Wednesday, April 20, 2016

NLD အစိုးရအပြစ်တင်စရာမရှိ...



NLD က အစိုးရကို ဖွဲ့စည်းတုန်းက စစ်လော်ဘီတွေက -
၁။ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မပူးပေါင်းမိရေးနဲ့
၂။ NLD အစိုးရက ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့နေရာမှာ တပ်မတော်ကို သံသယမကြီးထွားစေရေးတို့ကို အကြံပြုခဲ့ကြတယ်။ ဒီအခြေခံကြောင့် NLD က ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။

ဒါပေမဲ့ သင်္ကြန်တွင်းမှာ AA ရက္ခိုင်တပ်မတော်ကို သွားရှင်းတဲ့ မြန်မာ့တပ်မတော်က (၂၀)ကျော် အရှင်းခံလိုက်ရလို့ ဒီကိစ္စကို NLD အစိုးရ ဘယ်လိုလုပ်ပေးမလဲ ဖွနေကြပါတယ်။ ကျဆုံးစာရင်းမှာ တပ်ရင်းမှူးပါ ပါသွားလို့ သူတို့က ရက္ခိုင်တွေကို မခံချိမခံသာ ဖြစ်နေကြပုံပါ။ 

လက်ရှိဖွဲ့စည်းပုံအရ စစ်ရေးမှာ စစ်တပ်က ကြိုက်သလို ဆောင်ရွက်လို့ ရပါတယ်။ စစ်တပ်ရေးရာတွေကိုလည်း စစ်တပ်ကပဲ ဘယ်သူ့ကိုမှ ပြောစရာမလိုဘဲ စီမံလို့ ရနေတာပါ။ ဒီတော့ စစ်တပ်က မုဒိမ်းကျင့်တော့လည်း အစိုးရက ထိုင်ကြည့်နေရတယ်။ စစ်တပ်က အကျအဆုံးများတော့လည်း အစိုးရက ထိုင်ကြည့်ရုံက လွဲပြီး ဘာတတ်နိုင်မှာလဲ။ တကယ်လို့ စစ်တပ်အရေးမှာ အစိုးရကို စီမံစေလိုရင် ပုဒ်မ ၄၃၆ ကို စပြင်ဖို့ လိုအပ်ပါပြီ။

နိုင်ငံရေးကိစ္စမှာ အစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်လို့ ရတယ်ပြောပေမဲ့ စစ်တပ်က ကာလုံမှာ (၆)ခုံနဲ့ ဇက်ကြိုးပြန်တပ်ထားလို့ လုပ်ရကိုင်ရတာ မလွယ်ပါဘူး။ ဒီတော့ စစ်ရေးမှာ စစ်တပ်၊ နိုင်ငံရေးမှာ အစိုးရလို့ သူတို့ပြောစကားဟာ ဖွဲ့စည်းပုံပါ အခြေခံမူ(၆)ချက်နဲ့ ကွဲလွဲလျက် ရှိပါတယ်။ ဒါကြောင့် စစ်လော်ဘီတွေ သံဇကာလို ပေါက်နေတဲ့ လုံခြည်ကို ဟိုဖက်လှည့်ဝတ်လည်း ပေါ်မှာပဲ။ ဒီဘက်လှည့်ဝတ်လည်း ပေါ်မှာပဲ။ ဘယ်သူမပြု မိမိမှုဖြစ်နေလို့ပါပဲ။

UNFC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ NLD အစိုးရကို ရန်သူလို့ သဘောမထားကြဘူး။ ပြည်သူတွေ တင်မြှောက်တဲ့အစိုးရမို့ လေးစားပြီသား ဖြစ်တယ်။ NLD အစိုးရလက်ထက်မှာ NLD အစိုးရကို ယုံကြည်လေးစားကြလို့လည်း ဘယ်အစိုးရတပ်စခန်းကိုမှ မတိုက်၊ တိုက်ဖို့လည်း စိတ်မကူးကြပါ။ NLD အစိုးရက သင်္ကြန်ပြီးရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဖွဲ့တစ်ခုဖွဲ့မယ်လို့ သမ္မတရုံးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားလို့ မျှော်လင့်တကြီးနဲ့ စောင့်စားနေကြတာပါ။ ဒါပေမဲ့ မြန်မာ့တပ်မတော်ရဲ့ သင်္ကြန်တွင်းရွေ့လျားမှုဟာ မလှပခဲ့ပါဘူး။ ဒါကြောင့် ဆုံးရှုံးမှုအချို့ ဖြစ်ခဲ့ရတာပါ။

စစ်လော်ဘီတွေကတော့ NLD အစိုးရလက်ထက်မှာ စစ်တပ်က သတင်းပေးတဲ့ တိုင်းရင်းသားတွေကို အရင်လိုပဲ ဖမ်းဆီးခွင့်ရှိမရှိ၊ ပေါ်တာဆွဲခွင့်ရှိမရှိ မေးနေပါတယ်။ သူတို့မရေးတာက မုဒိမ်းဆက်ကျင့်ရှိမရှိပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဖို့ လိုင်စင်ရထားတဲ့ မြန်မာ့တပ်မတော်ဟာ NLD အစိုးရလက်ထက်မှာ လိုင်စင်အသိမ်းခံရမှာ အရမ်းကြောက်နေကြတဲ့ပုံပါပဲ။ ဒါကို ဖုံးဖိတဲ့အနေနဲ့ NLD အစိုးရကို အဓိကစိန်ခေါ်နေတာ စစ်တပ်မဟုတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးသာ ဖြစ်ကြောင်း ဖွကြပါတယ်။ 

NLD အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ရင် ဖွံ့ဖြိုးမှုကို လုံးဝလုပ်လို့မရကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဟောင်းဆီက အတွေ့အကြုံကောင်းများကို ဘယ်လောက်အသုံးချနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ရေးသားခြင်းမှာ အမှန်တဝက်အမှားတဝက်ပါ။ တဖက်က ပြည်နယ်အုပ်ချုပ်ရေးကို ထွေအုပ်ကနေ ချုပ်ကိုင်ထားတဲ့ မြန်မာ့တပ်မတော်ဟာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်မှာတောင် တိုင်းရင်းသားတွေကို နေရာမပေးချင်ခဲ့ဘူး။ ဒါတောင် ဖွတ်အစိုးရမဟုတ်ဘူး။ NLD အစိုးရလက်ထက်မှာ ဖြစ်တယ်။ 

