Thursday, August 27, 2015

အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြား



အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြော ကြားလိုက်ကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌရဲ့ စစ်ရေး၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူး စောထူး ထူးလေးခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြား လိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ကိုအလောသုံးဆယ် လုပ်သင့်၊ မလုပ်သင့် စဉ်းစားကြဖို့ပြောတာပါ"

ဒီအတောအတွင်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ က ခေါင်းဆောင်တွေ တွေ့ဆုံပြီး တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေး မယ့် နေ့ရက်အတိအကျကို သဘောတူညီမူ မရသေးဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

အစိုးရဘက်က ဒီလ ၂၈ ရက်နေ့မှာ တွေ့ဆုံဖို့ အကြောင်းကြားထားပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေက လာမယ့်စက်တင်ဘာလအတွင်း တွေ့ဆုံဖို့ ပြောတာကြောင့် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"၂၈ ရက်ကို ထပ်ဖိတ်တဲ့အခါမှာတော့ ခေါင်းဆောင်တွေကထပ်ရွှေ့ပေးပါလို့ ပြောတဲ့ အခါကျတော့ ဝန်ကြီး အနေနဲ့ကတော့ ညှိနှိုင်းနေဆဲဖြစ် ပါတယ်၊ တွေ့ဆုံဖို့ က အစိုးရဖက်က ပြင်ဆင်နေပေမယ့် တိုင်းရင်းသားတွေ ဖက်က မလာနိုင်သေးတဲ့ ရက်ဖြစ်နေတော့ အခုချိန်ထိ ညှိနှိုင်းနေဆဲ ပါပဲ၊ တွေ့ဖို့တော့ ဝန်ကြီးဖက်ကသဘော တူပြီးတော့ ပြင်ဆင်နေတာဖြစ်ပါတယ်"

ဒီတကြိမ် နေပြည်တော်မှာ တွေ့ဆုံမယ့်ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘယ်နှစ်ဖွဲ့ ပါဝင် လက်မှတ်ရေး ထိုမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် နေ့ကနေ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားခေါင်းတွေ တွေ့ဆုံ ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့တောင်း ဆိုကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို စက်တင်ဘာလဆန်းပိုင်းမှာ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို သြဂုတ်လ ၁၁ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြား စာ ပေးပို့ခဲ့ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံး ၊ KNU/KNLA-PC ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ ၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် နဲ့ ABSDF ကျောင်းသား တပ်မတော်တို့ကတော့ အစိုးရဘက် က တောင်းဆိုထားတဲ့အတိုင်း လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် ထိုးဖို့ သဘောတူ ကြောင်း ထုတ်ပြန်ထားပါတယ်။

copy from - rfa.org










Wednesday, August 26, 2015

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၅ ရက်


တအာင်းဒေသ၊ တပ်မဟာ(၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ တာလက်ကျေးရွာအနီးတွင် ယနေ့သြဂုတ်လ ၂၅ ရက် နံနက် ၀၇း၁၀ နာရီမှ ၀၇း၅၀ နာရီ အထိ တအာင်းတပ်မတော် တပ်ရင်း(၄၃၄)နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။

နှစ်ဖက်တပ်မှ အဆိုပါတိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ဆက်လက်နေရာယူလျှက်ရှိပြီး နှစ်ဖက်စောင့်ကြည့်အနေအထားတွင် ရှိနေသေးပြီး တိုက်ပွဲဆက်လက်ဖြစ်လာနိုင်သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင်လည်း မိုင်းငေါ့မြို့နယ်ခွဲနှင့် ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသဖြစ်သည့် တာလက်ကျေးရွာအနီးတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။


သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

Tuesday, August 25, 2015

သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခု မျှော်လင့်မိဆဲ

U Ravika's photo.
အရင်က ဗိုလ်ချုပ်ကြီးမြက ခင်ညွန့်နဲ့ စကားပြောတော့ မြန်မာသတင်းစာတွေက "ဗိုလ်ချုပ်ကြီးမြ၊ စောဘိုမြ၊ ဖထီး"ဆိုပြီး အမွှမ်းတင်ခဲ့ကြပါတယ်။ ဆွေးနွေးသလို မဖြစ်တော့ နေ့မဆိုင်းညမဆိုင်းဘဲ "ငမြ"လို့ ကင်းပွန်တပ်ခဲ့ပါလေရောပဲ။
...
အရင်က ဖုန်းကြားရှင်က ခင်ညွန့်နဲ့ အဆင်ပြေတော့ ကိုးကန့်လူထုရဲ့ ခေါင်းဆောင်ပေါ့။ ခင်ညွန့်ပြုတ်တော့ ဖုန်းကြားရှင်ဆိုတာ ဘိန်းစားပဲဆိုပြီး အခု အပြုတ်တိုက်ခံနေရဆဲပါ။

