Monday, December 5, 2016

ရှမ်းပြည်မြောက်ပိုင်းမှာ ပူးပေါင်းစစ်ဆင်ရေးလုပ်ရခြင်းအကြောင်းအရင်းက ဘာပါလဲ?

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် (ဘားမားလင့်ခ်)

NLD ဦးဆောင်သောအစိုးရအာဏာစရလာချိန် မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင်    ဖြစ်ပွားနေသော ပြည်သူလူထုများကိုဆန့်ကျင်တိုက်ခိုက်မှုပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေခဲ့ပြီုး ကွဲပြားသော အရပ်ဘက် ဆိုင်ရာအဖွဲ့အစည်းနှ င့် လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်းတို့မှ မှတ်တမ်းမှတ်ရာရယူခဲ့တယ်။ မြန်မာ့တပ်မတော်မှ တိုက်ခိုက်မှုအတွက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုခံမူများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့ပြီး လပေါင်းများစွာ အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ စိတ်ရှည်နှုတ်ဆိတ်မှုပြုနေခြင်းကို အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းလူထုများစွာမှ သူမအားပြောကြားစေချင်တယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့အစည်းဖြစ်သော KIA /KIO ၊ PSLF/TNLA ၊ AA နှင့် MNDAA တို့ဘက်မှ မြန်မာ့တပ်မတော်၏ ဆက်လက်တိုက်ခိုက်နေခြင်းကို အစိုးရဘက်မှဖိအားပေးမှုအပေါ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ မြန်မာ့တပ်မတော်ကို ပူးပေါင်းထိုးစစ်ဆင်နွဲခဲ့သည်။ မြန်မာ့တပ်မတော်မှ ဒီလိုရက်စက်သော အပြုအမူတွေကို ဆက်လက်လုပ်နေသေးသ၍ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြန်ကြားနူတ်ဆိတ်မူ၊တစ်ပြည်လုံးဆိုင်ရာပစ်ခတ်ရပ်စဲရေးစာချုပ်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ထိုးရေးထိုးမှု ဖယ်ထုတ်ခြင်းအကြောင်းကို၊ PSLF/TNLT ၏ နိုင်ငံခြားရေးဌာနချုပ်၊ တာပန်လ (Tar Parn La, Head of Foreign Department of the PSLF/TNLA) မှ ဘားမားလင့်ခ် (Burma Link) ကို ထိုးစစ်ဆင်မူရဲ့ အကြောင်းအရင်း၊ မဟာမိတ်၏ လူထုအပေါ် ကာကွယ်မူဆောင်ရွက်ခြင်း၊ နှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ စစ်တပ်နှင့်အတူတွဲသဘောရှိမှုပုံစံအဖြစ် သူရဲ့ အမြင်ဖြင့် သုံးသပ်ပြောပြခဲ့ပါတယ်။

(မေး) ရှမ်းပြည်မြောက်ပိုင်းမှာ ပူးပေါင်းစစ်ဆင်ရေးလုပ်ရခြင်းအကြောင်းအရင်းက ဘာပါလဲ။ အခုမှဘာကြောင့်လဲ။

ပူးပေါင်းစစ်ဆင်ရေးလုပ်ရခြင်းအကြောင်းကတော့ (၁) တအာင်းဒေသ နေရာအနှံ့အပြားမှာ ၂၀၁၂-၂၀၁၃ ခုနှစ်စတင်ပြီးတော့ မြန်မာတပ်မတော်က မိမိတို့ TNLA ကို ထိုးစစ်ပြင်းထန်စွာ ဆင်နေခဲ့တယ်၊ ၂၀၁၅-၂၀၁၆ မှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တပ်မအားလုံးနီးပါး တအာင်းဒေသကို လာရောက်ထိုးစစ်ဆင်နေခဲ့တယ်။ လတ်တလောမှာဆိုရင် နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်အနေနဲ့ မိမိတို့ TNLA ပြောက်ကြားတပ်တွေကို ရှာမရတဲ့အခါမှာဖြစ်စေ၊ အခြားရည်ရွယ်ချက်များဖြင့်ဖြစ်စေ အရပ်သားတွေနေတဲ့ ရပ်ရွာတွေ နေအိမ်တွေ လက်နက်ကြီးများနဲ့ ဦးတည်တိုက်ခိုက်နေကြတယ်။

(၂) ကချင်ပြည်နယ်မှာဆိုရင်လည်း ၂၁ ရာစုပင်လုံညီလာခံအလွန်မှာ တောက်ရှောက်စဉ်ဆက်မပြတ် ကြီးမားတဲ့ ချေမှုန်းရေးထိုးစစ်တွေ ဆင်နေတာ ၃ လကျော်သွားခဲ့ပါပြီ၊ ထိုနည်းတူစွာပင် ကိုးကန့်ဒေသနှင့် ရခိုင်ပြည်နယ် တွေမှာလည်း မြန်မာ့တပ်မတော်ကနေ ထိုးစစ်တွေတောက်လျှောက် ဆင်နွဲနေပါတယ်။ ဒီဒေသများမှာလည်း တပ်မတော်အနေနဲ့ အရပ်သားတွေကိုဦးတည်ပြီး တိုက်ခိုက်သတ်ဖြတ်တာတွေ အဆက်မပြတ်ရှိနေခဲ့ပေမယ့် မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရက တာဝန်ယူခြင်း၊ တာဝန်ခံခြင်းတွေမရှိဘူး။ အခြားသော ပရဟိတအရေး လှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေကလည်း တိုက်ခိုက်သတ်ဖြတ်ခြင်းခံရတဲ့ အရပ်သားတွေကို အရေးတယူကူညီဖေးမတာမျိုးလည်း မလုပ်ကြဘူး။

ဒါကြောင့်မိမိတို့အဖွဲ့လေးဖွဲ့ကဒီလမ်းလွဲနေတဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်ကနေအားလုံးကပြန်လည်သတိရ နှိုးထပြီး လမ်းမှန်ပေါ်ရောက်အောင် ဝိုင်းဝန်းတည့်မတ်ပို့ဆောင်ပေးစေရေး၊ ထိုးစစ်ဆင်မှုတွေ  လျော့ကျသွားစေပြီး စစ်မှန်တဲ့ တစ်နိုင်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးဖြစ်ပေါ်လာရေး တို့အတွက် မိမိတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သဘောတူညီချက်များရရှိပြီးနောက် ယခု တွေ့မြင်နေရတဲ့ Northern Alliance (Burma) ပူးပေါင်းစစ်ဆင်ရေး အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ ထို့နောက်ယခုအချိန်ဟာ မိမိတို့အနေဖြင့် မြန်မာအစိုးရနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေသော်ငြားလည်း မြန်မာတပ်မတော်နဲ့ အစိုးရက လက်ခံခြင်းမပြုပဲ သူတို့အနေဖြင့်လည်း နှုတ်ဆိတ်နေခြင်းအားဖြင့်တပ်မတော်ရဲ့ ထိုးစစ်များနဲ့ အရပ်ကြောင့်၊ အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတပ်မတော်ကနေ မြန်မာတပ်မတော်ရဲ့ ထိုးစစ်များကို အားပေးနေသည့်ကာလ ဖြစ်နေသည့်အလျောက် ဒီအချိန်မှာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးလမ်းကြောင်း လမ်းမှန်ပေါ်ပြန်ရောက်လာမယ်လို့ ယုံကြည်ချက်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

(မေး) အဓိကပူးပေါင်းစစ်ဆင်ရေးလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

အဓိကရည်ရွယ်တာကတော့ ပထမအချက်ကတော့ မိမိတို့ဒေသမှာ ရှိနေတဲ့ မြန်မာတပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှုတွေ ရပ်တန့်သွားစေဖို့၊ ထိုးစစ်ဆင်နေတဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေ သူတို့ရဲ့ မိခင်ဌာန၊ တပ်ရင်းဌာနရှိရာကို ပြန်လည်ဆုတ်ခွာသွားစေဖို့ အဓိကရည်ရွယ်ပါတယ်။

ဒုတိယကတော့လမ်းကြောင်းလွှဲမှားနေတဲ့မြန်မာတပ်မတော်နဲ့အစိုးရတွေရဲ့ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် အားလုံးကနေမှ ဝိုင်းဝန်းတည့်မတ်ပေးစေဖို့ ရည်ရွယ်လိုပါတယ်၊ အထူးအားဖြင့် မြန်မာ့တပ်မတော်နဲ့အစိုးရကနေမှ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်ရပ်ရေးကို လက်ခံဆောင်ရွက်ခြင်း မပြုတဲ့ကိစ္စရပ်၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ EAO အဖွဲ့အားလုံးကို ပါဝင်ရန်လက်မခံသည့်ကိစ္စရပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နှစ်ကြိမ်နှစ်ခါ ကျင်းပပြီးသွားသော်လည်း EAO အဖွဲ့အားလုံး ပါဝင်ခွင့်မပြုတဲ့ ကိစ္စရပ်တွေဟာ အမြန်ဆုံး မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်၊ ဒါတွေကို ပြောင်းလဲစေဖို့ ရည်ရွယ်ပါတယ်။

(မေး)သင့်အနေဖြင့် ယခုလက်ရှိပဋိပက္ခအခြေအနေကိုပြောပြနိုင်မလား။

ဒီနိုဝင်ဘာလ ၂ဝ ရက်ကနေစတင်ပြီးတော့ မိမိတို့မဟာမိတ်အဖွဲ့မှ မူဆယ်မြို့နယ်အတွင်းရှိ မုံးကိုးဗျူဟာစခန်း၊ ဖောင်းဆိုင်စခန်း၊ ကြူကုတ် – ပန်ဆိုင်းစခန်း၊ ၁၀၅-မိုင် လုံခြုံရေးစခန်းများနှင့်အခြား လုံခြုံရေး စစ်စခန်း၊ တပ်စခန်းအများအပြားနှင့် စစ်ကူလာသည့် စစ်ကြောင်းများ၊ ကွတ်ခိုင်-ဗျူဟာစခန်းစသည်တို့ကို တိုက်ခိုက်ခဲ့တယ်။

အဆိုပါတိုက်ပွဲများကြောင့် တရုပ်နယ်စပ်ကုန်သွယ်ရေးမှာ ယာယီပိတ်ထားရပီး လားရှိုးမှ ကွမ်းလုံလမ်းကြောင်း၊ လားရှိုးမှ မူဆယ်လမ်းကြောင်းတို့သည် အသုံးပြုရန် ခရီးသွားရန် မလုံခြုံတော့ပါ၊ မိမိတို့မှလည်း ၂၁ ရက်နေ့ ထုတ်ပြန်ချက်ထုတ်ပြီး ပြည်သူများထံသို့ ရှမ်းပြည်မြောက်ပိုင်းသို့ လမ်းခရီးလုံခြုံမရှိတော့ပါသဖြင့် ခရီးမသွားကြ ရန် မေတ္တာရပ်ခံထားရသည်။

အထက်နယ်ပယ်ဒေသအားလုံးတို့သည် စစ်မြေပြင်ဖြစ်သွားသည့်အတွက် ကုန်စည်စီဆင်းမှုများနှင့် ဒေသခံတို့၏ လူနေမှုဘဝတို့ အခက်အခဲများ ကြုံနေရသည်။ စစ်ပြေးဒုက္ခသည်  တစ်သောင်း ထက်မနည်းလည်း             လုံခြုံရာသို့ ပြောင်းရွှေ့နေကြရပါတယ်။

၂ဝ ရက်မှ ၂၈  ရက်အထိ မိမိတို့မဟာမိတ်အဖွဲ့နှင့် မြန်မာတပ်မတော်တို့ စုစုပေါင်းတိုက်ပွဲအကြိမ် ၂၀ ရက် (၁၅) ကြိမ်၊ ၂၁ ရက်(၈)ကြိမ်၊ ၂၂ ရက် (၁၀)ကြိမ်၊ ၂၃ ရက်(၁၄)ကြိမ်၊ ၂၄ ရက်(၁၁)ကြိမ်၊ ၂၅ ရက် (၈)ကြိမ်၊ ၂၆ ရက် (၆)ကြိမ်၊ ၂၇ ရက်(၈)ကြိမ်၊ ၂၈ ရက်(၈)ကြိမ်၊စုစုပေါင်း ၂၀ ရက်မှ ၂၇ ရက်အထိ တိုက်ပွဲပေါင်း (၈၈)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မြန်မာတပ်တို့၏ ထိုးစစ်ကြောင့် တိုက်ပွဲဆက်လက်ပြီး ပြင်းထန်လာနိုင်ပါတယ်။

(မေး) ထိုးစစ်ဆင်မူတွေကလူထုကို ဘယ်လိုမျိုးသက်ရောက်မူရှိလည်း။ လူထုကို ကာကွယ်မူယူခြင်းရဲ့လုပ်ငန်းစဉ်တွေ ဘာပါလဲ။

၂၀ ရက်နေ့မှာ မုံးကိုးဗျူဟာစခန်းကို မိမိတို့ ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ မြန်မာတပ်မတော်နဲ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီးတော့ တပ်မတော်ဘက်ကနေ လေတပ်အကူများဖြင့် လာရောက်တိုက်ခိုက်ခဲ့ပါတယ်၊ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရရှိပြီးတော့ လင်မယားနှစ်ဦး   သေဆုံး သွားခဲ့ပါတယ်။ အစကနဦးမှာ မူဆယ် ၁၀၅ မိုင်ဝန်းကျင်ရှိ လူထုများနဲ့ မုံးကိုး ပန်ဆိုင်းရှိ ပြည်သူတွေ ၅၀၀၀ ထက်မနည်း လုံခြုံရာနေရာသို့ ပြောင်းရွှေ့ ခဲ့ကြရပါတယ်။

တနေ့က ၂၅ နဲ့ ၂၆ ရက်တိုက်ပွဲတွေမှာ မြန်မာတပ်မတော်က မီးမြှိုက်လိုက်လို့ မုံးကိုးရှိ ပြည်သူ့အိုးအိမ်အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ အခြားတိုက်ခိုက်မှုတွေမှာလည်း အရပ်သားတွေထိခိုက်ကျဆုံးတာရှိတယ်လို့ ကြားသိရပါတယ်၊ ဒါပေမယ့် စစ်မြေမြင်ပဋ္ဋိပက္ခဒေသအတွင်းမှာ ဘယ်သူက ပစ်ခတ်လိုက်တာလဲ ဘယ်သူ့ကျည်ဆံလဲဆိုတာ ဝေခွဲပိုင်းခြားရခက်တယ်။ မိမိတို့အနေဖြင့် အဆိုပါ အရပ်သားထိခိုက်မှုနဲ့စပ်လျဉ်းပြီး     လေ့လာသူလိုများရှိပါက လာရောက်လေ့လာနိုင်ပါကြောင်း မိမိတို့ အနေဖြင့် အတတ်နိုင်ဆုံး ကူညီပေးမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါတယ်။

မိမိတို့အနေနဲ့ အရပ်သားပြည်သူများကို ထိခိုက်မှုမရှိစေရန်အတွက် ၂၁ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ပြီး ပြည်သူများအနေနဲ့ ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် ခရီးမသွားကြဖို့ မေတ္တာရပ်ခံ ထားသလိုအလျဉ်းသင့်သလိုလည်းအသိပေးနှိုးဆော်ခြင်းမေတ္တာရပ်ခံခြင်းပြုလုပ်ထားပါတယ်။

(မေး)မြောက်ပိုင်း မဟာမိတ် နှင့် UWSA ရဲ့ ဆက်ဆံရေးကဘယ်လိုပါလဲ။

UWSA နဲ့ ဆက်ဆံရေးမှာ တစ်ဖွဲ့ချင်း မဟာမိတ်ဆက်ဆံရေးသာရှိပြီး Northern Alliance အနေနဲ့ ဆက်ဆံရေးတော့ မရှိပါဖူး။ သို့သော်မိမိတို့အဖွဲ့အစည်း PSLF/TNLA အနေနဲ့ အိမ်နီးချင်းလည်းဟုတ်၊ သွေးညီအကိုလည်းဟုတ်၊ ဘဝတူလည်း ဟုတ်သည့်အတွက် နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။

(မေး)မြောက်ပိုင်းမဟာမိတ် နှင့် အခြား EAO ဆက်ဆံရေးကဘယ်လိုလည်း။

Northern Alliance သည် EAO မဟာမိတ်အဖွဲ့အစည်းသစ်တစ်ခု မဟုတ်ပါ၊ လက်ရှိအနေအထားများ အရ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်အရ မြန်မာတပ်မတော်ရဲ့ ပြင်းထန်တဲ့ထိုးစစ်များကို ခုခံနိုင်ဖို့အတွက် စစ်ရေးအရပူးပေါင်းဆောင်ရွက်သည့် မဟာမိတ်အဖွဲ့ဖြစ်သည်။ မိမိတို့အားလုံးသည်လည်း UNFC အဖွဲ့ဝင်များ ဖြစ်နေသည့်အားလျော်စွာ UNFC မူကို ကျော်လွန်ပြီး နောက်ထပ် EAO တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် မလိုအပ်ဟုလည်း မြင်တယ်။

(မေး) မြန်မာနိုင်ငံဖြင့် ရေရှည်တည့်တံ့သည် ငြိမ်းချမ်းရေး ကိုဘယ်လိုရောက်အောင်ဆောင်ရွက်နိုင်မလဲ။

ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေး တည်ဖောက်ဖို့ရန်ဆိုရင် ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်း အားလုံး ပါဝင်နိုင်ဖို့ရန် ဖိတ်ခေါ်လမ်းဖွင့်ထားရပါမယ်၊ စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် အဖြေကောင်းရနိုင်မည် မဟုတ်ပါ၊ နှစ်ရာစုနှစ်ဝက်ကျော်သမိုင်းဖြတ်သန်းမှုက စစ်ရေးအရဖြေရှင်းခြင်းသည် မအောင်မြင်ကြောင်း သက်သေထူခဲ့ပြီး ဖြစ်သည်။ တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းဖြင့်သာလျင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသသို့ ထိုးစစ်များ စစ်ရေးအစီအမံများ ဆက်လက်ပြီး ပြုလုပ်နေပါကလည်း ရေရှည်တည်တန့်သော ငြိမ်းချမ်းရေးရရှိနိုင်မည် မဟုတ်ပါ။  ထိုးစစ်များ စစ်ရေးအစီအမံများရုပ်သိမ်းပြီး တွေ့ဆုံဆွေးပါမှ ရေရှည်တည်သည့် ငြိမ်းချမ်းရေးရရှိမှာ ဖြစ်ပါတယ်။

(မေး) လူအဖွဲ့အစည်း၊ သင့်၏သတင်းစကားဖြင့် EAO ခေါင်းဆောင်တွေ၊ မြန်မာပြည်က လူထုတွေ၊ နိုင်ငံတကာ

ကျတော်တို့အနေနဲ့ ဒီစစ်ဆင်ရေးကို ဆင်နွဲခြင်းဟာ စစ်ရေးအကျပ်အတည်းကြောင့် လိုအပ်ချက်အရ ကြောင့် ဆောင်ရွက်ရခြင်းဖြစ်တယ်၊ ကျတော်တို့ဒေသအနှံ့အပြားမှာ တောက်ရှောက်မြန်မာတပ်မတော်ရဲ့ ပြင်းထန်သော ထိုးစစ်များကို ခုခံနေကြရသည့်အတွက်ကြောင့် ယခုကဲသို့ အဖွဲ့လေးဖွဲ့စုပေါင်းပြီး တန်ပြန်ခုခံစစ် ဆင်နွဲရခြင်းဖြစ်ကြောင်း အသိပေးလိုပါတယ်။

အရပ်သားပြည်သူများထံ နိုဝင်ဘာလ ၂၁ ရက်နေ့တုန်းမှာလည်း ရှမ်းမြောက်ကို ခရီးမသွားကြဖို့ ရှောင်ရှားကြဖို့ မေတ္တာရပ်ခံထားပြီး ဖြစ်ပါတယ်၊ အခုတခါ ထပ်မံပြီး ပြည်သူများအနေနဲ့ ရှမ်းမြောက်ဒေသမှာ စစ်မြေပြင် ဖြစ်နေသည့်အတွက် လူထုများအတွက် လုံခြုံမရှိသည့် အတွက် မသွားလာကြဖို့လည်းထပ်မံ မေတ္တာရပ်ခံလိုပါတယ်။

မြန်မာပြည်သူသားများနှင့် နိုင်ငံတကာမိသားစုများအနေဖြင့်လည်းမြန်မာတပ်မတော်မှ EAO ဒေသရှိ ထိုးစစ်များကို ရုပ်သိမ်း၍ မိခင်ဌာနေတပ်ရင်းသို့ ပြန်စေပြီး စစ်မှန်သော ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။

(မေး) နိုင်ဝင်ဘာလ ၂၃ ရက်နေ့ကထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထုတ်ပြန်ချက်နှင့် ပဋိပက္ခအခြေအနေအ ပေါ်နှုတ်ဆိတ်နေမူ၊ ချက်ခြင်း လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းမူနှင့် NCA လက်မှတ် ထိုးမူတိုကို သင့်အနေဖြင့် ဘယ်လိုခံစားရပါသလဲ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ့မရဲ့ ၂၃ ရက်နေ့ထုတ်တဲ့ ထုတ်ပြန်ချက်မှာ လူ့အခွင့်အရေး ကျယ်ပြန့်စွာ ချိုးဖောက်နေတဲ့ စစ်ရာဇာဝတ်မှုများကျူးလွန်နေတဲ့ မိမိတို့ တိုင်းရင်းသားပြည်သူတွေ သတ်ဖြတ် ဖျက်ဆီးခဲ့တဲ့ မြန်မာတပ်မတော်ကို ချှီးမွှမ်းထာပနာပြုပြီး မြန်မာ့တပ်မတော်ကို အားပေးအားမြှောက်ပြုတာ ဝမ်းနည်းဖွယ် ကောင်းပါပေတယ်။ ငြိမ်းချမ်းရေးတွင်ပါဝင်ရန် ဖိတ်ခေါ်ခြင်းနှင့် NCA ထိုးဖို့ ဖိတ်ခေါ်ခြင်းတို့သည်လည်း လက်တွေ့ ပကတိအခြေအနေများနဲ့ ကင်းကွာနေတာကို တွေ့ရပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ  ဖော်ပြထားပေမယ့် လက်တွေ့မှာ လမ်းမဖွင့်ပေးပဲ ပိတ်ပင်ကန့်သတ်ထားနေမယ်ဆိုရင် အကောင်အထည်ဖော်မှု မပါရှိတဲ့ နှုတ်ခွန်းစကားပဲ ဖြစ်နေပါမယ်။

ဘာကြောင့်လဲဆိုတော့ အထူးအားဖြင့် မိမိတို့ AA MNDAA PSLF/TNLA အဖွဲ့အစည်းများဟာ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်လိုကြောင်း၊ NCA ကိုလည်း UNFC ညှိနှိုင်းချက် (၉)ချက်နဲ့အတူ ပါဝင်လိုကြောင်း ဆန္ဒပြု ထားပေးမယ့် မြန်မာတပ်မတော်နဲ့ မြန်မာအစိုးရက မိမိတို့ သုံးဖွဲ့ကို ကန့်သတ်ပိတ်ထားပြီး ပါဝင်ခွင့်မပေးသည်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

မိမိတို့ မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် ပါဝင်ရန်ကြိုးပမ်း နေသော်လည်း မြန်မာတပ်မတော်မှ မိမိတို့အား နေ့စဉ်ရက်စက် ထိုးစစ်များဖြင့် စစ်ရေးအရဖိအားပေးပြီး အပြုတ်ချေမှုန်းရေးတိုက်ပွဲကိုသာလျင် ဆင်နွဲနေပါတယ်။