ဒီလောက်သဘောထားသေးသိမ်တဲ့ မြန်မာ့တပ်မတော်နဲ့ သူ့အပေါင်းအပါများဟာ ပြည်တွင်းစစ်ကို အဆုံးသတ်ချင်ပါတယ်၊ NLD အစိုးရကို အဓိကစိန်ခေါ်နေတာက တိုင်းရင်းသားပြဿနာတွေ ဖြစ်တယ်လို့ ပြောခြင်းမှာ တကယ့်ကို ဘဝင်မကျစရာပါပဲ။ မြန်မာနိုင်ငံမှာ အဓိကပြဿနာကောင်ဆိုတာ မြန်မာစစ်တပ်ပဲဆိုတာ လူတိုင်း သိကြပါတယ်။ ဒီတပ်ကို ပြည်ထောင်စုဆန်ဆန် ပြင်ဆင်ဖွဲ့စည်းနိုင်မှပဲ ဒီပြဿနာ ငြိမ်းနိုင်ပါ့မယ်။ 

၁။ မြန်မာ့တပ်မတော်ကို ဖက်ဒရယ်တပ်မတော်အဖြစ် ပြင်ဆင်ဖွဲ့စည်းခွင့်၊
၂။ ပြည်နယ်များနဲ့ပဲ ပြည်ထောင်စုကို ထူထောင်ခွင့်၊
၃။ ပြည်နယ်ကိုယ်စားပြုအထက်လွှတ်တော်က နိုင်ငံဥသျှောင်သမ္မတကို တင်မြှောက်ခွင့်၊
၎။ ပြည်သူ့ကိုယ်စားပြုအောက်လွှတ်တော်က တိုင်းပြည်ကို အုပ်ချုပ်မဲ့ အစိုးရအကြီးအကဲဝန်ကြီးချုပ်ကို တင်မြှောက်ခွင့်၊
၅။ ပြည်နယ်တိုင်း ကိုယ့်ပြည်နယ်ကံကြမ္မာကို ကိုယ့်ဖာသာကိုယ်ဖန်တီးခွင့်ကို မပေးအပ်နိုင်မချင်း

ပြည်တွင်းစစ်ဆိုတာ ပြီးမှာမဟုတ်ဘူး။ မလိုလားအပ်တဲ့ အခွင့်အရေးတွေကို တောင်းမိမှာ စိုးလို့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို ဗဟိုက ထိန်းချုပ်ထားသင့်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်များအနေနဲ့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အထက်ဖော်ပြပါ (၅)ချက်ကို ပြည်ထောင်စုကြန်အင်လက္ခဏာနဲ့ မညီဘူးလို့ ဘာတစ်ချက်မှ မထောက်ပြနိုင်ပါဘူး။ သူတို့မှာ ငုပ်နေတဲ့ မဟာလူမျိုးစိတ်ဓာတ်ကြောင့်သာ ပြည်တွင်းစစ် ကြာရှည်နေရတယ်ဆိုတာကို ဝန်ခံဖို့ အချိန်ရောက်ပါပြီ။ သူတို့ရပ်တည်ချက်ကို မပြောင်းလဲခဲ့ရင် ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူး။ မရခဲ့ရင်လည်း NLD အစိုးရကို အပြစ်တင်စရာမလိုဘူး။ အစိုးရအမိန့်ကို မနာခံတဲ့ စစ်တပ်ကိုပဲ ဝေဖန်ပြစ်တင်ရမှာ ဖြစ်တယ်။ 

ဓာတ်ပုံ-ဇင်လင်းအောင်
U Ravika 

Monday, April 18, 2016

ရခိုင်က ထွက်တဲ့ သယံဇာတကို ရခိုင်တွေသာ ခံစားခွင်ရရင် ရခိုင်တွေ နော်ဝေးနိုင်ငံလို နေလို့ရတယ် (ဦးအောင်ထူး လူ့အခွင့်ရေးရှေ့နေ)


Saturday, April 16, 2016

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ အခန်းကဏ္ဍ



သင်္ကြန်တွင်းမှာ ကလေးတွေ ပျော်ကြပါစေ။ သင်္ကြန်တွင်း ရိုးရာယဉ်ကျေးမှုမပျောက်ပျက်အောင် ထိန်းသိမ်းပုံမှာ အားရစရာကောင်းပါတယ်။ NLD အစိုးရရဲ့ ဆောင်ရွက်မှုမှာ အားရစရာပါပဲ။ သရုပ်ပျက်ယဉ်ကျေးမှုကို တိုက်ဖျက်နေကြောင်း သိသာစေပါတယ်။ ဒါပေမဲ့ လူကြီးတွေကတော့ တွေးစရာရှိတာ ရေးရပါ့မယ်။ အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဒီမိုကရေစီေ...ရးလိုပဲ အကြပ်အတည်းပေါင်းများစွာ ရှိနေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမှာ တရုတ်နဲ့အမေရိကန် နိုင်ငံကြီး(၂)နိုင်ငံကပါ ပါလာလို့ တကယ်ပဲ ပြည်တွင်းရေးသက်သက်ပဲလားဆိုတာ ဝေဖန်ဆန်းစစ်စရာ ရှိလာပါတယ်။

