေး အတွက် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေး ကောင်စီကမ်းလှမ်းချက်”ကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု ကို စတင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ဦးဆောင်ပါဝင်ခဲ့ရပါတယ်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ ၁၉၈၀ ပြည့်နှစ်လောက်ကစပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးပမ်းခဲ့ရာ ၁၉၈၁ ခုနှစ်လောက်မှာ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ခဲ့ပါတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တိုင်းမှူးများကအဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင် ပါဝင်ခဲ့ရပါတယ်။ အဲဒီနှစ်တွေမှာပဲ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အစိုးရကိုယ်စား ဆောင်ရွက်နိုင်ဖို့ တပ်မတော်က မြောက်ပိုင်းတိုင်း စစ်ဌာ နချုပ်၊ တိုင်းမှူးဦးဆောင်တဲ့ ကချင်ပြည်နယ် အာဏာပိုင်အဖွဲ့အစည်းကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက တာဝန်ပေးအပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာတော့ တပ်မတော်က ဦးဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၄၀ နဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီခေတ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာချက်အမှတ်၊ ၁/၂၀၁၁ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုဖိတ်ခေါ် တဲ့ ဖိတ်ခေါ်ချက်ထဲမှာ “နိုင်ငံတော်သည် ဒို့တာဝန်အရေး(၃)ပါးကိုထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်” ဆိုတဲ့ ရည်မှန်းချက်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒို့တာဝန်အရေး(၃)ပါးကို လက်ခံရမယ်။ ခွဲထွက်ရေးကိစ္စမပြောဖို့နဲ့ ရွေးကောက်ပွဲလမ်းကြောင်းသည်သာ အဓိကဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် ရှင်းလင်းပြီးမှ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းဟာ ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွားကို လိုက်နာစောင့်ထိန်းကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ တပ်မတော်သားတွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ စတဲ့ ကော်မတီအသီးသီးမှာ ထိထိရောက်ရောက် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)ကို ယခုဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီချက် ရယူချုပ်ဆို နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်နေတဲ့ အစိုးရ လက်ထက်မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ အဆင့်ဆင့် တို့မှာ တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လျင်မြန် အောင်မြင်စေရေးအတွက် အတွေ့အကြုံများနဲ့ယှဉ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်လျက်ရှိပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ မလွှဲမရှောင်သာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကျွန်တော်တို့ တပ်မတော်သားများက ငြိမ်းချမ်းရေးကို အလိုလားဆုံးဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို မထိခိုက်တဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို မထိခိုက်နိုင်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံးရချင်တယ်လို့ ပြောလိုပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုး ကွဲပြားနေတာတွေရှိပါတယ်။ တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်ကနေစပြီး ၁၉၉၉ ခုနှစ်အထိ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ အစည်း(၄၀)ရှိခဲ့ပါတယ်။ ၎င်းအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူခဲ့ရာမှာ KIO၊ KIA အဖွဲ့မှအပ ကျန်အဖွဲ့များ နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဆိုတာမရှိဘဲ တစ်ဖွဲ့ချင်းအလိုက်သာ တွေ့ဆုံဆွေးနွေးသဘောတူခဲ့တဲ့ ယာယီ နေထိုင်ရန် နယ်မြေကန့်သတ် သဘောတူညီချက်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် သဘောတူညီချက်တွေစတဲ့ Gentleman Agreement တွေသာရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်စွဲကိုင်ထားပြီး အပစ်အခတ်ရပ်စဲ ထားတဲ့အခြေအနေ၊ အစိုးရအပေါ်ယုံကြည်လို့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးကို အစစ်အမှန် မြတ်နိုး တာကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်တဲ့ အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီခေတ်က ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့တဲ့ အနေအထား ရှိပြီးဖြစ်လို့ ဒီနေ့ဖော် ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်စရာမလိုဘူးဆိုပြီး အချို့ကယူဆနေကြပါတယ်။ ခေတ်ကာလချင်း၊ အခြေအနေချင်း၊ အုပ်ချုပ်မှုစနစ်ချင်းမတူတော့ဘူးဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ယခင်ကစစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြီး တိုင်းပြည်ရဲ့အာဏာ အရပ်ရပ်ကို တပ်မတော်အစိုးရတစ်ခုတည်းက ထိန်းကျောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဟာ ပြည်သူလူထု လိုလားတောင်းဆိုခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကိုအုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ အပြုအမူတွေ၊ အလေ့အထတွေ၊ လုပ်ဆောင်ချက် တွေရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း ဒီမိုကရေစီစံနှုန်းတွေ အတိုင်း၊ အများစုက လက်ခံသဘောတူညီချက်တွေအတိုင်း အခြေခံထား ဆောင်ရွက်ကြဖို့လိုပါတယ်။ အမျိုးမျိုးကွဲပြားခြားနားစွာ ဆောင်ရွက်နေလို့ မရပါဘူး။ ဒီအတွက် ကျွန်တော်တို့မှာ အားသာချက် တစ်ရပ် အနေနဲ့ အင်အားစုတော်တော်များများက သဘောတူညီ လက်ခံထားပြီးဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ခိုင်ခိုင်မာမာရှိနေတာပဲ ဖြစ်ပါတယ်။

ဒီစာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့ကြောင့် NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင်သဘော တူညီချက်တွေရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောလိုပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ဒီထက်ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါတယ်။ စာချုပ်ရဲ့အခြေခံမူ ပထမအချက်မှာပဲ ဒီနေ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ တောင်းဆို နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ သဘောတူ သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ အဖွဲ့များကိုကြည့်ရင်လည်း တပ်မတော် အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးသဘောတူညီချက် ရယူခဲ့ပြီးအဖွဲ့တွေပါသလို အဲဒီခေတ်က ငြိမ်းချမ်းရေးမရယူနိုင်ခဲ့ဘဲ ဆက်လက်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေ၊ ခေတ်အဆက်ဆက် တိုက်ပွဲဝင်လာခဲ့တဲ့ အဖွဲ့တွေ ပါဝင်ကြောင်း ထင်ရှားစွာ တွေ့ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲပဲ ရဲရဲဝံ့ဝံ့လုပ်ဆောင် ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်း သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ပြည့်ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်း များကို နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်ထက် သန်သန်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်စားလှယ်များအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရတဲ့အထိ ဆက်တိုက်ဆောင်ရွက်ဖို့ လိုပါမယ်။ ရလဒ်မထွက်မီ ဆွေးနွေးမှုရပ်နားပြီးနောက် အခြေအနေပြောင်းလဲမှုများ မကြာခဏတွေ့ရတဲ့ အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးဖို့ ကျွန်တော်တိုက်တွန်းရခြင်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တစ်ဆက်တည်းဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးဆောင်ရွက် သွားပါလို့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်။

နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာရှေးရှုပြီး ကျွန်တော်တို့ လက်ထက်မှာပဲ ခေတ်အဆက်ဆက် တောက်လောင်ခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင်ငြိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းလုံးညီညွတ်ခိုင်ခံ့သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူ့ဆန္ဒနဲ့အညီ တည်ဆောက်ချင်လို့သာဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ် စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့ လိုပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စမျိုးတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကိုဆွဲသွင်းလာခြင်းတို့မပြုလုပ်ဖို့ အရေးကြီးပါတယ်။ အချို့သော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်း သားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖြစ်တည်မှုနဲ့ရပ်တည်မှုတို့ဟာ မှန်ကန်ဖို့ အထူးလိုတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ ကျွန်တော်တို့ သိပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ ဇယား ၂ -တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက် (၃၄)ချက်၊ ဇယား၅-တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက် (၂၀)ချက်တို့ကို ပြင်ဆင်ဖြည့်စွက်ပေးပြီး လုပ်ပိုင်ခွင့်များတိုးချဲ့ပေးခဲ့ပါတယ်။ ထပ်မံပြင်ဆင်လိုတာတွေရှိရင် ဆက်လက်ညှိနှိုင်း ဆွေးနွေးလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက် ကြဖို့လိုပါတယ်။ ရှိပြီးသား နိုင်ငံတော်အခြေခံမူ(၄၈)ချက် ခိုင်မာတည်တံ့ဖို့ လိုအပ်ပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံအပြင် မည်သည့်စနစ်ကျင့်သုံးတဲ့ နိုင်ငံမှာမဆို တစ်ခုတည်းသော တပ်မတော် တစ်ရပ်သာ ရှိပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာဖို့ လက်နက်ကိုင် လမ်းစဉ်တွေ ချုပ်ငြိမ်းသွားရေးဟာ ပထမဦးစားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မလိုလားအပ်တာတွေကို ဆွဲထည့် ဆွေးနွေးပြီး အချိန်ဆွဲနေမယ့်အစား တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိလာချိန်မှာ ရှေ့ဆက်ဆောင်ရွက် ရမယ့် လုပ်ငန်းများကို ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ထပ်မံပြောကြားလိုတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အချိန်ဆွဲဆောင် ရွက်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံကို ပိုပြီးနိမ့်ကျအောင် ဆွဲနှစ်နေမှု တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ ယခုအစည်းအဝေးဟာ ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ ကျင်းပရမယ့် အစည်းအဝေးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှပြုလုပ်နိုင်တာပါ။ ကျွန်တော်တို့နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ကျွန်တော်တို့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိပါသေးတယ်။ ဟန်ရေးပြနေရုံနဲ့ မပြီးသေးပါဘူး။ စကားလုံး လှလှလေးတွေ ပြောဆိုငြင်းခုံနေရုံနဲ့လည်း မပြီးနိုင်ပါဘူး။ တိုင်းပြည်ရဲ့ အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ အင်အား၊ စွမ်းအားကို ပဲ့သွားဖို့ ယိုင်နဲ့သွားစေဖို့ နှဲ့နေ၊ သွေးထိုးနေတာ သတိပြုဖို့လိုပါတယ်။ “ပြိုင်တူတွန်း လျှင်ရွေ့နိုင်ပါသည်” ဆိုပေမယ့် ရွေ့အောင်မတွန်းနိုင်ရင် ကျွန်တော်တို့ အလုပ်လုပ်နေတာတွေဟာ အလုပ်ပြီးမြောက်မှုရလဒ်နဲ့ တိုင်းတာပါက “သုည”ပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို တစ်ကယ်ချစ်ရင် နိုင်ငံရဲ့တိုးတက်မှု လမ်းကြောင်းမှာ အဟန့်အတားဖြစ်နေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အချိန်မဆိုင်းဘဲဖယ်ရှားပစ်ဖို့၊ စိတ်ရင်းစေတနာအမှန်နဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း လိုပါတယ်။ နိုင်ငံတော်ဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများနဲ့ အဖွဲ့အစည်းတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သာတူညီမျှတစ်ပြေးညီဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများကိုလည်း ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု အဖြစ် တည်ဆောက်ရာမှာ ထာဝရငြိမ်းချမ်းတည်ငြိမ်တဲ့ နယ်စပ်ဒေသများ ဖြစ်စေရေးအတွက် အလေး ထားညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဧည့်သည်တော်များနဲ့ တာဝန်ရှိသူများခင်ဗျာ-

နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေ၊ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့အသိပညာတွေ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူကျင့်သုံးကာ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားတတ်တဲ့ သိမ်မွေ့လေးနက်သော လူ့ဘောင်အဖွဲ့အစည်းသစ် တိုးတက်ဖြစ်ထွန်းလာဖို့ ငြိမ်းချမ်း ရေးကို ပြည့်အဝအောင်မြင်အောင်တည် ဆောက်ပြီးအနာဂတ်မျိုးဆက်သစ်များထံလွှဲပြောင်းပေးနိုင်တဲ့ သမိုင်း ပေးတာဝန်ကျေပွန်သူများအဖြစ် ကမ္ပည်း မှတ်တမ်းကောင်း ရေးထိုးနိုင်သူများဖြစ်အောင် အချိန်မဆွဲပဲ ကြိုးပမ်း ကြပါစို့လို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

https://twitter.com/SGMinAungHlaing
https://www.seniorgeneralminaunghlaing.com.mm

Sunday, July 8, 2018

အေမ့ခံ ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေဟာင္းမ်ား....