ဒါကြောင့်၊ အဆိုပါထုတ်ပြန်ချက်သည် ပကတိအခြေအနေများနှင့်မကိုက်ညီကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ မူဝါဒပေါ်လစီကိုသာ လိုက်ပါအကောင်အထည်နေမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်၊ NLD ရဲ့ စွန့်လွှတ်အနစ်ခံခဲ့သည့် သမိုင်းရုပ်ပုံလွှာကို ထိခိုက်ပျက်စီးသွားစေနိုင်ကြောင်း ဖော်ပြအပ်ပါတယ်။

 

(မေး) နောက်ထက်တစ်ခုခုများပြောစရာရှိသေးလား။

ကျတော်တို့အနေနဲ့ အထူးသဖြင့် AA ၊ MNDAA ၊ PSLF/TNLA အဖွဲ့များအနေဖြင့် မြန်မာငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်ပြီး စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လိုပါတယ်၊ သို့သော် မြန်မာအစိုးရနဲ့ တပ်မတော်တို့က မိမိတို့ပါဝင်မှု ပိတ်ပင်ထားပြီး ထိုးစစ်များဖြင့် စစ်ရေးအရသာ ဖိအားပေးနေသည့်အတွက် မလိုလားအပ်သည့် စစ်ရေးတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါကြောင်းလည်း ဖော်ပြအပ်ပါတယ်။

 

Tar Parn La

Head of Foreign Department

Palaung State Liberation Front – PSLF

Ta’ang National Liberation Army – TNLA

Sunday, November 27, 2016

ရှမ်းပြည်မြောက်ပိုင်းက စစ်မြေပြင်


၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က KIA၊ MNDAA၊ TNLA၊ AA တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ ၄ ဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက ရှမ်းပြည်မြောက်ပိုင်း နေရာတော်တော် များများတွင် စစ်ဆင်ရေး တရပ်ပြုလုပ် ခဲ့သည်။

၎င်းတို့ ပြုလုပ်သည့် စစ်ဆင်ရေး နယ်မြေတွင် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းတွင် အချက်အချာကျသည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်ပါဝင်ပြီး အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းလည်း ယာယီ ပိတ်ဆို့ သွားပေရာ ပြည်တွင်းရော ပြည်ပမှပါ အထူးအာရုံစိုက်မိ သွားခဲ့ပေတော့သည်။

တကယ်တော့ အဆိုပါဒေသ စစ်မြေပြင် ဖြစ်နေသည်မှာ ယခုမှ မဟုတ်ပေ။ ဗမာပြည် လွတ်လပ်ရေး မရှေးမနှောင်း ကာလကပင် စစ်မြေပြင် ဖြစ်နေသည့် ဒေသ ဖြစ်သည်။ ယေဘုယျ အားဖြင့် ထိုဒေသအား ပုံဖေါ်ပြရလျှင် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့် ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်း ကားလမ်း၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်၊ တောင်ဘက်ခြမ်း ဖြစ် သည်။

ဒေသ ၁။ လားရှိုး သိန္နီ ကားလမ်း သိန္နီ ကွန်လုံ ကားလမ်းနှင့် သံလွင်မြစ်ကြားရှိ မုန်းကျက် မုန်းယော်ဒေသ။ ဒေသ ၂။ ကွန်လုံ ဟိုပန် ပန်လုံ ဒေသ။ ဒေသ ၃။ ကွန်လုံ မြောက်ဘက် ချင်းရွှေဟော် လောက်ကိုင် ကိုးကန့်ဒေသ (သံလွင်မြစ်နှင့် တရုတ်မြန် မာနယ်စပ်ကြား)။ ဒေသ ၄။ ကွန်းလုံ သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် ကားလမ်းနှင့် မြောက်ဘက် တရုတ် မြန်မာနယ်စပ် အရှေ့ဘက် သံလွင်မြစ်ကြား (ကြူကုတ် ပန်ဆိုင်း မုန်းပေါ် ဒေသ၊ မုန်းကိုး ဖောင်းဆိုင်ဒေသ၊ မုန်းယား မုန်းဟောင်ဒေသ၊ တာမိုးညဲဒေသ၊ မုန်းစီး နားလယ်ဒေသ)။ ဒေသ ၅။ မြောက်ဘက် သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်း ကားလမ်းနှင့် တောင် ဘက် သီပေါ၊ ကျောက်မဲ၊ မိုး မိတ် အနောက်ဘက် ရွှေလီ မြစ်ကြား (နမ့်ဆမ် မန်တုန် ဒေသ ရွှေလီ ချိုင့်ဝှမ်း ဂွင်) ဟူ၍ လွယ်ကူစွာ ရှင်းလင်း ကြည့်မြင်နိုင်ရန် အတွက် အကြမ်းဖျင်း အား ဖြင့် ဒေသ ၅ ခုအဖြစ် ပိုင်းခြားကြည့်မြင်နိုင်ပါသည်။

ဒေသအလိုက် တိုင်းရင်းသား လူမျိုး စုဖွဲ့မှု

ရှမ်းမြောက် ဒေသ တခုလုံးတွင် ရှမ်း၊ ကချင်၊ တအန်း ပလောင်၊ ကိုးကန့် တရုတ်နှင့် အခြား တိုင်းရင်းသား အချို့အပြင် တရုတ်ရွာ အချို့လည်းရှိသည်။ ဒေသ ၁ တွင် ရှမ်း၊ ကချင်၊ တအန်း၊ ပလောင်နှင့် တရုတ်ရွာများ ရှိသည်။ လူဦးရေ မထူး ထပ်လှပေ။ ဒေသ ၂ တွင် ဝ လူမျိုး များနှင့် ရှမ်းရွာ ရှိသည်။ ဝ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသတွင် ပါသည်။

ဒေသ ၃ တွင် ကိုးကန့် တရုတ် အများစုဖြစ်ပြီး တအန်း ပလောင် ရွာအချို့လည်း ရှိသည်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ ဖြစ်သည်။ ဒေသ ၄ ၌ ရှမ်း၊ ကချင်၊ တအန်း ပလောင် တို့အပြင် တာမိုးညဲ တဝိုက်နှင့် မုန်းစီး နားလယ် အရှေ့ သံလွင် မြစ်ဘေးတွင် တရုတ်နှင့် ကိုးကန့် တရုတ်ရွာ အနည်းငယ် ရှိသည်။

ရှမ်းမြောက် ပိုင်းသည် မူလက သိန္နီ စော်ဘွား အုပ်ချုပ်ရေး နယ်ထဲတွင် ရှိသည်။ ဒေသ ၄ အတွင်း နယ်အလိုက် အုပ်ချုပ်သူ များမှာ ကချင် ဒူဝါများဖြစ်သည်။ ဒေသ ၅ အတွင်း နန့်ဆမ် မန်တုန်နှင့် ငါးတောင် ကိုးတောင် နယ်တို့ ပါဝင်သည်။ နမ့်ဆမ် မန်တုန် နယ်သည် မူလက နမ်ဆမ် တောင်ပိုင်စော်ဘွား၏ နယ်ဖြစ်ပြီး လက်ရှိ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဖြစ်သည်။ ငါးတောင် ကိုးတောင် ဒေသကတော့ မူလ ကချင်ဒူဝါများ အုပ်ချုပ်သည်။

ထိုဒေသ တခုလုံးအရ သိန္နီ မူဆယ် နမ့်ခမ်း မြို့များနှင့် သိန္နီကွင်း မူဆယ် နမ့်ခမ်း ကြူကုတ် ပန်ဆိုင်းကြား တောင်ပေါ် မြေပြန့်များနှင့် ရှမ်းမြောက် တခုလုံးရှိ တောင်ကြားမြေပြန့် များတွင် ရှမ်းရွာများ ရှိသည်။ တောင်တန်းများတွင် တအန်း၊ ပလောင်၊ ကချင်တို့ နေထိုင်ကြသည်။ ကိုးကန့် တရုတ်ရွာ များကတော့ ကိုးကန့်ဒေသနှင့် သံလွင်မြစ် အနောက်ဘက်ကမ်း တဝိုက်တွင် ရှိသည်။

လက်နက်ကိုင် ပုန်ကန်မှု ဖြစ်စဉ်အကျဉ်း

ထိုဒေသတွင် ပထမဆုံး လက်နက်ကိုင် ပုန်ကန်မှု သယ်ဆောင်လာသူမှာ ဖဆပလ အစိုးရ လက်ထက် ၁၉၄၉ ခုနှစ်တွင် အစိုးရ စစ်တပ်မှ ဗိုလ်ကြီး လဖိုင်နော်ဆိုင်းနှင့် အဖွဲ့ ဖြစ်သည်။ ဗိုလ်နော်ဆိုင်း နှင့်အဖွဲ့သည် မေမြို့ ခေါ် ပြင်ဦးလွင် အားသိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်း သို့ ချီတက်ခဲ့ပြီး နမ့်ခမ်းအား သိမ်းပိုက်ခဲ့သည်။

ဗိုလ်နော်ဆိုင်း နှင့်အဖွဲ့သည် ၁၉၅၀ ခုနှစ်တွင် တရုတ်ပြည်သို့ ဝင်ရောက်ပြီး နိုင်ငံရေး ခိုလှုံ ခွင့် တောင်းခံညခဲ့သည်။ အဆိုပါ ဗိုလ် နော်ဆိုင်း ၏အဖွဲ့နှင့် ပူးပေါင်းရန် မိုးမိတ် အထက် ဘက်ရှိ လွယ်ရ ဒူဝါ လထော် ခွန်ထွန်း ဦးစီး အင်အား ၁၀၀ ခန့် ပုန်ကန် ခဲ့ကြ သေးသော် လည်း ဗိုလ်နော်ဆိုင်း အဖွဲ့နှင့် မပူးပေါင်း နိုင်ဘဲ ဖြိုခွဲ ခံခဲ့ရသည်။ ဤလှုပ်ရှားမှုသည် ရှမ်း ပြည်မြောက်ပိုင်းတွင် ပထမဆုံး လက်နက်ကိုင် ပုန်ကန် လှုပ်ရှားမှု ဖြစ်ခဲ့သည်။ အထက် ဖော် ပြပါ ဒေသ ၅ အတွင်း ဖြစ်ခဲ့သည်။

ရှမ်းမြောက်တွင်း ဒုတိယ လက်နက်ကိုင် ပုန်ကန်မှုမှာ ဒေသ ၃ ဖြစ်သည့် ကိုးကန့် ဒေသတွင် ဖြစ်သည်။ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်သည့် အချိန်တွင် ကိုးကန့်စော်ဘွား၏ ကာကွယ်ရေး တပ်ခေါင်းဆောင် ဖုန်ကြားစင်း ဖုန်ကြားဖူး တို့မှ ပုန်ကန်ခဲ့ ကြသည်။

ပုန်ကန်မှု အစောပိုင်းတွင် ကိုးကန့်စော်ဘွား ဂျင်မီယန်မှ ပူးပေါင်းခဲ့သော်လည်း ၁၉၆၇ ခုနှစ် တွင် ဂျင်မီယန်သည် အစိုးရထံ အလင်းဝင် ခဲ့သည်။ ဖုန်ကြားစင်း ညီအကိုကမူ လက်နက် မချဘဲ တရုတ်နယ်စပ် ကပ်၍ အရှေ့မြောက် ဗကပနှင့် ပူးပေါင်းခဲ့သည်။ ဖုန်ကြားစင်း ခေါင်း ဆောင်သည့် ကိုးကန့်အဖွဲ့သည် လက်ရှိအချိန်ထိ အစိုးရအား ပုန်ကန်တိုက်ခိုက် နေဆဲ အဖွဲ့ဖြစ် သည်။

ရှမ်းမြောက်ဒေသတွင် တတိယ ပုန်ကန်မှုသည် ဒေသ ၅ အတွင်း ဖြစ်ပွားသည်။ ၁၉၅၈ ခုနှစ် တွင် စတင်ခဲ့သည့် ရှမ်းတို့၏ နွမ်စစ်ဟန် လှုပ်ရှားမှုမှ အစပြု၍ ၁၉၆၀တွင် ဒေသ ၅ အတွင်းရှိ နမ့်ဆမ် တဝိုက်နှင့် နမ့်ခမ်းတဝိုက်တွင် ပလောင် တပ်ရင်း ၅ နှင့် တပ်ရင်း ၆ ဟူ၍ ပေါ်ပေါက် ခဲ့သည်။

ထိုတပ်များသည် နောင်တွင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့ PSLO/PSLA ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ် PSLO/PSLA လက် နက်စွန့် ရပြီးနောက် ၂၀၀၇ နောက်ပိုင်း တအန်း ပလောင် လက်နက်ကိုင် ဖွဲ့စည်းနိုင်ရေး ပြန်လည်လှုပ်ရှား ခဲ့ကြပြီး ၂၀၁၁ နှစ် ကုန်ပိုင်း မှစ၍ PSLF/TNLA ကို ဖွဲ့စည်းနိုင်ပြီး ယနေ့တိုင် လှုပ်ရှားခဲ့သည်။ TNLA သည် နောက်ပိုင်းတွင် KIA/ MNDAA တို့နှင့်ပါ မဟာမိတ် ဖွဲ့ခဲ့ပြီး ဒေသ ၃ နှင့် ဒေသ ၄ အတွင်း၌ပါ လှုပ်ရှားခဲ့သည်။
ထို့အတူ နွမ်စစ်ဟန် အတူပေါ်ပေါက် လာသော ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ SSA သည်လည်း သိန္နီဒေသ မူဆယ် နမ့်ခမ်းဒေသ မိုးမိတ် အထက် ကွန်ခါဒေသ တို့တွင် လှုပ်ရှားခဲ့သည်။ ဖြစ်စဉ် တလျှောက်တွင် အင်အား နည်းသွားခြင်း အင်အားကောင်းလာခြင်း များရှိသော်လည်း လှုပ်ရှားမှုကား မပြတ်ခဲ့ပေ။

၁၉၆၁ ခုနှစ် သိန္နီကွင်း အတွင်း အစပြု၍ KIA အဖွဲ့အစည်း ပေါ်လာသည်။ KIA သည် ဒေသ ၄ အတွင်းရှိ မုန်းစီး မုန်းထန် ဒေသ မုန်းကိုး ဖေါင်းဆိုင် ဒေသ မုန်းယား မုန်းဟောင်ဒေသ မုန်းပေါ်ကြီး ဒေသတို့အပြင် ဒေသ ၅ အတွင်းရှိ မိုးမိတ် အထက်ပိုင်း ကိုးတောင်ဒေသ တို့တွင် လှုပ်ရှား စုဖွဲ့သည်။ ၁၉၆၈ ခုနှစ် မုန်းကိုး ဒေသသို့ အရှေ့မြောက် ဗကပ ဝင်ရောက် လာပြီး နောက် ထိုဒေသ အချို့မှ KIA တို့ နောက်ဆုတ် ပေးလိုက်ရသော်လည်း ၁၉၈၉ အရှေ့မြောက် ဗကပ ပြိုကွဲပြီးနောက် တဖြည်းဖြည်း ပြန်လည် ထိုးဖောက် နေရာယူနိုင် ခဲ့သည်ကို တွေ့ရသည်။

၁၉၆၈ ခုနှစ် အရှေ့မြောက် CPB (ဗကပ) တို့ ဒေသ ၄ အတွင်းသို့ မုန်းကိုးမှ စတင်ဝင်ရောက် လာပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုး ဖေါင်းဆိုင်ဒေသ၊ မုန်းပေါ်ကြီး ကြူကုန် ပန်ဆိုင်း ဒေသ၊ မုန်းယား မုန်းဟောင်း ဒေသ၊ ဒေသ ၃ ရှိ ကိုးကန့် ဒေသတို့ကို ထိန်းချုပ်နိုင် ခဲ့သည်။

ထို့ပြင် ဒေသ ၅ အတွင်းရှိ ရွှေလီ ချိုင့်ဝှမ်းဂွင် အတွင်းသို့လည်း ဝင်ရောက်လှုပ်ရှား နိုင်ခဲ့သည်။  ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲပြီးနောက် မူလ CPB ချုပ်ကိုင်သည့် ဒေသ ၃နှင့် ဒေသ ၄ အတွင်းအား ကိုးကန့် အဖွဲ့ MNDAA မှ ထိမ်းချုပ် လှုပ်ရှားခဲ့ပြီး ဒေသ ၅ အတွင်းရှိ ရွှေလီ ချိုင့်ဝှမ်းဂွင်၌ PSLO နှင့် KIA တို့မှ ထိန်းချုပ် လှုပ်ရှားခဲ့သည်။

၁၉၉၅ ခုနှစ် နောက်ပိုင်း MNDAA ကိုးကန့် အဖွဲ့သည် ဒေသ ၃ ရှိ ကိုးကန့် ဒေသကိုသာ ထိန်းချုပ် နိုင်ခဲ့ပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုး ဖောင်းဆိုင် ဒေသ မုန်းယား မုန်းဟောင်ဒေသတို့အား မုန်ဆာလ ၏ MDA မုန်းကိုး ကာကွယ်ရေး တပ်ဖွဲ့က ပြန်လည် ချုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် မုန်ဆာလ အဖွဲ့ ပြိုကွဲပြီးနောက် တပ်မတော်က ထိုဒေသအား ပြန်လည်နေရာ ယူထား နိုင်ခဲ့ သော်လည်း KIA တပ်ဖွဲ့များက ပြောက်ကျား ပုံစံဖြင့် ပြန်လည် စည်းရုံးနေရာ ယူထားနိုင် ခဲ့သကဲ့သို့ ၂၀၁၃ ခန့် မှစ၍ MNDAA ကိုးကန့် အဖွဲ့က ပြန်လည်ထိုးဖောက် နေရာ ယူလာခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် အရှေ့မြောက် ဗကပ အား ရင်ဆိုင်ရန် ဖွဲ့စည်းထား ခဲ့သည့် ခွန်ဆာ ဦးစီးသော လွယ်မော် ကာကွယ်ရေးအဖွဲ့သည် အစိုးရအား ပုန်ကန်ပြီးနောက် ဒေသ ၁ အဖြစ် ဖော်ပြထားသည့် မုန်းကျက် မုန်းရော် ဒေသတွင် အခြေစိုက် ခဲ့သည်။

ခွန်ဆာ အဖွဲ့ လက်နက်ချပြီးနောက် ၎င်းအဖွဲ့မှ ဘိုမွန် ခေါင်းဆောင်သည့် အဖွဲ့သည် ပသစ အဖြစ် ထိုဒေသတွင် ယခု အခြေစိုက် လှုပ်ရှားနေသည်။ ထို့ပြင် ထိုဒေသသည် မြောက်ပိုင်းမှ တောင်ပိုင်း ထိုင်းနယ်စပ်သို့ ဆင်းသည့် လမ်းကြောင်း ပေါ်တွင်ရှိရာ လက်နက်ကိုင် တပ်ဖွဲ့၊ တပ်ဖွဲ့တိုင်း လိုလို ဖြတ်သန်းသွားလာ လှုပ်ရှားလေ့ရှိသည့် ဒေသဖြစ်သည်။

ဒေသ ၂ အဖြစ် ဖော်ပြထားသည့် ကွန်လုံ ဟိုပန် ပန်လုံဒေသတွင် ၁၉၇၀ ခုနှစ် နောက်ပိုင်း ကိုးကန့်ဒေသ ဝ ဒေသတွင် အရှေ့မြောက် ဗကပ တို့ အင်အားကောင်း လာပြီးနောက် စစ်ရေး အရ လှုပ်ရှားခဲ့သည်။ တိုက်ပွဲများ ဖော်ခဲ့သည်။

ထို့ကြောင့်လည်း ထိုရှမ်းမြောက် ဒေသတွင် ယနေ့တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အခြေစိုက် လှုပ်ရှားခဲ့ပြီး တိုက်ပွဲ ကြီးငယ်များစွာ ဖြစ်ပွားခဲ့သည့် ဒေသ ဖြစ်ခဲ့သည်။ ကွန်လုံ ဟိုက်ကဘား တိုက်ပွဲ ပန်ကော် ချူးရွှေ တိုက်ပွဲ စီစီဝမ် တာပန် တိုက်ပွဲကဲ့သို့ လနှင့်ချီ ၍ တိုက်ရသော တိုက်ပွဲများ ထိုဒေသ၌ ဖြစ်ပွားခဲ့သည်။

ကွတ်ခိုင် မူဆယ် ကားလမ်းပေါ်တွင် တပ်မ ၉၉ ဒု တပ်မမှူး ဗိုလ်မှူးကြီး သူရ ညွန့်တင်သည် ၁၉၇၅ ခုနှစ် တွင် လည်းကောင်း သိန္နီ ကွန်လုံ ကားလမ်းမ ပေါ်တွင် တပ်မ ၆၆ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး သူရ ကျော်ကျော်ချို သည် ၁၉၈၅ ခုနှစ် တွင်လည်းကောင်း တပ်မတော် အရာရှိ ကြီးများ ကျဆုံးသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခင်နှင့်ယခု နှစ်ဖက် စစ်အင်အား အခြေအနေ

၁၉၈၉ ခုနှစ် ဗကပ မပြိုကွဲခင်ထိ စစ်အင်အား အခြေအနေမှာ မုန်းကိုးဒေသ ကိုးကန့် ဒေသရှိ ဗကပ အင်အား ၃၀၀၀ ခန့် PSLO/ PSLA ပလောင် တပ်ဖွဲ့ အင်အား ၅၀၀ ခန့် KIA တပ်မဟာ ၄ အင်အား ၅၀၀ မှ ၈၀၀ ခန့် စုစုပေါင်း အင်အား ၄၀၀၀ ကျော်ခန့် ရှိသည်။ ထို့ပြင် သိန္နီအနီးနှင့် မိုးမိတ် ကွန်ခါ ဒေသတွင် လှုပ်ရှားသည့် SSPP/SSA အင်အား အချို့ရှိသည်။

၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲသည် နှင့်အတူ KIA တပ်မဟာ ၄ မှ ဗိုလ်မှူး မထု နော် နှင့် အင်အားအချို့ ခွဲထွက် ပြီးနောက် ရှမ်းမြောက်ရှိ လက်နက်ကိုင် အင်အားများ ကျ ဆင်းသွား ခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်း မှစ၍ တစတစ ပြန်လည်၍ အင်အား တိုးတက် လာသည်ကို တွေ့ရသည်။ လက်ရှိအချိန် ရှမ်းမြောက်ရှိ တိုင်းရင်းသားဂလက်နက်ကိုင် အင်အားများမှ ခန့် မှန်းခြေအရ အောက်ပါအတိုင်း ရှိမည်ဟု ယူဆရသည်။

၁။ KIA တပ်မဟာ ၄ / တပ်မဟာ ၆ အင်အား ၁၅၀၀ ခန့်
၂။ MNDAA တပ်မဟာ၂၁၁/၃၁၁/၅၁၁ အင်အား ၂၀၀၀ ခန့်
၃။ TNLA တပ်မဟာ ၁/၂/၃/၅ နှင့် ဗျူ ဟာ ၂ ခုပေါင်း အင်အား ၆၀၀၀ ကျော်ခန့်
၎။ AA တပ်ရင်း ၂ ရင်းခန့် အင်အား ၅၀၀ ခန့် (AA မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော်လည်း မြောက်ပိုင်းရှိ မဟာမိတ် များနှင့် ပူးပေါင်း၍ နယ်စပ်တွင် တပ် ဖွဲ့ပြီး ရခိုင် သို့ ပြန်လည် ထိုးဖောက်ရန် ကြိုးစားနေသော အဖွဲ့ဖြစ်သည်)
၅။ မြောက်ပိုင်း နယ်မြေ အချို့တွင် လှုပ်ရှားနေသော SSPP/ SSA အင်အား အချို့တို့ရှိရာ စုစုပေါင်း အင်အား ၁၀၀၀၀ ခန့် အထိ ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။

သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ တို့ မပြိုကွဲမီ ကာလထက် အင်အား ၂ ဆခန့် တိုးတက်လာ သည်ဟု ဆိုရပါမည်။ ထို့အတူ အဆိုပါ လက်နက်ကိုင် အင်အားစု များကို ရင်ဆိုင် သည့် တပ်မတော် အင်အားမှာလည်း ၁၉၈၉ မတိုင်မီက ပုံမှန် အားဖြင့် အင်အား ၅၀၀၀ မှ ၇၀၀၀ ခန့် ထိ တိုးမြှင့် ရင်ဆိုင်ခဲ့ပြီး ၁၉၈၆/ ၈၇ စီစီဝမ် တာပန် တိုက်ပွဲ ကာလက အင်အား ၁၀၀၀၀ ကျော်ထိ တိုးမြှင့် သုံးစွဲခဲ့သည်။ ယနေ့ တွင်လည်း တဖက် အင်အားနှင့် လျော်ညီ သည့် အင်အားကို သုံးစွဲမည်ဟု ယူဆရ ပါသည်။

အခြေအနေ သုံးသပ်ချက်

ရှမ်ပြည်မြောက်ပိုင်း၌ အစိုးရအား ပုန်ကန်တိုက်ခိုက်သည့် လက်နက်ကိုင်ဂအင်အားစုများတွင် ၁၉၆၈ မှ ၁၉၈၉ ထိ ရှိခဲ့သော အရှေ့မြောက် ဗကပ တဖွဲ့သာ အယူဝါဒ ပေါ် အခြေခံ ခဲ့ပြီး ကျန်အဖွဲ့ အားလုံးသည် အမျိုးသားရေးပေါ်တွင် အခြေခံပါသည်။ ယနေ့ရပ်တည်နေသော အဖွဲ့အားလုံးသည် အမျိုးသားရေး ပေါ်တွင် အခြေခံ ရပ်တည်ပြီး သူ့လူမျိုး အလိုက် ထောက် ခံမှုကို ရရှိအောင် အားထုတ်၍ ရပ်တည်နေကြ ခြင်းဖြစ်သည်။ အရှေ့မြောက် ဗက ပြိုကွဲရခြင်း သည်ပင် အစိုးရ တပ်မတော်နှင့် စစ်ရေးအရ တိုက်ခိုက် ရှုံးနိမ့်၍ ပြိုကွဲရခြင်း မဟုတ်ဘဲ အမျိုးသား ပြဿနာ တိုင်းရင်းသား ပြဿနာကို မဖြေရှင်းနိုင်၍ ပြိုကွဲခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းပြည် မြောက်ပိုင်းရှိ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ပြဿနာအား ဖြေရှင်း နိုင် ရေးအတွက် သော့ချက် ပြဿနာမှာ တိုင်းရင်းသား တန်းတူရေး ပြဿနာ၊ တိုင်းရင်းသားတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့် ပြဿနာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာ ကို အားလုံး လက်ခံနိုင် သည့် အဖြေတခု ရှာနိုင်ဖွေနိုင်ရေး ဖြစ်သည်ဟု သုံးသပ်ရပါသည်။

ရှမ်းပြည် မြောက်ပိုင်း၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ စစ်ရေးအရ ထိုဒေသ၌ လှုပ်ရှား နိုင်ခြင်း၏ ပထမ အကြောင်းအချက်မှာ ထိုဒေသ၌ ရှမ်း၊ ကချင်၊ တအန်း ပလောင်၊ ကိုးကန့် တရုတ်စသည့် ဒေသခံ တိုင်းရင်းသား ကျေးရွာများသာ ရှိပြီး ဒေသခံ တိုင်းရင်းသား လူမျိုးများ၏ ထောက်ခံမှု ရရှိထား ခြင်းကြောင့် ဖြစ်သည်။

အစိုးရဘက်မှ ရပ်တည်သော တိုင်းရင်းသား အချို့အနေနှင့် နမ့်ခမ်း ပန်ဆေး ပြည်သူ့စစ်၊ မူဆယ် မြို့မ ပြည်သူ့စစ်၊ မုန်းပေါ် ပြည်သူ့စစ်၊ ကွတ်ခိုင် ပြည်သူ့စစ်၊ ဖောင်းဆိုင် ပြည်သူ့စစ်၊ ကောင်းခါး ပြည်သူ့စစ်၊ ဆင်ကျော့ ပြည်သူ့စစ် စသည်ဖြင့် ရှိ သော်လည်း ဒေသခံ တိုင်းရင်းသား များ၏ ထောက်ခံမှု ရရှိမှုမှာ အားနည်းသည်။

ဒုတိယအချက်မှာ ထိုဒေသသည် တောတောင် ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ပြောက်ကျား စစ်ဆင်ရန် ကောင်းမွန်သည်။ ဒေသခံ တိုင်းရင်းသားများ၏ စည်းရုံး သိမ်းသွင်း၍ ထောက်ခံမှု ရယူထား နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် လှည့် လည် ပြောက်ကျားစစ် ဆင်ရန် အားသာချက် ရှိသည်။

မန္တလေး မူဆယ် လမ်းမကြီးသည် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အဓိက လမ်းမကြီး ဖြစ်သည်။ မြန်မာပြည် ကုန်စည် ကူးသန်းရောင်းဝယ်မှု၏ ၇၅ ရာခိုင်နှုန်းသည် ထိုလမ်းမမှ သွားလာနေပြီး နိုင်ငံတော် အစိုးရ၏ နေ့စဉ်ဝင်ငွေ၏ ၈၀ ရာခိုင် နှုန်းသည် ထိုကုန်သွယ်မှုလမ်းကြောင်းမှရရှိနေသည်ဟု ဆိုပါသည်။ သို့သော်လည်း ထိုပတ်ဝန်းကျင် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး မဆိုထားနှင့် အဆိုပါ ကားလမ်းမကြီးကိုပင် သွားလာရ လွယ်ကူချောမောအောင် ဖောက်လုပ် နိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ရာ ဖွံ့ဖြိုး တိုးတက်မှု နိမ့်၍ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသော နေရာများတွင် စစ်ပွဲများ ဖြစ်ပွားသည်မှာ အံ့သြစရာ မရှိပေ။

နိဂုံး

ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင် နေသော အဖွဲ့အားလုံး ပါဝင်ရေး ဆိုသည့် အခြေခံ မူပေါ်မှ သွားရန် လိုအပ်ပေမည်။ ထို့ပြင် တိုင်းရင်းသားများ တန်းတူရေး ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။

မောင်မောင်စိုး
Nov: 26, 2016

*(ဦး) မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်။

ဧရာဝတီ မှကူးယူဖော်ပြပါသည်။#BurmaDemocracy

Monday, November 21, 2016

“မြန်မာစစ်တပ်ထိုးစစ်ဆင်မှုမှာနိုင်ငံတော်အတိုင်ပင်ခံရုံးကအာစေးမိနေပြီးတိုင်းရင်းသားလက်ကိုင်ထိုးစစ်ဆင်မှုမှာကျတော့၊ဘာဖြစ်လို့အာသွက်နေရသလဲ”



KIA(ကချင်လက်နက်ကိုင်အဖွဲ့)၊TNLA(တအောင်းလက်နက်အဖွဲ့)နှင့်MNDAA (မြန်မာအမျိုးသားဒီမိုကရေစီတပ်မတော်တို့ပူးပေါင်းပြီးကွတ်ခိုင်မြို့အတွင်းရှိမြန်မာတပ်စခန်းတွေ၊ရဲတပ်ဖွဲ့စခန်းတွေနှင့်(၁၀၅)မိုင်ကုန်သွယ်ရေးစခန်တို့ကိုတ
ပြို့်နက်ဝင်ရောက်တိုက်ခိုက်မှုနဲ့ပက်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံရုံးကနိုဝင်ဘာ(၂၀)ရက်နေ့မှာဒီလိုတိုက်ခိုက်မှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေများအပါအ၀င်အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးဒဏ်ရာမားဖြစ်ပွားခဲ့ကြောင်း၊နိုင်ငံတော်ပိုင်းရုပ်သံမီဒီယာတွေမှာရော၊နိုင်ငံပိုင်သတင်းစားတွေမှာပါအားခြင်းထုတ်ပြန်ခဲ့ပါတယ်၊ဒါ့အပြင်အင်တာနက်လူမှုကွန်ယက်တွေပေါ်မှာလည်း၊(NLD)ပါတီနဲ့အစိုးရကိုထောက်ခံသူတွေတော်တော်များများကလည်းတိုင်းရင်းသားလက်နက်ကိုင်
တွေဘက်ကအပြစ်သဘောမျိုးလိုက်လံရေးသားလာပါတယ်။

ဒီနေရာမှာဝေဖန်ထောက်ပြစရာရှိလာတာက၊(၂၁)ရာစုငြိမ်းချမ်းရေးညီလာခံ
ကြီးကိုဦးဆောင်ကျင့်ပခဲ့သောနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဒေါ်အောင်ဆန်းစုကြည်ဟာ၊ငြိမ်းချမ်းရေးညီလာခံပြီးကျင်းပပြီးရုံရှိသေး၊မြန်မာစစ်တပ်ကနေတိုင်းရင်းသားလက်နက်ကိုင်တပ်တွေရှိရာထိုးစစ်ဆင်မှုကြောင့်ကချင်၊ရှမ်းပြည်မြောက်ပိုင်း၊ရခိုင်နဲ့ကရင်ပြည်နယ်တို့မှာစစ်ဘေးရှောင်ဒေသခံပြည်သူတွေထောင်ပေါင်းများစွာ၊အိုးအိမ်၊စီးပွားရေးလုပ်ငန်းတွေ၊စိုက်ပျိုးသီးနှံတွေစွန့်ပစ်ကာအသက်လုထွက်ပြေးခဲ့ရ၊မိသားစုတွေဖရိုဖရနဲ့တကွဲတပြားသေကွဲရှင်ကွဲခဲ့ရ၊သူများပေးစာကမ်းစာကိုမျှော်ကိုပြီးစစ်ဘေးရှောင်စခန်းတွေမှာအနေဆင်ရဲအစားဆင်းရဲ၊ကျန်းမာရေးဒုက္ခ၊လူမှုရေးဒုက္ခဗရပွနဲ့နေလာခဲ့ရ၊မြေမြုပ်မှိုင်းမိလို့ခြေပြတ်လက်ပြတ်၊မျက်လုံးထွက်နဲ့အသက်သေဆုံးခဲ့ရသူတွေ၊ဒေသခံပြည်သူတွေ၊မြေမြုပ်မှိုင်းအန္တရယ်ကြောင့်၊သီးနှံခင်းတွေဆီမသွားရတာတွေ၊စစ်ပွဲရဲ့အကျိုးဆက်အနေနဲ့၊နယ်စပ်ထွက်ပြေးခိုလှုံရင်းလူကုန်ကူးခံရသူတွေ၊ဒေသခံကလေးငယ်တွေသေဆုံးရမှုတွေ၊ကျောင်းမတက်နိုင်မှုတွေမှာကျတော့၊အားစေးမိနေပြီး၊အခုတိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကနေမြန်မာစစ်တပ်ဘက်ဆီထိုးစစ်ဆင်လာမှုမှာကျ
တော့၊ချက်ချင်းလက်ငင်းလူထုခေါင်းဆောင်ဆိုတဲ့သြဇာကိုသုံးပြီးတိုင်းရင်းသားလက်နက်တွေရဲ့ထိုးစစ်ကြောင့်မြန်မာစစ်သားတဦး၊ရဲတပ်ဖွဲ့ဝင်သုံးဦး၊နယ်မြေခံပြည်သူ့စစ်တဦးနှင့်အရပ်သားသုံးဦးသေဆုံခဲ့ကြောင်းထုတ်ပြန်ကြေညာလာ
ခြင်းပါပဲ။

ဒါဟာတိုင်းရင်းသားလူမျိုးစုတွေဘက်ကကြည့်ရင်တော့၊လက်ရှိအစိုးရသစ်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာမြန်မာစစ်တပ်နဲ့မြန်မာလူမျိုးစုတွေအပေါ်ကနေဘက်လိုက်ပြီးပြောတဲ့အမြင်မျိုးလို့ပဲသတ်မှတ်ကြမှာပါပဲ၊ဘာဖြစ်လို့လဲဆိုတော့၊စစ်အာဏာရှင်စနစ်ဆိုးအောက်မှာနှစ်ပေါင်းများစွာ၊ခါးစည်းခံလာရသောတိုင်းရင်းသားဒေသခံပြည်သူတွေရဲ့လူမှုဒုက္ခတွေဟာမြို့နေလူတန်းစားတွေ(၀ါ)မြန်မာ/ဗမာလူမျိုးတွေထက်ပိုဆိုးရွားခါးသီးခဲ့လို့ပါပဲ၊ဘာဖြစ်လို့လဲဆိုတော့၊မြို့နေလူတန်းစားတွေဟာစစ်အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ညံ့ဖျင်းသောစီးပွားရေးပေါ်လစီ၊အာဏာအလွဲသုံးစားလုပ်မှုနဲ့ကိုယ်ကျိုးရှာအကျင့်ပျက်ချစားမှုတို့ကြောင့်ဆင်းရဲမွဲတေမှုကိုခံစားရပေမယ့်ဒေသခံတိုင်းရင်းသားပြည်သူတွေလို၊ပြည်တွင်းစစ်ဒဏ်တွေကိုတိုက်ရိုက်ခံစားရလေ့မရှိပါဘူး။
နောက်တချက်ကမြန်မာနိုင်ငံမှာနေထိုင်လာနေသူတွေဟာမြန်မာ/ဗမာလူမျိုးတမျိုးတည်းမဟုတ်ပဲဆိုတာကိုသူတို့ရဲ့ရပိုင်ခွင့်၊နေထိုင်ရှင်သန်ခွင့်၊လုပ်ကိုင်ရှာဖွေစားသောက်နိုင်ခွင့်၊မိမိကံကြမ္မာကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်နဲ့မိမိယဉ်ကျေးမှု၊ဓလေ့ထုံးတမ်း၊ဘာသာစကားကျင့်သုံးနိုင်ခွင့်တို့နဲ့ဘယ်တော့မှမစဉ်းစားမစာနာပဲအ
မြင်ကျဉ်းကျဉ်းနဲ့စဉ်းစားခဲ့တာများလို့ပါပဲ၊ဒါဟာဘာဖြစ်လို့လဲဆိုတော့(၁၉၆၂)ခုနှစ်စစ်အာဏာရှင်နေ၀င်းလက်လက်ထက်ကတည်းက၊မြန်မာ/ဗမာလူမျိုးဆိုတဲ့အများစုရာခိုင်နူန်းနဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုရာခိုင်နူန်းအပေါ်အသုံးချမှုလုပ်ပြီး၊ စစ်အာဏာရှင်အယူအဆကိုစစ်အာဏာရှင်လူတန်းစားမျိုးဆက်အလိုက်သာမက၊ဖိနှိပ်ချုပ်ချုပ်ခံပြည်သူတွေထဲမှာရောသမမွေသွတ်သွင်းခဲ့ခြင်းပါပဲ၊တကယ်တော့
မြန်မာနိုင်ငံမှာတရားဝင်အားဖြင့်လူမျိုးနွယ်စု(၈)မျိုးကနေ၊မြန်မာအစိုးရ၀ါဒဖြန့်ထားသောလူမျိုးကွဲ(၁၃၅)အပါဝင်မှာတိုင်းရင်းသားလူမျိုးနွယ်စုလူဦးရေဟာ(၃၂)ရာခိုင်နူန်းလောက်ရှိနေပါတယ်။

ဒီလိုဗမာလူမျိုးစုအများစုရာခိုင်နူန်းနဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုရာခိုင်နူန်းကိုခုတုံး လုပ်ပြီးစစ်အာဏာရှင်လူတန်းစားဟာသူရဲ့စစ်အာဏာရှင်အယူအဆကိုရောသမမွေအသုံးချရခြင်းဟာ၊မြန်မာလူမှုအဆောက်အအုံမှာဘယ်လူမျိုး၊ဘယ်ကိုးကွယ်မှုဘာသာဟာပြည်သူရဲ့စိတ်နှလုံးနဲ့ဦးနှောက်သိမ်းကြုံဖမ်းယူငင်နိုင်မှုရှိသလဲဆိုတာအပေါ်မှာ၊လူမျိုးရေးအခြေခံနဲ့ဘာသာရေးအခြေခံရေးတဖက်ပိတ်ကျဉ်းမြောင်းသောအမျိုးသားနိုင်ငံရေး(၀ါ)လူမျိုးကြီးနဲ့တခြားလူမျိုးစုဝင်တွေအပေါ်လိုအပ်ရင်လိုအပ်သလို၊ခွဲခြားမှုနဲ့ဖြစ်စေ၊ရန်တိုက်ပေးမှုနဲ့ဖြစ်စေ၊အဆင့်ဆင့်ဖြစ်စေ၊နိုင်ငံတွင်းလူမျိုးကြီးစစ်အာဏာရှင်အလွှာကိုလိုနီမှုပြုနိုင်ငံရေးကိုစစ်အာဏာရှင်လူတန်းစားစစ်မျိုးစစ်နွယ်အဆက်ဆက်ရဲ့အကျိုးစီးပွားနဲ့အာဏာတည်တံ့ခိုင်မြဲရေးအတွက်ရာသက်ပန်ကျင့်သုံးချင်လို့ပါပဲ။

ဒီအချက်ကိုမြန်မာ/ဗမာလူမျိုးတွေအနေနဲ့စစ်အာဏာရှင်လူတန်းစားရဲ့စနစ်တကျပါးနပ်စွာအသုံးချမှုကိုမခံရဖို့၊ရှောင်တိမ်းနိုင်ဖို့လိုသလို၊တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့လည်း၊အဲဒီလိုအသုံးချခံနေမှုဟာမြန်မာလူမျိုးတွေကိုယ်တိုင်ကအလိုတူအလိုပါလို့မဟုတ်ပဲ၊မြန်မာ/ဗမာစစ်အာဏာရှင်လူတန်းစားအဆက်ဆက် ရဲ့၊စစ်အာဏာရှင်အယူအဆ၊အလေ့အထကိုသူတို့ဖိနိပ်ချုပ်ချုပ်လွှမ်းမိုးစဉ်ကာလတလျှောက်လုံးမှာယနေထတိုင်၊နိုင်ငံတော်ရဲ့အစိုးရ၊အစိုးရယန္တရားဌာနအသီးသီးတွေ၊စာသင်ကျောင်းနဲ့သင်ရိုးညွှန်းတမ်းပညာရေးစနစ်တွေ၊ကုန်ထုတ်လုပ်မှုနဲ့အလုပ်အကိုင်၊စစ်တပ်နဲ့စစ်တက္ကသိုလ်၊စစ်သင်တန်းတွေ၊ဘာသာရေးနဲ့ဘုန်းကြီးကျောင်းတွေ၊တရားစီရင်ရေးနဲ့ဥပဒေပြဋ္ဌန်းမှု(ဥပမာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ)တွေ၊မှတ်ပုံတင်၊သန်းခေါင်းစာရင်းတို့မှာဖော်ပြချက်၊ရပိုင်ခွင့်တွေ၊သ တင်းမီဒီယာနဲ့စာအုပ်စာတမ်းတွေ၊အိမ်ထောင်ရေးနဲ့မိသားစုဘ၀တွေစတဲ့လူမှုအဆောက်အအုံတခုလုံးမှာကိုစနစ်တကျသွတ်သွင်းခံခဲ့ရမှုကြောင့်ဆိုတာကိုသ
ဘောထားကြီးနားလည်ပေးဖို့လိုအပ်ပါတယ်။

အထူးသဖြင့်စစ်အာဏာရှင်အစိုးရအဆက်ဆက်မှာသင်ကြားပို့ချခံခဲ့ရတဲ့မြန်မာ့သင်ရိုးညွှန်တမ်းနဲ့ကြီးပြင်းလာခဲ့ရသော၊မျိုးဆက်တဆက်ပြီးတဆက်နားလည်နေမှုကိုလေ့လာကြည့်ရင်၊စစစ်မှန်သောအမျိုးသားနိုင်ငံရေးပါဝင်သောဖက်ဒရယ်စနစ်တည်ဆောက်ရေးဆိုတာတိုင်းရင်းလူမျိုးစုတွေရဲ့သူတိုရဲ့ရာခိုင်နူန်းနဲ့ဆုံးရှုံးခဲ့ရမှုအလိုက်ပေးအပ်ရမှုအပြင်၊တန်းတူညီမျှလွတ်လပ်တရားမျှတမှုအရေးပါထပ်ဆင့်ပေးဆောင်ရမယ့်ပုံစံမျိုးမဟုတ်ပဲ၊တေရေးစေခူဆဲရေးသောပြည်ထောင်စုသီချင်းလောက်နဲ့တိုင်းရင်းသားရိုးရာအကတွေကကြတဲ့၊တိုင်းရင်းလူမျိုးစုံနာမည်စုံလောက်ရုံမပို့မစို့ပါဝင်ပြီးတကယ့်အနှစ်သာရမှာမြန်မာ/ဗမာစကားတမျိုး တည်း၊ကိုးကွယ်ယုံကြည်မှုဗုဒ္ဓဘာသာတမျိုးတည်းကိုသာအားကျကျေနပ်ပီတီဖြစ်
သောစစ်ဝါဒီအခြေခံ(၀ါ)စစ်ကျွန်ခံလူမျိုးကြီးဝါဒတွေသာမသိစိတ်ထဲမှာစိုးမိုးနေတာများပါတယ်။