နောက်ဆုံး အခု ရွှေမန်းအဖြစ်ကို ကြည့်ပါ။ ပြန်လာဖို့ ခက်သွားချေပြီ။ အင်အားတောင့်တင်းမှုနည်းနည်းရှိလို့ အပြီးအပိုင် မဖျောက်ဖျက်သေးတာပါ။

စစ်တပ်က ဘယ်တော့မှ ပုံအသွင်းမခံဘူး။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အရပ်သားတို့ရဲ့ ပုံသွင်းမှုကို မခံယူချင်ဘူး။ ဒါကြောင့်မို့လို့လည်း မအလက ဂျပန်သတင်းဌာနနဲ့ အင်တာဗျူး လုပ်တော့ သူ့ဥပဒေ ကိုယ့်ဥပဒေလို့ ခဏခဏ ပြောနေတာပေါ့။

သူ့ဥပဒေဆိုတာ အရပ်သားအစိုးရက စစ်တပ်ကို ဖြည့်ဆည်းရမဲ့ဥပဒေ ဖြစ်ပြီး ကိုယ့်ဥပဒေဆိုတာ အဲဒီအရပ်သားအစိုးရကို ချုပ်ကိုင်ဖို့ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါ့မယ်။ ဒီတော့ ရှည်ရှည်ဝေးဝေး ပြောနေဖို့ မလိုတော့ပါ။

အပစ်ရပ်ပြီးရင် လက်နက်ချရမယ်လို့ တိုင်းရင်းသားတွေကို အသိပေးလိုက်ပါပြီ။ NLD ကိုကော သူ အလျှော့ပေးမလားဆိုတော့ ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။
ဒီတော့ NLD က စစ်တပ်ကို ပုံသွင်းဖို့ လွယ်မယ်မထင်ဘူး။ အခုတောင် စစ်တပ်ရဲ့ ပုံသွင်းမှုကြောင့် NLD က ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံနဲ့ အများကြီးကို နေသာထိုင်သာ ရှိနေပါပြီ။

၂၀၁၅ -ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို NLD က အနိုင်ရခဲ့ရင် လုပ်စရာက နှစ်ခုပဲ ရှိမယ်။

၁။ စစ်တပ်နဲ့ အလုပ်လုပ်ရမယ်။ စစ်တပ်နဲ့ အလုပ်လုပ်တဲ့အခါ စစ်တပ်စည်း၊ အစိုးရစည်းကို အခု သိန်းစိန်အစိုးရထက် သတိထားရမှာပါ။ သိန်းစိန်အစိုးရထက် ပိုကျဉ်းကြပ်မှာ ဖြစ်သလို စစ်တပ်ကိုင်ထားတဲ့ ဝန်ကြီးဌာန(၃)ခုနဲ့ အဆင်ပြေအောင် NLD အစိုးရ မနည်းညှိယူရပါအုံးမယ်။

၂။ စစ်တပ်က ပုဒ်မ ၄၃၆ ကို ပြင်ပြီး စစ်တန်းလျားပြန်ဖို့ အကြောင်းပြပြီး တိုင်းရင်းသားတွေနဲ့ ညှိတဲ့နေရာမှာ NLD ကို အသုံးချပါလိမ့်မယ်။ တမတ်သားဖက်ဒရယ်ကို ပေးပြီး လက်နက်ချဖို့ကိစ္စ ဖိအားပေးလာပါလိမ့်မယ်။ အခုကတည်းက အဲဒီအခင်းအကျင်းအတွက် စစ်တပ်က အဆင်သင့် ပြင်ဆင်ထားပါတယ်။

၈၈၈၈ အရေးအခင်းကာလတုန်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုများဟာ ၂၀၁၂ ခုနှစ်မှာ NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်လိုက်တာနဲ့ သင်ပုန်းချေလိုက်နိုင်သလို အခု ရွှေမန်းကို ဖြုတ်ချခဲ့လို့ နိုင်ငံတကာယုံကြည်မှုကျဆင်းနေမှုကိုလည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို NLD ဝင်ရောက်ယှဉ်ပြိုင်လိုက်တာနဲ့ နိုင်ငံတကာရဲ့အာရုံက ပြောင်းလဲသွားအုံးမှာ သူတို့ သိရှိထားလို့ပါပဲ။

ဒါပေမဲ့ လက်ရှိပါလီမာန်ဖွဲ့စည်းပုံအရ NLD က ရွေးကောက်ပွဲကို အောင်နိုင်ရုံနဲ့ မပြီးဘူး။ အစိုးရဖွဲ့နိုင်ဖို့လည်း လိုမယ်။ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် စစ်တပ် (၂၅)ရာခိုင်နှုန်းနဲ့ ဖွတ်(၂၆)ရာခိုင်နှုန်းကို ချေဖျက်ရပါ့မယ်။ မအလက ပါတီတစ်ခုက အစိုးရဖွဲ့ခဲ့ရင် (သို့) ပါတီနှစ်ခုက အစိုးရဖွဲ့ခဲ့ရင်လို့ ပြောပါတယ်။

NLD က ပါတီနှစ်ခုနဲ့ အစိုးရဖွဲ့နိုင်ခဲ့ရင်ဆိုတဲ့ အပေါက်ကို ပိတ်ဖို့ အင်အားကြီးတဲ့ ရှမ်းပါတီတစ်ခုနဲ့ အပေးအယူ လုပ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားပါတီများနဲ့ မဟာမိတ်မဖွဲ့တော့ပါ။ တိုင်းရင်းသားတွေက ဒီကနေစပြီး NLD ကို သံသယဝင်လာကြခြင်းဖြစ်တယ်။ နောက်ပြီး ၈၈ တွေနဲ့ မတွဲလိုကြောင်း ပြသလိုက်တဲ့အခါမှာ နိုင်ငံရေးသုတေသီအချို့က အင်မတန် အံ့အားသင့်ကုန်ကြပါတယ်။ ဘာဖြစ်လဲဆိုတော့ NLD ကျင့်သုံးနေတဲ့နည်းဟာ စစ်တပ်ကျင့်သုံးနေတဲ့နည်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေလို့ပါပဲ။

စစ်တပ်အလိုကျဖြစ်ဖို့ အခု KNU ခေါင်းဆောင်အချို့၊ RCSS ခေါင်းဆောင်အချို့နဲ့ NLD ခေါင်းဆောင်အချို့တို့ဟာ မဟာမိတ်တွေအပေါ်မှာ လျစ်လျူရှုမှုအချို့ လုပ်ခဲ့ရပါတယ်။ လျစ်လျူရှုရကျိုးနပ်သလားဆိုတာ မကြာခင်မှာ အကဲဖြတ်ပိုင်ခွင့် ရရှိနိုင်ကြမှာပါ။ ဒီတြိဂံတွန်းကန်အားအရ UNFC က အကျဉ်းအကြပ် တွေ့ရဖွယ်ရှိပါတယ်။

NLD ကိုယ်တိုင်က ချောင်ချောင်လည်လည်နဲ့လားဆိုတော့ မဟုတ်ပြန်ဘူး။ ရွေးကောက်ပွဲကို အောင်နိုင်ခဲ့ရင်တောင် ဖွတ်တွေက စစ်တပ် (၂၅)ရာခိုင်နှုန်းကို အသေတွက်ထားပြီမို့ နှာတစ်ဖျားမက နှာ (၂၅)ဖျားအထိ သာနေတာပါ။ ဒီတော့ ဖွတ် (၁၅)ရာခိုင်နှုန်း၊ ရခိုင် (၅)ရာခိုင်နှုန်း၊ အခြားပါတီတွေက (၁၀)ရာခိုင်နှုန်း၊ ပရော့စီပါတီ (၁)ရာခိုင်နှုန်း စုစည်းသွားခဲ့ရင် NLD ဒုက္ခရောက်သွားနိုင်ပါသေးတယ်။ ဒါကို အချိန်မီ တားဆီးရပါလိမ့်မယ်။

ကမ္ဘာကြီးကျဉ်းအောင် ရေးနေတာ မဟုတ်ဘူး။ စစ်တပ်ရဲ့ သံကွန်ခြာကို သံမဏဖွဲ့စည်းပုံနဲ့ ကွပ်ထားတော့ မိမိတို့က ချဲ့ချင်သလို ချဲ့လို့မရဘူး။ နောက်ပြီး ဒီသံကွန်ခြာကိုလည်း ဖွင့်နိုင်တဲ့သော့ကိုလည်း စစ်တပ်ကပဲ ကိုင်ထားတယ်။ NLD က ဒီသော့ချက်ကို ရဖို့ ကြိုးစားနေတာပါ။ ပြည်ခိုင်ဖြိုးပါတီဝင်အချို့နဲ့ စစ်တပ်ကို လွှတ်တော်မှာ ဝိုင်းရံဖို့အကြံဟာ သူရရွှေမန်း ကျဆုံးခန်းနဲ့အတူ ရေမျောခဲ့ရပါပြီ။ ဘယ်ကမ်းတင်မလဲတော့ မသိပါ။ သေချာတာကတော့ စစ်တပ်ဟာ နည်းနည်းလေးမှ အထိမခံဘူးဆိုတာပဲဖြစ်တယ်။

