Monday, March 30, 2015

ဘင်္ဂလား မြန်မာ နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်

AA နှင့် တပ်မတော် တိုက်ပွဲဖြစ် တပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဖမ်းဆီးမိထားဟုဆို

 ရခိုင့်တပ်မတော် (AA ) နှင့် မြန်မာတပ်မတော် တို့ မတ်လ ၂၉ရက် နံနက် ၁၂နာရီခွဲအချိန်နှင့် ၇ နာရီခွဲအချိန်တို့တွင် တိုက်ပွဲနှစ်ကြိမ်တိုင်ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။ ၎င်းက "အခုထိတွေမှုဖြစ်တာက လုံးဝမရှောင်နိုင်တော့တဲ့ အခြေအနေမှာဖြစ်သွားတာ၊ အရင်လည်း အဲဒီဖက က ကျွန်တော်တို့ လှုပ်ရှားနေတာပဲ၊ အခုမှ တပ်ဖက်နဲ့ တွေ့ပြီး တိုက်ပွဲတွေဖြစ်တယ်၊ ထိတွေ့တဲ့ နေရာက တပ်စခန်းတော့ ဆုတ်သွားပြီ" ဟု ဆိုသည်။

 မြန်မာ တပ်မတော် ခမရ ၂၈၉ လက်အောက်ခံ တပ်ဖွဲ့နှင့် AA တို့သည် ရခိုင်ပြည်နယ်၊ ပလက်ဝအနောက်ဖက်နှင့် ကျောက်တော်မြောက်ဖက် အကြားတွင် ည ၁၂နာရီခွဲတွင် မိနစ် ၃၀ ခန့်နှင့် နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တပ်စခန်းဆုတ်ခွာအပြီး ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးနှင့် အတူ MA 1 နှစ်လက်၊ MA-3 ၁လက်၊ ပွိုင့် ၄၅ တစ်လက်၊ ကျည်ဆံနှင့် တစ်ခြားစစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ရခိုင်တပ်မတော်မှ သိရသည်။
Rachanok Min Burma
Written by ဟိန်းကိုစိုး ရန်ကုန် (မဇ္ဈိမ)

Saturday, March 28, 2015

ဖက်ဆစ်စစ်အစိုးရမောင်းထုတ်ပစ် ကျော်ကိုကို



ကျော်ကိုကို ကိုလေးစားတယ်ဗျာ...ဒီလိုခေါင်းဆောင်တစ်ယောက်ကို အထင်လွဲပြီးထင်ကြေးအမျိုးမျိုးးပေးခဲ့ကြတဲ့သူများကြည့်ကြဗျာ...။Ko Kyaw Ko KoToday @ YGN
Posted by Tam Kee on Thursday, March 26, 2015

Friday, March 27, 2015

မနက်ဖြန် ရန်ကုန် ၊မန်းလေး ( ၁၀:၁၀ ) လူထုလှုပ်ရှားမှုကြီး ပူးပေါင်းပါဝင်ကြ


ကောင်းဝိုင်းရွာအနီး တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကောင်းဝိုင်းနှင့် အနီးတစ်ဝိုက်ရှိ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရ


၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာ အထက်တွင် မတ်လ ၂၄ ရက်နေ့ ညနေတွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွား ခဲ့ကြရာ ကောင်းဝိုင်းကျေးရွာ၊ မန်ကောင်းကျေးရွာနှင့် မန်ကန်ကျေးရွာရှိ ရွာ (၃) ရွာတို့မှ လူအင်အား (၂၀၀၀) နီးပါး နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

လက်ရှိစစ်ဘေးရှောင် ဒုက္ခသည် များသည် ဟိုနားကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းနေထိုင်လျှက်ရှိသည်။ ယခုလက်ရှိ မည်သည့် အဖွဲ့အစည်းမှ လာရောက် ကူညီ စောင့်ရှောက် မည့်သူမရှိသေးကြောင်း သိရှိရသည်။
တိုက်ပွဲက မတ်လ ၂၂ ရက်နေ့လည်းဖြစ်တယ် ၂၄ ရက်နေ့လည်းဖြစ်တယ် အစိုးရတပ်တွေလည်း တပ်အင်အား ထပ်မံ တက်လာတယ် တိုက်ပွဲဆက်လက်ပြင်းထန်လာမယ်ထင်တယ် ဒါကြောင့်မနေရဲဘူး ထွက်ပြေးလာရတယ်ဟု ထွက်ပြေးလာသူထံမှ မေးမြန်းသိရှိရသည်။ရွာအတွင်းမည်သူမှ မရှိတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးလာရကြောင်းလည်း မေးမြန်းသိရှိရသည်။

