Wednesday, June 28, 2017

မြန်မာ့တပ်မတော် အပြစ်မဲ့ပြည်သူ ၃ ဦးအား အကြောင်းမဲ့ ရိုက်သတ်


၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ တောင်ပုလုရွာ အောက်ဖက် မန်စံလမ်းခွဲတွင် ဧပြီလ ၉ ရက်နေ့ နေ့လည်ခင်းတွင် မြန်မာ့တပ်မတော်မှ အပြစ်မဲ့ ရွာသား ၃ ဦးအား ရိုက်သတ်ခဲ့သည်။
ဧပြီလ ၉ ရက်နေ့ နေ့လည်တွင် (၁) ကိုဝင်းကြိုင်  အသက် (၃၉) နှစ် မန်ကောင်းကျေးရွာ (လူမျိုး) ဗမာ၊ (၂) ကိုစန်းဝင်း အသက် (၃၇) နှစ် စံဟိန်းကျေးရွာ   (လူမျိုး) ရှမ်း၊ (၃) ကိုအိုက်လွန်း အသက် (၃၃) နှစ် (အဘ) ဦးဆန်လူ တော့ဆန်ကျေးရွာ (လူမျိုး)  ရှမ်း တို့ ၃ ဦးသည် မန်စံရွာဖက်မှ ကျောက်မဲမြို့သို့ ကား ဖြင့် တက်လာရာ မန်စံကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် လမ်းမပေါ်တွင် ကားပစ်ထားကာ လမ်းအောက် ချောက်ထဲတွင် သွားရောက်ပုန်းခိုခဲ့သည်။
တိုက်ပွဲသံတိတ်သွားချိန်တွင် ကားရပ်ထားသည့် လမ်းမပေါ် ပြန်တက်ရာ ထိုနေရာတွင် မြန်မာ့တပ်မတော်ရောက်ရှိ နေရာယူထားပြီး ၄င်းတို့ ၃ ဦးအား ချက်ချင်းဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့သည်။ ထိုသို့ရိုက်နက် စစ်ဆေးရာတွင် လက်လွန်သွားသဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ ၄င်းတို့ ၃ ဦး၏ အလောင်းအားလည်း မြန်မာ့တပ်မတော်မှ သေနတ်ဖြင့် ထပ်မံပစ်ခတ်ကာ TNLA စစ်အင်္ကျီ ၀တ်ပေးထား ခဲ့သည်။ 
ထိုသို့ပြုလုပ်ပြီး မြန်မာ့တပ်မတော်သည် ကျေးရွာထဲသို့ သွားကာ မိမိအဖွဲ့မှ TNLA နှင့် တိုက်ပွဲဖြစ်ပြီး TNLA ဖက် ၃ ဦးကျတယ် ယင်းတို့၏ သေနတ် ၃ လက် ရရှိထားကြောင်း မင်းတို့သွားကြည့်ကြဟု လိမ်လည်ပြောကြားခဲ့သည်။ 
ရွာသားများသည် ထိုနေ့တွင် ချက်ချင်းမသွားသေးဘဲ ဧပြီလ ၁၀ ရက်နေ့တွင် စံဟိန်ရွာ၊ မန်စံရွာနှင့် တောင်ပုလု ရွာတို့မှ ရွာသားများ သွားရောက်သင်္ဂြိုလ်မည်ဟု စုပေါင်းသွာကြ ကာ အလောင်းအားတွေ့ရှိရာတွင် TNLA အလောင်းမဟုတ်ဘဲ မန်စံကျေးရွာမှ ပြန်လာကြသည့် ကားသမားများ ဖြစ်ကြကြောင်း အံ့သြထိတ်လန့်ဖွယ်ရာ တွေ့ရှိရသည်။ ထိုအလောင်းတွင်လည်း ၄င်းတို့၏ ကိုယ်ပေါ်တွင် TNLA စစ်ယူနီဖောင်း အင်္ကျီ ပြန်ဝတ်ပေးထားသည်ကိုလည်းတွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရှိရသည်။ ကျေးရွာသားများမှ အဆိုပါအလောင်းအား မြေမြှုပ် သင်္ဂြိုလ်ခဲ့ကြောင်းလည်း သိရှိရသည်။

0 comments: