Wednesday, June 28, 2017
မြန်မာ့တပ်မတော် အပြစ်မဲ့ပြည်သူ ၃ ဦးအား အကြောင်းမဲ့ ရိုက်သတ်
Posted by PNSjapan at 10:56 PM 0 comments
Labels: သတင်း
မြန်မာ့တပ်မတော် မြောက်ပိုင်းမှာ ဖိအားပေးခံနေရသလား
Posted by PNSjapan at 10:25 AM 0 comments
Labels: သတင်း
Palaung villagers flee as Burmese army detains 300
Burmese government forces stand accused of detaining more than 300 ethnic Palaung villagers in northern Shan State, and compelling hundreds more to flee their homes.
Thaw Bi Ta, a Buddhist monk from the village of Man Lwal, told DVB on Monday that he has accepted 20 villagers from Ma Lan village into his monastery, while dozens of others were detained and beaten by Burmese army troops in Ma Lan.
“The villagers told me that their family members were beaten by soldiers and held inside the monastery in Ma Lan,” he said. “They say the soldiers will not allow the villagers to leave the monastery. We are now considering how to rescue them.”
Clashes were reported between the Burmese army and Ta’ang National Liberation Army (TNLA) up until Sunday near Ma Lan village. Residents have said that many houses were damaged or destroyed as the Burmese troops used heavy weapons.
Ma Lan locals said that Burmese army infantry battalions 501 and 503 entered their village without provocation and beat some village elders. More than 100 people fled to the nearby villages of Ma Lwal and Nam Lin to escape the shelling.
Local man Moe Kyaw said that no fatalities have been reported to date.
Another local villager, Hla Myint, told DVB that the Burmese units accused various residents of having links to the TNLA or of protecting its soldiers.
The Northern Alliance released a statement on 23 June, accusing the Burmese army of launching offensive operations against its members. The Northern Alliance comprises: TNLA, Kachin Independence Army (KIA), Myanmar Nationalities Democratic Alliance Army, and Arakan Army.
During the past week, government forces have clashed with ethnic armed groups in Kachin, Arakan and Shan states, said the statement, adding that the Alliance believes the offensives will continue.
In Tanai Township, northern Kachin State, the Burmese army recently conducted a clearance operation in areas close to mines controlled by the KIA, forcing thousands of miners and their families to evacuate the sites.
DVB
Posted by PNSjapan at 12:29 AM 0 comments
Labels: News
Myanmar: Release journalists immediately
Posted by PNSjapan at 12:21 AM 0 comments
Labels: သတင်း
Tuesday, June 20, 2017
“ဖက်ဒရယ်တစ္ဆေ – ခွဲမထွက်ရ”နဲ့ ရဲထွန်း (သီပေါ)၏ နလဗိန်းတုံးဆန်မှု
Posted by PNSjapan at 11:24 PM 0 comments
Labels: သတင်း
Tuesday, June 13, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) နှင့်စပ်လျဉ်း၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ သုံးသပ်ချက်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ခုနှစ် မေလ ၂၄ရက် မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေး၏ ရလဒ်မှာ အစိုးရအစုအဖွဲ့ကိုယ်စားလှယ်၊ လွှတ် တော်အစုအဖွဲ့ကိုယ်စားလှယ်၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ အစုအဖွဲ့ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြ သည့် ပြည်ထောင်စုသဘောတူစာချုပ်ပင် ဖြစ်သည်။ သို့သော် ဤပြည်ထောင်စု သဘောတူစာချုပ်သည် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများအားလုံးအတွက် မည်သည့်အာမခံချက်မျှ မဆောင်ကြဉ်းပေးပါ။ စင်စစ် အနာဂတ်ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် စိုးရိမ်စရာများကို ဖြစ်ပေါ်စေပါသည်။
အကြောင်းရင်းမှာ –
၁။ ဤပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ ကိုယ်စားလှယ်အဖြစ် တက် ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှာ KNU၊ DKBA၊ KPC၊ CNF၊ PLNO နှင့် ABSDF (၆)ဖွဲ့သာဖြစ်ပါသည်။ ထို့ကြောင့် အစည်းအဝေးရလဒ်ဖြစ်သည့် ပြည်ထောင်စုသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရာတွင် NCA ကို လက်မှတ်ရေးထိုးထားသည့် RCSS နှင့် ALP တို့ ပါဝင်ခြင်းမရှိပါ။ အကြောင်းမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၎င်းတို့၏ ပြည်နယ်အသီးသီး၌ တိုင်းရင်းသားပြည်သူ များနှင့် ကျင်းပပြုလုပ်ခွင့်မရသောကြောင့် ဖြစ်ပါသည်။ NCA နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မပြုလုပ်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အရင်ပြုလုပ်ရမည်ဟု ဖေါ်ပြထားပါသည်။
ထို့ကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြည်ထောင်စုသဘော တူစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၆)ခုကိုသာ ကိုယ် စားပြုပါသည်။
၂။ NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်စေ၊ လက် မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်စေ ထိုအစည်းအဝေးမှ ရရှိလာသည့်ရလဒ်များကို ကိုယ်စားပြု လက်မှတ်ရေးထိုးရန် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ လုပ်ပိုင်ခွင့် အာဏာ ပေးအပ်ထားခဲ့ခြင်းမရှိပါ။ အကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေ ဖြင့် ၎င်းတို့အချင်းချင်းအကြား UPDJC ၏ မူဝါဒအဆိုပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီ ချက် ရယူခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