၁။ ဝ UWSA က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ဦးဆောင်လိုကြောင်း ပြောကြားခြင်း၊
၂။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသားတွေကိုပဲ ရည်ရွယ်ဟန်ရှိပြီး "အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တရုတ်က ကူညီပေးချင်ပါကြောင်း" ထုတ်ဖော်ပြောကြားလိုက်ခြင်းနဲ့
၃။ အမေရိကန်သံအမတ်သစ် စကော့တ်မာဆီယဲလ်ကလည်း တရုတ်နဲ့ ပူးပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ကူညီလိုကြောင်း ဧပြီလပထမပတ်မှာ ဆိုခဲ့ခြင်းကို ထောက်ရှုရင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လောက်ရှုပ်ထွေးနိုင်မလဲ ခန့်မှန်းလို့ ရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်သွားခဲ့ပြီးတဲ့နောက် မြန်မာနဲ့ဆက်ဆံရေး အေးစက်သွားမှာကို အထူးစိုးရိမ်နေကြောင်း သိသာပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရကို အဓိကပံ့ပိုးပေးတဲ့ နိုင်ငံတွေဆိုတာ တရုတ်နဲ့ အာဆီယံနိုင်ငံများသာ ဖြစ်ကြလို့ပါပဲ။ ဒေါ်စုအနေနဲ့ သူ့ပါတီ အစိုးရဖွဲ့နိုင်ပြီကတည်းက အာဆီယံဆိုတဲ့ စကားလုံးကို ယောင်လို့တောင် မသုံးမိသေးဘူးလို့ မိမိယူဆပါတယ်။ သုံးများသုံးခဲ့ရင် မိမိ မကြားမိလို့ နေမယ်။ ဒါကြောင့် တရုတ်နဲ့ အာဆီယံအစား ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံတွေကို ပိုမိုအားပေးတဲ့ အနောက်နိုင်ငံတွေကို ပိုစိတ်ဝင်စားမှာ အသေအချာပါပဲ။

ဒါပေမဲ့ တရုတ်နဲ့ သဘောတူညီထားတဲ့ စီမံကိန်းအတော်များများဟာ ဗမာပြည်မမှာမဟုတ်ဘဲ တိုင်းရင်းသားတို့ရဲ့ ပြည်နယ်တွေမှာပဲ များပါတယ်။ နောက်ပြီး တိုင်းရင်းသားပြည်နယ်တွေအချို့မှာ အပစ်ရပ်ကို လက်မှတ်ထိုးခဲ့ပေမဲ့ ငြိမ်းချမ်းရေးရရှိခြင်းမရှိသေးပါဘူး။ ဒီအချက်ကြောင့်လည်းပဲ ပြည်နယ်တွေကို NLD က ထိန်းချုပ်လိုခြင်း ဖြစ်ပါလိမ့်မယ်။ သိန်းစိန်အစိုးရတုန်းကလို ပြည်နယ်တွေကို လက်ဝါးကြီးအုပ်လိုဟန်မရှိပါ။ ဒီအချက်ကို ကွန်မန့်ပေးစရာမလိုပါဘူး။

လောလောဆယ်မှာ NLD က အပစ်ရပ်ပြီသား KNU ကို ချဉ်းကပ်နေပါတယ်။ သဘောထားပျော့ပျောင်းဟန်ရှိတဲ့ ကရင်နဲ့ ချင်းကို အထူးဦ်းစားပေးပြီး ဆက်ဆံရေးထူထောင်နေတာကို တွေ့ရမှာပါ။ သဘောထားတင်းမာဟန်ရှိတဲ့ တိုင်းရင်းသားလူမျိုးများကိုကျတော့ အရောတဝင် သိပ်မရှိသေးပါဘူး။ အမှန်မှာ NCA ကို လက်မှတ်ထိုးခဲ့ခြင်းမှာ သိန်းစိန်အစိုးရနဲ့ MPC ကို အသက်ကယ်ဆေးထိုးပေးဖို့ ဖြစ်တယ်။ ဖဒိုမန်းငြိမ်းမောင်တို့က စစ်တပ်ကို အသေကပ်ဖို့ ကြိုးစားခဲ့ရာ တစ်ခါတလေ ဒေါ်စုကို တိုက်ခိုက်တဲ့စကားတောင် ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ NLD က အစိုးရဖွဲ့နိုင်ပြီမို့ စစ်တပ်ကို ယုံကြည်တဲ့ အပစ်ရပ်ပြီးသား(၈)ဖွဲ့နဲ့ နီးစပ်သွားဖို့ ရှိပါတယ်။ NLD အစိုးရက ပန်းပုသမားစံကို သတ်မှတ်ထားရာ ယင်းမှာ စစ်တပ်နဲ့ အတူ ပုံတူထုဆစ်ဖို့အချက်လည်း ပါတာမို့ UNA, UNFC နဲ့ သဘောထားတင်းမာတဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေကို ဘောင်သွင်းဖို့ NLD ကြိုးစားလာပါလိမ့်မယ်။

ဒီအချိန်မှာ ဒေါ်စုက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ခေါ်တွေ့ပါတယ်။ အမေရိကန်နဲ့ အံတုနိုင်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ခေါ်တွေ့နိုင်တာဟာ နည်းနည်းနောနောတော့ မဟုတ်ဘူး။ တရုတ်ကွန်မြူနစ်အစိုးရကို ပထမဆုံးအသိအမှတ်ပြုတဲ့နိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံပါပဲ။ ဒါကြောင့် အမေရိကန်က ဦးနုအစိုးရကို နည်းနည်းလေး ငြိုငြင်ခဲ့ပါတယ်။ ဦးနုကို ဝါရှင်တန်ဖိတ်ပြီး နည်းနည်းလေး ရစ်ကြည့်မှ လက်ခံလာတဲ့သဘောပါ။ ဦးနေဝင်းလက်ထက်မှာ အမေရိကန်ရဲ့ ဆီတိုးက အရှေ့တောင်အာရှမှာ ကွန်မြူနစ်ရန်ကို ကြောက်နေရတဲ့အချိန် ဖြစ်ရာ KNU လို ဗြိတိသျှတို့နဲ့ ရင်းနှီးတဲ့ အဖွဲ့အချို့ကို ထိုးကျွေးခဲ့ရပါတယ်။ အခုအခြေအနေက ပြောင်းပြန်ပါ။ NLD အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပိုပြီးတော့ နွေးနွေးထွေးထွေး ရှိပါတယ်။ ဒါကို တရုတ်ကွန်မြူနစ်တွေက မျက်စိစပါးမွှေးစူးနေကြပါတယ်။ ဒါကို သိနားလည်လို့လည်း အမေရိကန်သံအမတ်သစ်က မြန်မာနိုင်ငံကို အသုံးချပြီး တရုတ်ကို ကစားမှာမဟုတ်ဘူးလို့ ကတိပေးလိုက်ပါတယ်။

