Sunday, September 20, 2015

အန်စီအေစာချုပ်မှာ ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အာမခံချက်မပါဘူး

ဓာတ်ပုံ - ဦးအောင်ထူးဖေ့စ်ဘွတ်ခ်။

နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ကာလတလျှောက်မှာ အမြင့်မားဆုံး ဖြစ်ထွန်းမှုအဖြစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီစာချုပ်ကို မကြာခင်ကာလမှာ (ရက်အတိအကျ မသတ်မှတ်နိုင်သေး) လက်မှတ်ရေးထိုးကြဖွယ်ရှိပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ကြရင် ဘာအကျိုးကျေးဇူးတွေ ထွက်ပေါ်လာမလဲ၊ ဒီအကျိုးကျေးဇူးတွေကို ပြည်သူတွေက အဓိက ခံစားရမှာလား။ ဒီစာချုပ်ဟာ ဘယ်သူတွေကို အဓိက အကျိုးဖြစ်ထွန်းစေမလဲ။ စာချုပ်ကြီးမှာ ဘာအားသာချက်တွေပါရှိပြီး ဘာအားနည်းချက်တွေ တွေ့ရပါသလဲ။ ဥပဒေ အထောက်အကူပြုကွန်ရက် (Legal Aid Network) တည်ထောင်သူ၊ Federal Law Academy ကျောင်းအုပ်ဆရာကြီး ရှေ့နေ ဦးအောင်ထူးကတော့ စာချုပ်ပါအချက် ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အဓိက အရေးကြီးတဲ့ အာမခံချက် မပါရှိခြင်းဘဲလို့ ထောက်ပြပါတယ်။ ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။


ဒီနှစ် ၉ ရက်၊ ၉ လ၊ ၉ နာရီမှာ နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ၉ ယောက်ချင်းတွေ့ပြီး အန်စီအေ လက်မှတ်ထိုးဖို့ သဘောတူကြတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ထိုးမယ်လို့ အစိုးရဘက်က ထုတ်ပြောထားတယ်။ ဒီဖြစ်စဉ်တွေမှာ တက်သုတ်ရိုက်မှုတွေ ပါနေလား။ သမားရိုးကျလား။ ဘယ်လိုမြင်ပါသလဲ။


“ပထမတခုကတော့ အဲဒီနေ့က လက်မှတ်ထိုးမယ်လို့ အတိအကျ ဆန္ဒထုတ်ဖော်တာတော့ ဆရာနားလည်တာတော့ အစိုးရဖြစ်တယ်လေ။ တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်ကတော့ အားလုံးပါဝင်ရေးမူကို ဆက်လက်တောင်းဆိုထားပြီးတော့ စောင့်နေတဲ့သဘောပဲ ဖြစ်တယ်။ နောက်တခုက တက်သုတ်ရိုက်နေသလား ဆိုတာကတော့ မှန်ပါတယ်၊ တက်သုတ်ရိုက်တယ်ဆိုတဲ့ သဘောတော့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရအနေနဲ့က အကြောင်း ၂ ချက်၊ ၃ ချက် ရှိတယ်ပေါ့။ ပထမ ၁ ချက်က သူတို့က နိုင်ငံတကာကနေ၊ အထူးသဖြင့် အီးယူတို့ နော်ဝေတို့ကနေပြီးတော့ ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်ကနေ ယူထားတဲ့ ငွေကြေးအကူအညီက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး ကပ်သွားပြီ။ အဲလိုဆိုတဲ့အခါကျတော့ နှစ်ပေါင်း ၃၊ ၄ နှစ်အတွင်းမှာ သူတို့အတွက်က ရလဒ်ပြဖို့ လိုအပ်လာတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ အန်စီအေ  (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်) ဖြစ်မယ်လေ။ အဲဒီတော့ အန်စီအေကို အကြီးအကျယ် လက်မှတ်ထိုးစေချင်တာကတော့ လက်ရှိတက်နေတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာစစ်အစိုးရဘက် ကဖြစ်တယ်။


“နောက်တခုက တကယ်လို့  အစိုးရမျှော်မှန်းထားတဲ့အတိုင်းပဲ အန်စီအေကို လက်မှတ်ထိုးဖြစ်သွားတယ်၊ တိုင်းရင်းသားအဖွဲ့ အများစုကြီးက လက်မှတ်ထိုးလိုက်တယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲအတွက်၊ သူတို့အတွက် အကြောင်းပြစရာ ရသွားတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီ၊ ငြိမ်းချမ်းရေးရသွားပြီ၊ အပစ်အခတ် ရပ်စဲရေးကြီးဟာ တကယ့်ငြိမ်းချမ်းရေးရဲ့ တကယ့်လမ်းကြောင်းကြီးဖြစ်တယ် ဆိုပြီးတော့ ရွေးကောက်ပွဲမှာ မဲဆွယ်ခွင့်လည်း ရသွားနိုင်တာကြောင့်မို့လို့ အန်စီအေကို လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရဘက်ကတော့ အကြီးအကျယ် လက်မှတ်ထိုးစေချင်တာဖြစ်တယ်။ ဒါကြောင့် တက်သုတ်ရိုက် နေတယ်လို့ ပြောလို့ရပါတယ်။”


အန်စီအေ လက်မှတ်ထိုးဖို့ဆိုတဲ့ သတင်းဟာ ဟိုးလေးတကြော်ဖြစ်တော့ နှစ်ပေါင်း ၇၀ နီးပါး စစ်ဘေးဒဏ်သင့်သူ ပြည်သူတွေအကြား အိုးစည်ဗုံပေါင်းနဲ့ သဲသဲလှုပ် ၀မ်းမြောက်ပျော်ရွှင်ကြလိမ့်မယ်လို့ တွေးမိတာပေါ့နော်။ တကယ်ကျတော့ အဲသလိုမဟုတ်ဘဲ တက်တက်စင်လွဲတယ်။ လက်ခုပ်သံတောင် ကောင်းကောင်း မကြားရဘူး။ ဘာဖြစ်လို့လဲ၊ ဘာချို့ယွင်းချက်ကြီး ရှိနေလို့လဲ။


“အဲဒါ အင်မတန်ကောင်းတဲ့မေးခွန်းပဲ။ ပထမ တချက်ကတော့ လက်ရှိအခြေအနေအောက်မှာ လက်မှတ်ထိုးလိုက်လို့ ရှိရင်လည်းပဲ ဘာဖြစ်လဲဆိုတော့ အနိမ့်ဆုံးအားဖြင့် စစ်ပွဲကိုတောင်မှ ရပ်နိုင်မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘက် ၂ ဘက်ပဲ လက်မှတ်ထိုးကြတာ ဖြစ်တာကြောင့်မို့လို့ တဘက်ဘက်က အထူးသဖြင့် အတွေ့အကြုံအရ ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ် ဒီဘက်ပိုင်းကတည်းကိုက စစ်အစိုးရ အဆက်ဆက်ဘက်ကပဲ ချိုးဖောက်ပြီးတော့ စ တိုက်ပွဲတွေဆင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ တကယ့်လက်တွေ့ကျတော့ အပစ်အခတ်က မရပ်စဲနိုင်ဘူး။ ပြန်တိုက်ကြတာပဲ။ ဒါကြောင့် အခု လက်မှတ်ထိုးတဲ့ အခါကျတော့လည်းပဲ ပထမတုန်းကရထားတဲ့ သဘောတူညီချက်တွေနဲ့ အလားတူပဲ ဖြစ်တာကြောင့်မို့လို့ အနည်းဆုံး အပစ်အခတ်ရပ်စဲရေးကိုတောင်မှ တကယ်ဖြစ်နိုင်ဖို့ဆိုတာ လက်တွေ့မကျဘူး။ ဒါက တခုဖြစ်တယ်။ ဒုတိယတခုက ကဲဒါဖြင့် ဒီစာချုပ်ကြီးကို လက်မှတ်ထိုးလိုက်ဦးတော့ ဘက် ၂ ဘက်ကတော့ သူတို့လိုချင်တာ ရကောင်း ရသွားနိုင်တာပေါ့။ အထူးသဖြင့်တော့ မြန်မာစစ်အစိုးရဘက်က ရသွားမှာပေါ့။ ဒါပေမယ့်လို့ ဘက် ၂ ဘက်ထဲမှာ လုံးဝမပါတဲ့ ကြားထဲက လူထုရဲ့ အခွင့်အရေးက ဘာလဲ။ လူထုက ဘာအခွင့်အရေးကို ရမှာလဲ။ လက်မှတ်ထိုးပြီးတဲ့ အခါကျတော့ ဟုတ်လား ဒုက္ခသည်တွေ၊ အိုင်ဒီပီတွေ အတွက်ကို အာမခံချက် ဘယ်လောက်ရှိသလဲ။ ဒေသခံလူထုအတွက် ဥပဒေစိုးမိုးရေး ဘာအာမခံချက်ရှိသလဲ။ အဲဒီတော့ ဒီနေ့လက်မှတ်ထိုးတယ်၊ မနက်ဖြန်ကစပြီးတော့ မြေယာတွေ၊ သဘာဝသယံဇာတတွေ၊ ရေမြေတောတောင်တွေ စီမံခန့်ခွဲခွင့်မှာ လူထုရဲ့ ပါဝင်ပတ်သက်မှုက ဘာလဲ။ နိုင်ငံတကာကရော ဘယ်လောက်ထိအောင် ၀င်လာပြီးတော့ လူထုကို ကာကွယ်စောင့်ရှောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ပုံမှန်သွားနိုင်အောင် အာမခံချက်ရှိသလဲဆိုတဲ့ ရှုထောင့်တွေက ကြည့်တဲ့အခါကျတော့ ဘာမှ တိတိကျကျ မရှိတာကြောင့် လူထုအများစုကြီးက စိတ်ဝင်စားမှုမရှိဘူးလို့ သုံးသပ်ပါတယ်။”


အပစ်ရပ်လက်မှတ်ထိုးလိုက်ချိန်မှာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေကို မတရားသင်း ကြေညာထားရာကနေ ပယ်ဖျက်ရေးနဲ့ ပတ်သက်လို့ စာချုပ်မှာ ခိုင်မာအားကောင်းတဲ့အချက် မတွေ့မိဘူး။ ဆက်လက်ဆောင်ရွက်ရန်လို့သာ ဆိုထားတယ်ဆိုတော့လေ။ ဒီအချက် အားမကောင်းတာဟာ ဘယ်လိုဖြစ်နိုင်ခြေ လမ်းကြောင်းတွေ ပေါ်ထွက်လာစေသလဲ။


“သိပ်မှန်ပါတယ်။ စာချုပ်မှာ အခြေခံအားဖြင့် မတရားအသင်းကနေ ပယ်ဖျက်ရုပ်သိမ်းပေးရေးကို လုပ်မယ်ဆိုတဲ့ဟာကို အတိအကျ ဖော်ပြမထားဘူး။ ရုပ်သိမ်းရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည် ဆိုတဲ့အခါကျတော့ ဒါက ဥပဒေကြောင်းအရ လှည့်ကွက်တခု ဖြစ်တယ်ဆိုတာ မြင်သာတယ်။ ဒီလိုမျိုး ဆက်လက်ဆောင်ရွက်မယ်လို့ ရေးသားထားတာဟာ ဥပဒေကြောင်းအရ လှည့်ကွက်ဖြစ်ပြီး မတိကျဘူးဆိုတဲ့ အသံတွေ ထွက်လာတဲ့ အခါကျတော့ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်ကတင်ပဲ ဦးလှမောင်ရွှေ (မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိ) က ဘာပြောလဲဆိုတော့ ‘လက်မှတ်ထိုးကာနီးကျရင် ထိုးကာနီးမှာ ကပ်ပြီးတော့ သမ္မတက သူ့ရဲ့ သမ္မတအမိန့်ကို သုံးပြီးတော့မှ လက်မှတ်ထိုးမယ့်အဖွဲ့တွေကို မတရားသင်းအဖြစ်က ရုပ်သိမ်းပေးသွားမယ်၊ ပြီးတော့မှ လက်မှတ်ထိုးမယ်’ ဆိုတဲ့ဟာကို ထွက်လာတယ်။ ဒါက နောက်ဆုံးထွက်လာတဲ့ အချက်ပေါ့လေ။ အဲဒီတော့ အဲလို ထွက်လာတဲ့အခါမှာ ပြဿ   နာ ၂ ခုဖြစ်သွားတယ်။ တခုက ဘာလဲဆိုတော့ အဲဒီလိုမျိုးလုပ်ပေးဖို့ တကယ် သဘောထားရှိတယ်ဆိုရင် စာချုပ်ထဲမှာ ထည့်ရေးရမယ်။ စာချုပ်ထဲမှာ ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ တပြိုင်နက် မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ရုပ်သိမ်းရမည်လို့ ပြင်ရေးရမယ်။ ဒုတိယတခု ပိုအရေးကြီးတာက ဘာလဲဆိုတော့ တပ်နဲ့ အဖွဲ့နဲ့ ၂ ပိုင်းကွဲသွားနိုင်တယ်။ ဒီအတိုင်းရေးလိုက်လို့ရှိရင်။ ဆိုလိုချင်တာက ဥပမာ ကေအန်ယူ ဆိုပါစို့။ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဆိုရင် ကရင်အမျိုးသားအစည်းအရုံးဟာ စာချုပ်အရ မတရားအသင်းကနေ ပယ်ဖျက်သွားပြီ ဆိုကြပါစို့။ စာချုပ်မှာ ခုနပြောသလို တိတိကျကျ ထည့်သွင်းလိုက်တဲ့အတွက် လက်မှတ်ထိုးတဲ့အချိန်ကစပြီး မတရားအသင်းအဖြစ်က ပယ်ဖျက်ရုပ်သိမ်းပြီးသွားပြီ ဆိုကြပါစို့၊ သို့သော် ကေအန်ယူကပဲ ရုပ်သိမ်းလိုက်တာဖြစ်တယ်၊ ကေအန်အယ်လ်အေလို့ခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ တရားဝင်အာမခံချက်က ဘာလဲ။ ဘာမှမပါဘူး ဖြစ်နေတယ်။ အဲဒီတော့ ဥပဒေအရ ဘာသွားတွေ့ရလဲဆိုတော့ ဒီလိုလုပ်လိုက်တာဟာ ဘာဖြစ်သွားလဲဆိုတော့ အဖွဲ့အစည်းနဲ့ တပ်ကို ၂ ပိုင်းကွဲသွားနိုင်တယ်။ အဲဒီတော့ အဖွဲ့အစည်းကတော့ တရားအသင်း ဖြစ်သွားနိုင်တယ်။ သို့ပေမယ့် ရာနှုန်းပြည့်ဆိုတာကတော့ ဒီအစီအစဉ်အတို်င်း သွားမယ်ဆိုရင် သူတို့အဖွဲ့အစည်းက တည်ထောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးဟာ မတရားအသင်း ဆက်ဖြစ်နေမှာကြောင့်မို့လို့ ၂ ပိုင်းကွဲသွားနိုင်တဲ့ မြန်မာစစ်အစိုးရရဲ့ လှည့်ကွက်လို့ ဆရာတော့ အဲလို နားလည်ပါတယ်။”