အခုတော့ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီတာမရှိသေးဘူး ဒီနေ့တော့ ရွာမှာရှိတဲ့စေတနာရှင်တွေက စုပြီးကျွေးထားတယ် မနေ့ညလည်း ဆိုင်ကယ်ရှိတဲ့လူတွေ လူရွယ်တွေတော့ ထွက်ပြေးပြီးရောက်လာတယ် ကျန်နေတဲ့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ ရှိသေးတယ်ဆိုလို့ ဒီကကား(၈)နဲ့ သွာကြိုတယ် ည ၁၁း၀၀ နာရီလောက်မှာ ရွာကိုပြန်ရောက်တယ်ဟု စစ်ပြေးရှောင် ကူညီဆောင်ရွက်နေသူတစ်ဦးထံမှ မေးမြန်းသိရှိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
စစ်ဘေးရှောင်ဒုက္ခသည်များ စေတနာရှင်များမှ ကူညီပြုစု စောင့်ရှောက်နေပုံ။

စိတ်မကောင်းစရာ ကိုယ့်နိုင်ငံသားတွေကို မကာကွယ်နိုင်တဲ့ အစိုးရ...


အင်ဒိုနီးရှားက လူသူ အရောက် အပေါက်ခက်ခဲတဲ့ Benjina ဆိုတဲ့ ကျွန်းကလေးတခုမှာ မြန်မာလူမျိုး တထောင်လောက်ကို ထိုင်း ငါးဖမ်းကုမ...
Posted by The Irrawaddy (Burmese Version) on Thursday, March 26, 2015

မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ

အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။

မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံ ဘန်ဂျီနာကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်းဌာ နဲ့ ယူကေအွန်လိုင်း သတင်းစာ MailOnline ရဲ့ သတင်းထောက် ဂျူလီယန် ရောဘင်ဆန်တို့က စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံကတဆင့် Benjina ရွာကို ငါးဖမ်းဖို့ အဓမ္မ ပို့ဆောင် စေခိုင်းခံရတဲ့ ငါးဖမ်းအလုပ်သမား ၄၀ ကျော်ကို တနှစ်တာကာလအတွင်း တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ငါးဖမ်းအလုပ်သမားတွေဟာ သောက်ရေသန့်မရှိဘဲ လှေပေါ်မှာ နာရီ ၂၀ ကနေ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး လုပ်ခအနေနဲ့ မရသူတွေ ရှိသလို ရတဲ့သူတွေကလည်း အနည်းအကျဉ်းသာ ရကြတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင်မှာ ခဏတဖြုတ် အနားယူရင် လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာတွေ၊ ပင်လယ်ပြင်မှာ သေဆုံးသူတွေ ရှိတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးဖြစ်တဲ့ ငါးဖမ်းလုပ်သား ကိုလှိုင်မင်းက ပြောပါတယ်။
 
အမေရိကန်တွေနဲ့ ဥရောပနိုင်ငံသားတွေ ငါးစားမယ်ဆိုရင် ကျနော်တို့ကို သတိရသင့်ပါတယ်။ ပင်လယ်ကြမ်းပြင်မှာ အရိုးတွေ တောင်လို ပုံနေလိမ့်မယ်၊ လူအရိုးတွေ တောင်လိုပုံနေမှာပါ လို့ ကိုလှိုင်မင်းက ဆိုပါတယ်။

Benjina က ဖမ်းဆီးရရှိတဲ့ ငါးနဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ ဆိပ်ကမ်းက တဆင့် ကုန်တိုက်ကြီးတွေ စားသောက်ဆိုင်တွေနဲ့ စည်သွတ်ဗူးအဖြစ် ပြုပြင်ပြောင်းလဲပြီး အမေရိကန်နိုင်ငံက တိရစ္ဆာန်အစာ ရောင်းတဲ့ဆိုင်တွေကို နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။