ဒါပေမဲ့ စိတ်ပျက်စရာကောင်းတဲ့ အချက်တစ်ချက်မှာ မြန်မာပြည်သူအတော်များများရဲ့ နိုင်ငံရေးလေ့လာမှုစွမ်းပကားပါပဲ။ အင်မတန်မှ အားနည်းပါတယ်။ အရင်က အစိုးရဆန့်ကျင်သူများကို လူမျိုးရေးအစွန်းရောက်တွေ၊ ကွန်မြူနစ်တွေလို့ စစ်တပ်က ပုတ်ခတ်လေ့ရှိခဲ့သလို NLD အစိုးရ ဖြစ်သွားတာနဲ့ လော်ဘီအတော်များများက မှူးဇော်နဲ့အတူ အဲ့ဒီပုတ်ခတ်တဲ့တာဝန်ကို တန်းယူလိုက်ကြပါတယ်။ ဒါဟာ အင်မတန်မှ ရီစရာကောင်းတဲ့ အခြေအနေပါ။ အချို့က ဘာပြောကြသလဲဆိုခဲ့ရင် တရုတ်က မြစ်ဆုံစီမံကိန်းကို အတင်းလျော်ခိုင်းရင် အမေရိကန်ရေတပ်စခန်းတစ်ခုကို ဖွင့်ပြီး အကြွေးလည်း ကြေ၊ တရုတ်ကိုလည်း ထိန်းနိုင်ပြီသား ဖြစ်မယ်လို့ ယူဆကြပါတယ်။ ဒါဟာ အင်မတန်မှ အန္တရာယ်များတဲ့ စဉ်းစားချက်တစ်ခုပါပဲ။

ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးများဟာ မိမိတို့အရေးဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူမျိုးတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်စရာရှိသေးတယ်ဆိုတာကို မမေ့ကြဖို့ပါပဲ။ ဒီလိုတိုက်ပွဲဝင်တဲ့နေရာမှာ -

၁။ တရုတ်ရဲ့ ကျောထောက်နောက်ခံမှုကို ရယူမလား။
၂။ အမေရိကန်ရဲ့ ကျောထောက်နောက်ခံမှုကို ရယူမလား။
၃။ ဒါမှမဟုတ်ရင် အရင်လိုပဲ non-aligned policy ကို ဆက်ကျင့်သုံးမလားဆိုတာ ဆုံးဖြတ်ကြဖို့ပါပဲ။

ပထမအချက်ကို လက်ခံခဲ့ရင် မြန်မာစစ်တပ်အတွက် အကြပ်ရိုက်စေမှာ ဖြစ်ပေမဲ့ NLD အစိုးရအနေနဲ့ ဦးနုအစိုးရလုပ်ခဲ့သလို နိုင်ငံပိုင်ကျွန်းစုအချို့ကို အိန္ဒိယကို ထိုးရောင်းရင် ထိုးရောင်းရမှာ ဖြစ်တယ်။ အမေရိကန်ရေတပ်ကို လက်ခံစရာရှိရင်လည်း လက်ခံကြမှာပဲ။ မအလကတော့ အမေရိကန်နဲ့ စစ်ရေးပူးပေါင်းချင်နေတာ တပိုင်းကို သေလို့ပါ။ အမေရိကန်ကလည်း မအလကို မျက်စပစ်နေတာ ကြာလှပါပြီ။ ဒါပေမဲ့ ကိုယ့်လူက မုဒိမ်းကျင့် လူသတ် စတဲ့ အလုပ်တွေကို မစွန့်နိုင်သေးလို့ အမေရိကန်က ဘရိတ်အုပ်ထားရတာ ဖြစ်တယ်။

ဒုတိယအချက်ကို လက်ခံခဲ့ရင် တိုင်းရင်းသားများအနေနဲ့ NLD နဲ့ စစ်တပ် ပေးသလောက်ကို ယူပြီး ကျေအေးကြဖို့ပါပဲ။ ဘာအခွင့်အရေးမှ မရဘဲနဲ့လည်း ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးဖို့ NLD က တိုက်တွန်းလာမှာ ဖြစ်တယ်။ မအလက တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေလို့ နိုင်ငံရေးကနေ မထွက်သေးတာ ဖြစ်တယ်ဆိုတဲ့စကားကို ပြောထားပြီသားပါ။ ဒေါ်စု ဘာလုပ်ပေးရမလဲ မအလက အရိပ်အကဲပြထားပြီသားပါ။ ဒေါ်စုစရိုက်ကို ကြည့်ရင် မအလသဘောကျလုပ်ပေးဖို့ များတယ်။ ဒါကြောင့်လည်း NLD အစိုးရက ဖက်ဒရယ်ကို လက်ခံတယ်ပြောနေပေမဲ့ NLD ပြောတဲ့ ဖက်ဒရယ်က ဘယ်ပုံပေါက်နေလဲ အခုထိ မသိရှိရသေးပါ။ တိုင်းရင်းသားတွေ လက်နက်ကိုင်ဆောင်ခွင့် ပေးမလား၊ ဖြုတ်ရမလား မပြောသေးပါ။ မိမိအထင်ကို ပြောရရင် ဦးနုခေတ်က တမတ်သားဖက်ဒရယ်အတိုင်း ပြန်ပေးပြီး လက်နက်ချခိုင်းမဲ့သဘောရှိတယ်။ လက်နက်ချတဲ့ တိုင်းရင်းသားတပ်မတော်သားများကို ပြည်နယ်တွေမှာ ရဲဝန်ထမ်းများအဖြစ် ပြည်နယ်ဝန်ကြီးချုပ်အောက် သွတ်သွင်းဖို့ပါပဲ။