အန်စီအေ လက်မှတ်ထိုးဖို့ စက်တင်ဘာ ၂၉ ရက် သမ္မတက အဆိုပြုတယ်။ တဘက်က အောက်တိုဘာလလယ်ပိုင်းလို့ ပြန်အဆိုပြုတယ်။ အောက်တိုဘာ ပထမပတ်မှာ ရေးထိုးကြဖို့ ရက်သတ်မှတ်ကြတယ်လို့လည်း ကြားနေတယ်။ အန်စီအေက ချက်ခြင်းလက်ငင်းကြီးထိုးဖို့ လိုသလား။ ရွေးကောက်ပွဲကျော်ရင်ကော မဖြစ်ဘူးလား။ မထိုးဘူးဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်နိုင်လို့လား။ အဲဒီအချက်တွေပေါ်မှာ ဘယ်လိုမြင်ပါသလဲ။


“အမှန်က မထိုးလည်းဘဲ တိုက်ပွဲကတော့ ဖြစ်နေတာပဲ။ အခုလည်း ဖြစ်နေတာပဲ။ ထိုးပြီးတော့လည်း တိုက်ပွဲတွေ ရပ်သွားမယ်ဆိုတာက ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး။ အမ်ပီစီကပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကလည်း အဲဒီလို ပါးစပ်နဲ့ထုတ်ပြောနေတာပဲ ‘လက်မှတ်ထိုးလိုက်ဦးတော့ တိုက်ပွဲတွေ ချက်ချင်းရပ်သွားမှာ မဟုတ်ဘူး’ ဆိုပြီးတော့။ ဒါဖြင့် လက်မှတ်ထိုးတဲ့ အဓိပ္ပာယ်က ဘာလဲ။ လက်မှတ်ထိုးတာ လက်မှတ်ထိုးတဲ့ အချိန်အတွင်းမှာ တိုက်ပွဲက ရပ်မသွားဘူးဆိုရင် လက်မှတ်ထိုးတဲ့ အဓိပ္ပာယ်က ဘာလဲ၊ အဓိပ္ပာယ်က မရှိတော့ဘူး။ ဘာကြောင့် အဓိပ္ပာယ်မရှိလဲဆိုတော့ ဘက် ၂ ဘက်တည်းကပဲ ရပ်ဖို့ သဘောတူတယ်။ ကြီးကြပ်မယ့်အဖွဲ့မရှိဘူး၊ တတိယအင်အားစု မရှိဘူး။ တတိယအင်အားစုက ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားမရှိဘူး။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုက သက်သေလောက်ပဲဖြစ်တယ်။ တကယ့်လက်တွေ့ ကြီးကြပ်တဲ့ Monitoring Mission မှာ အရေးပါတဲ့နေရာကို ယူထားပြီးတော့ ထိန်းကွပ်ဆောင်ရွက်နိုင်မယ့် အားမရှိဘူး။ အဲဒါကြောင့် အခုလက်မှတ်ထိုးလိုက်လည်း ရွေးကောက်ပွဲ မတိုင်မီမှာ ဒရောသောပါးနဲ့ လက်မှတ်ထိုးလိုက်လည်း ဆရာ့အနေနဲ့ မြင်တာကတော့ဖြင့်ရင် လက်တွေ့ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲဖို့တောင်မှ လက်တွေ့ဖြစ်ဖို့က မလွယ်ဘူး။ အဲဒီတော့ ဒီကိစ္စက ခုနပြောသလို ဒီစာချုပ်ကြီးဟာ မီဒီယာဆရာ ခုနကမေးသလို လူထုက စိတ်ဝင်စားတဲ့ စာချုပ်ကြီးဖြစ်အောင် လူထုအကျိုးစီးပွားကို ဖော်ဆောင်တဲ့ စာချုပ်ကြီး ဖြစ်ရေးအတွက်ဆိုရင် ပါသင့်ပါထိုက်တဲ့၊ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ လူထုအခွင့်အရေး အခြေခံတွေကိုပါ ထည့်သွင်းချုပ်ဆိုထားတဲ့ စာချုပ်ကြီးမျိုး ဖြစ်တော့မှသာလျှင် လက်မှတ်ထိုးတာ ပိုသဘာဝကျတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ထိုးဖို့ ဆိုတာဟာ တော်တော်လေးကို ဒေသခံတိုင်းရင်းသား လူထုအတွက် ဘာတခုမှ အကျိုးစီးပွား မမျှော်မှန်းနိုင်တဲ့ အခြေအနေအောက်မှာ လက်မှတ်ထိုးခြင်းပဲ ဖြစ်လိမ့်မယ်လို့ ဆရာတော့မြင်တယ်။”


အန်စီအေစာချုပ်ကို ဆရာလည်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးလောက်ပြီလို့ ယူဆပါတယ်။ ဒီစာချုပ်ဟာ ဗမာပြည်မှာ အဓိကလိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ တရားဥပဒေ စိုးမိုးရေးတို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေးတို့ စတဲ့ အခြေခံ ရေခံမြေခံကောင်းတွေကလေ အန်စီအေထဲမှာ တော်တော် ပြည့်ပြည့်စုံစုံ၊ ကုံကုံလုံလုံ  လွှမ်းခြုံမှုကို မြင်ရလားဆရာ။ ဘယ်လိုမြင်ရလဲ အန်စီအေနဲ့ ပတ်သက်ပြီးတော့။


“ဒီလိုပါ လက်ရှိ အန်စီအေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုပ်ခဲ့တဲ့ Gentleman Agreement လို့ခေါ်တဲ့ နှုတ်ကတိတို့၊ ၁၉၉၄ မှာ ကေအိုင်အိုနဲ့ စစ်အစိုးရကြားထဲမှာ ချုပ်ခဲ့တဲ့ သဘောတူညီချက်တို့နဲ့ စာရင်တော့ ခုလက်ရှိ အန်စီအေက တော်တော်လေးကို ကောင်းတယ်လို့ ပြောရမှာပေါ့လေ။ ပုံသဏ္ဌာန်အရကောင်းတယ်။ ရေးသားဖော်ပြပုံလေးက ကောင်းတယ်။ ဥပဒေပုံသဏ္ဌာန်ပါတယ်။ ခေါင်းစဉ်တော်တော်များများ ပါလာတယ်။ ဒါပေမယ့် သူ့ပြဿ နာက ဘာလဲဆိုတော့ ခုန မီဒီယာဆရာရဲ့မေးခွန်းကို ဖြေရင်တော့ သူ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားနိုင်တဲ့ ဖက်ဒရယ်ကိုပဲ ဆွေးနွေးတော့ မယောင်ယောင်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ ရတော့မလိုလို၊ ဒီမိုကရေစီအခြေခံပဲ တည်ဆောက်သွားနိုင်မလိုလို ဆိုတဲ့ ရေးသားပုံမျိုးတွေပါတယ်။  ကဲ ဒါဖြင့်ရင် ဘာတခု တိတိကျကျ ရသလဲဆိုတော့ ဘာတခုမှ အတိအကျမရဘူး။ လက်ရှိ အန်စီအေရဲ့ပြဿ  နာက ဒါပဲ။ အဲဒီတော့ တိုင်းရင်းသားပြည်နယ်တွေမှာ လိုအပ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် ဘယ်အပိုဒ်က ဘယ်လိုရေးသားထားလို့ အာမခံချက်ရှိသလဲလို့မေးရင် ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်အပိုဒ်တခုတလေ၊ တကြောင်းတလေကမှ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်ရှိတဲ့ သဘောတူညီချက် တကြောင်းတလေမှ မပါဘူး။ ထိုနည်းတူစွာ ဖက်ဒရယ်လည်း အဲဒီအတိုင်းပဲ။ ဆိုတော့ တိုင်းရင်းသားပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်အခြေခံတွေ၊ အမျိုးသားတန်းတူရေး အခြေခံတွေကို တိကျတဲ့ အာမခံချက်စာချုပ်မှာ မပါဘူးဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဒီစာချုပ်ပေါ် မူတည်ဖို့ ဆိုတာကတော့ စိတ်ကူးယဉ်အိပ်မက်ပဲ ဖြစ်ပါလိမ့်မယ်။”


၉ လပိုင်း၊ ၉ ရက်နေ့က နေပြည်တော်မှာ အစိုးရကိုယ်စားလှယ် ၉ ဦးနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၉ ဦးတို့ တွေ့ဆုံပွဲမှာ  တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အန်စီအေမှာ အားလုံးပါဝင်ရေးဆိုတာကို သမ္မတက မူအားဖြင့် လက်ခံတယ်။ တအာင်းပလောင်၊ ရခိုင်နဲ့ ကိုးကန့်ကို အစိုးရက ချန်ထားတယ်။ တဆင့်ချင်းလုပ်သွားဖို့။ ကိုးကန့်ဆို ဦးဖုန်ကြားရှင်နဲ့တောင်မှ သမ္မတက လမ်းကြောင်းဖောက်မယ်။ ရခိုင်ကတော့ တမျိုးတဖုံ ကိုင်တွယ်မယ်။ တအာင်းက ဘိုင်လက်ထရယ်ထိုးဖို့လုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို တက်ပေါ့။ ဒီအပေါ် တိုင်းရင်းသားတွေ လက်သင့်ခံသင့်လား။ လက်သင့်မခံသင့်ဘူးလား။ ဘယ်လိုမြင်လဲ။ ဘာကြောင့်လဲ။


“အမှန်မှာကတော့ ဒီလို။ စာချုပ်ရဲ့ သဘောသဘာဝနဲ့ဆိုင်တယ်။ အဲဒါ ဘယ်လိုဆိုင်လဲဆိုတော့ တကယ်တော့ တဖွဲ့ချင်းစီသွားခဲ့တဲ့ Bilateral Agreement (အပစ်ရပ်နားရန် အပြန်အလှန် သဘောတူညီချက်) အဖွဲ့အစည်းအများစုက လုပ်ထားလိုက်ပြီးပြီ။ ဒါကြောင့် ဒါက အဓိက မကျသင့်တော့ဘူး။ အဲဒီတော့ အခု အန်စီအေ ပေါ်လာတဲ့အခါမှာ ဘက် ၂ ဘက်လုံးက တူညီတဲ့ ရပ်တည်ချက်က ဘာလဲဆိုတော့ စာချုပ်ခေါင်းစဉ်မှာလည်း ပါတယ်။ ‘တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်’ ဖြစ်တယ်။ ခေါင်းစဉ်မှာလည်းပါတယ်။ ၂ ဘက်က ဦးတည်ချက်ကလည်း ဒီအတိုင်းပဲ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီးတဲ့ အချိန်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု တကယ်ရပ်စဲသွားဖို့ကို လိုတာ။ အဲလို လိုတဲ့အတွက် အဲဒီမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှန်သမျှ အကုန်လက်မှတ်ထိုးဖို့ လိုတယ်။ ဥပမာဆိုရင် အခု မီဒီယာဆရာ ပြောသွားတဲ့ တအာင်းပလောင်၊ ကိုးကန့် ဟုတ်လား၊ ရခိုင် ထားပါဦးတော့လေ၊ ဒါက သူက အခု ကွဲကွဲပြားပြား လုပ်နေပြီ၊ တဘက်က ကိုးကန့်ကိုတော့ သမ္မတက ဆွေးနွေးမယ်တို့၊ ရခိုင်ကတော့ ဘယ်လိုဖြစ်တယ်တို့၊ ဒီဟာက အဲဒီလိုသွားလို့မရဘူး ဥပဒေစိုးမိုးရေး သဘာဝအရ၊ ဥပဒေစိုးမိုးရေး သဘာဝအရ သူတို့ လက်မှတ်ထိုးသင့်တယ်လို့ ယူဆတဲ့ အဖွဲ့အကုန်လုံးဟာ တပြေးတည်း တချိန်တည်းမှာ လက်မှတ်ထိုးဖို့လိုတယ်။ နောက် အခုမပြောသေးတဲ့ ၀သပ (၀ပြည်သွေးစည်းညီညွတ်ရေးပါတီ) ဗျ။ ၀သပလည်း ပါဝင်လက်မှတ်ရေးထိုးပေးဖို့ လိုတယ်။ ၀သပက ကြေညာချက် ထုတ်ထားလိုက်တယ်၊ အဲဒါဘာလဲဆိုတော့ ပြည်ထောင်စုအဆင့်မှာ လက်မှတ်ထိုးထားပြီးသား၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ထားပြီးသားဖြစ်လို့ လက်မှတ်ထိုးစရာမလိုဘူး ရပ်တည်ချက်ဖြစ်တယ်။ ဒါက ဆရာမြင်တာကတော့ ဒီရပ်တည်ချက်ကလွဲတယ်။ ဘာကြောင့်လဲဆိုတော့ အခု ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်လို့ရှိရင် အခုလက်မှတ်ထိုးတဲ့စာချုပ်က ရှေ့ကစာချုပ်ကို လွှမ်းမိုးသွားလိမ့်မယ်။ အဲလိုဆိုတဲ့အခါကျတော့ တကယ်ကိုပဲ ၀သပဟာလည်း တကယ်ကိုပဲ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုရင် တခြားအဖွဲ့များ အားလုံးနဲ့ အတူတကွ ပါဖို့လိုတယ်ဆိုတာ နားလည်ထားရင် ၀သပလည်း တပါတည်း ပါဝင်လက်မှတ်ရေးထိုးဖို့ လိုပါတယ်။ အဲဒီတော့မှ နောင် ၀သပကို တိုက်မယ့် အလားအလာလည်း မတိုက်နိုင်တော့ဘူး၊ ၀သပ ကိုယ်တိုင်လည်း အာမခံချက်ရှိသွားမယ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆိုတာလည်း အဓိပ္ပာယ်ရှိသွားနိုင်တယ်။”


(မှတ်ချက်။                     ။ ၀အထူးဒေသ (၂) က အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ရေးထိုးပြီးပြီဖြစ်လို့ အန်စီအေကို လက်မှတ်ထိုးရန်မလိုဟု စက်တင်ဘာ ၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးသိန်းဇော်တို့ဟာ ဝ အထူးဒေသ-၂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီ၊ မိုင်းလား အထူးဒေသ-၄ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြ။)


အန်စီအေကို လက်မှတ်ထိုးကြပါပြီ ဆိုပါစို့။ စောင့်ကြည့်အဖွဲ့တွေ ပူးတွဲဖွဲ့မယ်။ အကျိတ်အခဲဖြစ်လာရင် ညှိနှိုင်းမယ်လို့ သဘောတူတယ်။ ဘယ်လိုညှိနှိုင်းမယ်၊ ဆုံးဖြတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘူး။ အရင်တုန်းကလည်း ဥပမာ ကေအိုင်အိုနဲ့ အစိုးရအကြား ညှိနှိုင်းတဲ့အဖွဲ့တွေ ရှိနေသားနဲ့ ပစ်နေ ခတ်နေကြတာပဲလေ။ ဒီတော့လေ အပစ်ရပ်စာချုပ် ချုပ်ပြီးကာမှ ချိုးဖောက်တဲ့သူ၊ အဖွဲ့ကို ဘယ်လိုကိုင်တွယ်မယ်၊ အရေးယူမယ်ဆိုတာတွေရော ဒီစာချုပ်မှာ အာမခံချက်ရှိရဲ့လားဆရာ။ ဘယ်လိုမြင်လဲ။