အမေရိကန်ရှိ ကုန်စုံဆိုင်တချို့နဲ့ Kroger ၊ Albertsons ၊ Safeway ၊ Wal-Mart၊ Sysco စတဲ့ ကုန်တိုက်တွေအပြင် ဥရောပနဲ့ အာရှနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။
ငါးဖမ်းအလုပ်သမားဟောင်း တဦးဖြစ်တဲ့ ကိုလှဖြိုးကတော့ ယခင်က လှေပေါ်မှာ သေတဲ့အလုပ်သမားဆိုရင် လှေကြီးကြပ်သူက အလောင်းကို ရေထဲပစ်ချလိုက်တာပဲလို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ကုမ္မဏီတွေရဲ့ တောင်းဆိုချက်အရ လှေပေါ်မှာ သေဆုံးသူရှိပါက ငါးဖမ်းလုပ်သားတွေရဲ့ တာဝန်ကျစာရင်းနဲ့အညီ အလောင်းကို Benjina ကျွန်းအထိ ပြန်သယ်လာတယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံသားတွေ နေထိုင်ရာ Benjina ကျွန်းပေါ်က တောထဲမှာတော့ သချိုင်းမြေပုံ ၆၀ ကျော်လောက် ရှိနေပါတယ်။

အသက်အန္တရာယ်ကြားက လုပ်ကိုင်နေရတဲ့ ငါးဖမ်းသမားအချို့က မိမိတို့ အိမ်ပြန်လိုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ကြတယ်လို့ မတ်လ၂၅ရက်နေ့ MailOnline သတင်းမှာ ဖော်ပြထားပါတယ်။

အောက်ဖော်ပြပါဓါတ်ပုံများက မေးအွန်လိုင်းမှ ဖြစ်ပါတယ်။
Copy from - BBC Burmese

Wednesday, March 25, 2015

ကေအိုင်အေ နှင့် တပ်မတော်တို့ လေးရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်



24-3-2015
 
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ မန်စီမြို့နယ် မဒန်ယန်နှင့် မထက်ဒူး ခိုကျေးရွာ နှစ်နေရာတွင် မတ်လ ၂၄ရက်ကလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်ဟု ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ က တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။
“ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်။ အခု မဒန်ယန်မှာလည်း ဖြစ်နေတယ်။ ဒူးခိုမှာလည်း ဖြစ်နေတယ်။ နှစ်နေရာ ဖြစ်နေတယ်။ ဒီမနက် ၇ နာရီကနေ စတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ကျွန်တော်တို့ ရှိနေတဲ့ နေရာဘက်ကို သူတို့ တက်လာလို့ တိုက်ပွဲဆက်ဖြစ်နေတာ”ဟု သူက မဇ္ဈိမကို ပြောသည်။
မတ်လ ၂၁ ရက်မှစတင်၍ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၂၄ရက်တွင် လေးရက်မြောက် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ မတ်လ ၂၄ရက်က တိုက်ပွဲအတွင်း KIA ဘက်မှ

တိုက်ပွဲပြင်းထန်သဖြင့် နမ့်လိတ်တောင်မှ TNLA တပ်ပေါင်းများ ဆုတ်ခွာ

Thursday, 05 December 2013 05:21


  ယမာန်နေ့ ညနေ (၆) နာရီအထိ ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေးရွာအုပ်စု ရှိ နမ့်လိတ် တောင်တန်း တိုက်ပွဲသည် ယနေ့မနက် (၆)နာရီမှ နေ့လည် (၁၀)နာရီခန့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

“ တိုက်ပွဲက ပြင်းထန်တယ်။ နှစ်ဖက်စလုံးမှာ အထိအခိုက်ရှိတယ်။ ကျနော်တို့ဖက်က နဲနဲဒါဏ်ရာ ရခဲ့တယ်။ သူတို့ ဖက်ကတော့ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနဲ့ ပစ်အားတွေ ကြောင့် တော်တော်လေးလေး ကိုထိခိုက်ကျဆုံး မှုရှိတယ်။

တက်လာပုံ ကလည်း သူတို့ ကလေးဖက် လေးတန် ကနေ ချီပြီး တိုက်တယ်။ စခန်း သိမ်းတိုက်ပွဲ မျိုးထက် ချေမှုန်းရေး တိုက်ပွဲပေါ့” ဟုဆိုပါသည်။ တိုက်ပွဲသည်ခေတ္တ နားနေဟန်ရှိပါသည်။ အစိုးရတပ်များက ကျဆုံး ဒါဏ်ရရသော သူများကို သယ်ထုတ်နေခဲ့ ကြောင်း၊ ဤအချိန်တွင် (TNLA ) နှင့် (KIA) ပူးပေါင်းတပ် များလည်း စခန်းမှ ဆုတ်ခွာခဲ့ပြီး နေရာရွှေ့လိုက်ကြောင်းဆိုပါ သည်။