ဒီနေရာမှာ NLD က UNFC နဲ့ပဲဖြစ်ဖြစ်၊ NCCT နဲ့ပဲဖြစ်ဖြစ်၊ SD နဲ့ပဲဖြစ်ဖြစ် တိုက်ရိုက်မဆက်သွယ်သေးခြင်းမှာ အချိန်မတန်သေးလို့ ဖြစ်မယ်။ NCCT နဲ့ SD တို့ကလည်း လက်မှတ်ထိုးတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအဖြစ် ထားရှိလိုကြောင်း လက်ရှိအစိုးရနဲ့ စစ်တပ်ကို အသိပေးထားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကြောင်းပြသနေဆဲပါ။ အခု အပစ်ရပ်မှာ တိုင်းရင်းသားတွေအားလုံးပါဝင်ဖို့ အစိုးရကို ဆက်လက်တောင်းဆိုသွားမယ်ဆိုလို့ သောင်မတင်ရေမကျဇင်းမယ်ဆွေးနွေးပွဲက တခန်းရပ် ပြီးသွားခဲ့ပြန်ပြီ။

လောလောဆယ်မှာ နိုင်ငံရေးအကြပ်အတည်းဖြစ်နေတာက NLD မဟုတ်ဘူး။ UNFC လည်း မဟုတ်သေးပါ။ ပြည်ခိုင်ဖြိုးအစိုးရနဲ့ စစ်တပ်ပါပဲ။ ဒါကြောင့် ဘယ်သူက အပစ်ရပ်ရမလဲ စစ်တပ်က အမိန့်မပေးရ။ တိုင်းရင်းသားအားလုံး မပါဝင်နိုင်ရင် နောက်တက်လာဖွယ်ရှိတဲ့ NLD အစိုးရနဲ့ ဆက်ညှိလိုက်ရုံပဲ။ NLD အစိုးရတက်လာခဲ့ရင်လည်း တကယ့်တကယ်ဆွေးနွေးရမှာက ဒီစစ်တပ်နဲ့ပဲဆိုတော့ အခက်အခဲတွေ ရှိနေအုံးမှာပဲ။ ဘာပဲပြောပြော ၂၀၁၆ ခုနှစ်အတွက် သိပ်ရင်မခုန်ပေမဲ့ NLD အစိုးရတစ်ရပ် ဖြစ်ပေါ်လာတာကို တွေ့မြင်လိုပါတယ်။ NLD အစိုးရတက်လာခဲ့ရင် ၁၉၉၄ ခုနှစ်မှာ ကုလသမဂ္ဂအဆိုပြုခဲ့တဲ့ စစ်တပ်၊ အစိုးရနဲ့ တိုင်းရင်းသားတို့ရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခုကိုလည်း မျှော်လင့်မိကြောင်း တင်ပြလိုက်ရပါတယ်။
 



U Ravika

Sunday, August 9, 2015

(၂၇)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ


၈ ရက် ၈ လ ၂၀၁၅ ခုနှစ်။
(၂၇)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ စုပေါင်း၍ ယနေ့ ကျင်းပခဲ့ကြပါသည်။
အခမ်းအနားကို Gotanta ပန်းခြံမှ နေ့လည် (၃း၀၀)နာရီ တိတိတွင် စတင်ထွက်ခွါ ခဲ့ကြပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး) အနီးရှိတွင် အဆုံးသတ်ခဲ့ကြပါသည်။
...
ချီတက်သွားရာ တိုကျို လူစည်ကါးတဲ့လမ်းတလျှောက်မှာ တိုင်းရင်းသားဒေသများ မတရားထိုးစစ်ဆင်နေမှု ... ချက်ခြင်းရပ် , နိုင်ငံရေး အကျဉ်းသား အားလုံး ... ချက်ခြင်းလွတ် , စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး .... အကောင်အထည်ဖေါ် , ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ .... အလိုမရှိ , စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက် ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။
ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့၏ ဆန္ဒသဘောထား တောင်းဆိုချက်များကို မြန်မာသံရုံးမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြပါသည်။
ယနေ့ ချီတက်ဆန္ဒပြပွဲသို့ ဂျပန်ရောက် ပြည်ထောင်စုဘွား မြန်မာနိုင်ငံသားများနဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား( ၄၄၀) ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