ဒါကြောင့်လည်းမြန်မာစစ်အာဏာရှင်လူတန်းစားစစ်တပ်ကသူတို့အစဉ်အလာအဆက်သုံးနူန်းလာတဲ့စကားအတိုင်း၊စစ်အာဏာရှင်လူတန်းစားအကျိုးစီးပွားအတွက်လက်ကိုင်တုတ်လုပ်ခံထားရတဲ့မြန်မာစစ်တပ်ဟာနိုင်ငံခြားတိုင်းပြည်တွေကနေနှောက်ယှက်လို့ဖြစ်စေ၊တိုင်းရင်းသားလက်နက်ကိုင်တွေကပုန်ကန်လို့
ဖြစ်စေပြည်ထောင်စုကြီးမပြိုကွဲအောင်ကာကွယ်ပေးနေတဲ့တခုတည်းသောကိုယ်ခံအားတရပ်၊အသက်ကယ်ဆေးတဖုံဖြစ်တယ်၊မြန်မာစစ်တပ်ဟာနိုင်ငံခြောက်ထဲမကျအောင်သက်စွန့်ကြိုးပမ်းဆောက်ရွက်ခဲ့သူ၊နေရသူဖြစ်တယ်(အမှတ်ကတယ်သမိုင်းအစစ်အမှန်မှာတော့၊နိုင်ငံကိုပြည်တွင်းစစ်နဲ့ဆင်ရဲမွဲတေမှုချောက်ထဲလုပ်ခဲ့တာသူကိုယ်တိုင်လုပ်ပြီးသူကိုယ်တိုင်ကယ်တင်ရှင်လုပ်ခဲ့တာ၊(ဒါကိုသ မိုင်းဆိုတာအုပ်ကျင်းနားမှာလည်းဆိုလောက်အောင်မျက်စီပိတ်နားပိတ်ဖြစ်ခဲ့ရ
သောပြည်သူ့အဆက်ဆက်ကိုအသိညဏ်ဆိုင်ရာအကြမ်းဖက်ပြီးဝါဒဖြန့်ချီခဲ့လို့အခုချိန်ထိနဝေတိမ်တောင်ဖြစ်လာနေတုန်း)၊အသက်ပေါင်းများစွာပေးဆပ်စွန့်လွှတ်ခဲ့ပြီးရယူခဲ့ရတဲ့လွတ်လပ်ရေးကို(တကယ်တော့အဲဒီလွတ်လပ်ရေးဟာ၊ဗိုလ်ချုပ်အောင်ဆန်းရော၊မြန်မာ/ဗမာခေါင်းဆောင်တွေရော၊တိုင်းရင်းသားလူမျိုးစု
ခေါင်းဆောင်တွေရော၊ပြည်ထောင်စုဘွားတိုင်းရင်းသားအားလုံးပါစည်းလုံးညီညွတ်မှုကြောင့်ရခဲ့တာပါ)ပြည်လည်မဆုံးရှုံးအောင်ထိန်းသိမ်းကာကွယ်စောင့်
ရှောက်ဖို့အတွက်နိုင်ငံရေးအာဏာ(၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေစစ်တပ်က (၂၅)ရာခိုင်နူန်းနဲ့အာဏာရယူထားခွင့်၊ပြည်ထဲရေး၊ကာကွယ်ရေး၊နယ်စပ်လုံခြုံ
ရေးနှင့်အဆိုတင်သွင်းမှုတွေဟာပယ်ချနိုင်ခွင့်၊ခွင့်ပြုနိုင်ခွင့်တို့ဥပဒေအရရော၊ဥပဒေပြုမှုအရရော၊အုပ်ချုပ်ရေးအရရောအသားစီးရယူထာခြင်း)နဲ့စီးပွားရေးအာဏာ(စစ်တပ်နဲ့ပက်သက်သောဘတ်ဂျသုံးစွဲမှုတွေကိုစိတ်ကြိုက်သုံးစွဲခွင့်နဲ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုစိတ်ကြိုက်တည်ထောင်ခွင့်)တို့မှာမြန်မာစစ်တပ်ဟာအမြဲတစေပါဝင်နိုင်ခွင့်ရှိရမှုတို့ကိုတဖက်လည့်နဲ့အခြေခံလူတန်းစားတွေအပါအ၀င်၊တိုင်းရင်းသားပြည်သူတွေအပေါ်ပြောဆိုပြုမှုကျင့်သုံးလာ တိုင်း၊မြန်မာ/ဗမာလူမျိုးစုတော်တော်များများဟာ(ပညာတတ်လူတန်းစားတွေ
တောင်ပါဝင်ကြတယ်)ဒါဟာအားလုံးသောနိုင်ငံသူနိုင်ငံသားတွေအပေါ်စစ်ကျွန်ကိုလိုနီပြုမှုကျင့်သုံးချင်လို့မြန်မာစစ်အာာဏာရှင်လူတန်းစားအဆက်ဆက်ရဲ့
သွေးထိုးလှုံ့ဆော်ဖန်တီးချက်ပဲလို့ထင်းကနဲလင်းကနဲမြင်သောတလုံးတစည်း တည်းသောနိုင်ငံရေးအမြင်မပေါ်လာခဲ့တာများပါတယ်။

နောက်တချက်မြန်မာ/ဗမာလူမျိုးစုတွေအနေနဲ့မြန်မာစစ်တပ်နဲ့တခြားမည်သည့်တိုင်းရင်းသားလုမျိးစုလက်နက်ကိုင်တွေမဆိုတိုက်ပွဲတွေကိုလေ့လာရာမှာ၊မိမိရဲ့ကိုးကွယ်တဲ့ပုဂ္ဂိုလ်၊မိမိဖြစ်တည်နေတဲ့လူမျိုး၊သုံးစွဲနေတဲ့ဘာသာစကား၊ကိုးကွယ်မှုဘာသာဆိုတဲ့အမြင်ထက်ပြည်တွင်းစစ်ဖြစ်ရခြင်းဇစ်မြစ်သမိုင်းကြောင်းဆိုင်ရာရလဒ်အမြင်နဲ့ပိုလေ့လာကြည့်ဖို့လိုအပ်ပါတယ်၊မြန်မာနုင်ငံရဲ့ပြည်တွင်းစစ်အာကမ္ဘာပေါ်မှာအရှည်ကြားဆုံးစစ်ဖြစ်တဲ့အပြင်၊နိုင်ငံနဲ့လူမျိုးအသီးသီးရဲ့ဆုံးရှုံနစ်မှုမှာလည်းပြောမပြလောက်အောင်ပါပဲ၊အထူးသဖြင့်စစ်ပွဲဒဏ်ရော၊လူမှုဘ၀၊လူမှုစီးပွား၊လူမှုပတ်ဝန်းကျင်ဖျက်ဆီးယိုယွင်းမှုဒဏ်ကိုမြို့သူမြို့သားတွေထက်ပိုခံရတာဟာဒေသခံပြည်သူတွေပဲဆိုတာပဲ၊ဒါကြောင့်လည်းမြန်မာနိုင်ငံ့ဟာအာရှမှာ ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ်နေပေမယ့်၊အဲဒီနိုင်ငံအတွင်းမှာပင်ပညာရေး၊ကျန်းမာရေး၊လျှပ်စစ်မီး၊လမ်းတံတား၊စီးပွားရေးဈေးကွက်တို့ဖွံ့ဖြိုးမှုတို့မှာတပြေးညီ မရှိနေပဲနယ်မြေအလိုက်ရော၊လူတန်းစားအလိုက်ရောဆင်းရဲချမ်းသားကွာဟမှုဟာမိုးနဲ့မြေပမာဖြစ်နေတာဖြစ်ပါတယ်။

ဒါဟာစစ်အာဏာရှင်အစိုးရအဆက်ဆက်မှာလုံခြုံရေးရှုထောင့်ကနေအစဉ်တစိုက်ကျင့်သုံးခဲ့သော
(၁)တိုင်ရင်းသားလက်နက်ကိုင်များအတွင်းအဆက်အသွယ်လမ်းကြောင်းမျာကို
ဖြတ်တောက်ပိတ်ဆို့ခြင်း
(၂)တိုင်းရင်းသားနယ်မြေများသို့လူများနှင့်ရောင်းဝယ်သောကုန်စည်းများ၊မ၀င်ရောက်စေရန်ပိတ်ပင်ခြင်း
(၃)ရိက္ခာထောက်ပံ့ခြင်း၊သတင်းပေးခြင်း၊ရံပုံငွေကောက်ခံခြင်းနှင့်တပ်သားသစ်စုောဆင်းပေးခြင်းစသောအကြောင်းရင်းများအတွက်တာဝန်ရှိသောအမာခံများကိုရှင်းလင်းသုတ်သင်ခြင်း
(၄)တိုင်းရင်းသားလက်နက်ကိုင်များဝင်ငွေလျှော့ပါးစေရန်ကုန်သွယ်မှုကိုဖြတ်
တောက်ခြင်းဆိုတဲ့ဖြတ်လေးဖြတ်ကိုလုပ်ဆောင်ခြင်းအပြင်၊တိုင်းရင်သာဒေသရှိလယ်ယာမြေတွေကိုလုံခြုံရေးအကြောင်းပြကာမတရားသိမ်းဆည်းခြင်း၊မြေပေါ်
မြေအောက်သယံဇာတပစ္စည်းတွေကိုမတရားသိမ်းပိုက်ခြင်း၊ဒေသခံပြည်သူ
တွေကိုအတင်းအကျပ်ရွှေ့ပြောင်းခိုင်းကာစီမံကိန်းနယ်မြေနဲ့တပ်စခန်းချရာနယ်မြေလုပ်ပစ်ခြင်း၊မူးယစ်ဆေးဝါးစိုက်ပျိုးမှုကိုတဖက်လှည့်နဲ့လက်ခံအားပေးခြင်း(အထူသဖြင့်ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာမူးယစ်ဆေးဝါးကိုစိုက်ပျိုးမှုကိုလျစ်လျူရှုထားခြင်းမှာ၊တိုင်းရင်းသားလူငယ်တွေပျက်ဆီးပြီးမိမိလူမျိုးနဲ့မိမိနိုင်ငံကိုချစ်မြတ်နိုးစိတ်လျော့ပါးပျက်ဆီးကာ၊တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းထဲဝင်ရောက်မရှိပဲ၊ဘိန်စားအဖြစ်နဲ့လူညွှန်တုံးစေဖို့)တို့ကြောင့်ပါပဲ။

ဒီလိုအကြောင်းအရာအခြေခံဆိုးသွမ်းမှုကိုမြန်မာစစ်အာဏာရှင်လူတန်းစားအဆက်ဆက်၊ဟာမြန်မာစစ်တပ်ကိုအာဏာရှင်လူတန်းစားလက်ကိုင်တုတ်အဖြစ်အသုံးချကာ၊သူတို့ရဲ့အာဏာရှင်လူတန်းစားအကျိုးစီးပွားနဲ့အာဏာတည်တံ့ခိုင်
မြဲစေဖို့တိုင်ရင်းသားလက်နက်ကိုင်တွေအားလုံးနဲ့၊တိုင်းရင်းသားလူမျိုးစုတွေအားလုံးကို၊သူတို့အမည်ကောင်းဟစ်နေတဲ့၊အတုအယောင်စစ်ကျွန်ခံမြန်မာ/ဗမလူမျိုးကြီးဝါဒလက်အောက်သို့တဆင့်ခံလူမျိုးအဖြစ်သွင်းသွတ်ဖို့ကြိုးစားအားထုတ်နေတာဟာလက်ရှိပြည်သူထောက်ခံတဲ့အစိုးရသစ်လက်ထိပါပဲ၊ဒါကြောင့်ဒီနေရာမှာနိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာဒီလိုအမှုအကျင့်အထင်အရှားနဲ့ပါးပါးနပ်နပ်ကျင့်သုံးနေတဲ့မြန်မာစစ်တပ်ကိုကျွန်မဖေဖေတည်
ထောင်ခဲ့တဲ့စစ်တပ်ပမာအခုချိန်ထိသူမထင်မြင်ယူဆနေမယ်၊သူမအနေနဲ့ဒီလို
ပြောဆိုနေမှုဟာခွေးမြီးကောက်ကျည်တောက်စွပ်သလိုဖြစ်နေပြီဖြစ်တဲ့မြန်မာ စစ်တပ်နဲ့၊မြန်မာစစ်အာဏာရှင်လူတန်းစားအဆောက်အအုံကိုစည်းရုံးနိုင်မယ်လို့ယုံကြည်နေမယ်ဆိုရင်တော့၊ဒါဟာသူမကိုပြည်သူလူထုခေါင်းဆောင်အနေ နဲ့ယုံကြည်ကိုးစားနေတဲ့၊မဲပေးတင်မြောက်လိုက်တဲ့ပြည်သူတွေ၊သမိုင်းအလိမ်အညာအတုအယောင်တွေ၊စစ်အာဏာရှင်အလေ့အထတွေနဲ့မသိမသာ၊သိသိသာသာမျက်စီပိတ်နားပိတ်နေလာရတဲ့ပြည်သူတွေအပေါ်သူမရဲ့လွှမ်းမိုးနိုင်မှုသြဇာနဲ့မြန်မာစစ်တပ်အလိုကျ၊လိုလိုလားလားသူမကိုင်တိုင်အသုံးချခံခြင်း(၀ါ)သူမ၊မလွန်ဆန်နိုင်သော၊သူမအပေါ်နိုင်ကွက်ကိုင်ထားသောစစ်အာဏာရှင်လူတန်းစားကြောင့်အားမတန်မာန်လျော့ကာသူမကိုယ်တိုင်အညံ့ခံခြင်းတို့အနက်တခုခုပဲလို့သုံးသပ်ယူဆရမှာပါပဲ။
သီဟနာဒ
ကိုးကား။     ။မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း(လမ်းညွံန်အကိုးအကား(၂၀၁၃)
The Journal of Human Rihts &Democracy ,Ethinid  Conflict and Peacebuliding,Volume.1,No.2,August.2013)
Weekly Eleven ,No.5,Vol.12,November.21,Monday ,2016
ပုံကို(Aung Naing Moe)ဖေ့ဘုတ်စာမျက်နှာကနေကူးယူဖော်ပြသည်

Thursday, November 17, 2016

ငိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံ အစီရင်ခံစာတစ်စောင်ထွက်ရှိ



နိုဝင်ဘာလ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံ ဟုအမည်ပေးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် အစိုးရလက်ထက် မြန်မာနို်င်ငံမြောက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေသော တပ်မတော်၏ ထိုးစစ်ဆင်မှုများနှင့် ချိုးဖောက်မှုများ အစီရင်ခံစာတစ်စောင်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေလိုက်သည်။

အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများသည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲပြီးသည့်နောက်ပိုင်း ထိုးစစ်ဆင်မှု ပိုမိုပြင်းထန်လာ၍ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသဖြင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ သိရှိနိုင်ရန် ဖြန့်ဝေလိုက်ခြင်းဖြစ်သည်ဟု KWAT အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒေါ်ရှယ်လီဆိုင်း မှ ပြောသည်။

အဓိကကတော့ အဲ့ဒီ စစ် တွေပိုပြီးမှ ကချင်ဒေသ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ရှမ်းပြည် ဒီငြိမ်းချမ်းရေးယူထားတဲ့ ဒေသတွေရော ရခိုင်ပြည်တို့ဆိုရင်လည်း ငြိမ်းချမ်းရေး ယူထားပြီလေ အဲ့ဒါ ပိုပြီးမှ ညှဉ်းပန်းမှုတွေဖြစ်လာတယ် စစ်တွေပိုဖြစ်လာတာကို မီးမောင်းထိုးပြချင်တာပါ၊ အနောက်နိုင်ငံက လူတွေက ကျမတို့ NLD တက်ပြီး ဒီမိုကရေစီတိုင်းပြည်ဖြစ်ပြီး ဆိုတဲ့ဟာမျိုး ပြောနေကြတာကော၊ ဆိုတော့ ကျမတို့ အမြင်ကတော့ မဟုတ်သေးဘူးလေ၊ ပိုပြီးမှ တိုက်ပွဲတွေ ဖြစ်လာတာ။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှ လုံခြုံရေးအခြေအနေများကို အဓိက ဖော်ပြ ထားသည့် ၄င်းအစီရင်ခံစာတွင် NLD အစိုးရသစ် လက်ထက် တိုက်ခိုက်မှုများ အဆုံးသတ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်တိုးနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း အစိုးရ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ပိုပြင်းထန်လာနေကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထိုအစီရင်ခံစာတွင် အရှိန်မြင့်လာသည့် အစိုးရစစ်တပ်၏ စစ်ရေးထိုးစစ်များ ၊ ထပ်မံဖြစ်ပေါ်လာ သည့် အိုးအိမ်မဲ့စွန်ခွာထွက်ပြေးမှုများ၊ သတင်းအချက်အလက် လွဲမှားခြင်းနှင့် အကူအညီများ ပိတ်ပင်ဟန့်တား ခြင်း၊ တပ်မတော်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ထိထိမိမိ တရားဥပဒေအရ အရေးယူမှု ကင်းမဲ့ခြင်း နှင့် KWAT အဖွဲ့မှ မှတ်တမ်းတင်ထားသည့် အစိုးရစစ်တပ်၏ ချိုးဖောက်မှုများ ကိစ္စတွေကို အသေးစိတ် ဖော်ပြထားသည်။

စာမျက်နှာ ၃၁ မျက်နှာပါရှိသည့် ထိုအစီရင်ခံစာထုတ်ပြန်နိုင်ရန် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အထိ စစ်တမ်းကောက်ယူပြီး မှတ်တမ်းတင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ရှယ်လီဆိုင်း မှ ဆက်ပြောသည်။

ညင်းပန်းနှိမ်စက်မှုတွေ့ရတယ်၊ တရားကိုလည်း မလိုက်နာဘူးပေါ့ တရားစွဲမှုတွေ ဟိုအမှုတွေ ပြောတာလည်း လက်မခံတဲ့ဟာတွေ၊ တရားလက်လွတ်သတ်ဖြတ်မှု မတရာဖမ်းဆီးမှု ထိန်းသိမ်းချူပ်နှောင်မှုတွေ လု့ယက်မှု ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်စီးမှု အိမ်မီးရှို့မှု အရပ်သား ပြည်သူများကို ပစ်မှတ်ထားခြင်း ပြည်သူလူထုနေတဲ့နေရာမှာ လက်နက်ကြီး ဖြင့်ပစ်ခတ်လို့ ပေါက်ကွဲပြီး ကလေး သုံးယောက်ထဲမှာ တစ်ယောက်သေသွားတယ်

KWAT အဖွဲ့၏ မှတ်တမ်းတင်နိုင်ခဲ့မှုတွင် ညှဉ်းပန်းနှိပ်စက်ခံရသူပေါင်း ၂၁ ဦး၊ တရားလက်လွတ်သက်ဖြတ်မှုတွင် အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၆ ဦးရှိခဲ့ပြီး မတရား ဖမ်းဆီးချူပ်နှောင်ခံရသူပေါင်း ၂၀၀ နီးပါးနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုပေါင်း ၆၀ ပါဝင်သည်ဟု သိရသည်။

ထိုဖြစ်ရပ်များကြောင့် ထိုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ပေးရန် အပါအ၀င် လူသားချင်းစာနာမှု အကူအညီများ ပိတ်ပင်ထားမှုများ ပယ်ဖျက်ပေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန် တောင်းဆိုထားသည့် တောင်းဆိုအကြံပြုချက် ၁၄ ချက်ကို KWAT အဖွဲ့မှ ထုတ်ပြန်တောင်းဆိုထားသည်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့သည် ကချင်ပြည်နယ်အတွင်း ခွဲခြား ဆက်ဆံမှုပုံစံအားလုံးကို တိုက်ဖျက်ရန်၊ အမျိုးသမီးများအနေဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ပါဝင်နိုင်ရေး စွမ်းရည်မြှင့်တင်ရန် နှင့် ကလေးငယ်တိုင်း ၄င်း တို့၏ အစွမ်းအစ များ ထုတ်ဖေါ်နိုင် သော အခွင့်အလမ်းရရှိရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်းရင်းမြစ် - သတင်းနှင့်မီဒီယာ ကွန်ရက်။



Monday, October 3, 2016

ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်

လိုင်ဇာဒေသက ကေအိုင်အေ တပ်ဖွဲ့ဝင်များ
ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အနှံ့အပြား မှာ နှစ်ဘက်တိုက် ပွဲတွေပြင်း ထန်နေပြီး မြန်မာ စစ်တပ်ဘက်က ...လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် မှုကြောင့် နှစ်နှစ်အရွယ် ကချင် ကလေးငယ်တဦးသေဆုံးခဲ့သလို အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီထိုးစစ်တွေကိုကြည့်ရင် မြန်မာစစ်တပ်ဘက်က (၂၁)ရာစု ပင်လုံဆိုတာကို အလိုမ ရှိဘူး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး မလိုလား ဘူးဆိုတဲ့ သဘောထားကို ပြသနေကြောင်း ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ က ပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီး တင်ပြမှာပါ။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေ ရာတွေ မှာ မြန်မာ စစ်တပ်ဘက်က စစ်လေယာဉ်နဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက် ခိုက်လာတဲ့ အ တွက် ကလေးငယ်တွေ သေဆုံးထိခိုက် ဒဏ်ရာရခဲ့ တာကြောင့် ပြည်တွင်း မှာသာမ က နိုင်ငံတကာရောက် တိုင်းရင်းသားတွေ ကလည်း မြန်မာစစ်တပ်ရဲ့ ထိုးစစ် ကို ပြင်းပြင်ထန်ထန် ဝေဖန်ကန့်ကွက်နေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးမြို့နယ်က ကျေးရွာတခုမှာ မြန်မာစစ်တပ်ရဲ့ လက် နက်ကြီးကျရောက်မှုကြောင့် နှစ်နှစ်အရွယ် မိန်းကလေး တဦး အောက်တိုဘာ လ (၁)ရက်နေ့ က သေ ဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဌ Gum Sanက အခုလိုပြောပြပါတယ်။
“အောက်တိုဘာ ၁ ရက်နေ့မှာ မနက် ၆ နာရီနဲ့ ၆ နာရီခွဲလောက်မှာ ပူအောင် ရွာပေါ့နော်၊ ပူအောင်ရွာဆိုတာ မုန်းကိုမှာရှိပါတယ်။ အခုကျနော်တို့ရဲ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးတီခွန်မြတ်ရဲ့ ဇာတိပေါ့နော်။ အဲဒီမှာ ရွာကို အမြှောက်နဲ့ပစ်တယ်။ ၆ ကြိမ်ပစ်တယ်၊ အရပ်သားထိတယ် ကလေး ၂ ဦးထိခိုက်ဒဏ်ရာ ရတယ်၊ နောက် မန်ရှီဆေးရုံမှာ ကလေးအသက် ၂ နှစ်အရွယ် သေဆုံးသွားတယ်။”
တကယ်တမ်းအဲဒီနေရာ မှာ နှစ်ဘက်တိုက်ပွဲမျိုးမ ရှိပဲ မြန်မာ စစ်တပ်ဘက်က အရပ် သားတွေရှိတဲ့ ရွာတွေကို တမင်သက်သက်ပစ်ခတ် ခဲ့တာဖြစ်တယ် လို့ ဒေသ ခံတွေ ကပြောပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ် သက်လို့ မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခုလို မြန်မာစစ်တပ်နဲ့ တိုက် ပွဲတွေ ပြင်း ထန်နေတဲ့အပေါ်မှာ Gum San ရဲ့သုံးသပ်ချက်ကတော့-
“ငြိမ်းချမ်းရေးမလိုချင်လို့ပါ၊ ငြိမ်းချမ်းရေး က တဦးတယောက်အဖွဲ့အစည်းတခုကို အကျိုးမပြုလို့ သူတို့ ဒီလိုတိုက်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောနေ တဲ့ဟာ က မြို့၊ ရွာတွေ၊ လမ်းပေါ်က အခွန်ကောက်တာတို့ ရှိတယ်လို့ပြောပေမယ့် ဒါက လမ်း နဲ့ အင်မတန်ဝေးတဲ့နေရာတွေပါ။ ဆိုတော့ သူတို့ နောက်ဆုံးကတော့ ၂၁ ရာစုပင်လုံဆိုတာကို မလိုချင်ဘူး၊ တကယ့်ကိုစစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင် စုဆိုတာကို စစ်တပ်က မဖော်ဆောင်ချင်လို့ပဲ ဒီလိုလိုက်တိုက်နေရတယ်လို့ ကျနော်ကတော့မြင်ပါတယ်။”
အခုလို မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်လို့ အောက်တိုဘာလ (၇)ရက်နေ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်နေကြောင်း Gum San ကပြောပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်အရှေ့ပိုင်း အခြေစိုက် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေး (UWSA) နဲ့ မိုင်းလား (NDAA) နှစ်ဘက်ကြားမှာ စစ်ရေးတင်းမာ မှုတွေဖြစ်နေပါတယ်။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ UWSA တပ် အင်အား (၆၀၀)ကျော်က သံချပ် ကာ ကားငါးစီးနဲ့ မိုင်းလားအခြေစိုက်စခန်းနှစ်ခုကို စက်တင်ဘာလ (၂၈) ရက်နေ့က ၀င်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ကြားသိရကြောင်း အခြေအနေတွေ ကို စောင့် ကြည့်လေ့ လာနေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်သူ ဦးခွန်ဆိုင်း က ပြောပါတယ်။
“မိုင်းလားနဲ့ ကျိုင်းတုံကြားမှာ ရှိတဲ့ ကတားပိ က တို့ဆိပ်ဆိုတာ က မြန်မာ့ တပ်မတော်ဘက်က ရှိတာပေါ့နော် အဲဒါကျော်သွားရင် မိုင်းလား နယ်မြေဖြစ်တယ်။ အဲဒီနယ်မြေမှာရှိနေတဲ့ တောင်ပေါ်တပ်စခန်း ၂ ခုနဲ့ နောက်ပြီးတော့မှ ကားဂိတ်ကို သူတို့ သိမ်းလိုက်တယ်ပေါ့နော်။ အဲဒီမှာ တပ်ရင်း ၁၅ ဆိုတာ စောင့်ထားတယ် လူအင်အားက ၁၅၁ ယောက်ကို သူတို့က အဲဒီမှာ ထိန်းသိမ်းထားတယ်ပေါ့နော် အဲဒီသတင်းထွက်လာပါတယ်။
မေး။ ။ အဲဒီမဟာမိတ် ၂ ဖွဲ့ကြားမှာ အဓိက ဖြစ်ရတဲ့အကြောင်းအရင်းကို အမျိုးမျိုးခန့်မှန်းနေကြတဲ့အချိန်မှာ အနီးစပ်ဆုံးပေါ့နော် ဘယ်ဟာများ ဖြစ်နိုင်ခြေ အခြေအနေရှိမလဲရှင့်။
ဖြေ။ ။ ဖြစ်နိုင်ခြေရှိတာက တဘက်က ၀ က NCA လက်မှတ်မထိုးဘူး သူတို့ မဟာမိတ်တွေအကုန်လုံးလက်မှတ်မထိုးသေးပါဘူးခင်ဗျ။ နောက်ပြီး ငြိမ်းချမ်းရေး ကိစ္စမှာ ပူးပေါင်းပါဝင်မှု ကလည်း နည်းတယ်။ သို့သော်လည်း မိုင်းလားအနေ နဲ့ ကတော့ သူက မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် အသိအမှတ်ပြုမှုကို သူက ရယူချင်တယ် ၊ ဒါကြောင့်အစိုးရနဲ့ ဆက်ဆံမှုက လည်း တော်တော် ကြီးနီးနီး ကပ်ကပ်ဆက်ဆံမှုရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ၀ ဘက် က မကြေနပ်လို့လုပ်တယ်ဆိုတဲ့ အဲဒီလိုခံယူချက်မျိုးတော့ရှိတယ်။ တပ်မတော် ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျိုင်းတုံမှာရှိတဲ့ ၀ ဆက်ဆံရေး အရာရှိကိုမေး တယ်။ အဲဒါဘာဖြစ်တာလဲဆိုတော့ ဘာမှမဖြစ်ပါဘူး ဒါက ကျနော်တို့ စစ်လေ့ ကျင့်ရေးလုပ်တာပါ Exercise ပေါ့ဗျာ အဲဒါ လုပ်တာဖြစ်ပါ တယ်လို့ ပဲပြောတယ်။”
နောက်ဆုံးသတင်းတွေအရ UWSA ဘက်က ထိန်းသိမ်းထားတဲ့ မိုင်းလား NDAA တပ်ဖွဲ့ဝင် ၁၅၁ ဦးလုံးကိုပြန်လွှတ်ပေးလိုက်ပြီး စခန်းတွေကနေ ဆုပ်ခွာဖို့ သတိပေး ထားပေမဲ့ NDAA ဘက်ကတော့ တစုံတရာတုန့်ပြန်ခြင်းမရှိသေးဘူးလို့ ဦးခွန်းဆိုင်း ကပြောပါတယ်။