“ဟုတ်တယ်။ အဲဒီမေးခွန်းက အရေးကြီးဆုံးပဲဖြစ်တယ်။ အစပိုင်းမှာလည်း ဆရာ နည်းနည်းပြောခဲ့ပြီးပြီ။ အဲဒီမေးခွန်းက လုံးဝအရေးကြီးဆုံးပဲ၊ ဘာကြောင့်လဲဆိုတော့ ၁၉၉၄ ကေအိုင်အိုနဲ့ အစိုးရချုပ်တဲ့ စာချုပ်တုန်းကလည်းပဲ ပူးတွဲညှိနှိုင်းသွားမယ်ဆိုတာက အဓိက အနှစ်သာရပဲ။ အခု ဒီစာချုပ်ကြီးကလည်း ကြီးမားလာတယ်၊ စာမျက်နှာတွေ များလာတယ်၊ ပုံသဏ္ဌာန်ကောင်းလာတယ်၊ ခေါင်းစဉ်တွေ ပါလာတယ် ဆိုပေမယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထိန်းချုပ်တဲ့နေရာမှာတော့ဖြင့်ရင်၊ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နေရာမှာတော့ဖြင့်ရင် ၁၉၉၄ တုန်းက ကေအိုင်အိုနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်နဲ့ အတူတူပဲ။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက် ပူးတွဲအဆင့်ပဲဖြစ်တယ်။ ပူးတွဲအဆင့်ပဲ ရှိတဲ့အခါကျတော့ တဘက်ဘက်က စတိုက်ချင်ရင် ဒီစာချုပ်က ပျက်တာပဲ။ လက်တွေ့အရ ပျက်သွားတာပဲ။ ဖြစ်နိုင်ခြေအများဆုံးကလည်းပဲ မြန်မာစစ်အစိုးရဘက်က အချိန်မရွေး ပြန်တိုက်နိုင်တဲ့ အခြေအနေရှိတယ်။ အဲဒီတော့ ခုန မီဒီယာဆရာမေးသလို အာမခံချက် ရှိစေချင်ရင်တော့ဖြင့်ရင် အကောင်းဆုံးကတော့ ၂ ချက်ပေါ့။ ၁ ချက်က ဘာလဲဆို အင်ဒိုနီးရှားနိုင်ငံ အာချေးမှာ ချုပ်ခဲ့သလိုမျိုး Crisis Management Board လို့ခေါ်တဲ့ အကျပ်အတည်း  စီမံခန့်ခွဲရေးအဖွဲ့လိုဟာမျိုးကို နိုင်ငံတကာ ကိုယ်တိုင်ရဲ့ ပါဝင်ပတ်သက်မှု၊ ကြီးကြပ်မှု၊ ဥပမာ Chairmanship position ယူထားပြီးတော့ ဘက် ၂ ဘက်စလုံးက အဲဒီ Chairmanship position ရဲ့ အဲဒီ Crisis Management Board လို့ခေါ်တဲ့ အကျပ်အတည်း စီမံခန့်ခွဲရေး အဖွဲ့လိုဟာမျိုး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို ၂ ဘက် နာခံပါ့မယ်ဆိုတဲ့ သဘောတူညီချက်မျိုးကို စာချုပ်မှာ ပါဖို့လိုတယ်။ ဒါက ပထမ ၁ ခုဖြစ်တယ်။ ဒုတိယ ၁ ခုက မြန်မာနိုင်ငံ အခြေအနေကျတော့ အင်ဒိုနီးရှား အခြေအနေထက်တောင် ပိုဆိုးနေပြီ။ ဘာကြောင့်လဲဆိုတော့ ၁၉၈၉ က စခဲ့တဲ့ ဖြစ်စဉ်ကြီးဟာ နှစ်ကလည်း တော်တော့်ကိုကြာနေပြီ။ တိုက်ချင်တဲ့အချိန်တိုက်တယ်၊ ရပ်ချင်တဲ့အချိန်ရပ်တယ်။ အမျိုးမျိုးလုပ်ခဲ့တာ ထောင်းလမောင်းကြေနေပြီ။ ဒါ့ကြောင့် တကယ့်ကိုပဲ အပစ်အခတ် ရပ်စဲသွားပြီးတော့ တကယ့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တကယ်ပေါ်စေချင်တယ် ဆိုရင်တော့ဖြင့်ရင် အကောင်းဆုံးက ကုလသမဂ္ဂမှာလည်း ဒါ အစီအစဉ်ရှိတယ်။ UN Peace Keeping Force ဆိုတာ ရှိတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တွေကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးပြီးတောင်းရင် ကနေ့တောင်းရင် လတချို့အတွင်းမှာ ကုလသမဂ္ဂတပ်တွေ ရောက်လာနိုင်တယ်။ အဲဒါအကောင်းဆုံးပဲလို့ ဆရာတော့မြင်တယ်။”


အန်စီအေ လက်မှတ်ထိုးလိုက်လို့ရှိရင် အပစ်ရပ်အဖွဲ့တွေရဲ့ နယ်မြေတွေမှာ စီးပွားရေးဇုန်တွေ ပေါ်လာမယ်။ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ဖြစ်ထွန်းပြီး ဒေသဖံွံ့ဖြိုးလာတော့မယ်လို့ ယူဆချက်တွေကြောင့်လေ အန်စီအေဟာ အားကောင်းချက်၊ အားသာချက်တွေ မဖြစ်နိုင်ဘူးလား။ နှစ်ပေါင်းများစွာ စစ်ဘေးဒုက္ခ ခံခဲ့ကြရတဲ့ ပြည်သူတွေအတွက်လေ။


“အန်စီအေဟာ  အားကောင်းချက် ဖြစ်သွားနိုင်တယ်၊ ဘယ်သူ့အတွက်လဲဆိုရင် လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရရယ်၊ စစ်ခေါင်းဆောင်ဟောင်း၊ သစ်တွေရယ်၊ သူတို့ရဲ့  နိုင်ငံရေး၊ စီးပွားရေး လက်ဝေခံ ခရိုနီတွေ အတွက်ကတော့ စီးပွားရေး သိပ်ကောင်းသွားမယ်။ ဘာကြောင့်လဲ။ ဒါက ရမ်းပြောတာမဟုတ်ပါဘူး။ တည်ဆဲဥပဒေရှိတယ်၊ ပြန်လေ့လာကြည့်ပါ။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေရှိတယ်။ ၂၀၁၁-၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေများ ရှိတယ်။ အဲဒီဥပဒေများအရ မြေယာနဲ့ သယံဇာတတွေအပေါ် အဓိက စီမံခန့်ခွဲသွားမှာက လက်ရှိဗဟိုအစိုးရပဲ။ လက်ရှိမြန်မာစစ်အစိုးရ ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေပဲ။ ၂၀၁၂ လယ်ယာမြေဥပဒေကလည်း အဲဒီအတိုင်းပဲ။ အဲဒီတော့ နိုင်ငံတော်ဟာ ရေထု၊ မြေထု၊ လေထုကို ပိုင်တယ်ဆိုတဲ့အောက်က စီမံခန့်ခွဲသွားမှာ။ ခုနပြောတဲ့ အခြေခံတွေအရ၊ ဥပဒေတွေအရ ဒီနေ့ လက်မှတ်ထိုးပြီးသွားတဲ့ အချိန်ကနေ စပြီးတော့ မနက်ဖြန်ကနေစပြီးတော့ ၂၀၁၁ – ၂၀၁၄ ခုနှစ် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေအရ လိုင်ဇာ (ကေအိုင်အိုဌာနချုပ်) ကိုပဲဖြစ်ဖြစ်၊ လေးဝါး (ကေအန်ယူဌာနချုပ်) ကိုပဲဖြစ်ဖြစ် ဟုတ်လား၊ ကြိုက်တဲ့နေရာကို မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အဖြစ်နဲ့ သတ်မှတ်လိုက်လို့ရတယ်။ ဥပဒေအတိုင်း သတ်မှတ်လို့ရတယ်။ ဒါကြောင့် ဘယ်နေရာကိုပဲ သတ်မှတ်သတ်မှတ်၊ ဖားကန့်လား ကြိုက်တဲ့နေရာ သတ်မှတ်လို့ရတယ်။ သတ်မှတ်လို့ရတဲ့ အချိန်ကနေစပြီး ဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသွားလို့ရတယ်။ အုပ်ချုပ်သွားလို့ရတယ်၊ အခွန်ကောက်လို့ရတယ်။ ဒေသက ဘာမှလုပ်ခွင့်မရှိတော့ဘူး။ ဆိုတော့ ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော်သွားမှာ ဖြစ်တာကြောင့်မို့လို့ ဒီဥပဒေကို ကိုင်ပြီးတော့ မြန်မာအစိုးရက သူတို့ကြိုက်တဲ့ ခရိုနီတွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံခြားသား လိုင်စင်တွေ ချပေးသွားမယ်၊ သူတို့ကိုယ်တိုင် ၀င်ရောက်စီမံခန့်ခွဲမယ်၊ သဘာဝသယံဇာတတွေကို ကြိုက်သလောက် ထုတ်သုံးစွဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ အန်စီအေကို လက်မှတ်ထိုးပြီးပြီးချင်းမှာ မနက်ဖြန်ကစပြီးတော့ အကြီးအကျယ် အကျိုးစီးပွား ဖြစ်သွားမှာကတော့ ဒေသခံတိုင်းရင်းသားတွေ မဟုတ်ဘူး၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ မဟုတ်ဘူး။ လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရနဲ့ သူ့ရဲ့ အသိုင်းအ၀ိုင်းတွေပဲဖြစ်တယ်။”


အန်စီအေစာချုပ်ကို လက်မှတ်ထိုးလိုက်ကြပြီဆိုပါစို့။ ဒီစာချုပ်ကြီးဟာ နောင်အစိုးရတွေ အဆက်ဆက် တည်မြဲတဲ့စာချုပ် ဖြစ်နိုင်မလား။ သမိုင်းဝင် ပင်လုံစာချုပ်က လျစ်လျူရှုခံရတယ်ဆိုတော့။ ဒီစာချုပ်မှာ ခိုင်မာမှု၊ အားကောင်းချက်၊ အားသာချက်တွေ ဘာတွေတွေ့လဲ။


“အဲဒါလည်း အင်မတန်ကောင်းတဲ့မေးခွန်းပဲ။ နှိုင်းယှဉ်ပြောရလို့ရှိရင်တော့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတုန်းက အစိုးရတရပ် လုပ်ဆောင်မှုကို နောက်အစိုးရတရပ်က တာဝန်ခံတဲ့ ပြဋ္ဌာန်းချက်ကို အဲဒီ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးသားဖော်ပြထားတယ်။ အဲဒီတော့ မကျေနပ်ရင် အစိုးရကို တရားစွဲဆိုခွင့်ရှိတယ်။ အဲဒီအထိ တာဝန်ခံမှုကို ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကျတော့ ပုဒ်မ ၄၄၅ မှာ ဘာပါလဲဆိုတော့ တာဝန်ခံမှုက ပြဿ   နာရှိတယ်။ အဲဒါဘာလဲဆိုတော့ န၀တ၊ နအဖ ပေါ့လေ အရင်စစ်အုပ်စုလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်မှု၊ လုပ်ငန်းနဲ့ တာဝန်တွေ အကုန်လုံးကို အခု ဒီအစိုးရက တာဝန်ခံတယ်ဆိုတဲ့ အဆင့်အထိပဲပါတယ်။ ဆိုတော့ အခု ၂၀၁၁ ခုနှစ်မှာ တက်လာတဲ့ အစိုးရက တာဝန်ခံတယ်ဆိုတဲ့အဆင့်ထိပဲ ပါတယ်။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေက အစိုးရတိုင်းရဲ့ တာဝန်ခံမှုကို မရည်ညွှန်းထားဘူး။ အဆင့်တဆင့်ပဲ ရည်ညွှန်းထားတယ်။ အဲဒီတော့ န၀တ၊ နအဖ လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်၊ လုပ်ငန်းနဲ့ တာဝန်တွေကို အခု ဒီအစိုးရက တာဝန်ခံတယ်ဆိုတာပဲ ပါတယ်။ အခု ဒီအစိုးရ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပေါ်တဲ့အစိုးရတွေက တာဝန်ခံတယ်ဆိုတဲ့ Continuous Action Responsibility လုံးဝမမပါဘူး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း ဥပဒေအရ ပြောရရင်တော့ဖြင့်ရင် အခု ဒီကနေ့ အန်စီအေကို လက်မှတ်ထိုးလိုက်ဦးတော့ နောက်တက်လာတဲ့ အစိုးရဟာ တာဝန်ခံလားဆိုတာ ဥပဒေအရ တာဝန်ခံတဲ့အပိုဒ်က လုံးဝမတွေ့ရဘူး။”


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်က အခါအားလျော်စွာ အကြိမ်ကြိမ်ထုတ်ပြောတယ်။ ကာချုပ်ကိုယ်တိုင် ပြောတာတွေလည်းရှိတယ် အရေးကြီးတယ်ပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကျတော့ ဒီဖွဲ့စည်းပုံဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မဖြစ်နိုင်ဘူး၊ လက်မခံဘူးဆိုပြီးတော့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားတယ်။ ဒီတော့လေ အန်စီအေကို လက်မှတ်ထိုးကြပြီး နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ရင် ဒီအယူအဆနှစ်ခု ထိပ်တိုက်တွေ့ကြတဲ့အခါ ဘယ်လိုမျိုးဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းနိုင်မလဲ။


“ဟာ ဒါလည်း သိပ်ကောင်းတဲ့မေးခွန်းပဲ။ ဆိုတော့ တကယ်တော့ ဒီကိစ္စဟာ ခုကတည်းက ဆွေးနွေးရမှာ၊ မီဒီယာဆရာ စဉ်းစားချက်က သိပ်ကိုမှန်တယ်။ အခုကတည်းက ဆွေးနွေးရမှာ။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိသမျှ ကာလပတ်လုံး ဘယ်တော့မှ ဒီမိုကရေစီမရနိုင်ဘူး။ တိုင်းရင်းသား အခွင့်အရေးဆိုတာ စိတ်ကူးယဉ်ပဲဖြစ်မယ်။ အဲဒီတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကတော့ တိမ်တောင်ပေါ်မှာ ဆွဲတဲ့အရုပ်လိုပဲ ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဘူး။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပူးတွဲညှိနှိုင်းရေးဆွဲသွားမယ်ဆိုတဲ့ သဘောတူညီချက်မျိုးက အခုက ရနိုင်ရင် အကောင်းဆုံးပဲ။ အဲဒါမရဘဲနဲ့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို ဆက်သွားမယ်ဆိုရင်တော့ စစ်အစိုးရဘက်က ရာခိုင်နှုန်းပြည့် သေချာတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်အောက်ထဲကို ဆွဲသွင်းသွားလိမ့်မယ်။ အဲဒီအခါမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ၁၉၉၃ နောက်ပိုင်းမှာ အမျိုးသားညီလာခံတက်ခဲ့တဲ့  အတွေ့အကြုံမျိုးကိုပဲ ပြန်ပြီးတော့ တွေ့ရလိမ့်မယ်။ အဲဒါဘာလဲဆိုတော့ အမျိုးသားညီလာခံ ဘောင်ထဲကို အတင်းဆွဲသွင်းတဲ့အခါကျတော့ မကျေနပ်လို့ ဆန္ဒပြရင်ပြမယ်၊ ၁၃ ဖွဲ့၊ ၁၄ ဖွဲ့ စာရေးတင်တာ ရှိရင်ရှိမယ်၊ နောက်ဆုံး နုတ်ထွက်တာ ရှိရင်ရှိမယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ဖြင့်ရင် အခု အန်စီအေ လက်မှတ်မထိုးခင်မှာ အခုန မီဒီယာဆရာပြောတဲ့ ဖွဲ့စည်းပုံကိစ္စကို အရင်ရှင်းထားပြီးတော့ ကဲ စစ်အစိုးရဘက်က လက်ခံနိုင်ရင်ခံ၊ မခံနိုင်ရင်လည်း တိုက်စရာရှိတာ ဆက်တိုက်၊ ဒီလိုမျိုး သွားတဲ့နည်းလမ်းသာလျှင် အကောင်းဆုံးပဲလို့ ဆရာတော့ မြင်ပါတယ်။”