၃။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)တွင်ပါရှိသည့် မူဝါဒဆိုင်ရာ သဘောတူညီချက် (၃၇)ချက်ကို မည်သို့မည်ပုံ သဘောတူဆုံးဖြတ်ချက်ချသည်မှာ ရှင်းလင်းမှုမရှိချေ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် ခေါင်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ကုန်လူပင်ပမ်းခံ ဆွေးနွေးပြီးနောက် ရရှိလာသည့် သဘောတူညီချက်များရှိပါသည်။ သို့သော် ထိုသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ်တွင် မတွေ့ရပါ။ ပြည်ထောင်စုသဘောတူစာချုပ်တွင် ဖေါ်ပြသည့် သဘောတူညီချက်အချို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ တိုက်ရိုက်ရယူထားသည့် အချက်အလက်များဖြစ်သည်။ အချို့အချက်အလက်များမှာ စကားလုံးအချို့ကို ပြောင်းလဲထားခြင်းသာဖြစ်ပြီး ၎င်းတို့၏အဓိပ္ပါယ်မှာ ကရင်တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသားများ စုစည်းဖေါ် ပြသည့်အမြင်များနှင့် ကိုက်ညီမှုမရှိချေ။ ထို့ကြောင့် ဤသဘောတူညီချက်များသည် တိုင်းရင်းသားများအတွက် စစ် မှန်သည့်အာမခံချက်များ မဟုတ်သေးပေ။
၎။ အစုအဖွဲ့များက ၎င်းတို့အကြား သဘောတူညီချက်များရရှိသည်အထိ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်းမရှိသည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးညှိနှိုင်းရန် သဘောထားရှိပါသည်။ သို့သော် UPDJC က ထိုကိစ္စရပ်များ နှင့်ပတ်သက်ပြီး သဘောတူညီချက်များကို ချမှတ် ဆုံးဖြတ်ပေးခဲ့သည်။
၅။ UPDJC ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းယန္တရားကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ရှင်းလင်းစွာ ဖေါ်ပြထား ခြင်းမရှိပါ။ UPDJC ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် များသောအားဖြင့် တပ်မတော် အစု အဖွဲ့၏ အမြင်သဘောထားများကသာ အဓိကလွှမ်းမိုးနေရာယူသည်။ တပ်မတော်အစုအဖွဲ့၏ ဆုံးဖြတ်ချက်ကို အခြား အစုအဖွဲ့များက နာခံရသည့်သဘော ပေါ်လွင်နေသည်။ တစ်နိုင်ငံလုံး၏အရေး အထူးသဖြင့် တိုင်းရင်းသားများ၏ ကံကြမ္မာသည် လူနည်းစု သို့မဟုတ် လူတစ်စု၏လက်ထဲ၌သာရှိပါက ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မှားယွင်းနေ ပြီဟု ဆိုရမည်။ ထို့ကြောင့် ပြန်လည်သုံးသပ်ခြင်းနှင့် ပြုပြင်ခြင်းများကို ပြုလုပ်ရမည်။ သို့မဟုတ် တရားမျှတသော နည်းလမ်းသစ်ကို ရှာဖွေရမည်။
၆။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဒေသန္တရဖွံ့ဖြိုးရေး၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့ နှင့် ပတ်သက်သည့် သဘောတူညီချက်များတွင် တိုင်းရင်းသားအခွင့်အရေးများနှင့်ပတ်သက်၍ စိုးစဉ်းမျှမပါရှိပါ။ သာမန် ရေးသားချမှတ်နေကျ ယေဘုယျကျသော ကိစ္စများသာပါသည်။ တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှ မှုအတွက် အာမခံချက်များ မပါရှိပါ။
၇။ ပြည်ထောင်စုသဘောတူစာချုပ်တွင် သုံးနှုန်းထားသည့် “နိုင်ငံသားအခွင့်အရေး”သည် “တိုင်းရင်းသား အခွင့်အ ရေး”နှင့် မတူညီပါ။ တိုင်းရင်းသားများက “တိုင်းရင်းသား အခွင့်အရေး”အတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းသည် “နိုင်ငံသားအခွင့်အရေး”အတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းမဟုတ်ပါ။ ဤအခွင့်အရေးနှစ်ရပ်သည် မတူညီပါ။ “နိုင်ငံသားအခွင့်အရေး”များအတွက် တိုင်းရင်းသားများက အသက်၊ သွေး၊ ချွေး မြောက်များစွာပေးဆပ်ပြီး ကြိုးပမ်း လာခဲ့ကြခြင်း မဟုတ်ပါ။ ဥပဒေက နိုင်ငံသားတစ်ဦးစီ၌ တန်းတူညီမျှမှု အခွင့်အရေးနှင့် ပိုင်ဆိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသော်လည်းပဲ တိုင်းရင်းသား အခွင့်အရေးကို လွှမ်းခြုံခြင်းမရှိပါ။ တိုင်းရင်းသားအခွင့်အရေးကို ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒတွင် ပြဋ္ဌာန်းထားခြင်းမရှိပါက တိုင်းရင်းသားများအတွက် မည်သည့်အာမခံချက်မျှ မရှိပါ။
အကြံပြုချက်များ
၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြည့်ပါက NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများသော်လည်းကောင်း၊ ဗမာ့တပ်မတော်သော်လည်းကောင်း၊ လက်ရှိအစိုးရသော်လည်း ကောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး NCA အဆင့်တွင် ပါဝင်လက်မှတ်ရေး ထိုးပြီး NCA အတိုင်း လိုက်နာလုပ်ဆောင်ကြရမည်ဟု ဆိုကြပါသည်။ သို့သော် ၎င်းတို့ကိုယ်၌ကပင်လျှင် NCA ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ခြင်းမရှိပါ။
ဥပမာ NCA အခန်း(၅)၊ အပိုဒ်(၂၀) တွင် တစ်ဆင့်ချင်းစီ လုပ်ဆောင်ရမည့် နိုင်ငံရေးလမ်းပြမြေပုံကို အောက်ပါအ တိုင်း ဖေါ်ပြထားပါသည်။
(၁) NCA ကိုလက်မှတ်ရေးထိုးခြင်း
(၂) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း
(၃) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခြင်းနှင့်
(၄) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံဟုလည်း ယခုအစိုးရက ခေါ်ဆိုသည်။)ကို ကျင်းပခြင်းတို့ ဖြစ်သည်။
ထိုအဆင့် (၄)ဆင့်ကိုပင်လျှင် တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်သည်အထိ ထိထိရောက်ရောက် လိုက်နာ လုပ်ဆောင်နိုင်ကြခြင်း မရှိပါ။
၂။ နောက်အချက်တစ်ချက်မှာ လက်ရှိအစိုးရက အာဏာရလာပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန် လည်သုံးသပ်ရန် ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက ပြန်လည်သုံးသပ်ခြင်းကို လုပ်ဆောင်၍ မပြီးပြတ်သေးသကဲ့သို့ မူဘောင်တစ်ခုလုံးကိုလည်း အတည်ပြု နိုင်ခြင်း မရှိသေးပါ။ လက်ရှိကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို တစ်ပိုင်းတစ်စသာ အတည်ပြုထားသည့် မူဘောင်ကို အခြေခံပြီး ဆောင်ရွက်နေကြခြင်းဖြစ်သည်။
၃။ ထိုနည်းလည်းကောင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အတွက် ရေးဆွဲချမှတ်သည့် terms of reference အားလုံးကိုလည်း အတည်မပြုရသေးပါ။ ဤကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူများ အချင်းချင်းအကြား ရှင်းလင်းမှု မရှိသကဲ့သို့၊ အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း ပြန်လည်တင်ပြခြင်း မပြုလုပ်နိုင်သည့်အတွက် အားလုံးက နားမလည်ကြပါ။ ဥပမာ ပြည်ထောင်စုသဘောတူစာချုပ်ကို မည်သို့သော ဆုံးဖြတ်ချက်ချမှတ်ခြင်း ယန္တရားဖြင့် ဖေါ် ဆောင်သည်မှာ မရှင်းလင်းသကဲ့သို့ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးကို မည်သို့ မည်ပုံကျင်းပသည်နှင့် ပတ်သက်၍လည်း ညီလာခံတက်ရောက်ခဲ့သည့် ကျမတို့၏ကိုယ်စားလှယ်များက မရှင်းပြ တတ်ပါ။ သို့ဖြစ်၍ ညီလာခံတက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များအတွက် မည်သို့အဓိပ္ပါယ်ရှိပါသနည်း။ ညီလာခံ နှင့်ပတ်သက်၍ သိနားလည်ခြင်းမရှိဘဲ ညီလာခံကို တက်ရောက်ထောက်ခံပေးသည့် သဘောသာ သက်ရောက် သည်။