Copy from - voanews

မြန်မာ့တပ်မတော်နဲ့ KIA ဘာလို့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာလဲ

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။


အခုရက်ပိုင်း ကချင်ပြည်နယ်က လာတဲ့ သတင်းတွေမှာတော့ ကချင်ပြည် လွတ် လပ်ရေး အဖွဲ့ ကေအိုင်အို ဗဟို အဖွဲ့ အခြေစိုက် ရာ ဒေသပတ်ဝန်း ကျင် မှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေကြတယ် ဆိုတဲ့ သတင်းပါ။ ထုံးစံအတိုင်း နှစ်ဖက်စလုံးက အတည်ပြုလို့ရနိုင်မယ့် တိကျတဲ့ သတင်းထုတ်ပြန်ပေးတာတွေ မရှိတော့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်နေရာ မှာဖြစ်တယ်၊ အထိအခိုက် အကျအဆုံး ဘယ်လောက် ရှိတယ် စသဖြင့် ပြည်သူတွေ မသိရှိကြရပါဘူး။ တကယ်တော့ မြန်မာ့ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေကြတယ် ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျင်းပပြီးသွားတဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်ကရော၊ ညီလာခံ အပြီးမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာချည်းပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ပြည်တွင်းစစ် ရပ် စဲရေး၊ နိုင် ငံရေးအရ ပြသနာတွေ ပြေလည်စေရေး၊ ငြိမ်းချမ်းရေး ရရှိရေး အရှိန် အဟုန် နဲ့ ဆောင်ရွက်နေချိန် ခုလို တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားနေတာဟာ သင့်တော်ပါ ရဲ့လား၊ ဒီပြသနာတွေ ပြေလည်အောင် ဘယ်လို ချဉ်းကပ် ဖြေရှင်းရင် ရနိုင်မလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။
မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့ပြီးတဲ့ တိုက်ပွဲတွေ ကို ခြုံငုံသုံးသပ်ကြည့်ရင် ဘက်တစ်ဖက်ဖက်က လွန်တယ်၊ မှားယွင်းတယ် ဆိုပြီး ကောက်ချက်ချဖို့ အတော်လေး ခက်ခဲပါတယ်။ အကြောင်းပြချက် အမျိုးမျိုး နဲ့ မြန်မာ့တပ်မတော်ဘက်ကနေ ကေအိုင်အေ တပ်စခန်းနေရာတွေကို ရှင်းလင်း သိမ်းပိုက်တာမျိုး ရှိခဲ့သလို၊ ကေအိုင်အေ ဘက်က လည်း မြန်မာ့ တပ်မတော် ယဉ် တန်းတွေကို ခြုံခိုတိုက်ခိုက်တာမျိုး၊ လမ်းပန်းဆက်သွယ်ရေး တံတားတွေကို ချိုးပစ် တာမျိုး အထိ ရှိခဲ့ပါတယ်။ စစ်ပွဲရဲ့ သဘောသဘာဝကလည်း ကေအိုင်အေက ဒီနေရာမှာ တိုက်ရင် တပ်မတော်ဘက်က ဒီနေရာမှာပဲ ခုခံ တိုက်မယ်၊ အခြားနေ ရာတွေကို ပြန်တိုက်တာမျိုး မလုပ်ဘူး ဆိုပြီး ကတိက ၀တ် ပြုထားတာ မျိုးလည်း ရှိမနေပါဘူး။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ပဋိပက္ခဖြစ်၊ တပ်ဖွဲ့ခြင်း ထိပ် တိုက်တွေ့ကြပြီ ဆိုတာနဲ့ အခြားသောနေရာ၊ အခြားသော စစ်မျက်နှာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်သွားနိုင်တာချည်းပါပဲ။
ပြောရရင် မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ ခုလို တိုက် ပွဲတွေ ဖြစ်ပွားနေ တာကလည်း သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင် နှစ်ဖက် တိုက်ပွဲတွေ ပြန် စတင်ပြီးကတည်း က မြန်မာ့တပ် မတော်နဲ့ ကေအိုင်အေ အကြား၊ တစ်နည်းပြောရရင် အစိုးရနဲ့ ကေအိုင်အို အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တစ်ခုတစ်လေမှ ချုပ်ဆိုထားခြင်း မရှိလို့ပါ။ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးသား တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတောင် အကြောင်းအမျိုးမျိုးကြောင့် ထိတွေ့မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေတဲ့ သာဓကတွေ ရှိခဲ့လေတော့ လုံးဝ အပစ်ရပ် သဘောတူညီမှု လုပ်မထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်တာကို မထူးဆန်းဘူးလို့ ပြောရခြင်း ဖြစ်ပါတယ်။
ဒီအတွက် အစိုးရနဲ့ ကေအိုင်အိုကြား ဘာကြောင့် ပစ်ခတ်တိုက်ခိုက်မှု စာချုပ် မချုပ်ဆိုနိုင်ခဲ့ရသလဲ ဆိုတာကို ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ လိုလာပါ တယ်။ ကေအိုင် အို၊ ကေအိုင်အေ ဟာ ၁၉၆၀ ၀န်းကျင် လက်နက်ကိုင် ပုန်ကန်မှု စ တင်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ ၁၉၉၄ ခုနှစ်မှာ အဲဒီ အချိန်က နိုင် ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ န၀တ စစ်အစိုးရနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး ၁၇ နှစ်တာ တည်တံ့ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့ လတ်တလော အကြောင်း အချက်တွေ ရှိပေမယ့် တကယ့်ပြသနာကတော့ ကေအိုင်အိုအနေနဲ့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့လို့ပါပဲ။
ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ် စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ပြီး ငြိမ်းချမ်းရေး ရရှိရေး အားသွန်ခွန်စိုက် ကြိုးစားလာတာ တွေ့မြင်ကြရပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ရှေ့ စစ်အာဏာရှင် အစိုးရ အဆက်ဆက် လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ မတူတဲ့၊ တကယ့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တဆင့် ငြိမ်း ချမ်းရေး ပန်းတိုင်ဆီ သွားရေး ကြိုးစားလာခဲ့ပေမယ့် ကေအိုင်အို အဖွဲ့ရဲ့ သဘောထား လုံးဝ ပြောင်းလဲသွားခဲ့တာကြောင့် အပစ်အခတ် ရပ်စဲရေးရဖို့ ညှိနှိုင်းရေး ခက်ခဲသွားစေခဲ့ပါတယ်။
အကြောင်းကတော့ ကေအိုင်အို အဖွဲ့အနေနဲ့ အရင် ၁၇ နှစ်တာကာလကို သင်ခန်းစာယူပြီး အပစ်အခတ် ရပ်စဲထားရုံနဲ့ နိုင်ငံရေးပြသနာတွေ မပြေ လည်နိုင်၊ နိုင်ငံရေး ပြသနာကြောင့် ပေါ်ပေါက်လာရတဲ့ စစ်ပွဲတွေ ကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာနိုင်ခဲ့ရင်၊ နိုင်ငံရေး အရ ပြေလည်မှုတွေ ရသွား ခဲ့ရင် တိုက်ပွဲတွေဟာ သူ့အလိုလို ရပ်ဆိုင်းသွားမှာပဲ ဆိုပြီး ခံယူလိုက်လို့ ဖြစ်ပါတယ်။ ဒီအတွက် ကေအိုင်အိုဟာ အစိုးရနဲ့ တစ်ဖွဲ့ခြင်း အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ မလိုဘူးလို့ ဆုံးဖြတ်ထားလိုက်တဲ့အတွက် ဒီကနေ့ အချိန်ထိ အပစ်ရပ် ဆိုင်ရာ သဘောတူညီချက် တစ်စုံတရာ မရကြတော့တာပါ။ တိုင်းပြည်မှာ အမျိုး သားပြန် လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ရရှိရေး အတွက် အရင် သမ္မတ ဦးသိန်းစိန် အစိုးရ ချမှတ်ခဲ့တဲ့ မူဝါဒကတော့ ပထမ အဆင့် တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်အ ခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးစားမယ်၊ အပစ်ရပ် စာချုပ် ချုပ်နိုင်ပြီဆိုရင် အပစ်ရပ် တည်မြဲနေအောင် အကောင်အထည် ဖော်ကြမယ်၊ တစ်ပြိုင်နက်တည်း စာချုပ်ပါ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်သွား မယ်၊ နိုင် ငံရေး ဆွေးနွေးပွဲတွေမှာ ရရှိတဲ့ သဘောတူညီချက်တွေကို လွှတ်တော်တင်၊ အတည်ပြုချက် ရယူပြီး ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လုပ်သွားမယ်၊ ဒီလိုနဲ့ တနေ့ ငြိမ်း ချမ်းရေး အပြည့်အ၀ ရရှိစေရမယ် ဆိုတဲ့ နည်းလမ်းပါ။ ဒါပေမယ့် အဲဒီ လမ်းစဉ် အတိုင်း အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြည့်အ ၀ အောင်မြင်မှု မရပဲ အစိုးရသက်တန်း ကုန်ဆုံးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ မပြီးဆုံးသေး တဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီး အကောင်အထည် ဖော်ပါတယ်။ သမ္မတ ဦးသိန်း စိန် လက်ထက်က ချသွားတဲ့ လုပ်ငန်း လမ်းစဉ်ကို ထွေထွေ ထူးထူး ပြောင်း လဲတာ မရှိပေမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ အင်အားစု အားလုံးပါဝင်လာအောင် အထူးအာရုံစိုက် ကြိုးစားခဲ့ တာ တွေ့နိုင် ပါတယ်။ အဓိက အားသာချက်က အရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းတွေ မှာ မြန်မာ့ တပ်မတော်ဘက်နဲ့ လက်နက်ကိုင် တိုင်းရင်းသား ဘက်နှစ်ဖက်ပဲ ပါခဲ့ပေမယ့် အခုနောက်ပိုင်း ပြည်သူလူထု ကရွေးကောက် တင်မြှောက်လိုက် တဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေ ပါဝင်လာတာ ပဲ ဖြစ်ပါ တယ်။ ဒီလိုနည်းနဲ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ် အင်အားစု အားလုံးပါဝင်တဲ့ ၂၁ရာစုပင် လုံ၊ ငြိမ်းချမ်းရေးညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သူတို့ လိုလားမျှော်လင့်တာတွေကို ဘယ်ခေတ် အခါတုန်းကနဲ့မှမတူ တစ်တိုင်းပြည်လုံး တကမ္ဘာလုံးက သိအောင် ပွင့်ပွင့်လင်း လင်း ပြောဆို ချပြနိုင်ခဲ့ပါတယ်။
အဲဒီ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဖွင့်မိန့်ခွန်းမှာ NCA တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် မှာ ပါဝင်လက်မှတ်ရေးထားထားခြင်း မရှိသေးတဲ့ ကေအိုင်အို၊ UNFC အဖွဲ့ဝင်တွေ ပါဝင်လက်မှတ်ရေးထိုးလာအောင် ကြိုးစားသွားမယ် ဆိုတာပါပဲ။ ဒါမှသာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး၊ အေးချမ်းတဲ့ အခြေအနေ တစ်ခုအောက်မှာ နိုင်ငံရေးဆိုင် ရာ ဆွေးနွေးပွဲညှိနှိုင်း ပွဲတွေ ကို ကောင်းကောင်းမွန်မွန် ကျင်းပနိုင်မှာပါ။ ဒီ အတွက် ငြိမ်းချမ်းရေး ဖြစ် စဉ် ကြီး အောင်မြင်ဖို့ အတွက် ကေအိုင်အို အဖွဲ့အနေနဲ့ လက်ရှိ ကိုင်စွဲထားတဲ့ မူဝါဒ အစား အပစ်အခတ်တွေရပ်စဲထားတဲ့ အခြေအနေအောက် မှာ နိုင် ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပနိုင်အောင်၊ ပြည်သူလူထု တစ်ရပ်လုံး စိတ်အေးချမ်း လုံခြုံမှုရအောင် NCA စာချုပ်ထဲ လက်မှတ်ရေးထိုးနိုင်အောင် စဉ်းစားသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပွဲတော် Ethnic Fashion Show 2016 ရဲ့ ရည်ရွယ်ချက်




ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပွဲတော် Ethnic Fashion Show 2016 နှင့်ပတ်သက်ပြီး အနည်းငယ်တင်ပြချင်ပါတယ် အကျိုးအမြတ်ထက် ကျနော်တို့ ဒီ အချက် ၃ ချက်ကို ရည်ရွယ်ပါတယ်။
၁, မိမိတို့ရဲ့ မူလရိုးရာဝတ်စားဆင်ယင်မှုကို ဂျပန်လူမျိုးများကို မိတ်ဆက်ပြသ တာဖြစ်တယ်။
၂,မိမိတို့ရဲ့ ဒေသထွက် အိမ်နေဝတ် လက်ယက်အထည်အစင်းတွေကို ဆန်းသစ်တီထွင်စွာဖြင့် နိုင်ငံရပ်ခြားဈေးကွက်တွင် ဈေးကွက်ဖန်တီးပြသခြင်းသာဖြစ်ပြီး လက်ယက်ထည်လုပ်းငန်းတွေလဲ ပိုမိုထွင်ကျယ်ထိုးဖေါက်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်။
...
၃, ပါဝါပွိုင့်ဖြင့် တိုင်းရင်းသားဒေသအသီးသီးတို့၏ "Message to Japan" ဂျပန်ကို ဘာပြောချင်သလဲ ဆိုတဲ့အစီအစဉ်မှာ တအာင်းပလောင်လူမျိုးစုများတို့၏ နောက်ခံသမိုင်းကြောင်းနှင့် လက်ရှိတအာင်းဒေသ ပကတိအခြေအနေကို တင်ပြနိုင်ခဲ့ပါတယ် ( ~ အစိုးရစစ်တပ် တအာင်းဒေသ ထိုးစစ်ဆင်နေမှု ပြည်တွင်းစစ်မီးကြာင့် ဒုက္ခသည်များ မိမိတို့ဒေသကိုစွန့်ခွါပြီး အိမ်မပြန်နိုင်သေးတဲ့အခြေအနေ~ ပညာရေးနိမ့်ကျ စာသင်ကျောင်းနှင့် ဆရာ ဆရာမမလုံလောက်မှု ကျမ္မာရေးလုံလောက်မှုမရှိခြင်း~ မိရိုးဖလာ လ္ဘက်လုပ်ကိုင်ခြင်းများတို့ကိုလည်း နည်းပညာအကူအညီပေးဖို့ စသဖြင့်တိုင်းရင်းသားအသီးသီးရဲ့ ရုပ်သံအစီအစဉ်ကြားမှာ တအာင်းအစီအစဉ်ကိုပါ ထည့်တွင်းတင်ပြနိုင်ခဲ့ပါတယ်) ။
ဒီပွဲမှာ မိမိတို့လူမျိုးကို ထုတ်ဖေါ်နိုင်ဖို့အတွက် ( အချိန် ငွေစိတ်ဓါတ် လူအား ) တို့ကို မစိုက်ထုတ်ပဲမဖြစ်မြောက်နိုင်ပါ။ ပူးပေါင်းပါဝင်ကူညီခဲ့ကြသူများအားလုံး ကျေးဇူးတင်ရှိပါတယ်။
အားလုံးကိုလေးစားလျှက်
မိုင်းကျော်ဦး
ခေတ္တ/ ဂျပန်

တိုင်းရင်းသားပွဲတော်(ဂျပန်) ၂၀၁၆ DVB ရုပ်သံမှတ်တမ်း


Saturday, September 10, 2016

ဖွင့်မလား ပိတ်မလား သူတို့နှစ်ဦးပဲ သိမယ် (ဒီဆေးက နည်းနည်းခါးမယ်နော်)



ဒီအကြောင်း ဘယ်သူကမှ ဆက်မပြောတော့လို့ မိမိက အမုန်းခံပြီး ပြောလိုက်ပါအုံးမယ်။ မြန်မာစစ်တပ်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဗမာမှုပြုရေးနဲ့၊ ထာဝရငြိမ်းချမ်းရေးကို လက်နက်ချရေးနဲ့ အဓိပ္ပါယ်ဖွင့်ဆိုနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ စီ်းပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အသည်းအသန် ကြိုးစားတော့မှာ ဖြစ်တယ်။ အမှန်မှာ မြန်မာနိုင်ငံရေးမှာ စစ်တပ်က အပိုင်စီးလို့ ရအောင် နာဂစ်ဖွဲ့စည်းပုံမှာ အတိအလင်း ရေးဆွဲထားပါလျက်နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရ ရှိနေပြီလို့ ဆိုခြင်းမှာ လုံးဝမှားယွင်းပါတယ်။

နာဂစ်ဖွဲ့စည်းပုံမှာ ပါတဲ့ ဒီအချက်တွေကို သင်လေ့လာကြည့်ပါ။ ဒါမှပဲ ဒီတိုင်းပြည်ကို ဘယ်သူက နောက်ကွယ်ကနေ အုပ်ချုပ်နေသလဲ သိနိုင်မှာပါ။

(၁) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ နဲ့ ဖွဲ့စည်းပါတယ်။ ဒီကာလုံမှာ အရပ်သား(၅)ဦးနဲ့ စစ်တပ်က (၆)ဦး ခန့်ပါတယ်။ အခုဆိုရင် သမ္မတတစ်ဦး၊ ဒုသမ္မတတစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတစ်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးတစ်ဦးဟာ အရပ်သားအစိုးရက ရတဲ့ ဝေစု ဖြစ်တယ်။ ဘာရွေးကောက်ပွဲမှ မဝင်ဘဲ စစ်တပ်က အလိုအလျောက်ရမဲ့ ဝေစုကတော့ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ဒုသမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ဖြစ်တယ်။ မြန်မာနိုင်ငံကို အမှန်တကယ်အုပ်ချုပ်နေသူမှာ ကာလုံအဖွဲ့ပဲ ဖြစ်ပါတယ်။

စစ်တပ်ဦးဆောင်တဲ့ ကာလုံကို ပုဒ်မ ၃၄၀ အရ "တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သဘောတူညီမှုဖြင့် နိုင်ငံရေးလုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံခွင့်ရှိသည်"လို့ ဆိုပါတယ်။ ကာလုံကို ဦးဆောင်နေသူကလည်း ကာချုပ်ပဲ ဖြစ်လို့ ကာချုပ်က ကာချုပ်ကိုပဲ "မင်းလုပ်ချင်ရာ လုပ်ပေတော့"လို့ ကိုယ့်ဟာနဲ့ကိုယ် ပါမစ်ပေးလိုက်ခြင်းပဲ ဖြစ်တယ်။ ဒီမှာ ပါတဲ့ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးဆိုတဲ့စကားဟာ အင်မတန်မှ အန္တရာယ်များပါတယ်။

ပိုရီစရာကောင်းတာက ပုဒ်မ ၃၄၂ မှာ " ကာလုံ၏ အဆိုပြုထောက်ခံချက်ဖြင့် ကာချုပ်ကို ခန့်အပ်တာဝန်ပေးရမည်" ဖော်ပြထားခြင်းပဲ ဖြစ်တယ်။ အဆိုပါလုပ်ချင်ရာလုပ်လို့ ရတဲ့ ကာချုပ်ကို ဘယ်သူက ခန့်သလဲလို့ မေးကြည့်တဲ့အခါ သူ့ဟာသူ ခန့်လိုက်တယ်ဆိုတဲ့ အဖြေကို ရတယ်။ အရူးတစ်ယောက်တောင် ကာချုပ် ဖြစ်ပြီး ဒီတိုင်းပြည်မှာ လုပ်ချင်ရာလုပ်လို့ ရနေတဲ့အနေအထားပါ။