NCA စာချုပ်တွင် အားလုံး ပါဝင်ရေး ညှိနှိုင်းမရသေး

အစိုးရ, တိုင်းရင်းသား, NCA, UPWC, SD

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးရေးမှာ ညှိနှိုင်း၍ မရသေးကြောင်း သတင်း ရရှိသည်။
ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော NCA စာချုပ် အပြီးသတ် နိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဆိုသည့် အခြေခံမူ အပေါ်တွင် ရပ်တည်နေသဖြင့် နှစ်ဘက် ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် မကြာမီ နေပြည်တော်၌ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း SD ပြောရေးဆိုခွင့်ရှိသူ ပူဇင်ကျုံးက ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ပူဇင်ကျုံးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့အနေနဲ့ ကျနော်တို့ SD အဖွဲ့ဖြစ်တဲ့ ၁၇ ဖွဲ့ လုံးလုံး NCA မှာ ပါဝင်လက်မှတ်ရေး ထိုးမယ့်ကိစ္စနဲ့ ကျနော်တို့လာတာ ဖြစ်တယ်။ ကျနော်တို့ကတော့ အလျှော့အတင်း လုပ်ပြီးတော့ လက်မှတ်မထိုးပါဘူး။ ကျန်တဲ့ကိစ္စကတော့ ညှိနှိုင်း သဘောတူညီမှု ရပါပြီ” ဟု ဆိုသည်။
နေပြည်တော်တွင် သွားရောက်တွေ့ဆုံမည့် တိုင်းရင်းသား အဖွဲ့များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ ဖြစ်ကြောင်းလည်း SD ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာက “ဒီဆွေးနွေးပွဲက UPWC ကိုယ်စားလှယ်ကလည်း ဆုံးဖြတ်မပေးနိုင်ဘူး။ SD အနေနဲ့ ဆုံးဖြတ်မပေးနိုင်ဘူး။ ပြီးတော့ သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် အချင်းချင်း တွေ့ဆုံပြီးမှ နည်းလမ်း ရှာသွားမယ်။ အားလုံး ပါဝင်ဖို့က အစိုးရပေါ်မှာ မူတည်တယ်” ဟု ဆိုသည်။
လာမည့် ရွေးကောက်ပွဲ မတိုင်မီ NCA လက်မှတ်ရေးထိုးနိုင်ရန် UPWC ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက မျှော်လင့်ထားကြောင်း၊ နေပြည်တော်တွင် လုပ်မည့် ထိပ်သီးခေါင်းဆောင် တွေ့ဆုံပွဲတွင် တိုင်းရင်းသား အားလုံး ပါဝင် လက်မှတ်ရေးထိုးရေး ညှိနှိုင်းနိုင်မည်ဟု UPWC ပြောရေး ဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက ပြောသည်။
အစိုးရက လက်မှတ်မထိုးဘဲ ချန်ခဲ့လိုသည့် အဖွဲ့ ၆ ခုမှာ ‘ဝ’ အမျိုးသား အဖွဲ့ချုပ်(WNO)၊ ရခိုင်အမျိုးသား ကောင်စီ (AN)၊ လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့် တပ်ဖွဲ့ (MNDAA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဖြစ်သည်ဟု သိရသည်။
အစိုးရက ချန်ထားခဲ့သည့် အဖွဲ့ ၆ မှာ NCCTနှင့် ရေရှည် လက်တွဲလာသည့် အဖွဲ့များ ဖြစ်သဖြင့် ထိုအဖွဲ့များကို ချန်ထားခဲ့မည် ဆိုပါက အကျိုးရှိသည်ထက် အကျိုးယုတ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် AA တို့က အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အစိုးရကို တရားဝင် ကမ်းလှမ်းထားသည်။

သတင်းရင်းမြစ် - ဧရာဝတီ

Monday, August 3, 2015

မြန်မာနိုင်ငံအရေးပေါ် ရေးဘေးကယ်ဆယ်ရေးကူညီထောက်ပံ့နိုင်ရေး လှုပ်ရှားမှု (ဂျပန်)

ဂျပန်နွေပူပြင်းတဲ့အချိန် မြန်မာနိုင်ငံရေးဘေးသင့်ပြည်သူများ ကူညီရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်အလှူခံပေးခဲ့ကြတဲ့ ဂျပန်ရောက် ညီငယ် ညီမငယ်တွေ ...  မြန်မာပြည် ရေးဘေးကယ်ဆယ်ရေး အရေးပေါ် ကူညီထောက်ပံ့မှုအတွက် မနေ့ရော ဒီကနေ့ပါ တိုကျို Takadanobaba ဘူတာရှေ့မှာ အလှူခံတာ မြန်မာကျပ်ငွေ ၆၅ သိန်းဝန်းကျင်ခန့်မှန်း ရရှိခဲ့ကြကြောင်း သိရှိရပြီး မနက်ဖြန် မြန်မာပြည်သို့ လွှဲပြောင်းပေးပို့လှူဒန်းမ်ာလို့လဲ သိရပါတယ်။