တတိယအချက်ကို ရွေးခဲ့ရင် တိုင်းရင်းသားတွေက NLD နဲ့ စစ်တပ်ကို လုံးဝမှီခိုရပါတော့မယ်။ အမေရိကန်တွေရော၊ တရုတ်တွေပါ NLD နဲ့ စစ်တပ်ကိုပဲ အသေပေါင်းပြီး တိုင်းရင်းသားတို့နယ်မြေကို ထိုးဖောက်ဝင်ရောက်လာပါလိမ့်မယ်။ NLD နဲ့ စစ်တပ်ကလည်း သူတို့ကိုယ်စား နိုင်ငံခြားကုမ္ပဏီတွေနဲ့ တိုင်းရင်းသားတွေကို ချုပ်ကိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒီအချိန်မှာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အစား စားဝတ်နေရေး၊ ရာထူးရာခံရရှိရေး၊ အဆင့်အတန်းမြင့်မြင့်နဲ့ နေနိုင်ရေး၊ ကားကောင်းစီးနိုင်ရေး၊ အိမ်ကောင်းနေနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးလောက်နဲ့ မှိုင်းတိုက်ခံရမှာ သေချာသလောက်ပါပဲ။ ထိုင်း၊ မလေး၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ ကွန်မြူနစ်တွေ ဘဝပျက်သွားဖူးသလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဘဝပျက်ကုန်ရမှာ ဖြစ်တယ်။ အခု KNU ဥက္ကဋ္ဌကြီးမူတူစေးဖိုးတို့ တိုးနေတဲ့အပေါက်ဟာ ဒီအပေါက်ပါပဲ။

ဆင်ခြင်ဖို့နဲ့ ဝေဖန်ဖို့ပါပဲ

U Ravika



ပင်လုံစာချုပ်ထဲမှဗမာချိုးဖောက်ခဲ့သော အချက်(၅)ချက်ကိုဖော်ပြရမည်ဆိုလျှင်....


ဗမာလူမျိုးများသည် ကတိသစ္စာမတည်သော လူမျိုးများဖြစ်ကြောင်း ပင်လုံစာချုပ်က သက်သေခံပင်ဖြစ်
သည်။ ပင်လုံစာချုပ်ထဲမှ ဗမာချိုးဖောက်ခဲ့သော အချက်(၅)ချက်ကို ဖော်ပြရမည်ဆိုလျှင်၊

(၁)Equality နိုင်ငံရေးအရ လူမျိုးရေးအရ တန်းတူအခွင့်အရေး ရရှိရမည်ဆိုသော်လဲ အစိုးရဌာန တိုင်း၌ တိုင်းရင်းသားများအား ဖိနှိပ်ထားခြင်း။...

 (၂)Self determination (ကိုယ်ပိုင်ပြဌာန်းခွင့်) နိုင်ငံရေး စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှု တို့ကို
 ကိုယ်ပိုင်အပြည့်အဝ ပြဌာန်းခွင့်ရရှိရမည် ဆိုသော်လည်း နောက်ပိုင်း တိုင်းရင်းသားတို့၏ စာသင်ကျောင်းများကို မီးရှို့ ဖျက်စီးပစ်ရုံမက သမိုင်းပါဖျောက်ဖို့ ကြိုးစားခဲ့ကြသည်။

(၃)Multi-party Democracy System (ပါတီစုံဒီမိုကရေစီစနစ်)ကျင့်သုံးရမည်ဆိုသော်လည်း နှစ်ပေါင်းများစွာ -+စစ်အုပ်ချုပ်ရေးဖြင့်တိုင်းပြည်ကို စောက်ကျိုးနဲအောင်လုပ်ခဲ့ကြသည်။

(၄)Secular State (ဘာသာရေးကိုအခြေမခံသောနိုင်ငံ)ဖြစ်ရမည်ဟုဆိုခဲ့သော်လဲ လောလောလတ်လတ်၌ပင် ဒုသမ္မတ ခရစ်ယာန်ဖြစ်နေရာ ဗမာတို့ စွေ့စွေ ခုန်၍ သေမတက် ပေါက်ကွဲကြသည်။

(၅)Secession Right (ခွဲထွက်ခွင့်) တိုင်းရင်းသားတို့ မိမိဆန္ဒသဘောအရ ပြည်ထောင်စုမှခွဲထွက်
လိုပါက ခွဲထွက်ခွင့်ရှိသည်ဟု ဆိုခဲ့သော်လည်း လက်ရှိ၌ တိုင်းရင်းသား စစ်တပ်များအား သူပုန်ဟုစွတ်ဆွဲကာ ဒါဒို့ပြည် ဒါဒို့မြေဟု အရှက်တရား ကင်းမဲ့စွာ ကြွေးကြော်ပြီး တိုင်းရင်းသားပြည်နယ်များအား ဗိုလ်ကြစိုးမိုး တိုက်ခိုတ်နေသည်ကို မြင်တွေ့နေရသည်။

 အချုပ်အားဖြင့်ဆိုရသော် ဗမာလူမျိုးသာလျှင် အောင်ဆန်းလက်နှင့် ရေးတာကို ခြေထောက်နှင့် နင်းဖျက်ခဲ့သူများသာ ဖြစ်သည်။ ယခုအချိန်၌ တိုင်းရင်းသားတိုင်း ဗမာနှင့်အတူ နေထိုင်လိုစိတ်မရှိတော့သဖြင့် ပင်လုံစာချုပ်ပါ ကတိတိုင်း ခွဲထွက်ပိုင်ခွင့်ရှိရမည် သို့မဟုတ်ပါက မိမိတို့ပြည်အသီးသီးရှိဗမာသူပုန်များကို တိုက်ထုတ်ကြပါကုန်။