ပုဒ်မ ၄၁၀၊ ပုဒ်မ ၄၁၁၊ ပုဒ်မ ၄၁၂ တို့အရ " နိုင်ငံတော်တစ်နေရာရာတွင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင်စွမ်းမရှိလျှင် သမ္မတသည် ကာလုံနှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေ ကျေညာနိုင်သည်၊ ထိုကာလအတွင်း နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ရပ်တန့်ထားနိုင်သည်၊ ကာလုံအစည်းအဝေးတွင် ကာချုပ်နှင့် ကာချုပ်ခန့်အပ်ထားသော အခြားသုံးဦးတက်ရောက်လျှင် အခြားသူများ အစည်းအဝေး မတက်ရောက်နိုင်လျှင်လည်း ဆုံးဖြတ်ချက်ချနိုင်သည်"ဆိုပြီး ပါရှိတယ်။ ဒါဟာ နာဂစ်ဖွဲ့စည်းပုံကို လက်ခံရင် လက်ခံပါ၊ လက်မခံရင် အာဏာသိမ်းစရာတောင် မလိုဘူး၊ သမ္မတကို လာအပ်ခိုင်းလို့ ရတဲ့အနေအထားပါ။ ပုဒ်မ ၄၁၇ (ဂ)အရ အာဏာကို တစ်နှစ် လွှဲထားလို့ ရတယ်၊ ပုဒ်မ ၄၃၁ အရ ကာချုပ်က သမ္မတအမည်ကိုပါ အလွဲသုံးစားလုပ်ပြီး နိုင်ငံတော်အာဏာကို အသုံးပြုပိုင်ခွင့် ရရှိထားတယ်။ ပုဒ်မ ၄၃၂ အရ ကာချုပ်နဲ့စစ်တပ်က အရေးပေါ်အခြေအနေမှာ ဘာပဲလုပ်လုပ် တရားစွဲလို့ မရဘူးဆိုတော့ ကုန်ပါပြီ။

(၂) ကာကွယ်ရေးဦးစီးချုပ်နဲ့ အခွင့်အာဏာများ

ပုဒ်မ ၃၄၂ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာလုံကနေ အဆိုပြုရကြောင်း ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို သမ္မတက ခန့်ပေးရကြောင်း ပါရှိတယ်။ အမှန်မှာ သမ္မတမှာ ကာလုံကို ငြင်းနိုင်တဲ့ အခွင့်အရေး မရှိပါ။ ဒါကြောင့် ကာလုံလုပ်ငန်းစဉ်ဆိုတာ ကာချုပ်ရဲ့ လုပ်ငန်းစဉ်များသာ ဖြစ်ပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမှာလည်းပဲ ကာချုပ်က ချုပ်ကိုင်ထားကြောင်းကို အောက်ပါအတိုင်း သိရှိနိုင်ပါတယ်။

ပုဒ်မ ၁၄ အရ လွှတ်တော်အသီးသီးမှာ တာဝန်ထမ်းဆောင်ဖို့ တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းကို စေလွှတ်နိုင်တယ်။ ပုဒ်မ ၁၇ (ခ)အရ ပြည်ထောင်စု၊ ပြည်နယ် အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတွေကို ကာချုပ်ကပဲ အမည်စာရင်းတင်သွင်းရတယ်။ ပုဒ်မ ၂၀ အရ တပ်မတော်ကို ကာချုပ်က ပိုင်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိတယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမဲ့တာဝန်ကိုလည်း ယူထားတယ်။ ဒါဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ပြင်လို့မရအောင် မောင်ပိုင်စီးထားတာပါ။ ပုဒ်မ ၄၀ (ဂ)မှာ ဖွဲ့စည်းပုံအရ အာဏာကို လိုသလို သုံးစွဲခွင့်ပြုတယ်။ ပုဒ်မ ၆၀ (ခ) (ဂ)အရ ဒုသမ္မတတစ်ဦးကို ရွေးချယ်ပိုင်ခွင့်ရတယ်။ ပုဒ်မ ၂၃၂ (ခ)အရ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကို အမည်စာရင်းတင်သွင်းလို့ ရတယ်။ ပုဒ်မ ၂၆၂ (က)အရ  ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေက ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်အတွက် ကာချုပ်ဆီက လူတောင်းရမယ်။ ပုဒ်မ ၂၆၄ (က)အရ သမ္မတက တပ်မတော်နဲ့ ပတ်သက်မျှဝန်ထမ်းအရေးတွေကို အခြားနဲ့မတိုင်ပင်ရ၊ ကာချုပ်နဲ့သာ တိုင်ပင်ရမယ်။ ပုဒ်မ ၂၈၅ အရ သမ္မတက နေပြည်တော်ကောင်စီဝင်များကိုလည်း ကာချုပ်ဆီက တောင်းခံရမယ်။ နေပြည်တော်အုပ်ချုပ်ရေးကိုလည်း ဆုပ်ကိုင်ထားတယ်။ တပ်မတော်စစ်တရားရုံးနဲ့ ပတ်သက်ရင် ကာချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်အတည်ဖြစ်တယ်။  ပုဒ်မ ၄၂၀ အရ အရေးပေါ်အခြေအနေမှာ ကာချုပ်က နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ရုပ်သိမ်းပိုင်ခွင့် ရှိတယ်။ ပုဒ်မ ၄၂၁၊ ၄၂၅ အရ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကို မူလ (၁)နှစ်အပြင် (၆)လ နှစ်ကြိမ် ထပ်တိုးနိုင်တယ်။

(၃) သမ္မတအာဏာများဟာ မဆိုစလောက်သာ

သမ္မတကိုတောင် ပြည်သူတို့က တိုက်ရိုက်ရွေးချယ်ရတာ မဟုတ်ပါ။ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါတဲ့ ပြည်သူ့လွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်က တစ်ဦးနဲ့ စစ်တပ်က တစ်ဦး သမ္မတလောင်းကို အမည်စာရင်း တင်သွင်းရမယ်။ ဒါဟာ ပုဒ်မ ၆၀ အရပါ။ ဒီ(၃)ဦးကနေ သမ္မတတစ်ဦး၊ ဒုသမ္မတနှစ်ဦးကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ပေးရမှာ ဖြစ်တယ်။ ဒီနေရာမှာ သမ္မတကို အခွင့်အာဏာ ဘယ်လောက်ပေးထားသလဲ ကြည့်ရအောင်ပါ။

ပုဒ်မ ပုဒ်မ ၂၀၂ အရ စစ်တပ်ကြိုးကိုင်ထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာဝန်ကြီးဌာန(၃)ခုက လွဲရင် ဖွံ့ဖြိုးရေးဆိုင်ရာ ကျန်ဝန်ကြီးဌာနတွေကို လိုအပ်သလို ဖွဲ့စည်းနိုင်တယ်။ ပုဒ်မ ၂၀၄ အရ လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ ကိုယ်တိုင်ကိုယ်ကျ မပေးနိုင်၊ ကာလုံ/ကာချုပ်သဘောတူညီချက်၊ ထောက်ခံချက်နဲ့သာ လုပ်နိုင်တယ်။ ပုဒ်မ ၂၀၅ အရ ဘာဂုဏ်မှ မပေးထားတဲ့ သမ္မတကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခွင့်ပေးတယ်။ ပုဒ်မ ၂၀၈ အရ နိုင်ငံတော်ဝန်ထမ်းများကို ခန့်အပ်လို့ ရတယ်။ ဒါပေမဲ့ ပုဒ်မ ၂၆၄ အရ စစ်တပ်နဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေကို မထိရ။ ပုဒ်မ ၂၀၇ အရ သံတမန်များကို ခန့်အပ်ခြင်း၊ လက်ခံခြင်းပြုနိုင်တယ်။ ပုဒ်မ ၂၀၉ အရ နိုင်ငံတကာသဘောတူစာချုပ်များကို ချုပ်ဆိုနိုင်၊ ပယ်ဖျက်နိုင်တယ်။ ဒီတစ်ခုကတော့ မဆိုးဘူး။ ပုဒ်မ ၂၁၀ အရ တိုင်းပြည်နဲ့လွှတ်တော်ကို အခါအားလျော်စွာ မိန့်ခွန်းပြောကြားပိုင်ခွင့် ရှိတယ်။ ဒီလောက်ပါပဲ။ 

ဒီတော့ ကာလုံတာဝန်နဲ့ ကာချုပ်တာဝန်နှစ်ခုကို နှိုင်းကြည့်ရင် အတူတူပဲဖြစ်ကြောင်း တွေ့နိုင်တယ်။ တကယ်လို့ ဒေါ်စုက သမ္မတ ဖြစ်ခဲ့ရင်တောင် အရင်က သန်းရွှေနဲ့ ခင်ညွန့်ဆက်ဆံရေးပုံစံမျိုးပါပဲ။ မင်းအောင်လှိုင်ကို သွားမေးကြည့်ပါ။ မြန်မာနိုင်ငံကို သူပဲ ကြိုးကိုင်အုပ်ချုပ်နေကြောင်း မပြောပေမဲ့ သူမပါရင်မရဘူးလို့ ပြောပါလိမ့်မယ်။ ဒေါ်စုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ လူမြင်ကွင်းမှာ အာဏာရှိသယောင် ရှိပေမဲ့ တကယ့်တကယ်မှာ ဘာအာဏာမှ မရှိပါ။ ဒီရာထူးက သမ္မတနဲ့နိုင်ငံတော်ကြားက ကွာဟချက်ကို စစ်တပ်အကျိုးစီးပွားကို မထိခိုက်စေဘဲ ဒေါ်စုအတွက် အခန်းကဏ္ဍတစ်ခုကို ဖော်ထုတ်ပြီး တီထွင်ထားတဲ့ ရာထူးပါပဲ။ ဘာပဲပြောပြော ဖွဲ့စည်းပုံအရ သမ္မတထက် အာဏာမရှိဘူး။

အခု မြန်မာနိုင်ငံကို သံလက်သီးနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ဟာ လက်အိပ်စွပ်ပြီး အုပ်ချုပ်နည်း ပြောင်းရုံပဲ ရှိပါတယ်။ ကြားခံပါတီတစ်ခုကနေ တိုင်းပြည်ကို အုပ်ချုပ်တာပဲ ရှိတယ်။ နာဂစ်ဖွဲ့စည်းပုံအရ နိုင်ငံဖွံ့ဖြိုးရေးကိုလည်း ဂရုစိုက်စရာမရှိဘူးဆိုတော့ စစ်တပ်အတွက် စစ်အစိုးရလက်ထက်နဲ့ စာရင် သက်တောင့်သက်သာ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကို အနယ်ကျအောင် လုပ်ပြရုံနဲ့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရအောင် ခေါင်းမမဲ့သင့်ပါ။ လောလောဆယ်မှာ ဆက်ပိတ်မလား၊ ဖွင့်ပေးရမလား ဒေါ်စုအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဝါရှင်တန်နဲ့ ဆွေးနွေးတဲ့အခါ ဒေါ်စုက ဆက်ပိတ်ထားအုံးလို့ ပြောရင် အမေရိကန်က ဆက်ပိတ်ထားပါ့မယ်။ ဒေါ်စုက ဖွင့်ပေးပါတော့လို့ ပြောရင် အမေရိကန်က နဂိုကတည်းက ဖွင့်ပေးချင်နေတာ ဖြစ်လို့ ဖွင့်ပေးပါလိမ့်မယ်။ မြန်မာစစ်တပ်အလိုကျ ပြောလေ့၊ ရေးလေ့ ရှိတဲ့ ပါမောက္ခ ဒေးဗစ်စတိန်းဘာ့ဂ်ကတော့ ဖွင့်ပေးဖို့ ပြောနေပါတယ်။ ဒီပါမောက္ခကတော့ မူမမှန်နေတာ ကြာလှပါပြီ။ ဒါပေမဲ့ ဖွင့်လိုက်ရင် ဘယ်သူကို အကျိုးပိုရှိစေမလဲ မိမိတို့က သိကြပေမဲ့ ဖွင့်မလား၊ ပိတ်မလားကိုတော့ ဒေါ်စုနဲ့ အိုဘာမားတို့ပဲ သိပါလိမ့်မယ်။ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ စစ်တပ်လော်ဘီတွေကတော့ ဒုံးကျည်တည်ဆောက်ဖို့အကြောင်း ရေးနေကြပါပြီ။ မြန်မာနိုင်ငံတိုးတက်မှာကို ဘယ်အိမ်နီးချင်းကမှ ကြိုက်မှာမဟုတ်ဘူးလို့ လော်ပေးနေပါပြီ။ သိရအောင်ပါ။

U Ravika

Saturday, August 13, 2016

၂၁- ရာစု ပင်လုံ နဲ့ ၂၁ - ရာစု လက်နက်ချည်း ********


 အုပ်စိုးသူအစိုးရအဆက်ဆက်ကခေါ်ဆိုခဲ့ကြတဲ့ “ ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာမှာ သူတို့ဟာ ငြိမ်းချမ်းရေး လိုလားကြောင်း ပြည်သူလူထုကိုလှည့်စားဖို့နဲ့ လက်နက်ကိုင်အင်အားစုတွေ လက်နက်ချလာစေဖို့ ဆိုတဲ့ မျက်နှာစာ၂ ဖက် ပါဝင်စမြဲဖြစ် တယ်။ ဒါ့အပြင် မဖြစ်နိုင်တဲ့၊ တစ်ဖက်သတ်အပေါ်စီးယူတဲ့ တောင်းဆိုချက်တွေ တောင်းဆိုပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တဖက် သတ်ဖျက်ဆီးပစ်သူ/ ရုပ်သိမ်းသွားသူဟာ အုပ်စိုးသူအစိုးရတွေပဲဖြစ်တယ်။ နိဂုံးချုပ်လိုက်တော့ တချို့သော လက်နက်ကိုင်အဖွဲ့အစည်းထဲကနေ တချို့ခွဲထွက်၊ ပဲ့ထွက်သွားပြီး အစိုးရထံလက်နက်ချ သွားတယ်။ ဒါကို အုပ်စိုးသူတွေက “ငြိမ်းချမ်းရေး” လို့ နာမည်တပ်တယ်။ “အလင်းဝင်ခြင်း၊ လက်နက်ချခြင်း၊ လက်နက်နဲ့ဒီမိုကရေစီ လဲလှယ်ခြင်း၊ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်စွန့်လွှတ်အပ်နှံခြင်း၊ တပ်မတော်ရဲ့သဘောထားအမှန်ကို သိမြင်သဘော ပေါက်လာခြင်း” စသဖြင့် ဝေါဟာရမျိုးစုံသုံးလေ့ရှိတယ်။ ဘယ်စကားလုံးသုံးသုံး အနှစ်သာရက လက်နက်ချတာပဲဖြစ်တယ်။ လက်နက်ချ ခိုင်းတာပဲဖြစ်တယ်။ ဒါကြောင့် အုပ်စိုးသူအစိုးရရဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ အပေါ်ယံစကားလုံးကို ဘယ်လိုမိတ်ကပ်တွေလိမ်းခြယ်ဖုံးကွယ်ထားနေပါ စေ “လက်နက်ချရေး” ဆိုတဲ့ အနှစ်သာရကို ဖုံးကွယ်ထားလို့ မရပါဘူး။ လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းမှာ လက်နက်ချချင်ရင် လွတ်လပ်စွာလက်နက်ချခွင့် ရှိပါတယ်။ လက်နက်မချပါနဲ့၊ လက်နက်ချလိုက်ပါလို့ ဘယ်သူကမှ တိုက်တွန်းတောင်းဆိုလို့မရပါဘူး။ မိမိယုံကြည်ချက်၊ ရပ်တည်ချက်နဲ့အညီ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ ကြရမှာပါ။ အခုနောက်ဆုံးပေါ်နည်းက ယခင့်ယခင်နည်းတွေနဲ့ အနှစ်သာရအရတော့ ဘာမျှသိပ်မခြားနားပါဘူး။ လောလောဆယ် လက်နက်ကိုင်ထားနိုင်သေးတယ်။ ဒါပေမယ့် “လက်ချပါ့မယ် ကတိပြုကြောင်း တိုင်းသိပြည်သိ ထုတ်ဖော် ကြေညာပေးရမယ့်” နည်းဖြစ်တယ်။ ပါတီအဖွဲ့အစည်းတွေ လက်နက်ကိုင်လမ်းစဉ်စွဲကိုင်လာရတဲ့သမိုင်းကို အကြမ်းဖျင်းစိစစ်ကြည့်ရင် ယုံကြည်ရာနိုင်ငံရေးအတွေး အခေါ်အယူအဆတစ်ခုခု(သို့မဟုတ်) ရပ်တည်ကိုယ်စားပြုရာ လူမျိုးရဲ့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတဲ့ ခံယူချက် အတွက်၊ ယေဘုယျအားဖြင့် ဒီမိုကရေစီအခွင့်အရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတာကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တာခံရလို့လက်နက် စွဲကိုင်ပြီး ပြန်လည်ခုခံတော်လှန်ရတာဖြစ်တယ်ဆိုတဲ့ သမိုင်းအချက်အလက်ကို အထင်အရှားတွေ့ရမှာပါ။ “လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်တာကို လက်နက်စွဲကိုင်ပြီးခုခံတော်လှန်တာဟာ တရားမျှတပြီး ဘယ်တော့မဆို မှန်ကန်တယ်” ရန်လိုမုန်းတီးမှု သက်သက်နဲ့ “သွေးဆာ” လို့ လက်နက်ကိုင်ခဲ့ကြတာတော့မဟုတ်ပါ။ အနီးကပ်ဆုံးသာဓကဖြစ်တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တစ်ခုဖြစ်တဲ့ (ABSDF)ကျောင်းသားတပ်မတော် ပေါ်ပေါက်လာရပုံ ကိုကြည့်ပါ။ ကျောင်းသားတွေ “လက်နက်ကိုင်တော်လှန်ရေး” ဆိုတဲ့ အလံကို လွှင့်ခဲ့ကြရတယ် မဟုတ်လား။ အရင်းစစ်လိုက်တော့ “ လက်နက်ကိုင်ပြီး နိုင်ငံရေးအခွင့်အလမ်း တောင်းဆိုတဲ့ နည်းလမ်းကို စွန့်လွှတ်ပါတယ်” လို့ ပထမ တစ်ချက် ကတိကဝတ်ပြုရမယ်။ ဒုတိယအချက်က ဒီလိုကတိပြုထားတာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရမယ်ဆိုတာပါပဲ။ ဒီနည်းလမ်းက ယုံကြည်ချက်၊ အတွေးအခေါ်၊ ခံယူချက်လက်ကိုင်ပြုထားတာရှိတယ်ဆိုရင်၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ ခံယူချက်အရ ဒူးထောက်၊အညံ့ခံခိုင်းတဲ့ နည်းဖြစ်ပါတယ်။ “၂၁ ရာစု ပင်လုံ” တက်ရောက်နိုင်ခွင့်ရရှိရေးအတွက် “၂၁ ရာစု လက်နက်ချနည်း” လို့ ဆိုရင် ရမယ်ထင်ပါရဲ့။ ဒီလိုလက်နက်ချနည်းကို လက်ခံလိုက်နာဖို့ ဒီချုပ်ပါတီအစိုးရဖွဲ့စည်းပေးလိုက်တဲ့ ငြိမ်းချမ်းချမ်းရေးကော်မရှင်က တောင်းဆို နေပါတယ်။ လက်နက်ချမှ၊ လက်နက်ချပါ့မယ်လို့ ကတိပြုကြေညာမှသာ “၂၁ ရာစုပင်လုံ” တက်ရောက်ဆွေးနွေးခွင့်ရမယ်ဆိုတာပါပဲ။ ဗိုလ်သိန်းဇော်၊ဗိုလ်ခင်ဇော်ဦး၊ ဗိုလ်အောင်ကြည်တို့ပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကိုင်စွဲတောင်းဆိုနေတဲ့ ဒီသဘောထား နဲ့ရပ်တည်ချက်ဟာ စစ်တပ်က ကိုင်စွဲထားတဲ့ “ ငြိမ်းချမ်းရေးရေးနှင့်ပတ်သက်တဲ့မူဝါဒ ၆ ရပ်” ဆိုတာကို ပဲ့တင်ထပ်လိုက်ခြင်း၊ ကိုယ်စား ပြုလိုက်ခြင်းပဲမဟုတ်ပါလား။ တချို့က “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်ကို ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်တာ မျိုးတော့ မဖြစ်ဖို့ လိုပါတယ်” – “ ကျောက်နံရံကို ခေါင်းနဲ့ တိုက်တာဖြစ်တယ်” လို့ ဆိုကြပါတယ်။ ကျောက်နံရံကို ခေါင်းနဲ့တိုက်တာဟာ ဦးနှောက်ပုံမှန်မရှိသူရဲ့ အပြုအမူပဲဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ “ပဝါလှလှလေး”နဲ့ ကာဗာယူထားတဲ့ စစ်အာဏာရှင်စနစ်နံရံကို တိုက်ဖျက်ဖြို ချနေကြတာပါ။ ဖွင့်ချနေရတာပါ။ ပဝါလေးကို အသာမပြီး နောက်ကွယ်က အရုပ်ဆိုးအကျည်းတန်လှတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင် စနစ်ရဲ့ လုပ်ရပ်တွေခြေလှမ်းတွေကို ဖော်ထုတ်ဖွင့်ချတိုက်ခိုက်ဆန့်ကျင်နေတာပါ။ ဒီပဝါလေးက အဲဒီအရုပ်ဆိုးအကျည်းတန်မှုတွေကို ကာဆီး ကာဆီးလုပ်ပေးနေမယ်ဆိုရင်တော့ မလွှဲသာမရှောင်သာ ပွတ်တိုက်မိတာတွေတော့ ရှိမှာပါ။ ဒါပေမယ့် ပကတိသဘောထား အမှန်ကတော့ လှပတဲ့ပဝါလေး ညစ်ပေစွန်းထင်းသွားမှာ သိပ်စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီပဝါလေးကို လွှဲဖယ်လို့ရသမျှ လွှဲဖယ်၊ ရှောင် လွှဲပြီး စစ်အုပ်စုကို ထိုးနှက်နေတာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ပဝါလေးကို ပြည်သူလူထုရဲ့အကျိုးစီးပွားနဖူးပြင်မှာ အစဉ်ထာဝရ ချည်နှောင်ထား နိုင်ဖို့ပဲ အစဉ်အမြဲလိုလားတာပါ။ ဒါ့အပြင် ဒီ “ပဝါလေး” ကို ဗန်းပြပြီး စစ်အုပ်စုရဲ့ “ဒီမိုကရေစီအတုနဲ့ ဖက်ဒရယ်အတု” အစွံထုတ် နေတာမျိုး၊ လက်နက်ချခိုင်း နေတာမျိုးလည်း ဘယ်လို နည်းနဲ့မျှ မဖြစ်စေချင်ပါဘူး။

မိုးမခ

Monday, August 1, 2016

မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးမှသည် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးသို့



(၁) ဖက်ဒရယ်ဖွဲ့စည်းပုံကို အတည်ပြု

မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၂၆)ရက်နေ့မှ စပြီး ဇူလိုင်လ (၃၀)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အကြောင်းအရာ(၈)မျိုးကို ဆွေးနွေးခဲ့ပြီး ၁၉၅၈-၁၉၆၂ ခုနှစ်က တောင်ကြီးမူ(၆)ချက်အနက် ခွဲထွက်ရေးကို ချန်လှပ်ထားပြီး ကျန်(၅)ချက်ကို ဆက်လက်တောင်းဆိုကြမည်ဟု သိရသည်။ ဤတောင်းဆိုချက်မှာ အထူးအဆန်းမဟုတ်၊ ပင်လုံကို အခြေခံသည့် ဒီမိုကရေစီ၊ လူမျိုးတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပင် ဖြစ်သည်။ 