၎။ လမ်းပြမြေပုံအရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ပြီးမှသာ ပြည်ထောင်စုငြိမ်းရေးညီလာခံကို ပြုလုပ်ရမည်ဖြစ်သည်။ စင်စစ် NCA ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအ ဖွဲ့အစည်း (၈)ဖွဲ့တွင် အချို့အဖွဲ့များက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို မပြုလုပ်ရသေးပါ။ စင်စစ် တပ်မ တော်က အဖွဲ့ (၈)ဖွဲ့ထဲမှ (၂)ဖွဲ့ကို ၎င်းတို့၏ဆန္ဒအတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ် ခွင့် မပေးသောကြောင့် ထိုအဖွဲ့များက မပြုလုပ်ရသေးပါ။ သို့သော် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပြီးသော ကျန် (၆)ဖွဲ့ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးပြီး ဆက်လက်လုပ်ဆောင်ကြသည်။ ထို့ ကြောင့် တပ်မတော်၊ အစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၈)ဖွဲ့သည် NCA မှ သွေဖည်သွားပြီဖြစ်သောကြောင့် NCA မှာ ပျက်ယွင်းသွားပြီဖြစ်သည်။
သို့ဖြစ်၍ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရန်အလို့ငှာ NCA ကို ပြန်လည်သုံးသပ်မည်လော သို့မဟုတ် လမ်းကြောင်းအသစ် ဖေါ်ဆောင်မည်လော။ ကျမတို့ စဉ်းစားကြရပေမည်။ ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်ဆောင်ရွက်မည်ဆိုပါက NCA ကိုပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များကို ပြုပြင်ဖြည့်စွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ထို့နည်းတူ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် ၎င်း၏ terms of reference ကို ပြန် လည်သုံးသပ်ပြုပြင်ဖြည့်စွက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို ရှေ့ဆက်ဆောင်ရွက်ကြရမည်။ ယခင်ကကဲ့သို့ အလျင်စလို မလုပ်ဆောင်သင့်ပါ။ ယခင်ကကဲ့သို့သာ ဆက်လက်လုပ်ဆောင်ပါက ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဧကန်အမှန် ပျက်ယွင်းသွားပေလိမ့်မည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်မည်ဆိုပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ ရလာဒ်ဖြစ်သော ၂၀၁၇ခုနှစ်၊ မေလ ၂၉ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြ သည့် မူဝါဒဆိုင်ရာ သဘောတူညီချက် (၃၇)ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ်နှင့်ပတ်သက်၍ ပြုပြင်မှုများ ပြု လုပ်ရပေမည်။
(၁) ပဒိုစောကွယ်ထူးဝင်း ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ “တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကိုယ်စားလှယ်” ဟူသည့်အသုံးအနှုန်းကို “တိုင်းရင်းသားလက်နက်ကိုင် (၆)ဖွဲ့ အစုအဖွဲ့ကိုယ်စားလှယ်” ဖြင့် ပြင်ဆင်ရေးသားရမည်။
(၂) ပြည်ထောင်စုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် အစုအဖွဲ့များအနေဖြင့် နောင်ပါဝင်လာမည့် အစု အဖွဲ့များ ပြင်ဆင်ဖြည့်စွက်လိုသော အကြောင်းအရာများရှိပါက ပြင်ဆင်ဖြည့်စွက်နိုင်မည့်အကြောင်း သဘောတူညီ ချက်တစ်ရပ်ကိုပါ လက်မှတ်ရေးထိုးကြရန် လိုအပ်ပါသည်။ သို့မှသာလျှင် ငြိမ်းချမ်းရေးအတွက် အတူတကွ ရှေ့ ဆက်လျှောက်လှမ်းနိုင်ရန်အတွက် အာမခံချက်ရှိပေမည်။ မိမိတို့အနေဖြင့် NCA မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး နောက် ၎င်းကို ပြင်ဆင်ဖြည့်စွက်၍ မရတော့သည့် ဖြစ်ရပ်မျိုးကို နောက်တစ်ဖန် မကြုံတွေ့လိုပါ။ မိမိတို့အနေဖြင့် ဤသို့ အလိမ်အညာခံရသည့် အတွေ့အကြုံ ရှိခဲ့ပြီဖြစ်သောကြောင့် အထက်တွင်ဖေါ်ပြခဲ့သော သဘောတူညီချက် မျိုးကို ပြုလုပ်ရန် လိုအပ်ပါသည်။
Com from_ KIC news,
Posted by PNSjapan at 6:51 PM 0 comments
Labels: သတင်း
Wednesday, May 31, 2017
နိုင်ငံတကာသတင်းစာမျက်နှာမှ မြန်မာအစိုးရစစ်တပ်၏ ရက်စက်ရုတ်မာမှုသတင်း
Myanmar soldiers' torture caught on video
Scenes from the video clearly show Tatmadaw (Myanmar army) men kicking, beating and intimidating villagers. (Twitter/Fortify Rights)
Human rights advocates are calling on Myanmar’s government to investigate a video that appears to show soldiers kicking, beating and threatening to kill six captives.
The video, which seems to show soldiers repeatedly kicking the men in the head as they interrogate them, surfaced on Facebook over the weekend. Based on the speakers’ accents, the military uniforms and the place names mentioned, it appears to have been shot in Shan state, where rebels are fighting government forces.
The savage attack was shown on an 86-second video apparently taken on a phone.
A Fortify Rights Twitter post showing the video said, "#Myanmar Army soldiers savagely beat ethnic men, authorities should urgently investigate"
Before you click: This video shows several attacks of severe brutality. Viewer discretion is advised.
"The government should investigate, and they should hold the perpetrators accountable," Matthew Smith, chief executive of Fortify Rights, an advocacy group based in Thailand, said on Tuesday. "This is one of the rare cases where we can see the soldiers committing torture in one of the conflict zones. It is certainly incumbent on the authorities to take action."
Spokesmen for the Myanmar Ministry of Defence and for Aung San Suu Kyi, the de facto leader of Myanmar's government, said Tuesday that they were too busy to answer questions about the video.