Sunday, August 2, 2015

မြန်မာနိုင်ငံအရေးပေါ် ရေးဘေးကယ်ဆယ်ရေးကူညီထောက်ပံ့မှု(ဂျပန်)



- ရေဘေးအန္တရာယ် ကျရောက်နေသော မြန်မာနိုင်ငံ တစ်ဝှန်းလုံးရှိဒေသများသို့ 
ကူညီထောက်ပံ့ ပေးပို့ ရန်အတွက် '' မြန်မာနိုင်ငံသားအသင်း ( ဂျပန် ) '' မှ
တာဝန်ယူကာ ဖိတ်ခေါ်ဆောင်ရွက်မည်ဖြစ်ပြီး ၊...
'' အရေးပေါ် ရေဘေး ကယ်ဆယ်ရေး ကော်မတီ '' ဖွဲ့ စည်းကာ မှ ဆောင်ရွက်မည် ။
- ထိုသို့ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံခြားရေးဌာန ၊ မြန်မာ့အရေးဆောင်ရွက်နေသော
NGO ၊ NPO ၊ ဂျပန်လုပ်ငန်းရှင်များ ကို ချဉ်းကပ်ပြီး
တွေ့ ဆုံ ကာ စာပေးပို့  အကူအညီတောင်းခံသွားရန် ။
- ကောက်ခံရရှိသော အကူ၊ အလှူ ငွေများကို စုပေါင်းကာ ကော်မတီမှ နေပြီး
၈၈ ပွင့်လင်း လူ့ အဖွဲ့ အစည်း နှင့် နာရေးကူညီမှု အသင်း ( ကိုကျော်သူ ) တို့ကို
တိုက်ရိုက်ဆက်သွယ် ပေးပို့  လှူ ဒါန်း သွားပါမည် ။
- ပထမ အသုတ်အဖြစ် ၃. ၈ . ၂၀၁၅ ( တနင်္လာနေ့ ) ည တွင်
နောက်ဆုံး ကောက်ခံရရှိသော ငွေများကို ပေးပို့ လှူ ဒါန်းသွားမည် ။


- ဆက်သွယ်လှူ ဒါန်းရန်အတွက် ဘဏ္ဍာရေး ကော်မတီ အဖြစ် -
၁) ဦးလှိုင်အေး - ၀၉၀ ၂၂၅၈ ၃၃၀၇
၂) ကိုကျော်ကျော်စိုး - ၀၉၀ ၆၀၃၁ ၄၃၉၄
၃) ကိုမိုင်ကျော်ဦး - ၀၉၀ ၉၈၃၁ ၇၁၉၂
၎) ကိုသန်းဆွေ - ၀၉၀ ၄၉၆၄ ၉၇၁၈
၅)ကိုရဲငြိမ်း - ၀၈၀ ၅၀၇၀ ၀၀၈၀
၆) ကိုမျိုးဆန်းဦး - ၀၈၀ ၅၅၂၂ ၂၉၈၂
ရ)မခင်ယသော် - ၀၉၀ ၉၈၀၄ ၂၄၀၀
တို့ ဖြစ်ပြီး၊


- ပြန်ကြားရေး အဖြစ် -
၁) ကိုကျော်ကျော်စိုး
၂) ကိုမိုင်ကျော်ဦး
၃) ကိုသန်းဆွေ
၎)ကိုရဲငြိမ်း
၅) ကိုမြင့်ဆွေ
၆) မခင်ယသော် တို့ ဖြစ်သည်။



ပြန်ကြားရေး

Saturday, August 1, 2015

ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ကြရအောင်...

ဂျပန်ရောက် ပြည်ထောင်စုဘွားမြန်မာနိုင်ငံသားများခင်ဗျာ မြန်မာနိုင်ငံ နေရာအနှံ့အပြား ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အရေးပေါ် လိုအပ်ချက်တွေကို ဘက်ပေါင်းစုံ တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ဖိတ်ပါတယ်။
တစ်ဦး တစ်ယောက် တဖွဲ့တည်းနဲ့ လုပ်လို့ မရနိုင်တော့တဲ့အခြေအနေပါ အင်အားစုအားလုံး အမျိုးသာရေးတာဝန်တရပ်အနေဖြင့် စုပေါင်းပြီး အလှူငွေကောက်ခံခြင်း အလှူငွေထည့်ဝင်ခြင်း အကြံဥာဏ်များလဲ ပေးနိုင်ပါသည်။
...
မနက်ဖြန် (၂-၈-၂၀၁၅) တနင်္ဂနွေ မနက်ပိုင်းမှာ အဖွဲ့ပေါင်းစုံ ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် ချီတက်လှည့်လည်ဆန္ဒပြပွဲအတွက် တာဝန်ခွဲဝေရေး ညှိနှိုင်းအစည်းဝေးဖိတ်ထားပါတယ် တဆက်တည်း ရေဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆွေးနွေးသွားကြမည်ဖြစ်ပါတယ်။