ဤမျက်နှာစုံညီအစည်းအဝေး၏ ထူးခြားချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြင်ဆင်ထားသော “ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)” ကို သဘောတူညီမှု ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ FCDCC ၏ ပထမမူကြမ်းကို UNFC က အနည်းငယ်ပြင်ဆင်ပြီး တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဤဖွဲ့စည်းပုံအရ ဖက်ဒရယ်ပြည်ထောင်စုသည် တန်းတူသော အမျိုးသားပြည်နယ်များကို အခြေခံမည်ဖြစ်သည်။

(၂) ဆက်လက်တောင်းဆိုမည့် မူ(၅)ချက်

တောင်ကြီးမူထဲက အချက်(၅)ချက်ကို အကျဉ်းမျှ ဖော်ပြလိုသည်။

၁။ ပြည်မကို ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းရေး၊
၂။ လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေး၊
၃။ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်များသာ စေလွှတ်ရေး၊
၎။ ပြည်နယ်များက မိမိတို့ဆန္ဒအလျောက် လွှဲအပ်ထားသော အာဏာများကို ပြည်ထောင်စုအစိုးရထံသို့ ကန့်သတ်၍ ကျန်ရှိသော အာဏာများကို ပြည်နယ်များထံတွင် ထားရှိရေး၊
၅။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို နိုင်ငံရေးအာဏာ(၃)ရပ်စလုံး အပ်နှင်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့်ရှိရေး

ဟူသော (၅)ချက်ပင် ဖြစ်သည်။ ဤနေရာ၌ မြန်မာ့တပ်မတော်၊ မြန်မာအစိုးရနှင့် မြန်မာပြည်သူတို့အတွက် သတင်းကောင်းမှာ ခွဲထွက်ခွင့်ကို တောင်းဆိုမထားခြင်းပင် ဖြစ်သည်။ အထက်ဖော်ပြပါ(၅)ချက်သည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် အချက်အလက်များသာ ဖြစ်သည်။

(၃) သုံးပွင့်ဆိုင်ကို စွဲကိုင်ထားဆဲ

တိုင်းရင်းသားခေါင်းဆောင်တို့က သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမူကို ကိုင်စွဲထားဆဲ ဖြစ်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍လည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တစ်ခုကို ဖွဲ့စည်း၍ အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာ ထားရှိရန် သဘောတူညီခဲ့ကြသည်။ ကျန်ရှိသည့် အချက်အလက်များကို ဆက်လက်၌ ဆွေးနွေးညှိနှိုင်းရန် လုပ်ငန်းကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ဤနေရာ၌ သုံးပွင့်ဆိုင်ဟု ဆိုရာမှာ ယခင်ရှိခဲ့ဖူးသည့် (၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (၂) မြန်မာ့တပ်မတော်နှင့် (၃) တိုင်းရင်းသားများအစား (၁) ဒီချုပ်အစိုးရ+ပြည်ထောင်စုလွှတ်တော်+မြန်မာ့တပ်မတော်ဆိုသည့် အစုအဖွဲ့တစ်ခု (၂) နိုင်ငံရေးပါတီများဆိုသည့် အစုအဖွဲ့တစ်ခုနှင့် (၃) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဆိုသည့် အစုအဖွဲ့တစ်ခုတို့ဖြင့် ဆွေးနွေးကြရန် ဖြစ်သည်။

(၄) မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးမှသည် 

ဤမျက်နှာစုံညီအစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဖွဲ့(၄)ဖွဲ့ကို ရှင်းလင်းတင်ပြရန်လည်း ရှိသည်။ ဝနဲ့ မိုင်လားအဖွဲ့၊ ပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့နှင့် နာဂအဖွဲ့တို့သည် အခြေအနေအရပ်ရပ်ကြောင့် ဤအစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ အကယ်၍ အဆိုပါမတက်ရောက်နိုင်သည့် အဖွဲ့အစည်းများသည်လည်း ဆုံးဖြတ်ချက်များကို လက်ခံသဘောတူခဲ့လျှင် မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးသည် အောင်မြင်သည့် အစည်းအဝေးတစ်ခုဖြစ်သည်ဟု ဆိုရမည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးသည် ညီညွတ်ရေးကို ဆောင်ကျဉ်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတက်ရင်း မိန့်ကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ပီဂျေ နမ်ဘီယားကလည်း ခက်ခဲ့သည့် အလုပ်ဖြစ်၍ အချိန်ယူညှိနှိုင်းရမည်ဟု ဆိုခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးသံတမန် မစ္စတာဇွန်ဂေါင်ဇင်ကလည်း သြဂုတ်လတွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တွေ့မြင်ရမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

အစုအဖွဲ့ (၃)ခုအနက် အစိုးရ၏ NRPC အဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးအတွက် အဆင်သင့် ဖြစ်နေလောက်ပြီဟု ခန့်မှန်းရသည်။ အလားတူစွာ နိုင်ငံရေးပါတီများအစုအဖွဲ့သည်လည်း ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားရတော့မည်ဖြစ်သည်။ ယခုလောလောဆယ်တွင် မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးကို အခြေပြု၍ အပစ်ရပ်မရပ်၊ အစည်းအဝေးတက်မတက် ပတ်သက်သမျှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် (၂၁ ရာစုပင်လုံ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် နိုင်ငံရေးမူဘောင်များနှင့် ကာကွယ်ရေးနှင့်လုံခြုံရေးမူဘောင်များကို အဆင်သင့် ပြင်ဆင်ထားနှင့်ပါပြီ။

(၅) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဆီသို့

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ညီလာခံသို့ တက်ရောက်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ပေးပြီး တိုင်းရင်းသားတို့သဘောတူညီထားသည့် FCDCC + UNFC ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒများကို မြန်မာ့တပ်မတော်+ပြည်ထောင်စုလွှတ်တော်နှင့်အစိုးရအစုအဖွဲ့က လက်ခံလျှင် ပြည်တွင်းစစ်ကြီး ပြီးဆုံးဖို့ မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံကို ပြင်သင့်သည့်အချိန်မှာ ပြင်မည်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ရလျှင် တပ်မတော်က စစ်တန်းလျားကို ပြင်မည်ဟု ဝန်ခံကတိပြုထားသည်ရှိ၍ မဏ္ဍိုင်ကြီး(၃)ရပ်နှင့် စပ်လျဉ်းပြီး မည်သို့မည်ပုံ အပေးအယူလုပ်ကြမည်၊ မည်သို့မည်ပုံ ဆွေးနွေးကြမည်ကို ပြည်ထောင်စုသားတိုင်း စိတ်ဝင်တစား ရှိနေမည်မှာ သေချာလှသည်။ စိတ်ရင်းစေတနာကောင်းသာ ထားရှိကြလျှင် ကမ္ဘာ့အရှည်ကြာဆုံး သမိုင်းဝင်ပြည်တွင်းစစ်ကြီးတစ်ခုကို အဆုံးသတ်ပြီး ပြည်နယ်ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ထူထောင်နိုင်ကြပါလိမ့်မည်။ ငြိမ်းချမ်းရေးရမရ ပြည်တွင်းစစ်ပြီးမပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာနိုင်ခြေရှိမရှိ မြန်မာ့တပ်မတော်၏ လက်ထဲ၌သာ ရှိသည်။

I Ravika 

Saturday, July 23, 2016

ယာဂု နဲ့ ထမနဲ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နဲ့ ၂၁ ရာစု ပင်လုံညီလာခံ



တဖြည်းဖြည်းနဲ့ ပုံ ပေါ်လာပါပြီ။
“၂၁ ရာစုပင်လုံညီလာခံကို (NCA) စာချုပ်အပေါ် အခြေခံပြီးလုပ်သွားမယ်”
“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ ၂၁ ရာစုပင်လုံညီလာခံကို တစ်ခုစီဖြစ်မှာလားလို့မေးကြပါတယ်၊ တစ်ခုတည်းပါ ၊ နာမည်တစ်ခုတည်းမဟုတ်ဘဲ နာမည်နှစ်ခုသုံးတယ်ဆိုတာက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာကလည်း အင်မ တန်မှတင့်တယ်ပြီးအများကနှစ်သက်တဲ့ နာမည်တစ်ခုဖြစ်သလို ၂၁ရာစုပင်လုံဆိုတာကလည်းအများနှစ်သက်တဲ့ဟာဖြစ် ပါတယ်။ နှစ်ခုစလုံးက အတူတူပါပဲ” တဲ့။
သတိပြုမိတာလေးဖြတ်ရေးပါရစေ ( Burma/ Myanmar ) ကိစ္စမှာ လည်း အဆင်ပြေသလိုသုံးကြပါလို့ ပြောခဲ့တယ်။
“၂၁ ရာစုပင်လုံ” ဆိုတာက မူလအစက (ZNC) စတင်ခဲ့တဲ့ “ ဒုတိယပင်လုံ ” ပဲ။ အဲဒါကို “၂၁ ရာစုပင်လုံ” ဆိုပြီး မွမ်းမံလိုက် ကြတာပါ။ ဒီမိုအတိုက်အခံတွေနဲ့တိုင်းရင်းသားတွေ ဘက်က brand name မဟုတ်လား။
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဆိုတာကတော့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ ဆိုင်းဘုတ်ပဲ။ ဒီဆိုင်းဘုတ်ကို စစ်တပ်ဘက်က ဆက်လက်ကိုင်စွဲထားတာပဲ။ မတူလို့သာ နာမည်ကိုယ်စီရှိနေကြတာမဟုတ်လား။ နာမည်တစ်ခုတည်း သတ်မှတ်လို့ မရနိုင်ကြလို့သာ နာမည်နှစ်ခုအတူတူပဲလို့အသိအမှတ်ပြုထားကြတာမဟုတ်ဘူးလား။ နာမည်ကိစ္စမှာ နှစ်ဖက်အလျှော့အတင်းမလုပ်နိုင်ကြဘူးဆိုတာပေါ် လွင်ပါတယ်။ ကိုယ့်နာမည် ကိုယ်ဆုပ်ကိုင်ရေး အခြေခံပေါ်မှာ နာမည်နှစ်ခုစလုံးက အတူတူပဲလို့ဆိုပြီး “ကြားချ” ခဲ့ကြပုံပါပဲ။
“ဖက်ဒရယ်” အသုံးအနှုန်းမှာ နှစ်ဖက်ကွဲလွဲနေတယ်မဟုတ်လား။ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်က လက်ရှိကိုင်စွဲထားတဲ့ အသုံး အနှုန်းက “ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်” ဖြစ်ပြီး။ ဒီချုပ်ပါတီအစိုးရက ကိုင်စွဲပြောဆိုနေတဲ့ အသုံးအနှုန်းက “ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ” ဖြစ်ပါတယ်။
ဖက်ဒရယ်နဲ့ပတ်သက်ပြီး “ကာချုပ်” က သူ့သဘောထားကို ဘယ်လိုပြောသလဲဆိုတော့
“ပြည်နယ်နှင့်တိုင်းအားလုံးကို ပေးထားသည့် လုပ်ပိုင်ခွင့်များမှာ ဖက်ဒရယ်စနစ်နည်းပါးပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟု မသုံးခြင်းသာ ဖြစ်ပြီးကျင့်သုံးသည့်ပုံစံမှာ ဖက်ဒရယ်ပုံစံဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ Tax Sharing ၊ Power Sharing၊ Resource Sharing သုံးခုကို မည်သို့မျှတအောင် ပေးမည်ဆိုသည့် အဖြေပင်ဖြစ်ကြောင်း ”
ဟူ၍ဖြစ်ပါတယ်။ [“အကောင်းဆုံးကတော့ ဂျာမနီပေါ့ဗျာ” လို့ ဆိုတဲ့ ခွန်ထွန်းဦး မှာ တော့ ပြောစရာတွေအများကြီးရှိမှာသေချာပါတယ်၊ (၁၉၄၇ အခြေခံဥပဒေ) တပြည်ထောင်စနစ်ကို “ပြည်ထောင်စု” လို့ အညာခံခဲ့ကြရဖူးပြီ၊ မြန်မာ့နည်းမြန်မာ့ဟန် “ဆိုရှယ်လိမ်ဝါဒ”ကို လည်း မြည်းစမ်းခဲ့ကြပြီးပြီ၊ နောက်တခါလာပြန်ပြီ “ဖက်ဒရယ် အတုအယောင်” ]
“ကာချုပ်” ရဲ့ ဖက်ဒရယ်သဘောထားကို ဒီချုပ်ပါတီအစိုးရက လက်ခံနိုင်ပါသလား။
ဒါဆို တစ်ခုမေးပါရစေ “ဖက်ဒရယ်” အသုံးအနှုန်း ကိစ္စမှာလည်း “ နှစ်ခုစလုံးက အတူတူပါပဲ” လို့ လုပ်အုံးမှာလား။
မြင်နေရတာကတော့ “ရွေးကောက်ပွဲအနိုင်ရသူနဲ့ စစ်တပ်ကိုင်ထားသူ” အကြားက အပေးအယူလုပ်နေမှုပါပဲ။ တနည်းအားဖြင့် “၂၅ ရာခိုင်နှုန်းနဲ့ ၇၅ ရာခိုင်နှုန်း” အပေးအယူလုပ်နေကြတာလို့ ယေဘုယျအားဖြင့်ပြောရင် ရမယ်ထင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက “ရွေးကောက်ပွဲအနိုင်ရသူ” က တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ ငြိမ်းချမ်းရေးအတွက် ဘာ ပေးမလဲ။ “စစ်တပ်ကိုင်သူ”က ဘာပေးမလဲ ဆိုတဲ့ကိစ္စဖြစ်ပါတယ်။“ဘယ်သူက ဘာပေးမလဲ” ဆိုတာကို တိုင်းရင်းသားပြည်သူတွေက လေ့လာစောင့်ကြည့်နေပါတယ်။လောလောဆယ်သိနိုင်မြင်နိုင်တာကတော့ တစ်ခုထဲ ဒါပေမယ့် နာမည်နှစ်ခုသုံးတဲ့ “ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ” နဲ့ “၂၁ ရာစုပင်လုံညီလာခံ” ဆိုတာ ပါပဲ။ ဘယ်သူ့ဘက်ကမှ ကိုယ်ကိုင်စွဲထားတဲ့ နာမည်ကို အလျှော့မပေးနိုင်ဘူး ဆို တဲ့သဘောပေါ့။
“ ၇၅ရာခိုင်နှုန်း” ဘက်က (ရွေးကောက်ပွဲမှာ အနိုင်ရသူများဘက်က) ဘာပေးမလဲဆိုတာ သေချာမသိသေးပေမယ့်၊ “၂၅ ရာခိုင်နှုန်း”ဘက်က (စစ်တပ်ဘက်က) “ ကြမ်းခင်းဈေး” ကိုတော့ မေ ၁၃ ရက်နေ့မှာ “ကာချုပ်”နဲ့ စစ်ဗိုလ်ထိပ်သီးတစ်စုပြော စကားတွေ ထဲကနေ အလွယ်တကူ သိမြင်နိုင်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က မလျှော့တမ်းစွဲကိုင်ထားတဲ့မူက “ကာချုပ်ရဲ့ငြိမ်းမူ၆ရပ်” ဖြစ်ပြီး၊ လက်တွေ့လုပ်ငန်းပိုင်းမှာတော့ လက်နက်ကိုင် အဖွဲ့အားလုံး (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ထိုးရမယ်။ လက်နက်ချရမယ် ဆို တာတွေပဲဖြစ်ပါတယ်။ အပြောအဆိုတွေကလည်း မောက်မာရင့်သီးလှတယ်။
“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလုပ်တဲ့အခါကျရင် သူတို့ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) လိုချင်တဲ့ အာမခံချက် ကျွန်တော်တို့ပေးနိုင်အောင်ကြိုးစားရမှာပေါ့၊ သို့သော်လည်း သူတို့လိုချင်တဲ့ဟာကလည်း ဒီဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီဖို့လည်း လို တာပေါ့” တဲ့။
(NCA)မှာလက်မှတ်ထိုးပြီးအဖွဲ့ ၈ ဖွဲ့ရှိပြီ၊ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ ၇ ဖွဲ့ ဆက်လက်ပြီးလက်မှတ်ထိုးရမယ်။ လက်နက်စွန့် ပေးရမယ် (“လက်နက်ချရမယ်” လို့မပြောဘူး အားနာလို့ဆိုပဲ)၊ ဒါက ကျန်တဲ့ ၇ ဖွဲ့ကို ဦးတည်ပြီး ပြောတာပါ။
ကိုးကန့်(MNDAA) ၊ (TNLA)၊ (AA) တို့နဲ့ ပတ်သက်ရင် စစ်တပ်ရဲ့သဘောထားက တမျိုးဖြစ်တယ်။
“ကိုးကန့်(MNDAA)၊(TNLA)၊ (AA)တို့ကို ငြိမ်းချမ်းရေးဆွေးနွေးသည့်အထဲ ဖိတ်ခေါ်ရန်မသင့်ကြောင်း၊ ၄င်းတို့နှင့်ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ကြောင်း၊ တကယ်တမ်းလုပ်ရမည်မှာ လက်နက်စွန့်ဖို့ပင်ဖြစ်ကြောင်း” တဲ့။
(KIA)၊ (NDAA)၊ (UWSA) တို့လည်း “၁၉၈၉ တုန်းက ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသားဖြစ်စေ” (NCA) မှာပါဝင် လက်မှတ် ရေးထိုးရမယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က“လက်နက်မချရင်/အမြစ်ပြတ်ချေမှုန်း”ဆိုတဲ့ အပြုတ်တိုက်ရေးပေါ်လစီကိုကိုင်စွဲထားအပေါ်မှာလက်တွေ့ကျင့် သုံးပုံကတော့ တသမတ်တည်းမဟုတ်ဘူး။ “လက်နက်ကိုင်အင်အား ဘယ်လောက်ရှိသလဲ” ဆိုတဲ့ အပေါ်မှာ မူတည်ပြီး သဘောထားပုံ က အမျိုးမျိုးဖြစ်တယ်။ အခြေခံအားဖြင့် လက်တွေ့သဘောထားပုံ သုံးမျိုးကို တွေ့နိုင်တယ်။
၁။ အင်အားများရင် သဘောထားပုံက တမျိုးဖြစ်တယ်၊ ( အရှေ့မြောက်ဒေသက အင်အားစုတွေအပေါ်သဘောထား)
၂။ သူတို့ဂွင်ထဲမှာ ကျုံးသွင်းထားနိုင်ပြီဆိုရင် သဘောထားပုံက တမျိုးဖြစ်ပါတယ် ( KNU နဲ့ RCSS အပေါ်သဘောထား)
၃။ အင်အားမရှိရင်တော့ သဘောထားပုံက တမျိုးဖြစ်ပါတယ်၊(CNF/PNLO/ABSDF/ALP တို့အပေါ်သဘောထား)
(ဘယ်လိုပြောသလဲဆိုတော့ “ တကယ်လည်း သူတို့ဘာမှလည်းမရှိပါဘူး၊ ပြဿနာလည်းမရှိပါဘူး” — တဲ့)
“၂၁ ရာစုပင်လုံညီလာခံ” ခေါ်ယူရေးကိစ္စဟာ သမ္မတဦးထင်ကျော်အစိုးရအတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ် တယ်လို့ မြင်ပါတယ်။ စွန့်စားရမယ့်အလုပ်၊ ပိုင်းဖြတ်မှုကြီးကြီးနဲ့လုပ်ရမယ့် အလုပ်၊ နောက်ပြန်ဆုတ်လို့လည်း မဖြစ်တဲ့အလုပ်လို့ မြင်ပါ တယ်။
ဦးထင်ကျော်အစိုးရလျှောက်မယ့် လမ်းက ရိုးရိုးစင်းစင်းပါပဲ။ “၂၁ရာစု ပင်လုံညီလာခံ” မှာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူရရှိ လာတဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာတင်ပြပြီးအတည်ပြုတဲ့လမ်းပါ။ ရိုးစင်းတဲ့လမ်းကို လျှောက်လှမ်းမှာ ဖြစ်ပေမယ့် ဒီလမ်းပေါ်မှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ မရှောင်မလွှဲနိုင်ဘဲ ထိပ်တိုက်ရင်ဆိုင်ရစရာရှိနေပါတယ်။
အဓိကပြဿနာက ကာချုပ်နဲ့စစ်ဗိုလ်ချုပ်တစ်စု အသေကိုင်စွဲထားတဲ့ “ငြိမ်းမူ ၆ ရပ်” နဲ့ ရင့်သီးမောက်မာတဲ့ သဘောထား ရပ် တည်ချက်တွေပဲဖြစ်ပါတယ်။ စစ်တပ်က ဒီမူ၊ ဒီသဘောထား၊ ဒီပေါ်လစီတွေ ကိုင်စွဲထားနေသမျှ ညီလာခံကို ဘယ်သူပဲဦးဆောင် ဦး ဆောင်၊ဘယ်လိုနာမည်ပဲပေးပေး ပြီးပြည့်စုံတဲ့ပြေလည်မှုတော့မရရှိနိုင်ပါဘူး။ (ပေးသလောက် ယူသွားမယ့် သူတွေလည်း ရှိနိုင်ပါတယ်)
စစ်တပ်အတွက် ချေမှုန်းရေးသတ်ကွင်းပြင်ပေးသလို/ ကျုံးသွင်းပေးသလို ဖြစ်သွားပဲ စိုးရိမ်နေမိပါတယ်။
( Burma/ Myanmar ) ကိစ္စမှာလည်း အဆင်ပြေသလိုသုံးကြပါ
“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နဲ့ ၂၁ ရာစုပင်လုံညီလာခံ” နှစ်ခုစလုံးက အတူတူပါပဲ။
“ဒီချုပ်ပါတီအစိုးရ” နဲ့ “ စစ်တပ် ” အတူတူပါပဲလို့ ကောက်ချက်ချရမယ့်အချိန်ရောက်လာအုံးမှာလား
ညွန်း –
မြဝတီသတင်းစာ – (မေ ၁၅/ မေ ၁၇ ၊ ၂၀၁၆ )
မြန်မာ့အလင်းသတင်းစာ (၂၈ မေ ၂၀၁၆)


 (မိုးမခ) မေ ၂၉ ၊ ၂၀၁၆





Thursday, July 21, 2016

"၁ ၃ ၅"??????