The Myanmar military, known as the Tatmadaw, has been battling ethnic rebels for decades in many parts of the country.
Suu Kyi has made establishing peace a high priority since she took office last year, but in many areas the fighting has only increased. A peace conference that she convened in a bid to achieve national reconciliation ended this weekend without substantial progress.
Suu Kyi has no authority over the armed forces under the Constitution, drafted by the military, which ruled the country outright for decades.
The video is the second in recent months that appears to show security forces in Myanmar abusing captives. A video that surfaced in December seemed to depict border police officers in the state of Rakhine beating two unarmed men, members of the persecuted Rohingya minority. That video led to the arrest of four officers.
Smith said he believed the episode captured in the latest video had occurred recently, and he expressed concern about the welfare of the captives.
Men are shown tied up and sitting on the ground in the 17-minute video, which appears to have been shot by a member of a local militia who speaks with a Shan accent. It is unclear how it ended up on Facebook.
One officer, apparently in command, questions the men about weapons. He hits one in the face with a helmet, shouting, "Where are the guns?"
"Even though you don't have a gun, you are still part of the resistance," the officer says, according to a translation provided by Fortify Rights. "If you say you don't have anything, I'm going to break all your teeth."
The interrogators kick and strike the men and threaten to kill them if they do not comply. "I will cut your throat and kill you," one soldier says.
At one point, the officer tells a detainee that if they find guns, he will cut out his tongue. At another point, he waves a machete and threatens to cut a captive's throat.
Just before the video ends, he warns, "We won't set you free."
Copy from - http://m.bangkokpost.com/news/world/1259318/myanmar-soldiers-torture-caught-on-video?refer=http%3A%2F%2Fm.facebook.com%2F
Posted by PNSjapan at 11:23 PM 0 comments
Labels: သတင်း
Monday, May 29, 2017
မြန်မာစစ်တပ်မှ အပစ်မဲ့အရပ်သား သတ်ဖြတ်ခံရမှု
Posted by PNSjapan at 7:56 PM 0 comments
Labels: သတင်း
ဓါးကိုင်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ပြီး ညှင်းပန်း နှိပ်စက်နေ
Posted by PNSjapan at 3:46 PM 0 comments
Labels: သတင်း
Thursday, May 11, 2017
မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး (၂)
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ နှင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး
(မိုးမခ) မေ ၁၁၊ ၂၀၁၇
ဒီနေ့ကမ္ဘာပေါ်ရှိ အရှေ့တောင်အာရှဒေသထဲမှာတည်ရှိတဲ့ (၇၀)နှစ်သား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဟု ခေါ်တွင်တဲ့တိုင်းပြည်ဟာ ပြည်ထောင်စုလို့ဖြစ်တည်လာကတည်းက ပီပြင်တဲ့နိုင်ငံတစ်ခုအဖြစ် ဒီနေ့အချိန်ထိ မမြင်တွေ့ရသေးပါ။ ၁၉၄၈ ခုနှစ် မတိုင်မီ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်ဘ၀တလျှောက်လုံး နယ်မြေလုစစ်ပွဲတွေရဲ့အနိဌာရုံတွေနဲ့ရှိနေခဲ့ကြပြီး၊ ဗြိတိသျှကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားအချင်းချင်းကြားမှာ တဖန်စစ်ခင်းနေကြ ရပြန်ပါတယ်။ ဒီနေ့အချိန်ထိ တိုင်းပြည်တွင်းမှာရှိကြတဲ့ သန်း(၅၀)ကျော်သော လူမျိုးစုံပြည်သူလူထုကြီးဟာဖြင့် ပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကို တိုက်ရိုက် သွယ်ဝိုက် တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်နေကြရပြီးတော့ ယင်းအကျိုးသက်ရောက်မှုတွေကိုလည်း အနည်းနဲ့အများဆိုသလို ခံစားနေကြရပါတယ်။
ဥပမာ – တိုင်းပြည် ဆင်းရဲတွင်းနစ်သွားပြီးတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင်ဖြစ်သွားခဲ့ရတာ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ လူမှုစီးပွားဘ၀ ချွတ်ခြုံကျမှုတွေဟာ ဒီနေ့အချိန်ထိ နာလံမထူ ခေါင်းမထောင်နိုင်သေးပါဘူး။ အုပ်စိုးသူအဆက်ဆက် မှာလည်း ဒီတိုင်းပြည်ရဲ့အခြေခံပြဿနာဟာ နိုင်ငံရေးပြဿနာလို့ သိသော်ငြားလည်း နိုင်ငံရေးနည်းအရ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိ ညှိနှိုင်းအဖြေရှာခြင်းထက် အင်အားသုံးပြီး စစ်ရေးနည်းနဲ့သာ အဖြေရှာခဲ့ကြရာမှာ ဒီနေ့အချိန်ထိ ဖြစ်ပါတယ်။ အမှန်ကတော့ ဒီတိုင်းပြည်ကြီးရဲ့ နိုင်ငံရေးစနစ်တစ်ခုကို ပုံဖော်ထုဆစ်ကြရာမှာ အမျိုးသားတန်းတူရေးနဲ့ လူမျိုးတစ်မျိုးချင်းစီရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အခြေခံပြီး ဖန်တီးတည်ဆောက်ခြင်း မပြုလုပ်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းပြည်ဖြစ်တည်လာခဲ့တဲ့ ပကတိနောက်ခံအကြောင်းတရား တွေနဲ့ကင်းကွာပြီး ညှိနှိုင်းဖြေရှင်းမရအဆုံး ပဋိပက္ခရဲ့ အထွတ်အထိတ်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး အင်အားရှိသူက အင်အားနည်းသူကို တိုက်ခိုက်အနိုင်ယူလွှမ်းမိုးတဲ့ အားရှိသူအနိုင်ယူတဲ့လမ်းကြောင်းပေါ် ရောက်ရှိသွားရတာပါပဲ။ ဒီနေ့ ဒီတိုင်းပြည်တာ ဒီအခြေအနေအောက်ကနေ ဖောက်ထွက်နိုင်ပါမှ ပြည်တွင်းစစ်သံသရာက လွန်မြောက်နိုင်မှာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးငြိမ်းချမ်းရေးဖြစ်စဉ်