#ကိုးကား ဆရာမောင်ကြယ်စင်

Monday, April 4, 2016

ငြိမ်းချမ်းရေးအတွက် ငွေတွေ ဘယ်ရောက်သွားလဲ


MPC ကို ဦးစီးခဲ့သူ ဝန်ကြီးဟောင်း ဦးအောင်မင်းအား ချင်းမိုင်ဆွေးနွေးပွဲတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - ငြိမ်းငြိမ်း/ဧရာဝတီ)

သမ္မတဟောင်း ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် နိုင်ငံခြားအစိုးရ များနှင့် အဖွဲ့အစည်းများက ငွေကြေး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ထည့်ဝင်ခဲ့ကြသည်။
စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် အစိုးရနေရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင် သည့် အစိုးရ ၀င်ရောက်လာသည့် အချိန်တွင် ပွင့်လင်းမြင်သာမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် နိုင်ငံတကာမှ ရံပုံ ငွေများ၏ သြဇာလွှမ်းမိုးမှုနှင့် ဆက်နွယ်သော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ စစ်ပွဲဒဏ်ကို ခံစားခဲ့ရသည့် တိုင်းရင်းသားလူမျိုးစုများမှာ အဆိုပါထောက်ပံ့မှုများမှ အကျိုးအမြတ် အနည်းငယ် သို့မဟုတ် လုံးဝ မရရှိခဲ့ကြဟု ဝေဖန်မှုများ ရှိလာသည်။
၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅ သန်း နီးပါး ထောက်ပံ့ရန် ကတိပြုခဲ့သည်။ အဆိုပါ ထောက်ပံ့မှုမှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဂျပန် NGO များကလည်း နောက်လာမည့် ၅ နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၆ သန်း သုံးစွဲသွားမည့် အစီအစဉ်တခုကို ၂၀၁၄ ခုနှစ်တွင် ကြေညာခဲ့ပါသည်။ သို့သော်လည်း ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်း တခုဖြစ်သည့် Karen Peace Support Network က ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသည်အထိ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို ခေတ္တဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သည်။
ဖော်ပြခဲ့ပြီး ပမာဏများကို ပေါင်းလိုက်လျှင်ပင် ငြိမ်းချမ်းရေးအတွက် သုံးစွဲမှုက အမေရိကန် ဒေါ်လာ သန်း ၁၃၀ နီးပါး ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ ရံပုံငွေများကို မည်သို့ သုံးစွဲခဲ့ပါသနည်း။
ရံပုံငွေများသည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော စီမံကိန်းများ၊ အဖွဲ့အစည်းများကို ထောက်ပံ့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အကူအညီ အများဆုံးရရှိခဲ့သည်မှာ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင် ရွက် သည့် အဖွဲ့အစည်း တခုဖြစ်သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center – MPC) ဖြစ်သည်။
သူ၏ သမ္မတသက်တမ်း မကုန်ဆုံးမီတွင် ဦးသိန်းစိန်က MPC ကို ဖျက်သိမ်းလိုက်ပြီး MPC ၏ ပိုင်ဆိုင်မှုများကို အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ၂ ခုဖြစ်သော Myanmar Peace Building Dialogue Center နှင့် Peace and Development Foundation တို့သို့ လွှဲပြောင်းပေးရန် အမိန့်ထုတ်ခဲ့သည်။ ၂ ဖွဲ့လုံးကို MPC ၀န်ထမ်းဟောင်းများနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး Peace and Development Foundation ကို ဦးဆောင်မည့်သူမှာ MPC ၏ အကြီးအကဲ အဖြစ်ဆောင်ရွက်ခဲ့သော ဦးအောင်မင်း ဖြစ်သည်။
MPC ၏ အကြီးတန်း အကြံပေးတဦး ဖြစ်သော ဦးလှမောင်ရွှေက ဦးအောင်မင်းကဲ့သို့သော ထိပ်တန်းတာဝန်ရှိသူများ၏ အခန်းကဏ္ဍမှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး မှတ်ပုံတင်ခွင့်ရရှိသည့် အချိန်တွင် အဖွဲ့အစည်းသစ်များ လွတ်လပ်စွာ တည်ထောင်နိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။
“ဦးအောင်မင်းက တခြားသူတွေလိုပဲ အဖွဲ့အစည်း ထူထောင်လို့ရပါတယ်။ သူက အခု လွတ်လပ်သွားပါပြီ။ သူက အစိုးရ တာဝန်ရှိသူ မဟုတ်တော့ပါဘူး။ ငြိမ်းချမ်းရေး စကားလုံးပါတဲ့ အဖွဲ့အစည်းတခု တည်ထောင်တဲ့အတွက် သူ့ကို တရားစွဲလို့ မရပါဘူး” ဟု ဦးလှမောင်ရွှေက ပြောသည်။
အရှုပ်များကို ခွဲဝေခြင်း
MPC တွင် ခွဲဝေပေးစရာ ပိုင်ဆိုင်မှုမရှိဟု ဦးလှမောင်ရွေက ပြောသည်။ အဖွဲ့၏ အဆောက်အဦးအတွင်းတွင် ရှိသမျှ မှာလည်း ယခင်အစိုးရဟောင်းနှင့်သာ သက်ဆိုင်သည်ဟု သိရသည်။
“MPC က ဘာမှ မပိုင်ပါဘူး” ဟု သူက ပြောသည်။ MPC ထိပ်တန်းတာဝန်ရှိသူများက ရုံးနေရာ၊ အစည်းအဝေးခန်းနှင့် မော်တော်ကား၊ ကွန်ပျူတာ အစရှိသည့် အသုံးအဆောင်များ အပါအ၀င် အဖွဲ့ပိုင်ဆိုင်မှုများကို ခွဲခြမ်းနေကြသည် ဆိုသည့် စွပ်စွဲမှုများကိုလည်း ငြင်းပယ်လိုက်သည်။