မည်သို့ပင်ဆိုစေကာမူ အန်စီအေစာချုပ်ကို လာမယ့်လထဲမှာ လက်မှတ်ထိုးကောင်း ထိုးနိုင်ကြတယ်ပေါ့။ ပြည်တွင်းစစ်ကို ရပ်နိုင်တာကလည်း အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေပဲဆိုတော့ ဘက် ၂ ဘက်က ပုဂ္ဂိုလ်တွေကို ဆရာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာပြောစရာရှိမလဲခင်ဗျ။


“ဘက် ၂ ဘက်က ပုဂ္ဂိုလ်တွေကတော့ ခုနကျနော်ပြောခဲ့တဲ့ဟာတွေမှာ အခြေခံကနေ ပါနေပါပြီ။ ဒါက သူတို့ဆုံးဖြတ်ဖို့ပဲဖြစ်တယ်။ အဓိကကတော့ လူထုကို ပြောချင်ပါတယ်။ အခု တိုင်းရင်းသားတွေဘက်ကလည်း ဘာလဲဆိုတော့ ရှေ့ကိုဆက်တိုးရတာ ခက်သွားပြီ။ ဘာကြောင့်လဲဆိုတော့ တဘက်က စစ်ရေးအရ ဖိအားပေးနေတာရှိတယ်၊ ဟုတ်လား တဖက်သတ်ပေါ့လေ၊ မြန်မာစစ်အစိုးရဘက်ကတော့ ဘဏ္ဍာငွေ အကြီးအကျယ်ကိုင်ပြီးတော့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာတော့ ဘာဘဏ္ဍာငွေမှ ဟုတ်တိပတ်တိမရဘဲ ဆွေးနွေးပွဲ ဆက်သွားနေရတယ်။ သူတို့ဘက်က အကျပ်အတည်းတွေရှိတယ်။ နောက် ဥပဒေအရ ချည်နှောင်ထားခံရတာရှိတယ်။ ခုန ကျနော်တို့ အလယ်မှာ ဆွေးနွေးခဲ့သလို ဒီစာချုပ်ကို ဘာကြောင့် လူထုကြီးက စိတ်မ၀င်စားသလဲဆိုတော့ လူထုအခွင့်အရေးတွေ မပါလို့ပဲဖြစ်တယ်။ ဒါကြောင့် ဒီစာချုပ်ကြီးမှာ လူထုအခွင့်အရေးတွေပါလာဖို့၊ ဒီမိုကရေစီအခွင့်အရေးတွေ၊ တိုင်းရင်းသားပြည်နယ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အမျိုးသားတန်းတူရေးအခွင့်အရေးတွေ၊ သဘာဝသယံဇာတတွေအပေါ်မှာ ဒီနေ့စာချုပ်လက်မှတ်ထိုးပြီးရင် နောက်နေ့ကစလို့ လူထုအခွင့်အရေးတွေ ဘာတွေပါမလဲဆိုတဲ့ဟာတွေကို ပါဝင်ထည့်သွင်းပြဋ္ဌာန်းနိုင်ရင် တပြည်လုံးအတွက် အကျိုးရှိလိမ့်မယ်။ အဲလိုဆိုတော့ အခု ၂ ဖက်က၊ ၂ ဖက်လုံးက ရှေ့ကိုသွားဖို့အတွက် တန့်နေတဲ့သဘောရှိတဲ့အခြေအနေမှာ လူထုက ကိုယ့်ရဲ့အင်အားကိုပြပြီးတော့ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေ ဒီစာချုပ်မှာ ပါလာအောင်၊ အခြေခံအားဖြင့် ပါလာအောင် လူထုလှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ဆွေးနွေးမှုတွေ ဒီလိုမျိုးတွေနဲ့ ဖိအားပေးမယ်ဆိုရင်တော့ဖြင့်ရင် ငြိမ်းချမ်းရေးဟာ တကယ်ပဲ အသက်ဝင်ဖြစ်လာနိုင်ပါတယ်လို့ ကျနော်အကြံပေးချင်တယ်၊ တိုက်တွန်းချင်ပါတယ်။”