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက်မှာ ပြည်ခိုင်ဖြိုးပါတီက ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းမယ်လို့ ကတိပြုခဲ့ပြီး၊ နှစ်ပေါင်း(၁၄)နှစ်ကြာ တပ်မတော်က စိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်အတွင်းမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။ အဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်လာခဲ့တဲ့အခါမှာ တိုင်းပြည်တနံတလျားမှာရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း စုစုပေါင်း(၂၁)ဖွဲ့ထဲက (၁၆)ဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့ ရပ်တည်ကာ ချဉ်းကပ်လုပ်ဆောင်ခဲ့ကြပါတယ်။
သို့သော်လည်း နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်အတွေ့အကြုံမှာ မြန်မာ့တပ်မတော်ဟာ တပ်ပေါင်းစုနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းနာကို လက်မခံခဲ့ပါဘူး။ ဒါကြောင့်လည်းပဲ UNFC တပ်ပေါင်းစုရဲ့ချဉ်းကပ်ခဲ့မှုကို ဦးသိန်းစိန်အစိုးရအနေနဲ့ လက်မခံခဲ့ပဲ တစ်ဖွဲ့ချင်းစီအနေနဲ့သာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ခွဲခြားပြီး အပစ်အခတ်ရပ်စဲရေးတွေကို အဖွဲ့အားလုံးနဲ့ မဟုတ်ပဲ သူလိုချင်တဲ့အဖွဲ့တွေနဲ့သာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အားလုံးပါဝင်မှုမရှိတဲ့ ပြည်နယ်-ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေဟာဖြင့် တိုင်းပြည်အနှံ့ သေနတ်သံတွေ လွှမ်းမိုး နေမှုကို မရပ်စဲနိုင်ခဲ့ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနီးပါးဟာ ယခင်အုပ်စိုးသူ အဆက်ဆက်နဲ့ အပစ်အခတ်ရပ်စဲရေးအတွေ့အကြုံရှိပြီးသား အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်မှာ ဒီတိုင်းပြည်ကို အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အ၀ရှိတဲ့ အမျိုးသားပြည်နယ်တွေကိုအခြေခံတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်လိုကြတာ ဖြစ်ပါတယ်။
ဒီဘုံနိုင်ငံရေးမျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ အပစ်အခတ်ရပ်စဲပြီး နှစ်ပေါင်း(၂၀)ကျော်လောက် နိုင်ငံရေးဆွေးနွေးပွဲကို စောင့်ဆိုင်း နေခဲ့ကြရတာဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာလာခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲဟာ ဖြစ်ပေါ်မလာခဲ့တဲ့ အဆုံးမှာ တချို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ မြန်မာ့တပ်မတော်ရဲ့ အင်အားသုံး နှိမ်နှင်းခြင်းခံရပြီး ပျောက်ကွယ်သွားခဲ့ရတာ၊ ပြည်သူ့စစ် နယ်ခြားစောင့်တပ်တို့အဖြစ် အဓမ္မအသွင်ပြောင်း ခံရတာတွေ ဖြစ်ခဲ့ကြရပါတယ်။ ဒီလိုမျိုးအပစ်အခတ်ရပ်စဲရေးအတွေ့အကြုံနဲ့ သမိုင်းသင်ခန်းစာတွေအရ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေးဆိုလျှင် သတိကြီးစွာထားကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချဉ်းကပ်တဲ့အခါ နိုင်ငံရေးအာမခံချက် ဦးစွာရရှိပြီးမှသာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ဖြစ်လာကြရပါတယ်။
ဒါကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကို ဦးစွာသဘောတူညီမှု ရရှိပြီးမှသာလုပ်ဆောင်ဖို့ရန် UNFC တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအများစုအနေနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။ (၂၀၁၁-၂၀၁၂) ခုနှစ်ကာလတွေမှာ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်နယ်-ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ဆောင်ပြီးနောက်မှ နိုင်ငံရေးမူဘောင် ဆွေးနွေးညှိနှိုင်းပွဲတွေကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ စက်တင်ဘာလမှာ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ UNFC နဲ့ ဆွေးနွေးခဲ့ပါတယ်။
(၂၀၁၃ ခု၊ စက်တင်ဘာလမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော UNFC နှင့် ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်အဖွဲ့တို့ကြား ဒုတိယအကြိမ် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲဓာတ်ပုံ)
ပြီးနောက် ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေး မူဘောင်ဆွေးနွေးမှုကို ဆက်မလုပ်တော့ပဲ အပစ်အခတ်ရပ်စဲရေးကို ပြီးပြည့်စုံအောင် ဦးစွာလုပ်ပြီးမှ နိုင်ငံရေး မူဘောင်ဆွေးနွေးမယ်လို့ရပ်တည်ပြီး ဖိအားပေးလာခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေမှာ သမိုင်းသင်ခန်းစာကောင်း ရှိနေတာကတော့ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ တိုင်းပြည်ရဲ့ မြောက်ပိုင်းကို အပစ်ရပ်ထားချိန် တောင်ပိုင်းကို ချေမှုန်းနေခဲ့တာ နှစ်ပေါင်း (၂၀)ကျော်လောက် ကြာပါတယ်။
