
ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။ ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှ...ိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းမျာ
Steven Law ဟာ ထင်ပေါ်လိုစိတ်မရှိဘဲ မူးယစ်ရာဇာတို့ရဲ့ထုံးစံအတိ
Steven Law သည် သူ့အဖေ ဘိန်းဘုရင်လောစစ်ဟန်၏ ချမ်းသာကြွယ်ဝမှုကို တရားဝင်ငွေဖြူ ဖြစ်စေရန် ၁၉၉၂ ခုနှစ်တွင် Asia World ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်း စီးပွားရေး နယ်ပယ်ကိုဝင် ရောက်ခဲ့ပါသည်။ ထိုအချိန်က ဗကပပြိုကွဲရေးအတွက် လောစစ်ဟန်မှ တဆင့် လုပ်ဆောင်ခဲ့သော စစ်ထောက် လှမ်းရေးများက အထူးအခွင့်အရေး ပေးမှုအရ Steven Law သည် သစ်လုပ်ခွင့် ပါမစ်တန်(၅၀၀၀) ရရှိခဲ့ပါသည်။ ရရှိခဲ့သည့်ပါမစ်ကို တရုတ်ကုန်သည်များ နှင့် ပေါင်းပြီး အကြိမ်ကြိမ်အခါခါ သစ်တန်ချိန်သိန်းချီ ပို့ဆောင်ခဲ့ပါသည်။ သစ်ပါမစ်ပေါ်မှီပြီး ပြည်တွင်းတရားဝင် စီးပွားရေးလုပ်လာခဲ့သူ Steven Law သည် ၄င်းပိုင်ငွေမဲများဖြင့် လမ်း၊ တံတားဖောက် လုပ်ခြင်း၊ အစိုးရစီမံကိန်း လုပ်ငန်းကြီးများ ဆောက်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြားသွင်းကုန်ထုတ်ကုန်လုပ်
ဇနီးဖြစ်သူ စင်္ကာပူနိုင်ငံသူ ကလေးနှစ်ယောက် အမေ Cecillia Ng သည်လည်း မြန်မာနှင့်စင်္ကာပူ အကြား တရားမ၀င် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်
Steven Law ၏ မူးယစ်ဆေးဝါးကျော်ဇောမှုနှင်
ပြည်တွင်းမှာ စောင့်ကြည့်ခံရမှု အခြေအနေက လွတ်မြောက်ခဲ့ခြင်း၊ တရုတ်အစိုးရ၏ ကျောထောက် နောက်ခံခိုင်မာလာခြင်း၊ ဦးရှစ်လုံးတန်ခိုး အာဏာကြီးထွား လာခြင်းများနှင့်အတူ Steven Law၏ လုပ်ရည်ကိုင်ရည် ပါးနပ်မှုကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး Asia World ဆိုသည့် နဂါးကြီး မြန်မာပြည်တွင် အမောက်ထောင် လာခဲ့ပါသည်။
အထူးသဖြင့် ဦးရှစ်လုံး တာဝန်ယူရသည့် စစ်တပ် တပ်ထောက်ဌာနရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စက်ပစ္စည်း ၀ယ်ယူမှုများ သွင်းကုန်လုပ်ငန်းများ အားလုံး တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့ပြီး ငွေဖြူများ တိုးပွားလာပါသည်။ မူးယစ်မှရရှိသော ငွေမဲများကို ငွေဖြူလုပ်ရာတွင် ဗိုလ်ကြီးဟောင်း အေးချစ် (ဇင်ထက် ဘိလပ်မြေရောင်းဝယ်ရေး) နှင့်ပူးပေါင်းပြီး နှစ်စဉ် ဘိလပ်မြေတန်ချိန် ၃ သန်းနှင့် သံချောင်းလုံးတန်ချိန် ၁ သိန်းခန့်ကို ပြည်ပမှ ဘဏ်ငွေစာရင်းများဖြင့် ၀ယ်ယူပြီး MEC ပြည်တွင်းကျပ် ငွေဖြင့်ပေးချေခဲ့ပါသည်။ Steven Law သည် ဘိလပ်မြေတင်သွင်းမှုကြောင့် ရရှိသည့်ကျပ်ငွေအား ပြည်တွင်းမှ ၀န်ထမ်းများ၏ လစာနှင့်၎င်း၏ Asia W0rld ဘဏ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။ ဦးရှစ်လုံး နယက အတွင်းရေးမှုး(၁)ဖြစ်လာချိန်
တရုတ်ကုမ္မဏီကြီးများ၏ ကိုယ်စားလှယ်(ပွဲစား)အဖြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးများ ကိုချုပ်ကိုင်ထားပြီး မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လေ့လာမှု မပြုဘဲ ကော်မရှင်ရရှိရေး လောဘဇောဖြင့် လုပ်ဆောင်ခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏သယံ ဇာတများကို အမြတ်ကြီးစားရယူနိုင်ရန် Steven Law ကို အသုံးချပြီး မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများကို ကြိုးကိုင် လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများမှ ထင်မြင် ယူဆထားပါသည်။
၂၀၀၈ ခုနှစ်အတွင်း U.S Department Of The Treasury အင်တာနက် ၀ဘ်ဆိုက်မှာ ဖော်ပြချက်အရ Steven Law ၏ Financlal Network တွင် မူယစ်ဆေးဝါးနှင့် ဆက်နွယ်နေသော Asia World ၏ လုပ်ငန်းများကို ဖော်ပြထားရှိပါသည်။
အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက Asia World ဆိပ်ကမ်းမှ ထိုင်ဝမ်ကိုထွက်ခွာမည့် ကုန်တင်သဘောင်္ပေါ်က သစ်သားချောင်းများ အတွင်း ဘိန်းဖြူဘလောက် တုံး ၆၄ တုံး (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) ဖမ်းဆီးခံခဲ့ရပါသည်။ သို့ပေမဲ့လည်း Steven Law ဟာ ဖမ်းဆီး ခံရခြင်းမရှိဘဲ ၄င်း၏စီးပွားရေးလုပ်ငန်းမျာ
၁၉၉၅ ခုနှစ်ခန့်က မူးယစ်ဆေးဝါးဘုရင်၏ သားဖြစ်လို့ ကမ္ဘာကျော် ရှန်ဂရီလာ ဟိုတယ်များ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့ရသော Steven Law သည် မူးယစ်ငွေမဲများကို ပြည်တွင်းစီးပွားရေး ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် ငွေဖြူလုပ်လာနိုင်ခဲ့သဖြင့်
( ဆောင်းပါးရှင် - ရွှေဓူဝံ )
yeyintnge ဘလော့ခ် မှကူးယူဖော်ပြပါသည်။
0 comments:
Post a Comment