၂၁-ရာစုပင်လုံ စာစဉ်(၃၁) 
(နောက်ဆုံးစာတမ်း)

"၁ ၃ ၅"
 
နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာသတ်ပုံမှာ တစ်ခု-တစ်ယောက် စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-ပုံတောင်ပုံညာက၊ လူသားအစ-မြန်မာက ဆိုတဲ့ ပေါကြောင်ကြောင်အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

ပထဆုံး ကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင်လူမျိုး ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ 

နအဖ စာရင်းထဲက ဂေါ်ရီ၊  ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်း နဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးနွယ်ကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၁ မျိုးဘဲဖြစ်ပြီး မျိုးနွယ်စုတွေအဖြစ် ဂျိန်းဖော  (မရစ်၊ မရမ်၊ အင်ခွန်၊ လဖိုင်၊ လထော်၊ မဂေါင်၊ ဒူလင်း-ခခူ၊ ဂေါ်ရီ-ဂျဆင်း၊ လေပဲယာ၊ ငှခုပ်)၊ ရဝမ် (ဒရု၊ လွန်မီ၊ မတ်ဝမ်၊ ထလု၊ ထရုံ စသည်များ)၊ မရူ-လောင်ဝေါ်၊ အဇီး-ဇိုင်ဝါး၊ လရှီ-လချိတ်၊ လီဆူး-လီရှော ဆိုတဲ့ မျိုးနွယ်စု ၆ စုဘဲရှိပါတယ်။
           နအဖစာရင်း                 အမှန်စာရင်း
၁         ကချင်        =       ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး တို့ကို လွှမ်းခြုံခေါ်ဝေါ်သည့်အမည်
၂         တရုမ်း           =       ရဝမ်မျိုးနွယ်စု
၃         ဒလောင်         =         ရဝမ်မျိုးနွယ်စု
၎         ဂျိန်းဖော     =      ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုဝင်များပါဝင်)
၅         ဂေါ်ရီ             =         ဂျိန်းဖောမျိုးနွယ်စု
၆         ခခူ                =         ဂျိန်းဖောမျိုးနွယ်စု
၇         ဒူးလန်း           =         ဂျိန်းဖောမျိုးနွယ်စု
၈         မရူ (လော်ဝေါ်) =         မရူမျိုးနွယ်စု
၉         ရဝမ်        =    ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်) မျိုးနွယ်စု
၁ဝ       လရှီ (လချိတ်)  =         လရှီမျိုးနွယ်စု
၁၁       အဇီး              =         အဇီး သို့မဟုတ် ဇိုင်ဝါးမျိုးနွယ်စု
၁၂       လီဆူး                     လီဆူး သို့မဟုတ် ယောယင်မျိုးနွယ်စု

နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ မျိုးနွယ်စုတွေသာဖြစ်တယ်။ ကယားလူမျိုးထဲမှာလဲ ကယား၊ ကယော၊ မနူးမနော၊ ယင်းတလဲမျိုးနွယ်စုတွေပါဝင်ပြီး ကယားနဲ့ ကယန်းဟာ ကရင်နီလူမျိုးတမျိုးတည်းအဖြစ်လဲ ခံယူနိုင်တယ်။ ဂေဘားကတော့ တချို့က ကရင်နီမျိုးနွယ်စုအဖြစ်၊ တချို့က ကရင်မျိုးနွယ်စုအဖြစ် ပါဝင်ဖို့ ဆန္ဒရှိကြတယ်။ 
           နအဖစာရင်း                  အမှန်စာရင်း
၁         ကယား         =            ကယား
၂         ဇယိမ်း          =            ကယန်းမျိုးနွယ်စု
၃         ကယန်း(ပဒေါင်) =   ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
၎         ကဲ့ခို              =           ကယန်းမျိုးနွယ်စု
၅         ဂေဘား          =           ကရင်မျိုးနွယ်စု
၆         ဘရဲ့(ကယော) =          ကယားမျိုးနွယ်စု
၇         မနုမနော         =          ကယားမျိုးနွယ်စု
၈         ယင်းတလဲ       =          ကယားမျိုးနွယ်စု
၉         ယင်းဘော်       =          ကယန်းမျိုးနွယ်စု

နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုးကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာလုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးမှာ စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ မျိုးဘဲရှိပါတယ်။ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ ပကူးကရင် နာမည်ကွဲတွေဖြစ်သလို ပလေကီး ကတော့ မိုးပွား အမည်ကွဲသာဖြစ်တယ်။ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ်လုပ်မှုကို ထင်ရှားနေစေတယ်။ ကရင်ဖြူကတော့ ကယန်းလူမျိုးထဲက အောက်ကယန်း သို့မဟုတ် ဂေခိုမျိုးနွယ်စုဖြစ်တယ်။

ကယား၊ ကယန်း၊ ဂေဘားတို့ဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်ဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြားလူမျိုးတွေ၊ မျိုးနွယ်စုတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် မျိုးနွယ်စုဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။
           နအဖစာရင်း                  အမှန်စာရင်း
၁         ကရင်           =        စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘားအားလုံးကို ခြုံ၍ခေါ်သောအမည်
၂         ကရင်ဖြူ              =          ကယန်းမျိုးနွယ်စု
၃         ပလေကီး             =          မိုဘွာမျိုးနွယ်စု
၎         မွန်ကရင်(စာဖြူ)    =    ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယန်ဘာသာဝင်ကို ဆိုလို
၅         စကော                =          စကောမျိုးနွယ်စု
၆         တာလှေပွား          =          ပကူးမျိုးနွယ်စု
၇         ပကူး                  =           ပကူးမျိုးနွယ်စု
၈         ဘွဲ                    =           ဘွဲမျိုးနွယ်စု
၉         မောနေပွား          =           ပကူးမျိုးနွယ်စု
၁ဝ       မိုးပွား                =            မိုးပွားမျိုးနွယ်စု
၁၁       ရှူး (ပိုး)            =             ပိုးကရင်မျိုးနွယ်စု

နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါဘဲ။ ရူးပေါပေါထုံးစံအတိုင်း ချင်း ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုးလည်းပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရတိုင်းသားကသည်း နဲ့ နီပေါတိုင်းသားလင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်းနိုင်ငံရေးပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းမျိုးနွယ်စု ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race မဟုတ်တဲ့ ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက်ရင် အခုလို တွေ့ရပါတယ်။
           နအဖစာရင်း                  အမှန်စာရင်း
(၁)       ချင်း      =   ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခမီး မျိုးနွယ်စု ၈ စုကို လွှမ်းခြုံ ခေါ်သော လူမျိုးအမည်
(၁ဝ)     ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ်        =        ဇိုမီးချင်းမျိုးနွယ်စု
(၂)       ခေါင်ဆိုင်၊ တာ့ဒိုး     =       ကူးကီးချင်းမျိုးနွယ်စု
(၁၅)     ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ မိအဲ၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဇိုတုံး = လိုင်မီးချင်းမျိုးနွယ်စု
(၂)       မရာ၊ မတူ       =      မရာချင်းမျိုးနွယ်စု
(၅)       ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ   =      ချိုချင်းမျိုးနွယ်စု
(၇)       ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး  =   ခမီးချင်း(မြို) မျိုးနွယ်စု
(၂)       ဆလိုင်း၊ အရှို                         =          အရှိုချင်းမျိုးနွယ်စု
(၃)      ကလင်ကော(လူရှိုင်း)၊ လူရှိုင်း(လူရှေ)၊ ဟွာလ်ငို    =    မီဇိုချင်း (လူရှိုင်း) မျိုးနွယ်စု
(၄)       နာဂ၊ တန်ခူး၊ မာရင်၊ အနန်                    =          နာဂလူမျိုး
(၁)       မေ့ထေး(ကသည်း)                  =              မဏိပူရ်မျိုးနွယ်
(၁)       လင်းဘု                =              နီပေါမျိုးနွယ်

ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးမျိုးနွယ်စုဖြစ်ပေမဲ့ အခုတော့ သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားမျိုးနွယ်စုအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ်သွားနိုင်ပါတယ်။ 

ချင်းပြည်နယ်ထဲကလဲမဟုတ်တဲ့ နာဂ လူမျိုးကို ချင်းလူမျိုးထဲ သတ်မှတ်ထည့်သွင်းလို့မရဘဲ သီးခြားမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ရ မှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုးအများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသားအရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။ နာဂလူမျိုးမှာတော့ လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စုကြီး ၇ စု ရှိတယ်။ 

နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ တကယ်တော့ စကားဝဲ dialect အစုကွဲသာဖြစ်တယ် လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ ဘိတ်နဲ့ထားဝယ်ကတော့ သီးခြားလူမျိုးသရုပ်လက္ခဏာနဲ့ ရပ်တည်လာနေပြီဖြစ်တယ်။ နအဖဟာ ရှမ်းပြည်က သီးခြားဗမာမျိုးနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသားတို့ကိုလဲ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ရှမ်းပြည်၊ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအစပ်က ရှေးဦးဗမာ Proto-Burman မျိုးနွယ်ဝင် ဖွန်းလူမျိုးကို ဗမာလူမျိုးထဲ ထည့်ထားပေမဲ့ နောက်ထပ် ရှေးဦးဗမာမျိုးနွယ်ဝင် မိုင်းသာလူမျိုးကိုတော့ ရှမ်းလူမျိုးထဲထည့်ထားတယ်။ ဒါ့အပြင် တိဘက်-ဗမာအနွယ် မဟုတ်ဘဲ မလေး၊ အင်ဒိုနီးရှား တို့လို သြစထြိုနီးရှန်းမျိုးနွယ်ကြီးထဲက ဆလုံတွေကို ဗမာလူမျိုးထဲထည့်ထားတာဟာ မနုဿဗေဒအသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲ ထည့်ထားပေမဲ့ ကဒူးကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားပြီး ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထားတယ်။ ယဗိန်းကတော့ လူဦးရေရာဂဏန်းလောက်ဘဲ ရှိနိုင်တော့တဲ့ မျိုးတုံးလုနီးဗမာမျိုးနွယ်စု ဖြစ်ပါတယ်။ ဖွန်း၊ မိုင်းသာ နဲ့ ကဒူးကနန်းတို့ကို ရှမ်းလူမျိုးတွေကလဲ တိုင်းဖွန်း၊ ရှမ်းတရုတ် နဲ့ တိုင်းကတူး ဆိုတဲ့ ရှမ်းမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားတယ်။
           နအဖစာရင်း                  အမှန်စာရင်း
၁         ဗမာ             =        ဗမာ
၂         ထားဝယ်       =        ထားဝယ်
၃         ဘိတ်           =        ထားဝယ်စကားဝဲအစု
၎         ယော          =         ဗမာစကားဝဲအစု
၅         ယဗိန်း         =         ဗမာမျိုးနွယ်စု
၆         ကဒူး          =          ကဒူးကနန်းမျိုးနွယ်စု
၇         ကနန်း        =          ကဒူးကနန်းမျိုးနွယ်စု
၈         ဆလုံ         =          ဆလုံလူမျိုး
၉         ဖွန်း           =          ဖွန်းလူမျိုး

နအဖဟာ မွန် ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။
           နအဖစာရင်း                  အမှန်စာရင်း
၁         မွန်                 =      မွန်
 
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ မျိုးနွယ်စုတခုတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။ ဒိုင်းနက် နဲ့ မရမာကြီးကို ဘာသာစကား ကြောင့် သီးခြားလူမျိုးတွေအဖြစ် စာရင်းပြထားပေမဲ့ ယဉ်ကျေးမှုအရ ရခိုင်မျိုးနွယ်စု ဖြစ်နိုင်ပါ တယ်။
        နအဖစာရင်း                  အမှန်စာရင်း
၁         ရခိုင်          =            ရခိုင်လူမျိုး
၂         ကမန်        =            ကမန်လူမျိုး (ရခိုင်စကားပြော အစ္စလာမ်ဘာသာ ဝင်)
၃         ခမွီး          =        ခမီးချင်းမျိုးနွယ်စု
၎         ဒိုင်းနက်     =       ဒိုင်းနက်-ချက္ကမာလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၅         မရမာကြီး   =    မရမာကြီး-ဘရူးဝါးလူမျိုး (ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်)
၆         မြို            =             ခမီးချင်းမျိုးနွယ်စု
၇         သက်        =             သက်-ချက် (ရခိုင်မျိုးနွယ်စု)
 
နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ တိဘက်ဗမာမျိုးနွယ်တွေ၊ ပအိုဝ်း လို ကရင်မျိုးနွယ်တွေ၊ ဝ ပလောင်လို မွန်ခမာမျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် (ရှမ်းနီ) ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလိ၊ တိုင်းလမ် နဲ့ ဒရယ် ကိုချန်ထားတယ်။ ကရင်၊ ချင်း တို့လိုဘဲ ထိုင်း သို့မဟုတ် တိုင်း (ရှမ်း) လူမျိုးဟာလဲ လူမျိုး တမျိုးတည်းအောက်မှာ ထိုင်းယိုင် (ထိုင်းလုံ၊ ရှမ်းကြီး)၊ ထိုင်းမော၊ ထိုင်းနူ(ရှမ်းတရုတ်)၊ ထိုင်းခွန် (ဂုံရှမ်း)၊ ထိုင်း ခမ်းတီး၊ ထိုင်းလျံ (ရှမ်းနီ)၊ ဒရယ်၊ ထိုင်းလိ (ကျိုင်းရုံးကြီးရှမ်း)၊ ထိုင်းလမ် (မုံးလမ်ရှမ်း)၊ ထိုင်းခွမ်း စတဲ့ မျိုးနွယ်စု တွေသာဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံက ရှမ်းမျိုးနွယ်တွေဖြစ်တဲ့ ထိုင်း (ထိုင်းနွဲ့၊ ရှမ်းကလေး)၊ ထိုင်းယွန်း (ဇင်းမယ်ရှမ်း)၊ ထိုင်းလော တို့ကိုတော့ သီးခြားလူမျိုးတွေအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။

အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် အတူတူဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ်လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ နီးပါးက မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လဲ တချို့သမိုင်းတွေမှာ ဆိုပါတယ်) ဗမာပြည်ရဲ့တိုင်းရင်းသား ကိုးကန့်လူမျိုး အဖြစ် သတ်မှတ်ထားတာတွေ့ရသလို  ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာ ကသည်း (မဏိပူရ်) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့ အလားတူ နယ်ချင်းစပ်နေလို့ ဗမာပြည်နယ်နိမိတ်ထဲ မျိုးဆက်များစွာနေထိုင်နေတဲ့ ထိုင်းလိ (ယူနန်)၊ ထိုင်းလမ် (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ-ရိုဟင်ဂျာ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသား အဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။
           နအဖစာရင်း                             အမှန်စာရင်း
(၃)       ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ   =           ထိုင်းလုံ (ထိုင်းယိုင်) မျိုးနွယ်စု
(၁)       ဂုံ                            =            ထိုင်းခွန် (ဂုံ) မျိုးနွယ်စု
(၁)       မောရှမ်း                    =            ထိုင်းမော မျိုးနွယ်စု
(၁)       တိုင်းလျမ်                  =            ထိုင်းလျမ် (ရှမ်းနီ) မျိုးနွယ်စု
(၁)       ခန္တီးရှမ်း                     =            ထိုင်းခမ်းတီး (ပူတာအို) မျိုးနွယ်စု
(၂)       ရှမ်းကလေး၊ တိုင်းလေ့   =           ထိုင်းနွဲ့ (ထိုင်း) လူမျိုး
(၁)       ယွန်း                        =            ထိုင်းယွန်း (ဇင်းမယ်ထိုင်း) လူမျိုး
(၂)       ပလေး၊ပလောင်          =            ပလောင်လူမျိုး
(၃)       ဝ၊ အင်၊ စုံ၊ တိုင်းလွယ်   =           ဝ လူမျိုး
(၁)       ဓနု                         =             ဓနု လူမျိုး
(၁)       တောင်ရိုး                 =             တောင်ရိုးလူမျိုး
(၁)       ဓနော                     =             ဓနောလူမျိုး
(၂)       လားဟူ၊ ကြီ              =             လားဟူလူမ်ဳိး
(၂)       ကော်၊ ဖျင်               =              အခါလူမျိုး
(၁)       ခမူ                        =              ခမူလူမျိုး
(၃)       မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်  =   မြောင်လူမျိုး
(၁)       ကိုးကန့်                =             ကိုးကန့်တရုတ်လူမျိုး
(၁)       အင်းသား             =              အင်းသားလူမျိုး
(၁)       ပအိုဝ်း                 =              ပအိုဝ်းလူမျိုး
(၂)       ယင်းကျား၊ ယင်းနက်   =         ယင်းလူမျိုး
(၁)       မိုင်းသာ                 =            မိုင်းသာလူမျိုး

ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၁၀၀ လောက်က စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာနဲ့ မျိုးနွယ်စု tribe၊ ဆွေမျိုးစု clan၊ စကားဝဲအစု dialect တွေကို လူမျိုးအဖြစ်ပြထားတာဖြစ်နေပြီး လူမျိုး (၃၀) ကျော်လောက်ဘဲ တကယ့်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၃၀-၃၅ မျိုးလောက်ဘဲရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ကချာ)၊ ဗမာဟိန္ဒူ၊ ပင်လယ်ရပ်ခြားတရုတ်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ ထိုင်းလိ၊ ထိုင်းနူ (ရှမ်းတရုတ်)၊ ထိုင်းလမ်၊ မလေး-ပသျှူး၊ စစ်တကောင်းသားဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့ လူမျိုးတွေ ရှိပါသေးတယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ် ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ လူမျိုးတွေ မျိုးနွယ်စုတွေလဲ ရှိနိုင်ပါသေးတယ်။ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ တရုမ်း၊ ခမူတို့ဆိုရင် မျိုးတုံး လုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေ၊ မျိုးနွယ်စုတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဗမာပြည်နယ်နိမိတ်ထဲမှာရှိတဲ့ (တိုင်းရင်းသား/ရွှေ့ပြောင်းအခြေချ)လူမျိုးတွေကို စာရင်းချုပ်လိုက်ရင် --
(၁) ကချင် (ဂျိန်းဖော၊ ရဝမ်၊ မရူ၊ အဇီး၊ လချိတ်၊ လီဆူး မျိုးနွယ်စု ၆ စု)
(၂) ကယား (ကယား၊ ကယော၊ မနုမနော၊ ယင်းတလဲ မျိုးနွယ်စု ၄ စု) 
(၃) ကယန်း (လဝီ-ပဒေါင်၊ ဂေခို-ကရင်ဖြူ၊ ကငန်-ယင်းဘော်၊ ဇယိမ်း-လထ မျိုးနွယ်စု ၄ စု) 
(၄) ကရင် (စကော၊ ပိုး၊ ပကူး၊ မိုဘွာ၊ ဘွဲ၊ ဂေဘား မျိုးနွယ်စု ၆ စု)
(၅) ပအိုဝ်း (ကွန်လုံ၊ ခရိုင်း၊ တတောက်၊ နန်းခေ၊ ကျန်းစန်း၊ ကောင်တန်၊ ဗလာ၊ တိယန်၊ တောင်သား မျိုးနွယ်စုများ)
(၆) ချင်း (ဇိုမီး၊ ကူကီး၊ မီဇို၊ လိုင်မီး၊ မရာ၊ ချို၊ အရှို၊ ခူမီး မျိုးနွယ်စု ၈ စု)
(၇) နာဂ (လိုင်းနောင်၊ လဟယ်၊ တန်ရှန်း၊ ကွန်ညပ်၊ တန်ကွန်၊ မကူရီ၊ ပါရာ မျိုးနွယ်စု ၇ စု)
 (၈) ဗမာ (ယော၊ တောင်သား-ပျူ၊ ယဗိန်း မျိုးနွယ်စုများ)
(၉) ထားဝယ် (ထားဝယ်၊ ဘိတ် မျိုးနွယ်စုများ)
(၁၀) ဓနု
(၁၁) အင်းသား
(၁၂) တောင်ရိုး
(၁၃) ကတူးကနန်း (ကတူး၊ ကနန်း မျိုးနွယ်စု ၂ စု)
(၁၄) မော်ကင်း-ဆလုံ
(၁၅) ဖွန်း
(၁၆) မိုင်းသာ-အချန် (ရှမ်းတရုတ်)
(၁၇) ထမန်
(၁၈) မွန်
(၁၉) ပလောင်-တအာင်း (ရူကျိုင်း၊ ရူကွမ်း၊ ရူခါန်၊ ရူမိုင်း၊ ရူပိုး၊ ကတူး၊ ကွယ်ဟယ်၊ ရူဟော့၊ ရူဗရောင်း၊ ရူခုတ်၊ ရူလဲင်း မျိုးနွယ်စုများ)
(၂၀) ဝ (အင်၊ စုံ၊ လ၊ ဝ၊ ထိုင်းလွယ်၊ ဆမ်တောက် မျိုးနွယ်စုများ)
(၂၁) ယင်း (ယင်းနက်၊ ယင်းကျား မျိုးနွယ်စု ၂ စု)
(၂၂) ဓနော 
(၂၃) ရခိုင် (သက်၊ မရမာ၊ ချောင်းသား၊ တောင်သား၊ ရမ်းဗြဲသား မျိုးနွယ်စုများ)
(၂၄) ဒိုင်းနက်-ချက္ကမာ
(၂၅) မရမာကြီး-ဘရူးဝါး
(၂၆) ကမန်
(၂၇) ရှမ်း (ထိုင်းလုံ-ထိုင်းယိုင်၊ ထိုင်းမော၊ ထိုင်းနူ၊ ထိုင်းခွန်၊ ထိုင်းလျံ၊ ထိုင်းခမ်းတီး၊ ဒရယ်၊ ထိုင်းလိ၊ ထိုင်းလမ်၊ ထိုင်းနေ၊ ထိုင်းခွမ်း မျိုးနွယ်စုများ)
(၂၈) လားဟူ (ကွီ၊ လားဟူနက်၊ လားဟူရှီ မျိုးနွယ်စုများ)
(၂၉) အခါ (ကော်၊ ဖျင် မျိုးနွယ်စုများ)
(၃၀) မြောင် (မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်၊ မြှော့မျိုးနွယ်စုများ)
(၃၁) ခမူ-ခမင်
(၃၂) ကိုးကန့်တရုတ် (မလိပါရင့်)

(၃၃) မေ့ထေး (ကသည်း)
(၃၄) လင်းဘု (နီပေါ)
(၃၅) ထိုင်း (ထိုင်းနွဲ့)
(၃၆) ထိုင်းယွန်း (ဇင်းမယ်ရှမ်း)
(၃၇) လော (ထိုင်းလော)
(၃၈) ပသျှူး (မလေး)
(၃၉) တိဘက်
(၄၀) ဂေါ်ရခါး (နီပေါ)
(၄၁) စစ်တကောင်းသား-ရိုဟင်ဂျာ
(၄၂) ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ၊ မဂို၊ ပသီ၊ ကျူလီယာ၊ စူရတီ၊ ပထန်၊ ဘင်္ဂါလီ၊ ကချာမျိုးနွယ်စုများ)
(၄၃) ဗမာဟိန္ဒူ (တမီးလ်၊ ဂူဂျာရတ်တီ၊ ဂေါ်ရင်ဂျီ၊ ပန်ချာပီ၊ မာရာဝါရီ၊ ဘင်္ဂါလီ၊ တေလဂူမျိုးနွယ်စုများ)
(၄၄) ပင်လယ်ရပ်ခြားတရုတ်  (ဖူးကျင့်-လက်ရှည်၊ ကွမ်တုံ-လက်တို၊ ဟတ်ခါး၊ ယူနန်၊ ပန်းသေး၊ မုန်းဝန်းမျိုးနွယ်စုများ)
(၄၅) အခြားမျိုးနွယ်များ (ဥပမာ- ဗိုလ်မှူးချုပ်အေဘယ်လ်၊ အဆိုတော်မေဆွိကဲ့သို့ ဂျူးမျိုးနွယ်များ၊ အဆိုတော်ခင်ဝမ်း ကဲ့သို့ ဂျပန်မျိုးနွယ်များ၊ ဥရောပမျိုးနွယ်များ)

ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၃၅ မကျော်ပါဘူး။ ဒါပေမဲ့ စစ်အုပ်စု ဟာ တိုင်းရင်းသားလူမျိုးအရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာပါဘဲ။ တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်ရှိတယ်လို့ ဆင်ခြေပေးအုံးမှာပါဘဲ။ စစ်အုပ်စုစကား၊ စစ်အုပ်စုစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့နိုင်ငံထဲက လူမျိုးတွေကိုတောင် မှန် မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်းနဲ့ဆန္ဒ မရှိဘူးဆိုတာရယ်ကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံ နေပါတယ်။
 
ဂါမဏိ
(၂၀၀၅-၂၀၁၆)