ဒီကာလအတွင်းမှာ တောင်ပိုင်းမှာ အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တစ်ဖွဲ့တည်းကနေ သုံးလေးဖွဲ့မက ဖြစ်သွားအောင် ထိုးခွဲခြင်းခံလိုက်ရပြီးတော့ အိမ်ကြက်ချင်း အိုးမဲသုတ်ခွတ်ခိုင်းတဲ့ အနိဌာရုံအဖြစ်အပျက်မျိုးစုံကို အလူးအလိမ့် ခံခဲ့ကြရပါတယ်။ လူမျိုးစုံနိုင်ငံရေး တော်လှန်ရေးတပ်ပေါင်းစု အခြေစိုက်ရာဌာနချုပ် မာနယ်ပလောလည်း ကျဆုံးသွားခဲ့ရပါတယ်။ စစ်ပြေးဒုက္ခသည်ပေါင်း သိန်းနဲ့ချီကာ ဒီနေ့ထိ ထိုင်း-မြန်မာနယ်စပ်တလျှောက် နိုင်ငံတကာထောက်ပံ့မှုအောက်မှာ နေနေရဆဲဖြစ်ပါတယ်။
ယခုတဖန် ၂၀၁၀ နောက်ပိုင်းမှာလည်း တောင်ပိုင်းကို အပစ်ရပ်ထားပြီး မြောက်ပိုင်းကို ချေးမှုန်းနေတဲ့ပုံစံမျိုး ဖြစ်လာနေပြီး တရုတ်-မြန်မာနယ်စပ်တလျှောက် စစ်ပြေးဒုက္ခသည်နဲ့ ရွာပုန်းရွာရှောင်တွေ သိန်းနဲ့ချီရှိနေပါပြီ။ ဒီလိုမျိုးအဖြစ်အပျက်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ဖို့ကို ကြိုးပမ်းလာခဲ့ကြရ ပြန်ပါတယ်။
NCCT နှင့် NCA ကြိုးပမ်းမှု
ဒါကြောင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ သေနတ်သံတွေ ရပ်စဲဖို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို (၂၀၁၃ – ၂၀၁၅) ခုနှစ် ကာလတွေမှာ ဖန်တီးလုပ်ဆောင်ခဲ့ကြပါတယ်။
(၂၀၁၃ ခု၊ အောက်တိုဘာ-နိုဝင်ဘာ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ EAO Conference ဓာတ်ပုံ)
သို့ပေမယ့် ဦးသိန်းစိန်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း စုစုပေါင်း (၂၁)ဖွဲ့လုံး NCA မှာ ပါဝင်လက်မှတ်ရေးထိုးခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှာ အဖွဲ့(၈)ဖွဲ့သာလျှင် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီ အကျိုးဆက်ကြောင့် တိုင်းပြည်ရဲ့တောင်ပိုင်းမှာ အပစ်ရပ်ထားပြီး မြောက်ပိုင်းမှာ သေနတ်သံတွေ မရပ်စဲနိုင် ဖြစ်နေရပါတယ်။ တနည်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာ ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကို ဒီအချက်က ထင်ဟပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။
NCA ဟာ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေဖို့ အာမခံချက်ယူတဲ့ အဆင့်တစ်ခုလို့ ပြောရင်လည်း ရပါတယ်။ ဒီအပေါ်မှာ အစိုးရက အားလုံးပါဝင်ခွင့် မပြုတဲ့အတွက် အာမခံချက် မပြည့်ဝပါဘူး။ အာမခံချက် မပြည့်ဝတဲ့ ငြိမ်းချမ်းဖြစ်စဉ်ကို အားလုံးက ယုံယုံကြည်ကြည်နဲ့ ရဲဝံ့ပြတ်သားစွာ မချဉ်းကပ်နိုင်ကြပါ။ ဒီအကျိုးဆက်ကြောင့် NCA အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အများယုံကြည်မှု ကျဆင်းလာခြင်းပါပဲ။ အများယုံကြည်မှု ကင်းမဲ့တဲ့ အနေအထားကို ရောက်လာခဲ့ရင် ဒီလမ်းကို ဆက်လျှောက်မလား၊ မလျှောက်ဘူးလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အများယုံကြည်မှုရှိစေဖို့ နဲ့ အာမခံချက်ရရှိစေဖို့အတွက် အားလုံးပါဝင်ရေးကို ဖော်ဆောင်ရမယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက် သံန္နိဋ္ဌာန်တွေဟာ ပိုမိုခိုင်မာလာခဲ့ပါတယ်။
NLD ငြိမ်းချမ်းရေးဖြစ်စဉ်
ဒီလိုနဲ့ ၂၀၁၅ နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ လူထုက NLD ကို မျှော်လင့်ချက်ကြီးမားစွာနဲ့အတူ မဲပုံအောပေးလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာခဲ့ပါတယ်။ NLD အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးအပေါ်ချဉ်းကပ်မှုဟာ အားလုံးပါဝင်ခွင့်မပြုတဲ့ အများယုံကြည်မှု ကျဆင်းလာနေတဲ့ NCA လမ်းကြောင်းအပေါ် ဆက်လျှောက်မလား၊ မလျှောက်ဘူးလားဆိုတဲ့ စဉ်းစားရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သို့ပေမယ့် ဒီတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ယောက်တစ်လမ်းစီ သွားနေကြရင် ပိုမိုခက်ခဲမယ်၊ တိုင်းပြည် ပိုနစ်နာမယ်ဆိုတဲ့ စဉ်းစားချက်တွေကြောင့် သုံးလေးနှစ်ကျော်ကြာ အားလုံးအတူတကွ အားစိုက်ပြီးလုပ်ခဲ့ကြတဲ့ NCA ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်းကသာ ကောင်းမွန်တဲ့နည်းလမ်းဖြစ်မယ်လို့ အကျယ်အလည် ဆွေးနွေးငြင်းခုံ မှုတွေနဲ့အတူ UNFC အတွင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ်။
ထိုဆုံးဖြတ်ချက်နဲ့အညီ ၂၀၁၆ ခု၊ ဖေဖော်ဝါရီလမှာ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ကို UNFC အနေနဲ့ ဖွဲ့စည်းပြီး NCA ကို ခိုင်မာအောင်လုပ်ဆောင်ကာ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းလာခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းမှာ NLD အစိုးရရဲ့ ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေကြားမှာ မိသားစုစကားဝိုင်းလိုမျိုး ရန်ကုန်မြို့ NRPC မှာ တွေ့ဆုံဆွေးနွေးပွဲ ဖန်တီးလုပ်ဆောင်ခဲ့ပြီး၊ ၁၉၄၇ ပင်လုံနဲ့ ၂၁-ရာစုပင်လုံတွေရဲ့ မူဝါဒပိုင်းဆိုင်ရာတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးမှုတွေ စတင်ခဲ့ကြပါတယ်။
(၂၀၁၆ ခု၊ ဇူလိုင်လတွင် ရန်ကုန်မြို့ NRPC အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်ကိုယ်စားလှယ်အဖွဲ့တို့ မိသားစုစကားဝိုင်းဓာတ်ပုံ)