ဦးအောင်ထူး

Sunday, September 6, 2015

တနိုင်ငံလုံးအပစ်ရပ်ရေး နဲ့ စစ်ရေးနောက်ခံ

ဗမာပြည်အရှေ့မြောက်ပိုင်းမှာ ၄ လအတွင်း ဗမာစစ်သား စုစုပေါင်း ၂၀၀၀ ကျော်သေကြေဒဏ်ရာရအောင် နဲ့ တပ်ရင်း ၈ ရင်းက ၁၀ ရင်းအထိ တပ်လုံးပြုတ်သွားအောင်၊ တပ်ရင်းမှူး ဒုရင်းမှူးတွေ တပြုံကြီးကျအောင် တိုက်နိုင်ခဲ့ပြီးနောက် MNDAA ကိုးကန့်တပ်ဖွဲ့ဟာ နိုင်ငံရေးလက်ဦးမှုယူပြီး တဖက်သတ်အပစ်ရပ်ခဲ့တယ်။
ဒီ့အရင်က KIA နဲ့ ၂ နှစ်ကျော်တိုက်ခဲ့ တာလဲ ဗမာစစ်သား တသောင်းကျော် သေကြေဒဏ်ရာခဲ့သေးတယ်။ မင်းအောင် လှိုင်တပ်က လိုင်ဇာကို အချိန်မရွေးသိမ်းလို့ရတယ် ပြောနေပေမဲ့ တချိန်က KIA ဌာနချုပ် ပါဂျို-နားဖော့ သိမ်းခဲ့ပြီးတော့လဲ KIA ပြုတ်မသွားခဲ့ဘဲ စခန်းပြောင်းရုံဘဲ ဖြစ်ခဲ့တာကို ဗမာစစ်တပ်က ပင်စင်ယူသွားတဲ့ဗိုလ်တွေ မေးကြည့်ရင် သိနိုင်ပါ တယ်။ လိုင်ဇာကိုအပြီးသိမ်းမယ်လို့ မရဲတရဲပြောနေချိန်မှာ လိုင်ဇာမှာ လားအကောင် ၆၀၀ ပြင်ထားပြီး ကချင်ပြည်နယ် တခုလုံးကို ပျောက်ကျားစစ် ဖြန့်ထုတ်ဖို့နဲ့ အရှိန်မြှင့်ဖို့၊ အဲဒီကတဆင့် ပြည်မအထိပါ တိုးချဲ့ အရှိန်မြှင့်ဖို့ အသင့်လုပ်ထား တာကြောင့် လိုင်ဇာကိုမသိမ်းရဲဘဲ နားလိုက်တာဖြစ်တယ်။
အခုနောက်ဆုံးတခေါက် ဗမာစစ်တပ်အတွက် ပိုသိက္ခာကျတာက အမြင့်ဆုံးလက်နက် ၆၀မမ မော်တာဘဲရှိတဲ့ ကိုးကန့် ပလောင်နဲ့ ရခိုင် ပူးပေါင်းတပ် အင်အား ၁၀၀၀ ကျော်လောက်ကို ပြည်တွင်းစစ်သမိုင်းမှာ မကြုံစဖူး အမြောက်ကြီးတွေ၊ တင့်ကား သံချပ်ကားတွေ၊ လေယာဉ် ရဟတ်ယာဉ်တွေ ပုံအောသုံး၊ ဒေါ်လာ ၃ ဘီလီယံခွဲကျော် အကုန်ခံပြီး တပ်ရင်း ၇၀-၈၀ နဲ့ အပြင်းအထန်တိုက်ခဲ့တာ MNDAA ရဲ့ ယာယီပျောက်ကျားတပ်စခန်းတချို့ သိမ်းရလိုက်ပေမဲ့ ကိုးကန့်ဒေသရဲ့ မရေ မတွက်နိုင်တဲ့တောင်ကုန်းတွေပေါ်မှာ FUA တပ်တွေ ရှိနေဆဲ ဖြစ်နေလို့ပါဘဲ။ TNLA ထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် သံလွင်အရှေ့ကမ်းကူးပြီး ကိုယ့်တပ်တွေကို လာရောက် မေးမြန်းအားပေးတာ၊ အသစ်ဖွဲ့လိုက်တဲ့ KIA တပ်မဟာ ၆ ကို သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသထဲက ကချင်ရွာတွေဆီ စည်းရုံးဖို့နဲ့ ခြေကုတ်ယူဖို့ လွှတ်လိုက်တာတွေကိုကြည့်ရင် ကိုးကန့်စစ်ပွဲရဲ့ရလဒ်တွေဟာ မင်းအောင်လှိုင် တို့ပြောတာတွေနဲ့ ပြောင်းပြန်ဖြစ်နေတာ အလွယ်တကူတွေ့နိုင်ပါတယ်။
MNDAA  ကိုးကန့်တပ် တဖက်သတ်အပစ်အခတ်ရပ်စဲလိုက်လို့ ဗမာစစ်တပ် အသက်ရှူချောင်သွားပေမဲ့ နယ်စပ်တဖက်မှာ တရုတ်တပ်တွေက “အကန့်အသတ်မရှိ ကျည်အစစ်လေ့ကျင့်ခန်း”ကို လုပ်နေ၊ နယ်စပ်ကပ်လျက်မှာ ချထားတဲ့ တရုတ် အရံတပ်တွေကိုလဲ ပြန်မရုပ်သိမ်းသေးတော့ တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၄၄၊ တပ်မ ၆၆၊ တပ်မ ၉၉ တို့ကို နောက် တန်းပြန်နားခွင့်မပေးနိုင်သေးဘဲ ၇ ရင်းတက် ၃ ရင်းနားစနစ်နဲ့ ချော့ခိုင်းနေရတယ်။ ဒါ့အပြင် ကိုးကန့်ဒေသထဲ လွတ်လွတ် လပ်လပ်လုယက်ခိုးဝှက်ခွင့်လဲ ပေးထားတဲ့အတွက် ပြည်မကလာတဲ့တပ်မတွေမှာ သာမန်ရဲဘော်အဆင့်တောင် နောက် တန်းကမိသားစုဆီ တလ ဆိုင်ကယ်နှစ်စီးနှုန်း ပြန်ပို့နိုင်လို့ စစ်တိုက်မတော်ပေမဲ့ တပ်နေပျော်နေကြတယ်။ စကခ ၁၀ တခု ဘဲ အိန္ဒိယစစ်တပ်က ခတ်ရင့်ရင့်နဲ့ နာဂသူပုန်ကို နယ်စပ်ကျော်ဝင်တိုက်လို့ ကိုးကန့်ဘက်ကပြန်ခေါ်ပြီး အိန္ဒိယနယ်စပ်ကို ပြန်ထိန်းခိုင်းထားတယ်။
အလားတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း သံလွင်အနောက်ခြမ်းမှာလဲ TNLA KIA တို့က ငြိမ်းချမ်းရေးရှေ့ရှူပြီး စစ်ရှိန်လျှော့လိုက်လို့ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၁၀၁၊ စကခ ၇၊ စကခ ၁၇ တို့လဲ ၇ ရင်းတက် ၃ ရင်းနားစနစ်နဲ့ တစုံ တရာသက်သာသွားတယ်။ ဒါပေမဲ့ တဖက်မှာ မင်းအောင်လှိုင်ဟာ အပစ်ရပ်စဲတာ စစ်ရှိန်လျှော့တာတွေကို အခွင့်ကောင်း ယူပြီး လက်အောက်ကတပ်တွေကို နယ်မြေရှင်းလင်းရေး အတင်းလုပ်ခိုင်း၊ အမြတ်ထုတ်ခိုင်းနေလို့ ဗမာစစ်သားတွေ စိတ်ညစ်နေကြတယ်။
မြို့ပြတွေထဲမှာ ပြဿနာအတက်နိုင်ဆုံး ရန်ကုန်မြို့တော်ကို ထိန်းဖို့လျာထားတဲ့ တပ်မ ၁၁၊ တပ်မ ၆၆၊ တပ်မ ၇၇ နဲ့ စကခ ၄ မှာ စကခ ၄ တခုဘဲ မကြာခင်ကမှ ကရင်ပြည်နယ်စစ်ဆင်ရေးက ပြန်လာလို့ ရန်ကုန်လုံခြုံရေး (ငြိမ်ဝပ်ပိပြားရေး) အတွက် အရံအဖြစ် ရှိနေတယ်။
ကရင်ပြည်စစ်ဆင်ရေးမှာလဲ DKBA အင်အား ၁၀၀ ကျော်ကို စကခ ၁၂၊ တပ်မ ၂၂၊ စကခ ၁၉ နဲ့ နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး အကြီးအကျယ်တိုက်ခဲ့ပေမဲ့ သိသာတဲ့အောင်မြင်မှု မရရုံမက ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ပြီဆိုတဲ့ အာရှလမ်းသစ်- လမ်းဟောင်းမှာ သေနတ်သံထွက်နေဆဲဖြစ်တယ်။ DKBA အပေါ် ပြတ်ပြတ်သားသားမနိုင်တဲ့အပြင် DKBA ရဲ့မဟာမိတ် အသစ် စစ်မတိုက်ဖူတဲ့ဗမာလူမျိုးအများစုပါဝင်တဲ့ (ဦးနု-ဦးသွင်တို့ရဲ့ PDP-PPP လက်အောက်ခံ) ပြည်ချစ်တပ်မတော်ပါ ကျားသေ အသက်ပြန်ရှင်လာခဲ့တယ်။
ကိုးကန့်စစ်ပွဲမှာ ၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီးတချို့၊ MA မောင်းပြန်သေနတ်တချို့နဲ့ RPG ကိုတုထားတဲ့ MA-၁၀ လောင်ချာဗုံးသီးတွေ ထိန်းသိမ်းမှုညံ့ဖျင်းတာနဲ့ တည်ဆောက်ပုံညံ့ဖျင်းတာကြောင့် ပစ်တဲ့ဗမာစစ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့သလို ထိရောက်မှုမရှိတာတွေလဲဖြစ်ခဲ့ပြီး အခုထိ ပြုပြင်မွမ်းမံမှုတွေ လုပ်နေရဆဲဖြစ်တယ်။ အဓိက လက်နက်ကြီးကျည် တွေနဲ့ ဒုံးတွေထုတ်နေတဲ့ မကွေးတိုင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တွေ ရေလွှမ်းမိုးခံရလို့ ထုတ်လုပ်မှုရပ်သွား တာလဲ တော်တော်နဲ့ ပြန်နလံမထူနိုင်သေးဘူးလို့ အတွင်းသတင်းတွေကဆိုတယ်။
လောက်ကိုင်တိုက်ပွဲ၊ ပလက်ဝတိုက်ပွဲတွေ အထိနာလို့ ရမခတိုင်းမှူး အောင်စိုး၊ လောက်ကိုင်ဒကစမှူး စောမြင့်ဦး၊ စစ်တွေ ဒကစမှူး ကျော်ရွှေတို့ အဖြုတ်ခံရသလို အရပ်သားအရေခြုံ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ခိုင်မာရေးစီမံချက်အရ လဲ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေတော်တော်များများကို အဟောင်းနား အသစ်တင်ခဲ့လို့ ဗမာပြည်မြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက အဓိကကျတဲ့နေရာတွေမှာ တိုက်ပွဲကြီး မဦးစီးဖူးတဲ့ တပ်မှူးအသစ်တွေ ရောက်လာတယ်။ စုစု ပေါင်း တိုင်းမှူး ၉ ယောက်၊ တပ်မမှူး ၃ ယောက်၊ စကခမှူး ၁၀ ယောက်ကို အသစ်တင်ခဲ့တာဖြစ်တယ်။ ဒီတပ်မမှူး စကခမှူး တွေဟာ ၈၈ နောက်ပိုင်းမှ ပြန်တမ်းဝင်အရာရှိတွေ ဖြစ်လာတဲ့အတွက် တိုက်ပွဲကြီးဆိုလို့ မာနယ်ပလောလောက်ဘဲ အတွေ့ အကြုံရှိနိုင်တယ်။
လောလောဆယ်မှာ စစ်တပ်ကတည်ထောင်ထားတဲ့၊ စစ်ဗိုလ်အသွင်ပြောင်းတွေကြီးစိုးတဲ့ ကြံ့ဖွတ်ပါတီဟာ ၁၉၈၈ မတိုင်မီ က မဆလပါတီလိုဘဲ ကိုယ်ပိုင်သီးသန့်အကျိုးစီးပွားတွေ ကြီးထွားလာပြီး စစ်တပ်ကိုကြောလာတာကြောင့် ကြံ့ဖွတ်ပါတီကို စစ်တပ်ကျောထောက်နောက်ခံခိုင်မာရေး အသဲအသန်လုပ်နေရတယ်။ ရွှေမန်းကိစ္စနဲ့ ပတ်သက်ပြီး တိုင်းမှူး ၃ ယောက်ကို ခေါ်စစ်နေတယ်လို့တောင် သတင်းတွေထွက်လာတဲ့အထိ ဖရိုဖရဲဖြစ်ကုန်တယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးနဲ့ဒုဗိုလ်ချုပ်ကြီး အဆင့် ၁၂ ယောက်၊ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့် ၁၃ ယောက်အပါအဝင် ဗိုလ်မှူးကြီးနဲ့အထက် စစ်ဗိုလ် ၂၀၀ လောက်ကို ပါတီလိုင်း၊ ၂၀၁၅-၂၀ လွှတ်တော်လိုင်းနဲ့ အစိုးရလိုင်းတွေရွှေ့ပြီး အင်ဒိုနီးရှားဦးစီးချုပ် ချွန်ပေးတဲ့အတိုင်း သိန်းစိန်-ရွှေမန်း နှစ်ဘက်စလုံးကို မယုံကြည် အားမကိုးတော့ဘဲ ‘စစ်တပ်ချုပ်ကိုင်မှု ခိုင်မာအောင်’ နည်းမျိုးစုံသုံးပြီး ပြန်တည်ဆောက်နေရ တယ်။
အဲသလို ၂၀၁၆ နှစ်ဆန်းလုပ်မယ့် ကြံ့ဖွတ်ပါတီကွန်ဂရက်ကိုတောင် မစောင့်နိုင်တော့ဘဲ ကြံ့ဖွတ်ပါတီ လွှတ်တော်နဲ့ အစိုး ရကို ချုပ်ကိုင်နိုင်ရေး အကြောင်းပြပြီး ကမန်းကတန်းအကွက်ရွှေ့ရတဲ့အတွက် မင်းအောင်လှိုင်ရဲ့ အာဏာနီတည်ဆောက် ရေးအတွက်လဲ အကျိုးရှိသွားပြီး တချက်ခုတ် သုံး-လေးချက်ပြတ်သွားပါတယ်။ တပ်ထဲမှာ မင်းအောင်လှိုင်နဲ့ အပတ်စဉ် မတိမ်းမယိမ်းတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူ့ထက်အများကြီးဂျူနီယာကျတဲ့ တပ်မှူးတွေကို ဆွဲတင်လိုက်တာဖြစ်လို့ မင်း အောင်လှိုင်ရဲ့အာဏာ ပိုခိုင်မာသွားတယ်။
ဒါပေမဲ့ ယူနီဖောင်းချွတ်ပြီး ပါတီလိုင်း လွှတ်တော်လိုင်းရောက်သွားပြီဆိုရင် အနှေးနဲ့အမြန် တဦးချင်းကိုယ်ကျိုးစီးပွားတွေ ဝင်လာမှာသေချာလို့ မဆလပါတီဖြစ်ခဲ့သလို တစင်ထောင်လာကြမှာ ရှောင်လွဲမရတဲ့သဘာဝတရားဘဲ ဖြစ်တယ်။ ဒါ့ ကြောင့် ကြံ့ဖွတ်ပါတီပြဿနာဟာ စစ်အုပ်စုတောက်လျှောက်ရင်ဆိုင်နေရမယ့် ထာဝရ နိုင်ငံရေး-စစ်ရေးအကျပ်အတည်း ဖြစ်တယ်။ ဒါကြောင့် ခင်အောင်မြင့်-လှဌေးဝင်းကို သမတ-ဒုသမတတင်မယ့်အကြံဟာလဲ ရေတိုဘဲအလုပ်ဖြစ်ပါလိမ့်မယ် (ဒါကလဲ ရွေးကောက်ပွဲမှာ NLD ကိုနိုင်ဦးမှ)။ ဒါကြောင့် စစ်တပ်ချုပ်ကိုင်မှု အာမခံချက်ရှိဖို့ဆိုရင် ၁၉၆၂-၁၉၇၃ ကာလ တော်လှန်ရေးကောင်စီလို၊ ၁၉၈၈-၂၀၁၀ ကာလ နဝတ-နအဖ စစ်ကောင်စီလို ပြောင်ပြောင်တင်းတင်း မဖုံးမကွယ် ရာနှုန်း ပြည့်အာဏာသိမ်းထားတဲ့နည်းဘဲရှိတယ်။
ရွှေမန်းကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ သေချာပေါက်ဖြစ်လာမယ့်မဲလိမ်မဲခိုးကိစ္စ၊ ကြံ့ဖွတ်ပါတီညီလာခံ၊ ဘဏ္ဍာငွေအကျပ် အတည်း၊ လက်နက်ခဲယမ်းပြဿနာတွေဟာ ၂၀၁၆ နှစ်ဆန်း အစိုးရသစ်ဖွဲ့ချိန်အထိ ဖိစီးနေမှာဖြစ်လို့ မင်းအောင်လှိုင် အနေနဲ့ တိုင်းရင်းသားတပ်တွေအပေါ် လိုင်ဇာစစ်ပွဲ၊ လောက်ကိုင်စစ်ပွဲလို ထိုးစစ်ကြီးကြီးတွေ ဆင်နိုင်မယ့်အလားအလာ တော်တော်နည်းသွားပြီလို့ ယူဆတယ်။ နောက်ထပ် ၃ ဘီလီယံအကုန်ခံ စစ်တိုက်နိုင်မယ့်ပုံ မရှိဘူး။
ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေး ဦးစီးတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ တိုင်းနဲ့ပြည်နယ်အဆင့် ရွေးကောက်ပွဲကြီးကြပ်ရေးမှူး နေရာ (ဒုညွှန်မှူးရာထူး) ၁၅ နေရာစလုံး၊ ခရိုင်အဆင့် ရွေးကောက်ပွဲကြီးကြပ်ရေးမှူးနေရာ (လက်ထောက်ညွှန်မှူးရာထူး) ၇၂ နေရာစလုံးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဆင့် ရွေးကောက်ပွဲကြီးကြပ်ရေးမှူးနေရာ (လက်ထောက်ညွှန်မှူးရာထူး) ၆ ခု စလုံးကို စစ်တပ်ကလာတဲ့ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးတွေနဲ့ ဖြည့်ထားတယ်။ မြို့နယ်အဆင့်တွေမှာလဲ တော်တော်များများကို အသွင်ပြောင်းတွေ လွှမ်းမိုးထားတယ်။
ဒါပေမဲ့ တဖက်မှာလဲ ကျန်းမာရေးဝန်ကြီးဌာနကစလိုက်တဲ့ စစ်ဗိုလ်အသွင်ပြောင်း မိုးကျရွှေကိုယ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဟာ တခြားဝန်ကြီးဌာနတွေကိုလဲ ဂယက်ရိုက်ခတ်လာတဲ့အတွက် ဌာနကောင်းရောက်ပြီး မျက်မျက်ကလေးဝါးဖို့ DSA တက်ခဲ့တဲ့ စစ်ဗိုလ်တွေရဲ့အနာဂတ်တွေ ပျက်ပြားမယ့်အလားအလာ လင်းရောင်ခြည်ကို စတင်မြင်တွေ့နေရပြီဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနိုင် (ကြံ့ဖွတ်မဟာမိတ်) တရားဝင်တိုင်းရင်းသားပါတီတွေကလဲ ပြည်နယ်အစိုးရထဲပါပေမဲ့ ဘာမှလုပ် ပိုင်ခွင့်မရှိ အာဏာမရှိဘဲ နေပြည်တော်ကချပေးတာတွေ ခိုင်းတာတွေကိုဘဲ လိုက်လုပ်နေရလို့ ဗဟိုဦးစီးစနစ်နဲ့ စစ်တပ် ကြီးစိုးမှုကို အသက်သွင်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပိုဆန့်ကျင်လာတယ်။
အပစ်ရပ်စာချုပ် NCA ပါအကြောင်းအချက်စာသား text တွေကို သဘောတူပြီးသားမို့ ဘယ်အဖွဲ့ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ လုပ်ထုံးလုပ်နည်း procedure and open-book matter ကိစ္စသာ ဖြစ်တယ်လို့ ဆင်ခြေပေးနေတာတွေ ရှိတယ်။ အစိုးရနဲ့ နိုင်ငံတကာတချို့က all inclusiveness အားလုံးပါဝင်ရေး၊ မပါဝင်ရေးကို နည်းနာပြဿနာအဖြစ် တရား ထူထောင်နေတယ်။ တိုင်းရင်းသားတွေအတွက်တော့ ဒါဟာ မဟာမိတ်ရေးရာ၊ ညီညွတ်ရေးဆိုင်ရာရပ်တည်ချက် ပြဿနာ ဖြစ်တယ်။
CNF PNLO လို နှစ်ယောက်တပိုင်းအဖွဲ့တွေထက် အင်အားပိုကြီးတဲ့ AA TNLA MNDAA သုံးဖွဲ့ ချန်ထားရေး ဆိုတာ စစ်အုပ်စုအဆက်ဆက်ရဲ့ ဂန္ဓဝင်မြောက်သွေးခွဲချုပ်ကိုင်ရေး classical divide-and-rule နည်းနာဘဲဖြစ်ပြီး ပြည်တွင်းစစ်ကို အပြီးအပြတ် အဆုံးမသတ်ချင်တဲ့ အမြင်ကျဉ်းမှု ခေါင်းမာမှုနဲ့ တရားသေစစ်ဝါဒကို ပြနေတာဘဲဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမလိုချင်လို့ မဖြစ်နိုင်တဲ့တောင်းဆိုမှု လုပ်နေတာဘဲဖြစ်တယ်။ ခံရပေါင်းများနေသူတွေအတွက် ရပ်တည်ချက် ပြဿနာကို နည်းနာပြဿနာအဖြစ် ဖြေပြောပြီး ဖိအားပေးတွန်းနေတာကို လက်ခံလိုက်ရင် တိုင်းရင်းသားတပ်ပေါင်းစု အားလုံးရဲ့ နိဂုံးဖြစ်သွားပါလိမ့်မယ်။ စောဘဦးကြီးမူလေးချက်ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။
အစိုးရစစ်တပ်ကို အထိနာအောင်တိုက်ထားတဲ့အတွက် MNDAA နဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ဘူး ပြောတာဟာ စစ်သားစကား မဟုတ်ပါဘူး။ စစ်တိုက်တယ်ဆိုမှတော့ နှစ်ဘက်စလုံးမှာ သေကြေဒဏ်ရာရမှာ သဘာဝဘဲဆိုတာ လူတိုင်းအသိဖြစ်တယ်။ မသေချင်ရင် စစ်ထဲမဝင်နဲ့ စစ်မတိုက်နဲ့ဆိုတာ ကလေးကအစ ခွေးကအစ သိတဲ့အမှန်တရားပါ။ MNDAA ဘက်ကကြည့် ရင်လဲ ၂၀၀၀ ခုနှစ် နိုဝင်ဘာလတုံးက မုံးကိုးမှာ MDA ဌာနချုပ်ကို ဗမာစစ်တပ်ကဝင်တိုက်ပြီး ကချင် ကိုးကန့် ဝ ရဲဘော် ၂၀၀ ကျော်ကို တန်းစီပစ်သတ်ခဲ့တာ၊ ၂၀၀၉ ခု သြဂုတ်လမှာ လောက်ကိုင် MNDAA ဌာနချုပ်ကိုဝင်တိုက်ပြီး ရဲဘော်နဲ့ အရပ်သား ၃၀၀ လောက်ကို ပစ်သတ်ခဲ့တာ၊ ကိုးကန့်အရပ်သားတွေရဲ့ ဥစ္စာဓန ယွမ်ငွေ သန်း ၁၅၀ ဖိုးလောက် ခိုးသွား လုသွားတာတွေလဲ ပြောစရာရှိပါတယ်။
အချုပ်အခြာအာဏာထိခိုက်လို့ ဆိုတဲ့အကြောင်းပြချက်ကလဲ သွေးရူးသွေးတမ်းလျှောက်ပြောတာထက် မပိုပါဘူး။ တကယ် အချုပ်အခြာအာဏာထိခိုက်ရင် ကမ္ဘာ့တရားရုံး (ICJ) မှာ တင်လို့ရပါတယ်။ ဗမာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက် တဲ့ ICJ စီရင်ချက်ကတော့ ၂၀၁၂ ခုနှစ်မှာ စိန့်မာတင်ကျွန်းနဲ့ ကမ်းလွန်ပင်လယ်ကို ဘင်္ဂလားဒေ့ရှ်ကို ထိုးအပ်လိုက်ရတာ ဘဲ ဖြစ်တယ်။ နိုင်ငံတကာဥပဒေပညာရှင်တွေ ဆုံးဖြတ်ရမယ့်ကိစ္စကို ၁၉၅၉ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ ကလွဲလို့ ဘာမှဥပဒေ နားမလည်တဲ့ နလပိန်းတုံးတွေက ဝင်ပြောနေတာ လူရယ်စရာဘဲ ဖြစ်နေတယ်။
ဘာတွေဘယ်လိုပြောပြော UWSA ဝ အဖွဲ့ကတော့ NCA ကိုနဲနဲမှစိတ်မဝင်စားဘဲ တပ်တွေကို အသင့်ပြင်တာ စစ်လေ့ကျင့် တာတွေလုပ်နေတယ်။ စစ်ပြန်ရဲဘော်ဟောင်းတွေ၊ ခွင့်ပြန်ရဲဘော်တွေ၊ ကာဆီနိုလုံခြုံရေးရဲဘော်တွေအားလုံးကိုလဲ ပြန် ခေါ်ထားပြီး ၂၀၀၉-၂၀၁၀ တုံးက လိုဘဲ တပ်လှန့်ထားတယ်။ ကားပေါ်တင်ပစ်တဲ့ အတွဲလိုက်ဒုံးတွေ၊ ကားနဲ့ဆွဲတဲ့ဒုံးပျံတွေ၊ ၁၀၅မမ ဟောင်ဝစ်ဇာ၊ ၁၂၂မမ ဟောင်ဝစ်ဇာတွေ၊ ၁၀၇မမ ဒုံးပစ်လောင်ချာတွေသာမက ကီလိုမီတာ ၅၀၀ ဝေးတဲ့ နေပြည်တော်အထိ လှမ်းပစ်နိုင်တဲ့ မြေအောက်ဘန်ကာဖြို DF-၁၅ တာလတ်ပစ်ဒုံးပျံတွေကိုပါ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ဝယ်ယူထားတယ်။ ၁၀၅မမ ဟောင်ဝစ်ဇာက တရုတ်ပြည်ကမထုတ်လို့ အနောက်နိုင်ငံထုတ် ရှာဝယ်ထားတာဖြစ်တယ်။
NCA ကို အခုလက်မှတ်ထိုးလိုက်ရင် လာမယ့်လတွေဟာ ရွေးကောက်ပွဲအကြိုကာလဖြစ်နေလို့ အပစ်ရပ်နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေနဲ့ ကွက်တိတိုက်ဆိုင်နေတယ်။ လုပ်ငန်းစဉ်အရ ၂ လအတွင်း မူဘောင် Framework ဆွဲဖို့အတွက်ဆိုရင် ပြည်သူလူထုရဲ့ပါဝင်ပတ်သက်မှု၊ သဘောထားရယူမှုဟာ အရေးအကြီးဆုံးဖြစ်တယ်။ ဒီမူဘောင်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး (လက်တွေ့ပြောရရင် အခြေခံဥပဒေကို အရင်းခံကျကျပြင်ဆင်ရေး)ကို ရှေးရှု မယ့် နိုင်ငံရေးဆွေးနွေးပွဲအထိ မြင့်တက်သွားမှာမို့ လက်နက်ကိုင်အဖွဲ့အချင်းချင်း စေ့စပ်ညှိနှိုင်းရတဲ့ အပစ်ရပ်စာချုပ် NCA ထက် ပိုအရေးပါတယ်၊ လူထုပါဝင်ပတ်သက်မှု မလွဲမသွေရှိရမယ်။
လူထုပါဝင်ပတ်သက်မှုကို ကြားကနေ အဓိကဆောင်ရွက်နိုင်တာက မီဒီယာနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအသင်း အဖွဲ့တွေဘဲဖြစ်တယ်။ ရွေးကောက်ပွဲကာလမှာ ဒီတိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလူထုတွေ၊ CSO CBO NGO တွေ၊ မီဒီယာတွေဟာ ဘယ်သူမှ မူဘောင်ဆွေးနွေးပွဲ နိုင်ငံရေးဆွေးနွေးပွဲတွေကို စိတ်ဝင်တစားလုပ်ဆောင်နိုင်မယ့် အခြေအနေ မရှိ။ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးတာ၊ ရွေးကောက်ပွဲသတင်းလိုက်တာ၊ ရွေးကောက်ပွဲစောင့်ကြည့်တာတွေနဲ့ဘဲ ရှုပ်နေမှာဖြစ်တယ်။ ဒါကြောင့် မူဘောင်ကိစ္စ လူထုနဲ့ဆက်သွယ်ရေး၊ လူထုကို သတင်းအချက်အလက်ပေးရေး၊ လူထု ဆွေးနွေးညှိနှိုင်းပွဲတွေ ဆောင်ရွက်ရေးဟာ မဖြစ်နိုင်ဘူး။ ဒီကိစ္စကို ကျွမ်းကျင်သူတွေနဲ့လွှဲထား ဆိုတာမျိုးကလဲ လက်ခံနိုင် စရာမရှိ။
အဲသလို ဘယ်သူမှထဲထဲဝင်ဝင်မပါဘဲ စစ်အုပ်စုဝင်တချို့ကသာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် NCA လက်မှတ်ထိုးရေး ကို တွန်းနေတဲ့ပုံရှိပါတယ်။ သိန်းစိန်-အောင်မင်း-စိုးသိန်းဂိုဏ်းရဲ့ ပုဂ္ဂိုလ်ရေး-နိုင်ငံရေးအကျိုးစီးပွားအရသာ (MPC အကျိုး စီးပွားတွေလဲ တနွယ်ငင်တစင်ပါတယ်) တွန်းနေတာဖြစ်ပြီး လောလောဆယ်မှာ ရွှေမန်း၊ မင်းအောင်လှိုင်တို့ နှစ် ယောက်မှာ ဘယ်သူမှစိတ်မဝင်စားတဲ့ကိစ္စဘဲ ဖြစ်နေတယ်။ သမတသိန်းစိန်အတွက်တော့ နောက်သက်တမ်း သမတဖြစ်ဖို့ NCA အောင်မြင်မှု ပြစားဖို့ အရေးကြီးနေတယ်။
အမေရိကန် တရုတ် ဂျပန် အီးယူ ကုလသမဂ္ဂ အာဆီယံ အားလုံးကလဲ အခုအချိန်မှာ NCA ထက် ရွေးကောက်ပွဲကိုဘဲ စိတ်ဝင်စားနေချိန်ဖြစ်တယ်။ အမေရိကန်ကလဲ ဗမာပြည်ရွေးကောက်ပွဲဟာ သူတို့သမတရွေးကောက်ပွဲနဲ့ဆက်စပ်နေတယ်၊ သူတို့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှု မအောင်မြင်မှုနဲ့ ဆက်စပ်နေတယ်လို့ ယူဆနေတာဖြစ်တယ်။ တရုတ်ကလဲ ဗမာပြည်ထဲက သူ့အကျိုးစီးပွားတွေနဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတယ်လို့ မြင်နေတယ်။
တဖက်က ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကိုကြည့်ရင်တော့ အကြိုကတိကဝတ်လက်မှတ်ထိုးထားတဲ့ KNU DKBA PC RCSS လေးဖွဲ့ကို ဟန်ညောင်ရွှေက ဒေါ်လာ ၃ သန်းစီပေးထားပြီး နောက်ဆုံး NCA လက်မှတ်ထိုးပြီးရင် ထပ်ပေးမယ်၊ တခြား အဖွဲ့တွေလဲ လက်မှတ်ထိုးရင်ပေးမယ်လို့ မြှူဆွယ်ထားတယ်ဆိုပြီး သတင်းတွေထွက်နေသလို သမတရုံးဝန်ကြီးစိုးသိန်းက လဲ လက်မှတ်ထိုးပြီးရင် အဖွဲ့အစည်းတွေ ရပ်တည်ရေး စားဝတ်နေရေးအတွက် ပါမစ်တွေ လိုင်စင်တွေ လုပ်ကွက်တွေ ချပေးမယ်လို့ ဆွယ်နေတယ်။ မင်းအောင်လှိုင်နဲ့ ၃ လတခါတွေ့ခွင့်ရမယ်၊ သမတနဲ့ ၂ လတခါတွေ့ခွင့်ရမယ်၊ အောင်မင်း-စိုးသိန်းအပါအဝင် ပါမစ်ထုတ်ပေးတဲ့ တခြားဝန်တွေ နဲ့ တလတခါ တွေ့ခွင့်ရမယ်ဆိုပြီး အပေးအယူလုပ်ထားတယ်။
နိုင်ငံရေးအားသန်တဲ့အဖွဲ့အစည်းတွေကိုလဲ ဝန်ကြီးအောင်မင်းက လက်မှတ်ထိုးပြီးရင် လက်ပံတန်းသပိတ်ကျောင်းသား တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ငြိမ်းချမ်းရေးအောင်ပွဲအထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ပြန်ပေးဆွဲသမားရဲ့ blackmail စကား ပြောထားတယ်။
ဒီနှစ်ဆန်းတုံးက ကျောင်းသားသပိတ်ကို အတန်းတင်စာမေးပွဲတွေ ၁၀ တန်းစာမေးပွဲတွေနဲ့ ကပ်နေလို့ ရွှေ့ဆိုင်းသင့်တယ် လို့ ကြံ့ဖွတ်လော်ဘီတွေအော်ခဲ့ကြတယ်။ အခု NCA ကလဲ လွှတ်တော်ဝင်ခွင့်စာမေးပွဲနဲ့ ကပ်နေလို့ အားလုံးလက်မှတ် မထိုးသေးဘဲ အစိုးရဘက်ကဘဲ တဖက်သတ်အပစ်အခတ်ရပ်စဲတယ်လို့ အရင်ကြေညာလောက်အောင် သတ္တိမရှိဘူးလား။ ပြည်တွင်းစစ်ကို ရာသက်ပန်မွေးထားပြီး လုပ်စားချင်နေတာလား။ မင်းအောင်လှိုင်တို့ကသာ အမှန်တကယ် ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒရှိရင် အင်အားကြီးသူဘက်ကစပြီး သဘောထားကြီးမှုကို ပြရမှာဖြစ်တယ်၊ တပြည်လုံးမှာ တဖက်သတ်အပစ် အခတ်ရပ်စဲကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိကြေညာရမှာဖြစ်တယ်။