ဝေဖန်သူများကမူ MPC ၏ ပိုင်ဆိုင်မှုများသည် နိုင်ငံတကာ အလှူရှင်များက ကျခံပေးခဲ့ခြင်း ဖြစ်သည့်အတွက် အဆိုပါ ပိုင်ဆိုင်မှုများ MPC တာဝန်ရှိသူများ တည်ထောင်သည့် NGO များသို့ ရောက်ရှိသွားပါက မသင့်တော်ကြောင်း ပြောကြသည်။
“တကယ်လို့ ဦးအောင်မင်းက MPC ရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်ဖို့ အသုံးပြုမယ်ဆိုရင် လုံးဝ မှားသွားပါလိမ့်မယ်။ သူ့မှာ တာဝန် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက သူ့ကို ငြင်းပယ်ခဲ့ကြပါတယ်” ဟု အင်္ဂလန်အခြေစိုက် Burma Campaign UK အဖွဲ့မှ ဒါရိုက်တာ Mark Farmaner ကပြောသည်။ “ပိုက်ဆံတွေက အစိုးရဟောင်းဆီကိုလည်း ရောက်မသွားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ညှိနှိုင်းဆွေးနွေးမှုမှာ ဘက်တဘက်သာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့၏ အကြံပေးတဦး ဖြစ်သော Valerie Zirl က MPC မှ ကိုယ်စားလှယ်များနှင့် NLD က နိုင်ငံတကာ၏ ထောက်ပံ့မှုဖြစ်သော MPC ၏ ပိုင်ဆိုင်မှုများကို နိုင်ငံပိုင်ကဲ့သို့ အစိုးရက စီမံခန့်ခွဲသွားမည် ဖြစ်ပြီး MPC သို့မဟုတ် ၎င်းကို ဆက်ခံမည့် မည်သည့် အဖွဲ့အစည်းအတွက်မဆို ဥရောပသမဂ္ဂက အသင့်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Mark Farmaner က MPC အနေဖြင့် ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှုများကို ပထမနေရာမှ မရရှိခဲ့သင့်ဟု စောဒက တက်ခဲ့သည်။ MPC သည် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော အစိုးရနှင့် ပတ်သက်နေသည့်အတွက် ကြားနေ အဖွဲ့အစည်းတခု မဖြစ်ခဲ့ဟု သူက ထောက်ပြသည်။ MPC ကို သမ္မတဟောင်း ဦးသိန်းစိန်က နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးရန်နှင့် အထောက်အပံ့များ ပိုမိုရရှိနိုင်ရန် နိုင်ငံရေး အစီအစဉ်တရပ် အနေဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု Mark Farmaner က ဆိုသည်။
“EU က MPC ကို ယူရိုငွေ သန်းနဲ့ ချီပြီးကျောထောက်နောက်ခံပေးခဲ့တာ အစိုးဘက်ကနေဖို့ ဖြစ်တယ်လို့ တိုင်းရင်းသားတွေက မြင်ခဲ့ကြတယ်” ဟု သူက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ ခုပေါင်းစပ်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဒုတိယ ဥက္ကဌ နိုင်ဟံသာကလည်း MPC ၏ ပိုင်ဆိုင်မှုများကို MPC ခေါင်းဆောင်ဟောင်းများက တည်ထောင်သော NGO များသို့ လွှဲပြောင်းပေးပါက မသင့်တော်ကြောင်း ပြောသည်။
“MPC ရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဆက်လုပ်ဖို့ အသုံးပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
 ပိုက်ဆံတွေ ရောက်သွားရာ
နိုင်ငံတကာမှ ငွေကြေးထောက်ပံ့မှုများက MPC အပြင် ဘရပ်ဆဲလ် အခြေစိုက် Euro-Burma Office၊ နော်ဝေမှ Myanmar Peace Support Initiative (MPSI)၊ ဗြိတိန်မှ Inter-mediate၊ ဂျပန်မှ Japan Platform၊ The Nippon Foundation နှင့် အခြား အဖွဲ့အစည်းများ NGO များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအ၀င် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း တဒါဇင်ကျော်ဆီသို့ ရောက်ရှိသွားခဲ့သည်။
နိုင်ငံတကာ ငြိမ်းချမ်းရေး ရံပုံငွေများထဲမှ အချို့ကို ကျောင်းများ၊ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ထိခိုက် ခံစားနေရသည့် ပြည်သူများထံသို့ အစားအစာနှင့် အခြားထောက်ပံ့မှုများ ပေးပို့ခြင်းများတွင် အသုံးပြုခဲ့သည်။
သို့သော်လည်း နိုင်ငံတကာ ရံပုံငွေများထဲမှ အများစုကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး အစီအစဉ်တွင် ပါဝင်သူများ၏ နိုင်ငံခြားခရီးစဉ်များ၊ ဟိုတယ်ခများ၊ ၀န်ထမ်းလစာများနှင့် နိုင်ငံတကာ အတိုင်ပင်ခံများအတွက် အခကြေးငွေများအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ယုံကြည်ထားကြသည်။
အလှူရှင်များ၏ ငွေကြေးဖြင့် မြန်မာစစ်တပ်မှ တာဝန်ရှိသူမျုား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် ငြိမ်း ချမ်းရေး ညှိနှိုင်းဆွေးနွေးသူများက ဥရောပ သို့ ခရီးသွားခဲ့ကြသလို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကိုလံဘီယာ ကဲ့သို့သော ပဋိပက္ခလွန်ဒေသများသို့ နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် အစိုးရ စနစ်များကို လေ့လာရန် သွားရောက်ခဲ့ကြ သည်။
MPC တာဝန်ရှိသူများကို ထိုင်းနိုင်ငံ၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် သီးသန့် ငှားရမ်းထားသော လေယာဉ်များနှင့် အတူ ပုံမှန်မြင်တွေ့ခဲ့ရသည်။ အစည်းအဝေးပွဲများအတွက် ခရီးထွက်သည်ဟု ယူဆရပါသည်။