ပြီးနောက် NCA ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်မယ့် အချက်(၈)ချက်ပါတဲ့ DPN ရဲ့ သဘောတူညီချက်(မူကြမ်း) အဆိုပြုမှုကို NLD အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ ၂၁-ရာစုပင်လုံညီလာခံ ကျင်းပရေးဆပ်ကော်မတီ(၂)ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တရားဝင် တွေ့ဆုံ၍ ပေးအပ်ခဲ့ပါတယ်။ ၎င်းနောက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအဝေးကြီးကို KIO အုပ်ချုပ်ရေး နယ်မြေရှိ မိုင်ဂျာယာန်မြို့မှာ ကျင်းပပြုလုပ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေနဲ့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ညီညွတ်ရေးကို ပြန်လည်တည်ဆောက်ခဲ့ကြရပြန်ပါတယ်။ ထိုညီညွတ်မှုနဲ့ ၂၁-ရာစုပင်လုံညီလာခံ ပထမအစည်းအဝေးကို အားလုံးပါဝင်တက်ရောက်နိုင်ရန် ကန့်သတ်ခြင်း ခံခဲ့ရပေမယ့် တန်းတူရည်တူရှိရှိဖြစ်အောင် ဖန်တီးပြီး ငြိမ်းချမ်းရေးခရီးကြမ်းထဲမှာ မိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ ကြပါတယ်။
ယင်းကာလထိတိုင် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပေါင်းလက္ခဏာဆောင်မယ့် အရိပ်အယောင်တွေပြနေခဲ့ရာကနေ ၂၁-ရာစုပင်လုံညီလာခံ ပထမအစည်းအဝေးပြီးနောက် ၂၀၁၆ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းမှစပြီး မြောက်ပိုင်းမှာ ၁၉၉၀ နောက်ပိုင်းအတွေ့အကြုံဖြစ်တဲ့ “မြောက်ပိုင်းထိန်း-တောင်ပိုင်းကိုချေမှုန်း” တဲ့နည်းဗျူဟာလိုမျိုး “တောင်းပိုင်းထိန်း-မြောက်ပိုင်းကိုချေမှုန်းရေး” မြန်မာ့တပ်မတော်ရဲ့ တကျော့ပြန်ဗျူဟာ ခင်းလာနေခဲ့တာ ဒီနေ့ထိတိုင်ပါပဲ။
NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission – PC) ကို ဖွဲ့စည်းပြီး UNFC ရဲ့ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ တရားဝင် နှစ်ကြိမ်တိုင် ရန်ကုန်မြို့ NRPC မှာ ဆွေးနွေးခဲ့ပြီးနောက် NCA ကို လက်မှတ်ရေးထိုးဖို့ သေချာရဲ့လားလို့ အစိုးရတပ်မတော်တို့မှ အကြိမ်ကြိမ်မေးမြန်လာခဲ့ပါတော့တယ်။ ဒါကြောင့် DPN ရဲ့ အဆိုပြုချက်(၈)ချက်ထဲမှာ နံပါတ်(၉)အနေနဲ့ NCA လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း အချက်တစ်ချက်ကို တရားဝင် ထပ်မံပေါင်းထည့်ပြီး အဆိုပြုချက်(၈)ချက်ကနေ (၉)ချက်အနေနဲ့ ဖြစ်လာခဲ့ရပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ တတိယအကြိမ်မြောက် DPN နဲ့ PC တို့ရဲ့ နေပြည်တော် တရားဝင် ဆွေးနွေးပွဲမှာလည်း NCA လက်မှတ်ရေးထိုးဖို့ သေချာသလားလို့ ထပ်မံ မေးမြန်းခြင်းကို ခံခဲ့ရပြန်ပါတယ်။ ဒီအပေါ်မှာ DPN အနေနဲ့ တရားဝင် အဆိုပြုမှုထဲမှာ နံပါတ်(၉)အနေနဲ့ ထည့်သွင်းထားပြီးဖြစ်တာကြောင့် ဒီထက်သေချာတာ မရှိတော့ကြောင်း တုန့်ပြန်ဖြေကြားခဲ့ရတဲ့ထိပါပဲ။
ဆိုလိုတာက NCA ကို ပိုမိုခိုင်မာအားကောင်းစေဖို့ အဆိုပြုချက် (၉)ချက်ဟာ ယုံကြည်မှုတည်ဆောက်ခြင်းမှာ အခရာကျပေမယ့် မြောက်ပိုင်းရှိ မြန်မာ့တပ်မတော်ရဲ့ တိုက်ပွဲအရှိန်အဟုန်မြှင့်လုပ်ဆောင်နေမှုတွေက စားပွဲဝိုင်းဆွေးနွေးပွဲမှာ တိုးတက်မှုကို တုန့်ဆိုင်းစေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၇ ခုနှစ်ကို ကူးလာသည့်တိုင် NCA လက်မှတ်ရေးထိုးဖို့ DPN ရဲ့ အဆိုပြုချက်(၉)ချက်ဟာ ပြေလည်မှုမရရှိပဲ ဖြစ်နေခဲ့ရာကနေ ဇန်န၀ါရီလမှာ အလွတ်သဘောတစ်ကြိမ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြရပြန်ပါတယ်။ ပြီးနောက် ၂၀၁၇ မတ်လ (၁) ရက်နေ့မှာ DPN ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး၊ ၂၀၁၇ မတ်လ (၃)ရက်နေ့ ရန်ကုန်မြို့မှာ စတုတ္ထအကြိမ် DPN နဲ့ PC ကြားဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ မူအရသဘောတူညီချက်အဆင့်ထိ တိုးတက်မှုအချို့ ရရှိလာခဲ့ပါတယ်။
(၂၀၁၇ ခု၊ မတ်လတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် DPN ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်ဓာတ်ပုံ၊ SC Office)
NCA ပြင်ပလမ်းကြောင်း
ဒီကာလအတွင်း ၂၀၁၇ ဖေဖော်ဝါရီလမှာ UWSP “၀” အဖွဲ့ဦးဆောင်တဲ့ တတိယအကြိမ် ပန်ခမ်းအစည်းအဝေးက NCA လမ်းကြောင်းပြင်ပကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုချဉ်းကပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ ဧပြီလ သင်္ကြန်ကာလအတွင်းမှာ စတုတ္ထအကြိမ်ပန်ခမ်းအစည်းအဝေးကို ထပ်မံကျင်းပကာ “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ” သဏ္ဍာန်နဲ့ နောက်ထပ်လုပ်ငန်းစဉ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
(၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် UWSP က ကြီးမှူးကျင်းပပြုလုပ်သော ပန်ခမ်း တတိယအကြိမ်အစည်းအဝေးဓာတ်ပုံ)
ဒီဟာက ဘာကြောင့် ပေါ်ပေါက်လာရတာလဲ…။ ရှင်းရှင်းလေးပါ။ စားပွဲဝိုင်းမှာအဆင်ပြေရင် မြေပြင်မှာ ထိုးစစ်ဆင်ဖိအားပေး အကြပ်ကိုင်မယ်၊ မြေပြင်မှာဖိအားပေးအကြပ်ကိုင်လို့ မရရင် စားပွဲဝိုင်းမှာ တိုးတက်မှု အရိပ်အယောင်ပြ ဖြေလျော့မှုလုပ်ပေးမယ်။ ဒီလိုမျိုးတပ်မတော်ရဲ့ မီးစတဖက် ရေမုတ်တဖက် ကစားကွက် တွေကြောင့် မြောက်ပိုင်းအခြေပြုအင်အားစုတွေဟာ ငြိမ်းချမ်းရေးဗီလိန်တွေအဖြစ် ပုံသွင်းကစားခံနေရတာ ကြာလှပြီ ဖြစ်ပါတယ်။ ဒီတခါတော့ ဒီလိုမျိုးကစားမခံနိုင်တော့ဘူး။ အားလုံးဆိုးတူကောင်းဖက် အတူတကွ တက်ညီလက်ညီ လုပ်ဆောင်နိုင်ကြဖို့ ကြိုးပမ်းအားထုတ်မှုပါပဲ။
ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ခြင်းဆီသို့ ရောက်ရှိစေမယ့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရေးအတွက် တွန်းအားတရပ်ဖြစ်လေမလား…။