နေ့ရက်။ ။ ၂၀၁၅ ခုနှစ် သြဂုတ်လ (၂)ရက် တနင်င်္ဂနွေန့။
အချိန် ။ ။ နံနက် ( ၉:၃၀ ~ ၁၂:၀၀ ) နာရီ
နေရာ။ ။ Takadanobaba ဘူတာ BIG BOX အနီး မြေအောက်ထပ် Renoi ကော်ဖီဆိုင်။

"အခန်းအခက်အခဲ့ကြောင့် Renoi ကော်ဖီဆိုင် ကျင်းပရခြင်းဖြစ်ပါတယ်"

ရေဘေးကယ်ဆယ်ရေး အတွေ့အကြုံလိုအပ်ချက် မင်းကိုနိုင်ပြောကြား....


အရေးမပေါ်သေးလို့ အစိုးရဂေါက်ရိုက်နေတာလား?
ရေဘေးဒုက္ခရောက်နေကြတာနှင့်ပတ်သက်ပြီး ကိုမင်းကိုနိုင်က အစိုးရအနေနှင့်ခုထိ အရေးပေါ်အခြေနေမကြေညာသေးတာ အံ့သြကြောင်းပြောကြားရေကြီးနေတဲ့ စစ်ကိုင်း။ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေက ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး အလှူငွေ လိုက်လံကောက်ခံသွားမှာဖြစ်ပါတယ်။၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားပါတယ်
Posted by Maung Tun Wai on Friday, July 31, 2015

မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရေဘေးအန္တရာယ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုတွင် ကြုံတွေ့နေရ၊ အစိုးရ၏ ထိရောက်သော ကြိုတင်ကာကွယ်မှုနှင့် ကယ်ဆယ်ထောက်ပံ့မှုများ အားနည်းသည့်အပေါ် ဝေဖန်မှုများရှိနေ


ဇူလိုင် ၁၆ ရက်မှစတင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများအပါ အ၀င် ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၁ ခုတွင် ရေဘေးအန္တရာယ်ကိုကြုံတွေ့နေရ သည်...့ ရက်သတ္တနှစ်ပတ်အတွင်း အစိုးရ၏ထိရောက်သော ကြိုတင်ကာကွယ်မှုနှင့် ကယ် ဆယ်ထောက်ပံ့မှု အားနည်းသည့်အပေါ် ပြည်သူများက ဝေဖန်လျက်ရှိသည်။

ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် ဖြစ်ပေါ် နေသည့် ရေဘေးသင့်ပြည်သူများအနေဖြင့် အစိုးရ၏ ထိရောက်သော အကူအညီကိုမရရှိ သေးကြောင်း ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပရဟိတအသင်းများက ပြောကြား သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်း၊ တံတားများ၊ စိုက်ခင်းများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဘေးအန္တရာယ်ကျ ရောက်နေသည့် ဒေသများတွင် အရပ်သား ပရဟိတအသင်းများ၏ ကယ်ဆယ်မှုအပေါ် တွင်မှီခိုနေရပြီး အချို့ကျေးရွာများမှာ ကူညီ မှုများ လုံးဝရောက်လာခြင်းပင် မရှိသေး ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရေဘေးအန္တရာယ်ကိုအဆိုးဆုံးခံစားနေရသည်မှာ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့ဖြစ်ကြပြီး ဧရာဝတီတိုင်းဒေသြ ကီးမှာ ဇူလိုင် ၃၁ ရက်မှစတင်ပြီး ရေဘေး အန္တရာယ်ကို စတင်ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဇူလိုင်တတိယ ပတ်ကစတင်ပြီး ရေကြီးရေလျှံမှုများဖြစ်ပွား ခဲ့သလို ယခုရက်ပိုင်းမှစတင်ကာ ပဲခူတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မြစ်ရေကြီးမှု ဖြစ်ပွားလာခြင်းကြောင့် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်မှအပ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရေဘေး အန္တရာယ်ကို ဆိုးရွားစွာရင်ဆိုင်နေရသည်။