မြန်မာ့အရေး ကျွမ်းကျင်သူ ၀ါရင့်စာနယ်ဇင်းသမားတယောက်ဖြစ်သော Bertil Lintner က “ဒီပိုက်ဆံတွေ ဘယ်ရောက် သွားသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ကျနော် စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းက အကျိုး အမြတ် များပြားတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်လာတယ်။ တိုင်းပြည်ရဲ့ စစ်ပွဲဒေသတွေမှာ ထိခိုက်နစ်နာနေတဲ့ သာမန် ပြည်သူတွေကို လုံးဝ အလေးမထားဘူး။ ဒါမှမဟုတ်လည်း နည်းနည်းပဲ အလေးထားတယ်” ဟုပြောသည်။
ထို့ပြင် MPC ကဲ့သို့ အဖွဲ့အစည်းမျိုးတွင် လုပ်ကိုင်နေသူများ၏ ၁ လ ၀င်ငွေက သာမန်ပြည်သူတဦး ၅ နှစ်ကျော် ရှာဖွေရမည့် ပမာဏနှင့် တူညီနေသည်ဟု Bertil Lintner က ထောက်ပြသည်။ အနောက်တိုင်း NGO များမှ အရင်းအမြစ် အများအပြား ၏ အဆိုအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်နေသော အကြီးတန်းအရာရှိများ၏ ၀င်ငွေက တလလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် အထိရှိသည်ဟု ယူဆရကြောင်း သိရသည်။
ငြိမ်းချမ်းရေးရံပုံငွေရဲ့ အနာဂတ်
Burma Campaign UK မှ Mark Farmaner က ငြိမ်းချမ်းရေးလုပ်ငန်းမှ အကူအညီများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု နည်းပါနေခြင်းက နိုင်ငံတကာမှ အလှူရှင်များအနေဖြင့် ၎င်းတို့၏ ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ရမည့် အချိန်ဖြစ်ကြောင်း ညွှန်ပြနေသည်ဟု ပြောသည်။
နော်ဝေနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Norwegian Burma Committee မှ ဒါရိုက်တာ Audun Aagre ကလည်း ထိုအချက်ကို ထောက်ခံသည်။ နိုင်ငံတကာ အလှူရှင်များ၏ မညီမျှသော ထောက်ပံ့မှုက လက်ရှိ ငြိမ်းချမ်းရေး ရန်ပုံငွေနှင့် ပတ်သက်၍ အမြန်ဆုံးဖြေရှင်းရမည့် ပြဿနာဖြစ်သည်ဟု သူက ဧရာဝတီသို့ပြောသည်။
“နိုင်ငံတကာက ငြိမ်းချမ်းရေး ရံပုံငွေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပေါ်လစီရေးရာ ဆုံးဖြတ်ချက်သူ အချို့ရဲ့ နားလည်မှု နည်းပါးခြင်းတွေကြောင့် ကျနော် အလွန် အံ့သြခဲ့ရပါတယ်။ သူတို့ အများစုက စီးပွားရေး အကျိုးအမြတ်အတွက် လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် အဓိကထားပြီး လုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရောထွေးနေကြတယ်” ဟုသူက ပြောသည်။
ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့မှ Valerie Zirl က ငြိမ်းချမ်းရေး ဆောင်ရွက်မှုများအတွက် ဥရောပမှ ထောက်ပံ့ငွေများသည် မြန်မာနိုင်ငံမှ လူမျိုးစုအလိုက်၊ ဒေသအလိုက် အဖွဲ့အစည်းအလိုက် ပျံ့နှံ့သွားခဲ့သည်ဟု ပြောသည်။ MPC သို့ EU ၏ ထောက်ပံ့မှုသည် အမေရိကန် ဒေါ်လာ ၄.၂ သန်း တန်သည့် စီမံကိန်းတခုမှ တဆင့်ဖြစ်ပြီး ဥရောပ၏ ငြိမ်းချမ်းရေး ဘတ်ဂျက် စုစုပေါင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်ဟုလည်း ဆိုသည်။
“EU က အစိုးရသစ်ရဲ့ ဆန္ဒနဲ့ သူတို့ရဲ့ ဦးစားပေးမှုတွေပေါ်မှာ မူတည်ပြီး ဆက်လက် ထောက်ပံ့သွားဖို့ အသင့် ရှိနေပါ တယ်” ဟု Valerie Zirl က ပြောသည်။
နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုသည် ပြီးခဲ့သည့် နှစ်များအတွင်းက မြင်တွေ့ခဲ့ရသလို မဟုတ်ဘဲ အစိုးရဆီကိုရော တိုင်းရင်းသားများထံကိုပါ ရောက်ရှိသွားသင့်သည်ဟု Audun Aagre ကဆိုသည်။
မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်တွင်ရှိနေစဉ်က ပညာရေးနှင့် ကျန်းမာရေး စနစ်များသည် အစိုးရထိန်းချုပ်မှုအောက် ရှိနေသည့် ဒေသများထက်စာလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများတွင် များစွာပို၍ အလုပ်ဖြစ်ခဲ့ကြောင်း သူက ထောက်ပြသည်။ ယင်းကိုပင် “အသင့်ပြုလုပ်ပြီးသား ဖက်ဒရယ်စနစ်တခု” ဟုလည်း သုံးနှုံးခဲ့သည်။
“ကွဲပြားတဲ့ ဖွဲ့စည်းမှုတွေကို ဖက်ဒရယ်ပြည်ထောင်စု တခုအတွင်းမှာ ပေါင်းစည်းပေးဖို့ ရေရှည် ရည်မှန်းချက်တခုနဲ့ ဒီစနစ် တွေကို အားကောင်းလာအောင် မလုပ်ဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထောက်အပံ့ ဖြတ်တောက်ခဲ့တယ်။ MPC တံခါးစောင့်လုပ်နေတဲ့ အစိုးရက တဆင့် ဒီရံပုံငွေတွေကို ပေးခဲ့တယ်” ဟု Audun Aagre က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Saw Yan Naing ၏ Where Has Burma’s Peace Money Gone? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်ယင်းဆောင်းပါးကို လ၀ီဝမ် ပူးပေါင်းရေးသားသည်။)


သတင်းရင်းမြစ် - ဧရာဝတီ