NCA လက်မှတ်ထိုးအဖွဲ့၊ NCA လက်မှတ်မထိုးအဖွဲ့နဲ့ NCA လမ်းကြောင်းပြင်ပ အသစ်တစ်အုပ်စု ပုံစံမျိုး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ပိုမိုရှုပ်ထွေးအောင် ကစားကွက်ထွင်နိုင်မယ့် အခင်းအကျင်းကို ဖန်တီးယူသွားမှာလား…။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးရဲ့ ဘုံရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အ၀ရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် ပေါ်ထွန်းရေးပဲ ဖြစ်ပါတယ်။ ဒီဘုံရပ်တည်ချက် ကို အကောင်အထည်ဖော်ဖို့အတွက် NCA အခြေခံနိုင်ငံရေးဆွေးနွေးပွဲတွေကနေပဲ အဖြေထုတ်နိုင်မလား၊ NCA အခြေမခံတဲ့လမ်းကြောင်းကနေပဲ အဖြေထုတ်နိုင်မလား၊ ရွေးချယ်စရာတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အဓိက ဘယ်လမ်းကြောင်းကိုပဲရွေးရွေး ဒီတိုင်းပြည်မှာ အားလုံးအတူတကွ နေထိုင်ကြမယ်ဆိုရင် အားလုံးစုပေါင်းတွေ့ဆုံ ဆွေးနွေးကြရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆန္ဒရှိရင် အဖြေရှိပါတယ်။ တကယ် နိုင်ငံရေးအရ အဖြေရှာလိုသလား။
NCA လက်မှတ်ထိုးအဖွဲ့တွေ၊ NCA မရေးထိုးထားပေမယ့် နှစ်ဘက်သဘောတူညီချက် (Bilateral Agreements) တွေရှိထားကြတဲ့အဖွဲ့တွေနဲ့ မရှိထားကြတဲ့အဖွဲ့တွေကြားမှာ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိနဲ့ အတူတကွ ဆွေးနွေး နိုင်မယ့် နိုင်ငံရေးစားပွဲကို ခင်းပေးဖို့က အစိုးရရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ နှစ်(၇၀)ကျော် ပြည်တွင်းစစ်နဲ့သွားနေရတဲ့ ကျရှုံးနိုင်ငံဘက်ကိုဦးတည်နေပြီးဖြစ်တဲ့ ပြည်ထောင်စုအမည်ခံ ဒီတိုင်းပြည်ကြီး ရည်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် NCA အခြေခံမှ ရမယ်ဆိုတဲ့တရားသေ၀ါဒနဲ့ အသာစီးယူကိုယ်ထင်ရာစိုင်းတဲ့ အားရှိသူအနိုင်ယူကြေး ဖော်မြူလာတွေဟာ အလုပ်မဖြစ်တော့ပါ။
လက်ရှိအချိန်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈)ဖွဲ့ရဲ့ NCA အခြေခံ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ယခုမေလ(၂၄)ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားကြတဲ့ လာမယ့် ၂၁-ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွေဟာ စစ်အုပ်စုရဲ့ကစားကွက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကသောင်းကနင်းနိုင်လှပါတယ်။ NCA လက်မှတ်ရေးထိုးအဖွဲ့(၈)ဖွဲ့ထဲမှာမှ ကရင်၊ ပအိုဝ်၊ ချင်း လူမျိုး (၃)မျိုးအနေနဲ့သာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်ပြုထားပြီး၊ ရှမ်းနဲ့ရခိုင်လူမျိုးတွေကို အကြောင်းအမျိုးမျိုးပြကာ စစ်အုပ်စုက ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အားလုံးပါဝင်မှုကို မဖော်ဆောင် နိုင်ခဲ့ရင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တရားဝင်မှုနဲ့ ခိုင်မာမှုတွေကို လူထုယုံကြည်ပံ့ပိုးမှုတွေက အကဲစမ်းမယ့် အခင်းအကျင်းမျိုး ဖြစ်လာပါလိမ့်မယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၆ ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၁၆ သြဂုတ်-စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတစ်ကြိမ်၊ ဒီနှစ်ကြိမ်မှာ ရရှိခဲ့တဲ့မှတ်တမ်းရလဒ်တွေကို လာမယ့်အကြိမ်မှာ ဘယ်လို ဆက်သယ်ဆောင်မှာလဲ…။
(၁၄)နှစ်ကြာညောင်နှစ်ပင်ညီလာခံမှာလိုမျိုး မှတ်တမ်းတံဆိပ်ကပ်အမှိုက်ပုံးထဲမှာပဲ ထည့်ထားရစ်ခဲ့မှာလား…။
ဦးသိန်းစိန်အစိုးရလက်ထက် ဒီတိုင်းပြည်ကို ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်အခြေခံနဲ့ တည်ဆောက်သွားမယ်လို့ ကတိပြုထားခဲ့ပြီးဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာဖို့ လိုပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်အင်္ဂါရပ်တွေ ပါဝင်နေပြီး ဖြစ်တယ်လို့ စစ်အုပ်စုက နှပ်ကြောင်းပေးရပ်တည်ထားပါတယ်။ တိုင်းရင်းသားများဖက်ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)အဆင့်တွေထိ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
ဒီဟာတွေ ဘယ်တော့ ညှိကြမှာလဲ…။
တကယ် အနှစ်သာရနဲ့အဓိပ္ဗါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဘယ်မှာလဲ…။
၂၁-ရာစုပင်လုံ ညီလာခံ အခင်းအကျင်းမှာ ရှိမှာလား…။
ညှိနှိုင်းရလဒ်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် ဖြစ်ရမယ်။
ဒီအတွက် အချိန်အတိုင်းအတာ ဘယ်လောက်ဆက်ယူကြဦးမှာလဲ…။
ဒီလိုမျိုး မှန်ကန်တဲ့အခင်းအကျင်းမျိုးကို ခင်းကျင်းပေးဖို့က အာဏာလက်ဝယ် ပိုက်ထားတဲ့ နိုင်ငံတစ်နိုင်ငံ အစိုးရနှစ်ရပ်လိုမျိုးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်တို့အပေါ်မှာ အဓိက မူတည်နေပါတယ်။ ညောင်နှစ်ပင်ညီလာခံလိုမျိုး မိမိလက်သင့်ရာခေါ် ကိုယ်လိုရာဆွဲအခင်းအကျင်းမျိုး ဖြစ်သွားခဲ့မယ်ဆိုရင် လက်ရှိငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ကျရှုံးမယ့်ဘက်သို့ ဦးတည်သွားနိုင်ပါတယ်။
ဆက်လက်တင်ပြပါဦးမယ်…။
(ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦး ဖြစ်သည်)ည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး (၂)

(ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦး ဖြစ်သည်)
Posted by PNSjapan at 11:58 PM 0 comments
Labels: သတင်း