ဂါမဏိ နှင့် အောင်သဇင် ပူးတွဲတင်ပြသည်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅

Saturday, September 5, 2015

ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း ၇၀ပြည့်အခမ်းအနားကို ဒီကနေ့ တရုတ်နိုင်ငံ ဘီဂျင်းမြို့ မှာ စစ်ရေးပြ အခမ်းအနား


CHINA PARADE: Check this video out! abc7.la/1L6AwW5The Chinese government stages one of the most elaborate military...
Posted by Elex Michaelson on Thursday, September 3, 2015

လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်မှသာ မိမိလက်မှတ်ရေးထိုးမယ်လို့ ဦးခွန်ထွန်းဦး ပြောကြား



ကျနော်ကတော့ သမိုင်းတရားခံ မဖြစ်ခံချင်ဘူး၊


တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ မိမိအနေနဲ့ အသိသက်သေအဖြစ် လက်မှတ်ထိုးမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ဒီနေ့ ပြောပါတယ်။


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဟိုးတုံရပ်ကွက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်လှစ်ပွဲမှာ NCA ချုပ်ဆိုမှာနဲ့ ပတ်သက်ပြီး RFA ရဲ့ မေးမြန်းမှုကို ဦးခွန်ထွန်းဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။




" တစ်နေ့ကျလို့ရှိရင် သမိုင်းဝင်သွားမယ်၊ ကျနော်က တိုင်းရင်းသားတွေ ယုံကြည်ခံရတဲ့အနေနဲ့ ကိုယ်စားပြုတဲ့အနေနဲ့ ဖိတ်မယ်ဆိုရင်တော့ အကုန်လုံးမပါရင် ပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ် ကျနော်ကတော့ သမိုင်းတရားခံ မဖြစ်ခံချင်ဘူး၊ မပြည့်စုံဘဲနဲ့ လက်မှတ်သွားထိုးရမယ်ဆိုရင် မထိုးဘူး၊ အဲ့ဒါကြောင့် ကျနော်ကတော့ ထိုးဖို့အစီအစဉ်မရှိဘူး"


လာမယ့် ရွေးကောက်ပွဲမှာ SNLD ပါတီက ကချင်ပြည်နယ်ကနေ ၁ဝ ဦး ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်း၊ ကယား၊ မန္တလေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၆ ဦး ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။




ဦးခွန်ထွန်းဦးဟာ လူငယ်တွေကို ဦးစားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ဘူးလို့လည်း သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်မှာ အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်ကို လာရောက်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။



RFA Burmese

သူခိုးစိုးသိန်းရဲ့ အကြောင်း



သူခိုးစိုးသိန်းရဲ့ အကြောင်းကို လူတွေများများသိဖို့လိုပြီ

ပြီးခဲ့တဲ့2013 စက်တင်ဘာလက Myanmar Peace Centre မှာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “စာပေလွတ်လပ်ခွင့်က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့ သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့ သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ မီဒီယာတွေကို တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တကယ်လို့ Eleven ဂျာနယ်က ဖော်ပြတဲ့ အတိုင်းမှန်ရင် သက်သေ အထောက်အထားနဲ့ ဖေါ်ပြီး စစ်ဆေးထောင်ချပါလို့ ပြောခဲ့ပါတယ်။ ဦးစိုးသိန်းရဲ့ စိန်ခေါ်မှုတွေဟာ မသိတဲ့ သူတွေအတွက် အထင်ကြီး စရာဖြစ်ပေမယ့် အတွင်းသိတွေအတွက်တော့ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် မီလျံနာတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဦးစိုးသိန်းရဲ့ ပိုင်ဆိုင်မှုကို ဘယ်သူမှ မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးစိုးသိန်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု စည်းစိမ်အားလုံးကို ပြည်တွင်းမှာ ဘာမှမထားပါဘူး။ စည်းစိမ်တင်မကပါဘူး။ သား/သမီးတွေနဲ့ ဇနီးတွေအားလုံးဟာ နိုင်ငံခြားမှာနေ ကြပါတယ်။ ဦးစိုးသိန်းရဲ့ သားဖြစ်သူ ဦးအေးချမ်း ဟာ စင်္ကာပူနိုင်ငံမှာ နေပါတယ်။ ဦးအေးချမ်းဟာ စင်္ကာပူနိုင်ငံ သူကို လက်ထပ်ထားပြီး Singapore မှာ အမြဲတမ်းနေထိုင်ခွင့်ရကာ Singapore နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေပါတယ်။

ဦးစိုးသိန်းရဲ့သမီး ဒေါ်သီတာအေးဟာ လက်ရှိအမေရိကန်မှာ နေထိုင်ပြီး ၎င်းရဲ့ ခင်ပွန်းက အမေရိကန်နိုင်ငံသား ခံယူထားသူ ပြင်သစ်လူမျိုး တစ်ဦးဖြစ်ပါတယ်။ ဦးစိုးသိန်းသမီး နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရည်မွန်အေးလည်း အတူတူပါပဲ။ ဒေါ်ရည်မွန်အေး ခင်ပွန်းက ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခုလင်မယားနှစ်ယောက်စလုံး အင်္ဂလန်မှာ နေပါတယ်။ သမီးနှစ်ယောက်လုံးကလည်း ခင်ပွန်းဖြစ်သူတို့ရဲ့ နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေကြပါတယ်။

ဦးစိုးသိန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်အေးကြင် ကလည်း မြန်မာနိုင်ငံမှာအနေနည်းပြီး သား/သမီးတွေရှိရာ နိုင်ငံခြား မှာပဲ နေထိုင်လေ့ရှိပါတယ်။ မိသားစုများသာမက ဦးစိုးသိန်း ကိုယ်တိုင်ကလည်း ၂၀၁၅ နိုင်ငံရေးအပြောင်း အလဲဖြစ်လို့ အခြေအနေမကောင်းပါက ပြည်ပသို့အပြီးထွက်ခွာဖို့ စီစဉ်ထားပါလိမ့်မယ်။ MPC မှာ ဦးစိုးသိန်းပြောခဲ့သလိုပဲ ဦးစိုးသိန်းဆိုတဲ့ နာမည်နဲ့ ပြည်တွင်း ဘဏ်မှာရော၊ ပြည်ပဘဏ် တွေမှာရော အပ်ထားတဲ့ငွေမရှိဘူးဆိုတာ မှန်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဦးစိုးသိန်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု အားလုံးကို ဇနီး၊ သားနဲ့သမီးတွေရဲ့ နာမည်ပေါင်းစုံနဲ့ အပ်နှံထား တာကြောင့်ပါ။ ဦးစိုးသိန်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ သူတို့မိသားစုကလွဲပြီး ဘယ်သူမှ မတွက်ချက်နိုင်ပါဘူး။

ဦးစိုးသိန်းဟာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဖြစ်ပြီး သမ္မတရုံး ဝန်ကြီးဌာနများထဲမှာ ဘက်ဂျက်အများဆုံးသုံးစွဲတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ ယခင် စက်မှုဝန်ကြီးဌာနဝန်ကြီး လုပ်စဉ်ကလည်း နိုင်ငံပိုင်စက်ရုံများနှင့် မြေနေရာများကို စံနှုန်းသတ်မှတ်ချက်မရှိဘဲ ငှားရမ်းခဲ့တာကြောင့် ငှားခအချို့မှာ ရသင့်သည်ထက် ငါးဆနီးပါး လျော့နည်းရရှိခဲ့တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာဆုံးရှုံး ခဲ့ရပါတယ်။ ၂၃၇ ဧကကျော် တညင်းကုန်းအုတ်စက်ရုံကို Mother Industrial ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၂၀ ၀န်းကျင်တည်းဖြင့် ဦးစိုးသိန်းက စာချုပ်ငှားရမ်းခဲ့ပါတယ်။ ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးများလက်ထက်မှာ Mother Industrial ကုမ္ပဏီနှင့် ဧက ၉၀ ကျော်တည်းကိုပင် တစ်နှစ် လျှင် ကျပ်သန်း ၃၂၀ ၀န်းကျခင်အထိ ဈေးသတ်မှတ်ချုပ်ဆိုရန် စီစဉ်ခဲ့ကြတဲ့အတွက် ဈေးအရ ယခင်ဝန်ကြီး ဦးစိုးသိန်း လက်ထက်ကထက် လေးဆကျော်အထိ ပိုမိုမြင့်တက်ခဲ့ပါတယ်။

ဦးစိုးသိန်းဟာ ပြည်သူ့ဘဏ္ဍာငွေ ရမယ့်စီမံကိန်းတွေကို တင်ဒါမခေါ်ပဲ နီးစပ်သူတွေဆီမှ သိန်းပေါင်းများစွာ လာဘ်ယူပြီး အလွန်နည်းတဲ့ ဈေးနှုန်းတွေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ ရသမျှ လဘ်လာဘငွေအားလုံးကိုတော့ နိုင်ငံခြားဘဏ်တွေမှာ မိသားစု နာမည်တွေနဲ့ အပ်နှံခဲ့ပါတယ်။ စက်မှု(၂)၀န်ကြီးဖြစ်စဉ်မှာလည်း တရုတ်ပြည်မှ ကားများကို စက်မှု(၂)မှ ထုတ်၍ ရောင်းသည်ဟုပြောပြီး စက်မှု(၂)တံဆိပ်တပ်ပြီး ရောင်းချတဲ့ WAGON ကား အစီး(၅၀၀၀)ကျော်ကို တင်သွင်းပေးတဲ့ ကုမ္ပဏီများမှ တစ်စီးလျှင် ဒေါ်လာ(၃၀၀၀) သူ့အတွက် ပေးရပါတယ်။ နောက်တစ်ခုက စက်မှုဇုန်ကားထုတ်လုပ်ခွင့် လိုင်စင်ချပေးလျှင် တစ်စီးကိုကျပ်ဆယ်သိန်းတောင်းပါတယ်။

စုစုပေါင်းအစီးရေ (၃၀၀၀)ကျော် လိုင်စင်ထုတ်ပေးပြီး တရားမ၀င် တင်သွင်းလာတဲ့ကားတွေကို စက်မှုဇုန်လိုင်စင်ရအောင် လုပ်ပေးခဲ့ပါတယ်။ လက်ရှိ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသာမက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ တစ်ဦးဖြစ်ပါတယ်။ ဒုတိယသမ္မတများထက် လုပ်ပိုင်ခွင့်ပိုမိုရရှိနေပြီး သမ္မတကြီးဦးသိန်းစိန်ရဲ့ အဓိကလက်ရုံးအကြံပေးတစ်ဦးလည်း ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုစိတ်ဓာတ်၊ ဝံဿာ နုစိတ်မရှိတဲ့ အမျိုးမစောင့်သူ ဦးစိုးသိန်း ဟာ လက်ရှိရာထူးနဲ့ မထိုက်တန်ပါဘူး။ နိုင်ငံတော်သမ္မတနဲ့ အနီးကပ် ဆုံးနေပြီး မြန်မာနိုင်ငံအတွက် အရေးပါတဲ့နေရာမှာနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရဲ့ဇနီး ဒေါ်ခင်အေးကြင် ဟာ တရုတ်ပြည်ဖွား ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခဲ့သူ ဦးဘီလားရဲ့သမီး ဖြစ်ပါတယ်။ ကိုယ်တိုင်က အမျိုးမစောင့်ခဲ့တာကြောင့် သားသမီးတွေအားလုံးက နိုင်ငံခြားသူ/ နိုင်ငံခြားသားတွေနဲ့ လက်ထက်ပြီး နိုင်ငံခြားမှာ အခြေချနေထိုင်နေတာကို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ပါဘူး။

ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် သား/သမီးကျင့်ဝတ်ထဲမှာ စောင့်လေမျိုးနွယ်ဆိုတာ ရှိပါတယ်။ အခုလို အမျိုးမစောင့်တဲ့ မိသားစုဝင်များကို သမ္မတရုံးမှာ ပြည်ထောင်စုဝန်ကြီးခန့်ထားတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။

မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ကျော်မှာ မိသားစုတစ်ခုလုံး အမျိုးဂုဏ်စောင့်ထိန်းပြီး အရည်အချင်းပြည့်ဝတဲ့ လူတော်လူကောင်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဇနီးနှင့် သားသမီးများကို ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြား ၃ နိုင်ငံမှာ ထားထားတဲ့ မျိုးချစ်စိတ်မရှိတဲ့ မိသားစုဝင် ဦးစိုးသိန်းကို နိုင်ငံတော်ရဲ့အရေးပါတဲ့ လျှို့ဝှက်အပ်တဲ့တာဝန်တွေကို အသိပေးခြင်း၊ စေခိုင်းခြင်း မလုပ်သင့် ပါဘူး။

သမ္မတကြီးဦးသိန်းစိန်အပါအဝင် ပြည်သူတစ်ရပ်လုံးအနေနဲ့ ဦးစိုးသိန်းရဲ့ စကားပြော ကောင်းတာကို နားဝင်ပြီး အရမ်းယုံနေရင်တော့ မလွယ်ပါဘူး။ ၂၀၁၅ အခြေအနေမကောင်းတာနဲ့ ဦးစိုးသိန်းဟာ နိုင်ငံခြားကို အပြီးထွက်ပြီး ယူထားသမျှ တသက်စားမကုန်တဲ့ ပြည်သူ့ဘဏ္ဌာတွေနဲ့ သားမက်ဖြစ်သူ ဗြိတိန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသားတွေအပြင် စင်္ကာပူနိုင်ငံသူ ချွေးမတွေနဲ့ အပြီးပြောင်းရွှေ့နေထိုင်တော့မှာ ဖြစ်လို့ ခရိုနီ ထက်ကြောက်စရာပိုကောင်းတဲ့ အမျိုးမစောင့်တဲ့ မီလျံနာ ဦးစိုးသိန်းအကြောင်း တစ်စိတ်တစ်ပိုင်းကို ရေးသား ဖော်ထုတ်လိုက်ရပါတယ်။

ဝံဿနု Golden Triangle

လေးစားရတဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ အင်တာဗြူးအမြင်သဘောထားလေးပါ..,


 "NLD မို့လို့ မလာကြနဲ့ဆိုရင် .... သွားပြောကြပါလားဗျ .... ကြံ့ခိုင်ဖွံ့ဖြိုးရေးတော့ မပြောကြဘူး"


 
မေး ။ ။ NLD က ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေ အပါအဝင် မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်မှာ ကို SNLD က ဘယ်လို သဘောထားပါသလဲ။

ဖြေ ။ ။ ဒါက ဒီမိုကရေစီ ကျင့်သုံးနေတာကိုး။ ငါ့နယ်မြေ မင်းမလာနဲ့၊ ငါတို့ပဲ ပြိုင်မယ်ဆိုတာမျိုးက တော့ ဒီမိုကရေစီ မစစ်တော့ ဘူးလေ။ ပြည်သူ လူထုရဲ့ ရွေးပိုင်ခွင့်ကလည်း ရှိသေးတာကိုး။ သူတို့ကို ကျွန်တော်တို့က အခွင့်အရေးတွေ ဖွင့်ပေးရမယ်။

NLD မို့လို့ မလာကြနဲ့ဆိုရင် သွားပြောကြပါလားဗျ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတော့ မပြောကြဘူး၊ NLD ကျမှ မလာပါနဲ့လို့ ပြောတဲ့လူတွေ တပုံကြီးပဲ။ ကျွန်တော် NLD ဘက် က ရှေ့နေလိုက်တာ မဟုတ်ဘူး။ လူတော်လူကောင်းတွေ ထွက်လာဖို့ အရေးကြီးတယ်။

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် လူတွေ လိုတာပါ။ ဘယ်သူ ပါရမယ်၊ ဘယ်သူ မပါရဘူး ဆိုတဲ့ဟာတော့ ကျွန်တော် က မသတ်မှတ်စေချင်ဘူး။ ကိုယ်က နိုင်လို့ လွှတ်တော်ထဲမှာ တခြားကိုယ် စားလှယ်တွေနဲ့ အရည်အချင်း ယှဉ်လိုက်လို့ ကိုယ့်လူက ညံ့နေရင် မဖြစ်ပြန်သေးဘူး။ ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ ဆုံးဖြတ်ချက် ကို လေးစားဖို့ လိုတယ်။

Myanmar NOW နှင့် အင်တာဗျူးမှ

Friday, September 4, 2015

စိန်ခေါ်မှုများစွာနဲ့ ထိပ်သီးခေါင်းဆောင်(၅)ဦး



ဒီလ (၉)ရက်နေ့မှာ ကြီး(၅)ကြီးခေါင်းဆောင်တို့က သမ္မတသိန်းစိန်နဲ့ တွေ့ဖို့ ရှိတယ်။ အဲဒီလိုတွေ့တဲ့နေရာမှာ သမ္မတသိန်းစိန်နဲ့အတူ ကာချုပ်မင်းအောင်လှိုင်လည်း ရှိနေပါလိမ့်မယ်။ အခြားအဆင့်မြင့် အစိုးရအရာရှိတွေလည်း ရှိနေကြမှာပါ။ ကြီး(၅)ကြီးတွေနဲ့အတူ SD က ခေါင်းဆောင်(၃)ဦးတို့လည်း ပါလာကြမှာပါ။ 
နောက်ဆုံးဇင်းမယ်ဆွေးနွေးပွဲကနေ အာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ ကြီး(၅)ကြီးခေါင်းဆောင်တို့ပါပဲ။


(၁) အပစ်ကို ရပ်ကြမလား၊ မရပ်ဘူးလား။
(၂) အားလုံးပါဝင်မှ လက်မှတ်ထိုးမလား၊ အစိုးရဆန္ဒအတိုင်း အဖွဲ့ဝင်အချို့ကို ချန်ထားခဲ့ပြီး လက်မှတ်ထိုးမလား။
(၃) အဖွဲ့(၆)ဖွဲ့ မပါခဲ့လို့ အဖွဲ့အချို့က လက်မှတ်မထိုးခဲ့ရင် ကျန်တဲ့အဖွဲ့တွေက အတူတူ လက်မှတ်ထိုးကြမလား၊ သီးခြားတစ်ဖွဲ့စီ လက်မှတ်ထိုးကြမလား။ ဒါက ပဏာမစဉ်းစားရမဲ့အချက်တွေပါ။

တကယ်လို့ အားလုံးပါဝင်ခွင့်မရှိလို့ အပစ်ရပ်လက်မှတ်ထိုးပွဲ ပျက်ခဲ့ရင်

(၁) ဦးအောင်မင်းပြောသလို နောက်အစိုးရတက်လာခဲ့ရင် တစ်ကနေ ပြန်စရဖို့များသလား၊ အဆိုပါ တက်လာတဲ့အစိုးရက ဒီထက် အပေးအယူတည့်နိုင်မလား။
(၂) ပုဒ်မ ၁၇/၁ မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မကို သမ္မတသိန်းစိန်က ဘာကြောင့် မပယ်ဖျက်သလဲ။ ဦးအောင်မင်းတို့ကို ထိန်းဖို့လား။ တိုင်းရင်းသားတွေကို ထိန်းဖို့လား။
(၃) နောက်တက်မဲ့အစိုးရက ပုဒ်မ ၁၇/၁ ကို ဆက်ထိန်းအုံးမလား၊ ပယ်ဖျက်ပေးမလား။
(၄) နောက်တက်မဲ့အစိုးရက ပြည်ခိုင်ဖြိုးအစိုးရလား၊ ဒီချုပ်အစိုးရလား။

ဦးအောင်မင်းကတော့ သူ့နောက်ဆုံးခရီးအတွက် မှာသင့်တာကို မှာနေပါပြီ။ ဒီတော့ တကယ်များ အပစ်ရပ်ခဲ့ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဦးအောင်မင်းမပါတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်းခရီးများကို နှင်ရဖွယ်ရှိပါတယ်။ ဒီတော့ တကယ်များ အပစ်ရပ်ခဲ့ရင် ဘာဖြစ်လာမလဲ။ အမှန်မတော့ ဦးအောင်မင်း ခြိမ်းခြောက်သလိုမဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် စစ်တပ်က သူလုပ်ချင်တာ လုပ်လို့ ရတဲ့အတွက် တကယ်လို့များ အပစ်ရပ်ခဲ့ရင် အောက်ပါအချက်တွေကို မြန်မာ့တပ်မတော်နဲ့ အကျေအလည်ညှိနှိုင်းရပါလိမ့်မယ်။


(၁) နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး(FPD)ကိစ္စ၊
(၂) စစ်တပ်အချင်းချင်းလိုက်နာရမဲ့ ကျင့်ဝတ်များ (CoC) ကိစ္စ၊
(၃) အပစ်ရပ်ရေးကို ပူးတွဲစောင့်ကြည့်မဲ့အဖွဲ့ (JMC)ကိစ္စတွေက အရင်လာပါလိမ့်မယ်။

ပထမအချက်အရ နိုင်ငံရေးမူဘောင်ရေးဆွဲတဲ့နေရာမှာ သုံးနေကျစကားလုံးကတော့ အားလုံး ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်များဆိုတဲ့ စာသား ဖြစ်တယ်။ အမှန်မတော့ ဒီစကားဟာ နိုင်ငံရေးဆွေးနွေးပွဲကို အနှစ်သာရကင်းမဲ့စေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ stakeholders တွေပဲ အဓိကဆွေးနွေးသင့်ပါတယ်။

ဒီတော့ (၁)အစိုးရ၊ (၂) မြန်မာ့တပ်မတော်နဲ့ (၃) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဟာ လက်ရှိနိုင်ငံရေးမှာ အရေးပါအရာရောက်ကြသူများ ဖြစ်တယ်။