အေမ့ခံ ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေဟာင္းမ်ား....

 
လြန္ခဲ့တဲ့ အႏွစ္ (၂၀) ေက်ာ္က >>>

စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရး>>> ဒီမိုကေရစီရရွိေရး >>> လူ႔အခြင္ဖ့အေရးရရွိေရး>>> ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး...

ျမန္မာ့ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားလြတ္ေျမာက္ေရး...

ဦးခြန္ထြန္းဦးႏွင့္တကြ တိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ေရး...

တိုင္းရင္းသားေဒသ ထိုးစစ္ေတြရပ္ ေတြ႕ဆုံေဆြးေႏြးေျဖရွင္းေပးေရး....

သတင္းစာဆရာႀကီး ဦးဝင္းတင္ႏွင့္တကြ ႏိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ေရး ...

ကိုမင္းကိုႏိုင္ႏွင့္တကြ ေက်ာင္းသားေခါင္းေဆာင္းမ်ား လြတ္ေျမာက္ေရး....

၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရး

စသည္ျဖစ္ ေခါင္းစဥ္ေပါင္း ေျမာက္မ်ားစြား ဆယ္စု ႏွစ္စုတိုင္ေအာင္ မည္သူတဦးတေယာက္၏ ခိုင္းေစျခင္းမဟုတ္ပဲ မိမိ၏ အမ်ိဳးသားစိတ္ဓါတ္ ခံယူခ်က္အသိျဖင့္ အခ်ိန္ ေငြ အင္အား စိုက္ထုတ္ကာ တဆိုက္မတ္မတ္လႈပ္ရွား ဆႏၵထုတ္ေဖၚခဲ့ၾကပါတယ္ ဒီလႈပ္ရွားမႈေတြပါဝင္ခဲ့
ၾကျခင္းေၾကာင့္ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားအမ်ားအျပား ႏိုင္ငံသားအခြင့္အေရးမ်ား ဆုံးရႈံးခဲ့ၾကေသာ္လည္း ဂ်ပန္ႏိုင္ငံသားအျဖစ္ လႊဲေျပာင္းခံယူခဲ့ျခင္းမရွိပါ။

ဒီလႈပ္ရွားမႈႀကီးေတြကို ေနပူမိုးရြာမေရွာင္ လူစည္ကားရာ တိုက်ိဳၿမိဳ႕လမ္းမတေလွ်ာက္ ~ ျမန္မာသံ႐ုံးေရွ႕ ~ ဆႏၵထုတ္ေဖၚ ေတာင္းဆိုခဲ့တာေတြ၊ ကုလသမဂၢ႐ုံး ~ ႏိုင္ငံျခားသံတမန္႐ုံးမ်ား ~ ဂ်ပန္လြတ္ေတာ္႐ုံး ႏွင့္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေတြမွာ သြားေရာက္ၿပီး ေဆြးေႏြးခဲ့ၾကတာေတြကို အမွတ္ရေနဆဲျဖစ္ပါသည္။ စစ္အာဏာရွင္စနစ္၏ေဝးရာ ႏိုင္ငံရပ္ျခားသို႔ ေရာက္ရွိေနေသာ္လည္း မိမိႀကီးပြါးတိုးတက္ရာ တခုအတြက္ကိုယ္လြတ္႐ုန္းမထြက္ပဲ ျမန္မာျပည္၏ ဒုကၡေရာက္ေနသည့္ ပကတိအေျခအေနကို ဂ်ပန္ႏွင့္တကြ ကမာၻက သိရွိလာေအာင္ နည္းလမ္းေပါင္းစုံျဖင့္ ကိုယ္စြမ္းဉာဏ္စြမ္း လႈပ္ရွားခဲ့ၾကတယ္ မိမိတို႔ရဲ႕ လုပ္အားခ ေခြ်းနဲစာတို႔ျဖင့္ ျပည္တြင္းရွိႏိုင္ငံေရးအက်ဥ္းသားအတြက္ လွမ္းၿပီး ကူညီပံ့ပိုးတာေတြ နယ္စပ္ေဒသရွိ စစ္ေဘးေရွာင္ဒုကၡသည္ေတြအတြက္ ေငြေၾကးေထာက္ပ့ံကူညီခဲ့တာေတြ အမ်ားႀကီးကူညီခဲ့ၾကတယ္ ဒီလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့ၾကတဲ့ ျမန္မာႏိုင္ငံသားေဟာင္းမ်ားဟာ ဂ်ပန္ႏိုင္ငံမွာ အမ်ားအျပား ရွိေနဆဲျဖစ္ပါတယ္ ဒီလႈပ္မႈထဲမွာ ပါဝင္ခဲ့ၾကတဲ့ လုပ္ေဖၚကိုင္ဖက္မိတ္ေဆြမ်ားအားလုံးတို႔ကို မေမ့မေလွ်ာ့ အေလးအနက္ မွတ္တမ္းတင္ပါတယ္။