မကွေးတိုင်းအတွင်း မုန်းချောင်းနှင့်မန်းချောင်း ရေကြီး တာတမံများ၏ ရေပိုလွှဲမှလျှံကျသော ရေများကြောင့် မြို့နယ်လေးခုအတွင်း သိန်းနှင့်ချီသောလူများ ရေဘေး လွတ်ရာ ရွှေ့ပြောင်းနေရ
မကွေးတိုင်းအတွင်း မုန်းချောင်းနှင့် မန်းချောင်းရေကြီးကာ မုန်းတမံနှင့် မန်းတမံ များ၏ ရေပိုလွှဲမှ လျှံကျသော ရေများကြောင့် ဇူလိုင် ၃၁ ရက်က စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ စကုမြို့များနှင့် ယင်းမြို့နယ်များအတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ သိန်းနှင့်ချီသော လူများအပါအ၀င် နွား၊ ၀က်စသည့် တိရစ္ဆာန်များပါ ရေဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး သောက်သုံးရေ၊ အစားအသောက်နှင့် မိုးကာ များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံ များထံမှ သတင်းရရှိသည်။

မုန်းချောင်းရေလျှံမှုကြောင့် မုန်းတမံ အောက် အနီးဆုံးနေရာရှိ စေတုတ္တရာမြို့နှင့် ယင်းမြို့နယ်အတွင်း မုန်းချောင်းဝဲယာ ကျေး ရွာများမှ လူနှင့်တိရစ္ဆာန်များ ဇူလိုင် ၂၉ ရက် ညကတည်းက ရေဘေးလွတ်ရာသို့ ပြောင်း ရွှေ့ခဲ့ရကြောင်း ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စ၍ စေတုတ္တရာမြို့သို့ သွားရောက်ရာ ကား လမ်းများတွင် တောင်ကျချောင်းများ တည်ရှိ သောကြောင့် လုံးဝသွားလာ၍မရတော့ ကြောင်း၊ ထို့အပြင် ဖုန်းလိုင်းများလည်း လုံးဝ ပြတ်တောက်သွားခဲ့ကြောင်း၊ ယင်းအခြေ အနေများကြောင့် ရေဘေးရှောင်ရသူများ အတွက် သောက်သုံးရေ၊ အစားအစာနှင့် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

မုန်းချောင်းဘေး မုန်းတမံ၊ ကြီးအုံကြီး ၀တမံနှင့် လင်းဇင်းဆည်များအောက်ဘက်ရှိ ပွင့်ဖြူမြို့နှင့် မုန်းချေင်းဘေးဝဲယာရှိ ကျေးရွာ ပေါင်း ၁၀၀ ကျော်အပါအ၀င် ပွင့်ဖြူမြို့နှင့် ဧရာဝတီမြစ်အကြားရှိ ကျေးရွာပေါင်း ၁၀၀ ခန့်မှ သိန်းနှင့်ချီသောလူများလည်း ဇူလိုင် ၃၁ ရက်နံနက်စောပိုင်းမှစ၍ ရေဘေးလွတ် ရာ ရွှေ့ပြောင်းနေရကြောင်း ထိုသို့ရွှေ့ပြောင်း နေစဉ်မှာပင် ပွင့်ဖြူမြို့ဝင် ဆိုင်းဘုတ်အနီး လက်ခုပ်ကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရေနစ်မျောပါသွားခဲ့ ကြောင်း မုန်းချောင်းရေများ ထပ်မံမြင့်တက် လာသောကြောင့် ပွင့်ဖြူမြို့နယ်ဆေးရုံမှ လူနာများ၊ နေအိမ်များမှ သက်ကြီးရွယ်အိုများ မြို့ပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း ပွင့်ဖြူမြို့သို့ မကွေး၊ မင်းဘူး၊ မင်းလှ စသည့် မြို့နယ်များမှ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့ များ၊ မီးသတ်၊ ရဲ၊ တပ်မတော် တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ သော်လည်း သောက်သုံးရေနှင့် အစားအစာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ယခုသတင်းပါ ဒေသအလိုက် ရေကြီးမှုသတင်းများအား Post အလိုက် ဆက်တိုက် ဖော်ပြသွားပါမည်။

(ပုံစာ- မကွေးတိုင်း၊ပွင့်ဖြူမြို့မှ ရေဘေးရှောင်လာသူများအား တွေ့ရစဉ်)
Copy from - Eleven Media Group

ယခုကဲ့သို့ ရာသီဥတု ဖောက်ပြန်ခြင်းသည် သစ်တောပြုန်းတီးမှုကြောင့်ဖြစ်ကြောင်း ရေကြီးရေလျှုံပြဿနာ စိုးရိမ်စရာရှိနေဆဲဖြစ်ကြောင်း ပညာရှင်တွေဝေဖန်...