ဒီနိုင်ငံရေးသဘောတူညီချက်ကနေ အမျိုးသားညီလာခံတစ်ရပ် ဖြစ်ပေါ်ခဲ့ရင် အခုန ပြောတဲ့ ပါဝင်သင့်ပါဝင်ထိုက်သူများအခန်းကဏ္ဍ လာပါလိမ့်မယ်။

အခု အဲ့လို ဖြစ်ဖို့ မရှိပါ။ ဒုတိယအချက်အရ အပစ်ကို ရပ်ပြီးမှ လိုက်နာရဲ့ကျင့်ဝတ်များကို ချမှတ်ခြင်းမှာ မြန်မာ့တပ်မတော်ကို အသာစီးပေးထားခြင်းဖြစ်တယ်။ ဒီနေရာမှာ လက်နက်ချစေတဲ့အထိ တောင်းဆိုလာမှာ သေချာပါတယ်။ တတိယအချက်အရ စောင့်ကြည့်ရမဲ့အဖွဲ့ဟာ ကာယကံရှင်တွေပဲဆိုတော့ ဘယ်သူက ဘယ်သူ့ကို ထိန်းနိုင်မလဲ။

အမှန်မတော့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ဟာ တတိယအဖွဲ့အစည်းတစ်ရပ် ဖြစ်သင့်ပါတယ်။ ကုလသမဂ္ဂတပ်ဖွဲ့ဆိုရင် ပိုလို့တောင် ကောင်းပါတယ်။ အခု မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေကပဲ အဓိကစောင့်ကြပ်ရမယ်ဆိုရင် ပစ်ချင်တဲ့အချိန် ပစ်လို့ရပါတယ်။ စာချုပ်ကို ဖောက်ချင်တဲ့အချိန်မှာ သေနတ်ကို ပစ်ဖောက်လိုက်ရုံပဲ။

ကချင်တပ်မဟာ(၄)ကို သွားတိုက်ပြီး ၁၉၉၄ ခုနှစ်အပစ်ရပ်စာချုပ်ကို ချိုးဖောက်သလိုပဲ အင်မတန်မှ လွယ်ကူပါတယ်။ ပြီးရင် ကြီးကြပ်ရေးအဖွဲ့အချင်းချင်း ဝေဖန်ပစ်တင်ရင်းနဲ့ ဘယ်ကနေ အစရှာရမှန်းမသိ ဖြစ်ကုန်မှာပါ။ ဒါကြောင့် လက်ရှိအပစ်ရပ်စာချုပ်ဟာ ဘာမှ ရေရေရာရာ မရှိပါ။ ဒီသဘောတူညီချက်ကို NCCT က ဆောင်ရွက်ခဲ့ပြီသား ဖြစ်တယ်။ SD ကို ထူထောင်ခြင်းမှာ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးလို့ မိမိတို့ သိရှိထားပါတယ်။ ဒါကိုတောင် pragmatic implementation ဆိုပြီး အလျှော့ပေးလိုက်ရင် SD အဖွဲ့က အဓိပ္ပါယ်မရှိသလို ဖြစ်သွားမှာပေါ့။ ပုဒ်မ ၁၇/၁ ကို မပယ်ဖျက်သေးတာကို ထောက်ကြည့်ရင်လည်း အချိန်မရွေး ဒီပုဒ်မနဲ့ ကိုင်စွဲပြီး ရှိသမျှပုဂ္ဂိုလ်တွေကို စစ်တပ်က ဆွဲစိပြီး အပစ်ရပ်ကို အချိန်မရွေး လက်စဖျောက်လိုက်လို့ ရတယ်။


ဒီတော့ သမ္မတအာမခံချက်နဲ့ လုပ်နေတဲ့ လက်ရှိငြိမ်းချမ်းရေးဟာ ဒီအစိုးရ၊ ဒီသမ္မတမရှိတော့တာနဲ့ မသေချာတော့ဘူးလို့ ဦးအောင်မင်းက ပြောပြောနေတာဟာလည်းပဲ အတိတ်နမိတ်တစ်ခု ဖြစ်တယ်။

ဒီတော့ ကြီး(၅)ကြီးတို့က ဇင်းမယ်မှာ အသေးစိတ်ဆွေးနွေးထားတဲ့ အချက်အလက်တွေကို သိရှိကြပြီသားပါ။ ဒီ(၅)ဦးထဲမှာ KIO, KNPP, SSPP, နဲ့ NMSP တို့ဟာ အားလုံးပါဝင်မှ လက်မှတ်ထိုးကြမယ်လို့ ခပ်တင်းတင်းဆုပ်ကိုင်ထားဖို့ ရှိမယ်။ KNU ကလည်း သဘောထား ပျော့ပျောင်းသူဖြစ်ပေမဲ့ အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ ကျေညာထားပါတယ်။

ဒါပေမဲ့ KNU နဲ့ သူ့အပေါင်းအပါအချို့ဖြစ်တဲ့ RCSS, DKBA, KPC တို့ကတော့ အဖွဲ့မစုံရင်လည်း ထိုးချင်ကြဖို့ ရှိပါတယ်။ တကယ်လို့ အဖွဲ့က မစုံဘဲ ထိုးကြရင် TNLA, MNDAA, AA, LDU, WNO, ANC တို့ ကျန်နေခဲ့မယ်။ နောက်ပြီး လက်မှတ်မထိုးဘဲ နေနိုင်တဲ့ အခြားအဖွဲ့တွေလည်း ရှိပါတယ်။

အဲဒါကတော့ UWSA, NDAA, NSCN-K, RCSS တို့ ဖြစ်တယ်။ လက်ရှိကြီး(၅)ကြီးခေါင်းဆောင်တို့က ဒီအဖွဲ့(၄)ဖွဲ့ကို ကိုယ်စားမပြုနိုင်ကြပါဘူး။ UWSA နဲ့ NDAA တို့က မြန်မာ့တပ်မတော်ရဲ့ အထူးအခွင့်အရေးပေးခြင်းကို ခံရတဲ့အဖွဲ့များ ဖြစ်လို့ အပစ်ရပ်မှာ လက်မှတ် ထိုးစရာမလိုလောက်အောင်ကို ပြည့်စုံနေပါတယ်။ NSCK-K နာဂအဖွဲ့ကတော့ အိန္ဒိယရှိနာဂလန်နဲ့ ပေါင်းပြီး လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ ဖြစ်တော့ အပစ်ရပ်မှာမဟုတ်ဘူး။ RCSS ကတော့ နေရာတိုင်းမှာ တွဲလွဲတွဲလောင်း ပါလာပေမဲ့ UNFC မှာ မပါသလို NCCT မှာလည်း မပါပါဘူး။

ဒါပေမဲ့ သူက အပစ်ရပ်ကို လက်မှတ်ထိုးမယ်လို့တော့ ပြောထားပါတယ်။

ဒီတော့ UNFC က တိုင်းရင်းသားအားလုံးကို မစုစည်းနိုင်လို့ NCCT ကို ဖွဲ့စည်းရတယ်။ တိုင်းရင်းသားတွေက NCCT ကနေ SD ကို တာဝန်လွှဲလိုက်တယ်။ SD ကနေ အခု ကြီး(၅)ကြီးကို အာဏာကုန်လွှဲလိုက်တယ်။

ဒါပေမဲ့ အပါးနပ်ဆုံးအဖွဲ့(၃)ဖွဲ့ ရှိတယ်။ အဲဒါကတော့ UWSA, NDAA, နဲ့ RCSS တို့ပါပဲ။ သူတို့မှာ စစ်အင်အားရှိပြီး မြန်မာတပ်မတော်က ဦးစားပေးထားတယ်။

အနှိမ်ခံရဆုံးကတော့ ကိုယ်ပိုင်တပ်မရှိတဲ့ LDU (လားဟူ)၊ ANC (အခြားရခိုင်အဖွဲ့တစ်ခု) နဲ့ WNO (အခြားဝအဖွဲ့တစ်ခု)တို့ ဖြစ်တယ်။ သူတို့က အပစ်ရပ်မှာ ပါဝင်ခွင့်မရှိသလို နိုင်ငံရေးဆွေးနွေးတဲ့အခါမှာလည်း လေ့လာသူအဆင့်သာ ပေးးနိုင်မယ်လို့ အစိုးရက အသိပေးထားပြီသားဖြစ်တယ်။

အခြားတိုက်ပွဲဖြစ်နေတဲ့ TNLA (တအာင်းတပ်မတော်)၊ AA (ရခိုင်တပ်မတော်)နဲ့ MNDAA (ကိုးကန့်တပ်မတော်)တို့ကိုတော့ အပစ်ရပ်မှာ မပါနိုင်သလို လုံးဝလက်နက်ချရမယ်လို့ မအလက ပြောထားပါတယ်။

ဒီတော့ ကြီး(၅)ကြီးနဲ့ SD ခေါင်းဆောင်(၃)ဦးတို့က UNFC အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ LDU, WNO, ANC, TNLA, MNDAA, AA တို့ကို ချန်ထားပြီး အပစ်ရပ်ကြမယ်လို့ ဆုံးဖြတ်ကြမလား၊ ဒီအဖွဲ့တွေပါမှပဲ လက်မှတ်ထိုးကြမယ်လို့ ကြံ့ကြံ့ခံရပ်တည်ကြမလား လာမဲ့ (၉)ရက်နေ့မှာ သိရပါလိမ့်မယ်။ အစိုးရဘက်ကတော့ အပစ်ရပ်လက်မှတ်ထိုးပွဲကို ရက်ချိန်းသတ်မှတ်ဖို့ လျာထားပြီသားဖြစ်တယ်။ သူတို့ဘက်ကတော့ သိပ်ကို သေချာနေတဲ့သဘောပါ။
U Ravika

Thursday, September 3, 2015

နိပွန်၊ MPC၊ KNU နဲ့ ဦးသိန်းစိန်အစိုး နဲ့ ကမ္ဘာကျော် လိမ်လည်မှု့ကြီး



- စစ်တပ်က မြေသိမ်းပြီး KNU က ရတဲ့ မြေဧက ၅ ထောင်ဟာ ကရင်ပြည်နယ်ဒေသအတွင်း စစ်ပြေးစစ်ရှောင် ရွာပုံး၊ ရွာရှောင် ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားတွေ ပြန်လည်နေထိုင်ဖို့ဆိုပြီး နိုင်ငံတကာကို တင်ပြထားတဲ့ KNU နဲ့ ဦးသိန်းစိန်အစိုးရရဲ့ စီမံချက်ထဲက တခုပါပဲ။ ဒါကို ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းက ကူညီမယ်လို့ ကတိပြုထားပါတယ်။ စီမံကိန်းတွေ ကို အစီအစဉ်ရေးဆွဲပေးတဲ့သူတွေကတော့ MPC ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအဖွဲ့က နိုင်ငံတကာအဆင့်မှီ ရေးဆွဲပေးခဲ့ပါတယ်။

- ဌာနေလယ်သမားတွေဆီက အတင်းအဓမ္မသိမ်းဆည်းထားတဲ့ လယ်မြေဧက ၅ ထောင်ကို KNU က ရတာနဲ့ ပေ ၄၀ ပေ ၆၀ လူနေအိမ်တွေဆောက်ဖို့ မြေကွက်တွေ ရိုက်ပြီး တကွက်ကို အနိမ့်ဆုံးဈေး ၁၀ သိန်းကနေစပြီး နေရာကိုလိုက်လို့ သိန်း ၅၀၊ ၆၀ မှသည် သိန်း ၁၀၀ ကျော်အထိ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းစားလိုက်ပါတယ်။ KNU အဖွဲ့အစည်းကြီးအနေနဲ့ ရန်ပုံငွေတွေ ဘယ်လောက်ရတယ်၊ ရောင်းရငွေတွေ ဘယ်ကိုရောက်သွားတယ်ဆိုတာ ကိုတော့ စစ်ရေးသဘောအရ၊ အဖွဲ့အစည်းသဘောအရ မပြောဘဲ နေလို့ ရပါတယ်။

- မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ စစ်ပြေးရှောင် ဒုက္ခသည်တွေ၊ အိမ်ယာရွှေ့ပြောင်းပေးရတဲ့ ဒုက္ခရောက်သူတွေအတွက် ရည်ရွယ်ထားတဲ့ မြေကွက်တွေဟာ စီးပွားရေးသမားတွေနဲ့ မြန်မာပြည်ရဲ့ ငွေကြေးကို မယုံကြည်လို့ မြေကွက်ဝယ်ထားတဲ့သူတွေရဲ့ လက်ထဲမှာချည်းပါပဲ။ အခုအချိန်မှာ နိပွန်ဖောင်ဒေးရှင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေ က ရွာပုံးရွာေ-ရှာင်တွေအတွက် ပြန်လည်နေရာချထားရေးကို စစ်ဆေးဖို့၊ လာရောက်ကြည့်ရှု့ဖို့ လုပ်နေတဲ့အချိန်မှာတော့ ရောင်းချထားတဲ့ မြေကွက်တွေကို အိမ်တွေ အတင်းဆောက်ဖို့ KNU က ဖိအားပေးနေပါပြီ။ မီးမရှိ၊ ရေမရှိ ဘာမှ ပြည့်စုံမှု့မရှိတဲ့ မြေနေရာတွေမှာ အိမ်ဆောက်ဖို့လည်း စီးပွားရေးသမားတွေနဲ့ ငွေကြေးပျောက်ဆုံးမှာ ကြောက်ကြတဲ့ ပြည်သူတွေက အိမ်ဆောက်ဖို့ အစီအစဉ်မရှိကြဘူးလို့လည်း သတင်းရရှိပါတယ်။ ၀ယ်ထားတဲ့ မြေကွက်မှာ ခြံစောင့်ဖို့အတွက်တောင် ခြံစောင့်က ၃၀၀၀၀ လောက်ပေးကြရပါတယ်။


- ဒါဆိုရင်တော့ KNU၊ MPC နဲ့ ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးတည်ဆောက်မှု့နဲ့ မြို့သစ်ဆောက်လုပ်ရေးဆိုတဲ့ လူမသိ၊ တိုင်းပြည်မသိ နိုင်ငံတကာက အကူအညီတွေကို ဘယ်နေရာတွေမှာ အသုံးချခဲ့ပါသလဲဆိုတဲ့ ဖြေရှင်းချက်ကို ပေးရတော့မယ့်အချိန်မှာ အတင်းအကြပ်ကြီး ငြိမ်းချမ်းရေးလက်မှတ်ထိုး တယ်ဆိုတာ ကမ္ဘာကျော် ငွေကြေးအလွှဲသုံးစားလုပ်မှု့ကြီးနဲ့  ဒုက္ခသည်တွေကို ပြပြီး လိမ်လည်တဲ့ အမှု့ကြီးကို ရှောင်လွှဲတော့မယ် အရေးဖြစ်ကြောင်း မြန်မာပြည်သူလူထုကြီး သိလောက်ပြီလို့ ထင်ပါတယ် ခင်ဗျာ။ - စစ်တပ်သိမ်းသည့် မြေကို KNU ယူတယ် နိုင်ငံတကာအကူအညီ ငွေသားကို ဦးသိန်းစိန် အစိုးရ ခိုးတယ် မြေရောင်းရငွေကို ကေအန်ယူ ခေါင်းဆောင်ပိုင်းက အိတ်ထဲထည့်တယ်

- ဒုက္ခသည်တွေကတော့ ထွက်ပြေးမြဲ ထွက်ပြေးနေရတဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲကြီးကို ပျော်ပျော်ပါးပါးကြီး ကျင်းပကြတာပေါ့ခင်ဗျာ။

ငြိမ်းချမ်းအောင်