၂၀၁၅ ျပည္သူက ေရြးခ်ယ္လိုက္ေသာ ေဒၚေအာင္ဆန္းဆုၾကည္ဦးေဆာင္သည့္ ျပည္သူ႔အစိုးရတက္လာၿပီး ၂၀၁၆ ေအာက္တိုဘာလ (၁၄) ရက္ေန႔တြင္ ဂ်ပန္ရွိ ျမန္မာ့ဒီမိုကေရစီေရးလႈပ္ရွားသူမ်ားအေနျဖင့္ ႏိုင္ငံသားအခြင့္အေရးျပန္လည္ရရွိေရးအတြက္ အႏွစ္ ၂၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ျမန္မာသံ႐ုံးႏွင့္ ဝင္ေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေသာ္လည္း တစုံတရာတိက်တဲ့အေျဖမရရွိခဲ့ၾကပါ။

 ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္မွ ၂၀၁၆ ေအာက္တိုဘာလ(၂၄) ရက္ ရက္စြဲ႕ျဖင့္ အမိန္႔ေၾကာ္ျငာစာ တခုထုတ္ျပန္ၿပီး ႏိုင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားေရးကို ေၾကျငာခဲ့ေသာ္လည္း ဂ်ပန္ရွိ ျမန္မာသံ႐ုံးမွ တစုံတရာ ေၾကျငာအသိေပး ထုတ္ျပန္ခဲ့ျခင္းမရွိ ဂ်ပန္ႏိုင္ငံရွိ ျမန္မာသံ႐ုံးဟာ ယခင္စစ္အစိုးရလက္ထက္အတိုင္း အေျပာင္းအလဲမရွိပဲ အမ်ားစု ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားေဟာင္းမ်ားအေပၚ အကူအညီမဲ့ေနဆဲျဖစ္တယ္ အစိုးရ၏ ေျပာင္းလဲစဥ္တခုမွာ လက္ခ်ိဳးေရတြက္လို႔ရသည့္ လူတခ်ိဳ႕သာ အခြင့္ထူးခံစားခြင့္ ရရွိခဲ့ၾကတာ ေတြ႕ျမင္ေနရပါတယ္။မ

၂၀၁၈ ဇူလိႈင္လထဲမွာ ဒုတိယအႀကိမ္ေျမာက္ ႏိုင္ငံသားျပန္လည္ရရွိေရးအတြက္ ေမွ်ာ္လင့္ခ်က္မ်ားစြာျဖင့္ ျမန္မာသံ႐ုံးႏွင့္ သြားေရာက္ေဆြးေႏြးၾကအုန္းမည္ျဖစ္ပါတယ္....

ရလဒ္ေကာင္းေတြ ေမွ်ာ္လင့္ရင္း
အေမ့ခံျမန္မာႏိုင္ငံသားေဟာင္းမ်ား .....

မိုင္ေက်ာ္ဦး
ေခတၱ/ဂ်ပန္