အစိုးရတပ် များသည် ဆုတ်ပေးခဲ့သော နေရာသို့ တက်ရောက် သိမ်းပိုက်ခြင်း မရှိသေးကြောင်း မိုင်းအန္တရာယ် စိုးရိမ်နေပုံ ရကြောင်း တာဖုန်းကျော်က သုံးသပ်ခဲ့ပါသည်။ အရန်တပ်ကို စနစ်တကျ နေရာယူခိုင်းပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ တိုက်ပွဲများတွင် အကျအဆုံးများ သဖြင့်ရပ် တန့်နေခြင်း ဖြစ်ပါသည်။

ယခုလည်း လူနာများနှင့် အသေ အပျောက်များ ရှင်းထုတ်နေ သဖြင့်တိုက်ပွဲကို ခေတ္တရပ်ထား တာမျိုးဟု ဆိုပါသည်။ (TNLA) ပူးပေါင်းတပ်များသည် ထပ်မံထိုးစစ် ဆင်လာသော အစိုးရ တပ်များကို ချေမှုန်းရန် ပြင်ဆင် ထားပါသည်။

အစိုးရ တပ်များသည် နှစ်ရက်ဆက်တိုက် စစ်ဆင် နေခြင်းဖြစ်သည်။ ဤနှစ်ရက် တိုက်ပွဲသည် အစိုးရဖက်မှ (၃၀)ခန့် ကျဆုံးနိုင်ပြီး (၂၀)ကျော်ဒါဏ်ရာရဖွယ် ရှိကြောင်း အထမ်းသမားများ သတင်းအရ သိရကြောင်း

Sunday, March 22, 2015

KIA တပ်မဟာ(၃) ကိုင်ထိပ် နောက်ဆုံးရ သတင်း



ယနေ့ ညနေပိုင်း အထိ ဖြစ်ပွားနေတဲ့ ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၂ရ ) ကိုင်ထိပ် အနီး တိုက်ပွဲမှာ တပ်မ(၈၈) လက်အောက်ခံတပ်ရင်း ခမရ ( ၃၁ရ ) ရင်းမှုး ဒု ဗိုလ်မှုးကြီး စန်းယုဝင်း ဆိုသူ ကျဆုံး ။

ဗမာအစိုးရတပ်မှ အကျအဆုံး အလွန် များ ။

လေကြောင်းပစ်ကူဖို့ ဗျုဟာမှုးမှ အထက်သို့ တင်ပြဆင့်ခေါ်ကြောင်း ကြားဖြတ်ကြေးနန်းအရသိရ ။

ညနေ(၃)နာရီဝန်းကျင် ဖိုက်တာ(၂)စင်းရောက်လာ လေကြောင်းမှ (၅)ကြိမ်ထက်မနဲ ဗုံးကြဲချတဲ့အပြင် လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ် ။

ဗန်းမော် -မြစ်ကြီးနား ကားလမ်းမကြီး ပေါ်တွင် သွားလောနေသော ခရီးသွား အရပ်သားများ ပါ ထိခိုက်နိင်တယ်လို့ သိရ ။

မှောင်ခို သစ်ကားများ ဖမ်းဆီး ရန် အကြောင်းပြချက်ဖြင့် ကေအိုင်အေ တပ်စခန်းအား ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ် ။ အစိုးရတပ်မှ မည်ရွေ့ မည်မျှ ကျဆုံးကြောင်း ထပ်မံစုံစမ်းနေ ။

KIA တပ်မဟာ(၃)တွင် တိုက်ပွဲပြင်းထန်စွာဖြစ် ၊ အစိုးရတပ်မှ ဖိုက်တာဂျက်ဖြင့် တိုက်ခိုက်

အပြုံးမျက်နှာကိုယ်စီ ဆွေးနွေးပွဲ မြင်လိုက်ရတယ်.., ဆွေးနွေးပွဲလေး ပြီးအောင်တောင် မစောင့်နိုင်ပဲ တိုက်ပွဲပြန်စနေပြီ...

ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၂ရ ) နယ်မြေ မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ စခန်းချထားရာ ကိုင်ထိပ် အနီးက တပ်စခန်းတစ်ခုကို မတ်လ(၂၁)ရက်နေ့ က ဗမာအစိုးရတပ် အင်အား(ရ၀) ခန့် ရှိတဲ့ စစ်ကြောင်း မှ ရုတ်တရက် ၀င်ရောက်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ် ။


အဆိုပါ စစ်ကြောင်းက တပ်မ(၈၈) လက်အောက်ခံတပ်ရင်း ခမရ ( ၃၁ရ) ဖြစ်ပြီး ဗျုဟာမှုး ဗိုလ်မှုး ဇော်ဝင်းထူး က ဦးဆောင်တယ်လို့ သိရပါတယ် ။

ယနေ့  မတ်လ(၂၂)ရက်နေ့ ညနေပိုင်းထိတိုင်အောင် တောက်လျှောက် တိုက်ခိုက်ကာ တိုက်ပွဲ ဖြစ်ပွားနေပြီး ညနေပိုင်း ( ၃ ) နာရီ မှ (၄)နာရီ ပါတ်ဝန်းကျင်ခန့် မှာ ဗမာအစိုးရတပ် မှ လေကြောင်း ပစ်ကူ အနေနဲ့ ဖိုက်တာဂျက် (၂)စင်း မှ (၅ ) ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်မှုကိုတော့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။

ကေအိုင်အို ခေါင်းဆောင်များ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် အတွင်း ဗမာအစိုးရတပ်များ မှ ကေအိုင်အေ တပ်စခန်းများအား အကြိမ်ကြိမ် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။
Copy from - Jade Land Kachin

"အဓိကရုဏ်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီဖြစ်ရဲ့လား" အပိုင်း (၁)

တအာင်းဒေသ တိုက်ပွဲ ဆက်လက် ပြင်းထန်

၂၀၁၅ ခုနှစ် မတ်လ ၂၂ ရက်။

တအာင်းဒေသ၊ တပ်မဟာ(၁) နယ်မြေ မူဆယ်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးတွင် ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၀၈း၃၀ နာရီ မှ ၁၀း၃၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၅၇၁) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် တအာင်းတပ်မတော်က်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။

ထို့အပြင် နေ့လည် ၁၁း၀၅ နာရီမှ ယခုအချိန်ထိ တပ်မဟာ(၁) နယ်မြေ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာအနီးတွင်လည်း တအာင်းတပ်မတော် တပ်ရင်း (၁၁၂) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။

ယခုအချိန်ကာလသည် ရန်ကုန်မြို့တွင် NCCT အဖွဲ့နှင့် UPWC တို့တစ်နိုင်ငံလုံး အပစ်ရပ်ဆဲရေး ဆွေးနွေးနေစဉ်ကာလတွင် တအာင်းဒေသသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။

သတင်နှင့်ပြန်ကြားရေးဌာန PSLF/TNLA

၂၀ရက်နေ့ ကိုးကန့်တပ် အားကျဲချသော မြန်မာလေတပ်၏ ဗုံး တရုတ်သို့ ထပ်မံကျရောက်


(၂၀.၃.၂၀၁၅)ရက်နေ့ ယမာန် နေ့က ကိုးကန့်တိုက်ပွဲတွင် မြန်မာစစ်တပ် က လေကြောင်းမှ ဖျက်အားအလွန်ပြင်းတဲ့တရုတ်နိုင်ငံထုတ်CS / BBF-1 aviation fuel air bomb ကိုအသုံးပြု ခဲ့ကြောင်း တရုတ်ရုပ်သံ သတင်းဌာန မှာ ဖော်ပြထား ပါသည်။ ၄င်း ဗုံးများထဲ မှ အချို့ သည် တရုတ် နိုင်ငံ ပိုင်နက်ထဲ သို့ ထပ်မံ ကျရောက်ခဲ့ ကြောင်း သိရှိရပါသည်။
Copy from - Lachid Voice

ကျွန်တော်တို့ကို နေစရာပေးပါ .....


လူသားတစ်ဦးအတွက် စား၊၀တ်၊နေရေးဆိုတာ အသက်ရှင်ရပ်တည်ဖို့နဲ့ လူဖြစ်ကြောင်း သိသာစေတဲ့ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုပါ။ ဒါပေမယ့် လှိုင်သာယာကျူးကျော်တဲတွေမှာ အကြောက်တရားနဲ့ နေထိုင်ခဲ့ရတဲ့ သူတွေအတွက်ကတော့ နေရေးဆိုတဲ့ အခြေခံအကျဆုံးအရာဟာ သူတို့ရဲ့ ဘ၀တွေအတွက် မရရှိနိုင်သေးတာ သေချာပါတယ် ......

ကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားလှတဲ့ မြန်မာနိုင်ငံရဲ့ Democratic Reform ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အခုကာလမှာတော့ သူတို့ရလစာတွေဟာ တစ်ယောက်ကို တစ်သောင်းနဲ့ နှစ်သောင်း ကြားလောက် တိုးလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ငှားနေရတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းလေးလဲ့ တန်ဖိုးကလည်း ၃၅၀၀၀ အထိ တိုးလာခဲ့ပါတယ် ....

သူတို့ရဲ့ ၀င်ငွေတွေ နှစ်ဆ တက်မလာခဲ့ပေမယ့် လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုအတွက် ပေးလိုက်ရတဲ့ ငွေက နှစ်ဆ ကျော်ရှိလာပါတယ်။ တစ်ရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းကို ထည့်တွက်လိုက်ရင် သူတို့တွေအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်တဲ့ စား၊၀တ်၊နေ ရေးအတွက် အာမခံချက် မရှိနိုင်တော့ပါဘူး ...

မြန်မာနိုင်ငံရဲ့ အိမ်ရာဖွံ့ဖြိုးမှုအတွက် တိကျတဲ့ ဥပဒေတွေ၊ မူဝါဒတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေက အရေးပေါ် လိုအပ်တဲ့ အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပြီဆိုတာ ဒီကျူးကျော်တဲ ပြသနာက ပြဆိုနေပါတယ် ....

တစ်ကယ်တော့ မြန်မာနိုင်ငံလို အရှေ့တောင်အာရှမှာ ကုန်မြေတစ်ဆက်တည်း အကြီဆုံးနယ်နမိတ် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခု လူဦးရေ သန်း ၆၀ ကျော်ပဲ ရှိတဲ့ လူနေ သိပ်သည်းမှုနည်းတဲ့ နိုင်ငံတစ်ခုမှာ ဒီလို နေထိုင်မှုအတွက် ပြသနာတွေ ရှိနေရတယ်ဆိုတာ ဘာကြောင့်ပါလဲ ....

ကျူးကျော်တဲတွေနဲ့ နေထိုင်သူတွေရဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီညတွေလို အင်အားသုံး ဖြေရှင်းလိုက်လို့ ဒီမြေပေါ်မှာ သူတို့ မရှိတော့ပေမယ့် သူတို့တွေ ဘယ်လိုနေထိုင်ပြီး အသက်ရှင်သွားကြမှာလဲ။ အုပ်ချုပ်သူ အစိုးရတစ်ရပ်အနေနဲ့ သူတို့တွေကို မောင်းထုတ်ဖို့တာဝန်ပဲ ရှိပြီး၊ အသက်ရှင်ရပ်တည်နိုင်မှုအတွက် ကူညီပေးဖို့ တာဝန်တွေ ရှိမနေဘူးလား ...

Eleven Media Group

Saturday, March 21, 2015

ဖုန်ကြားရှင်၏ ကိုးကန့်တပ်နှင့် အစိုးရ တပ်မတော် တိုက်ပွဲများ ဆက်လက်ပြင်းထန်


\
March 21, 2015 -
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသ၌ အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူအသေအပျောက် ရှိကြောင်း သတင်း ရရှိသည်။

ကုန်းကြမ်းမြို့နယ်၊ လော်ကွာကျိုင်းကျေးရွာနှင့် လောက်ကိုင်မြို့နယ်၊ ရှင်ခုတ်ထန်ကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားလျက်ရှိကြောင်း၊ မတ်လ ၁၈ ရက်မှစပြီး အစိုးရ တပ်မတော်က MIG 29 တိုက်လေယာဉ် ၄ စီး၊ MI 35 ရဟတ်ယာဉ် ၂ စီး တို့ဖြင့် လေကြောင်းပစ်ကူများ ပြန်လည်အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော်(MNDAA) အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ် လင်း က ဧရာဝတီကို ပြောသည်။

“တိုက်ပွဲက ပြင်းထန်ပါတယ်။ အစိုးရဘက်ကပြောသလို တောင်ကုန်းတွေ ကျသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း စစ်မြေပြင်နေရာက မပြောင်းဘဲ ဒီနေရာတွေမှာပဲ ဆက်ဖြစ်နေတာ”ဟုလည်း ၄င်းက ပြောဆိုသည်။

ကိုးကန့်တပ်ဖွဲ့မှ ယခင်တပ်ဖွဲ့ဝင်များအပြင် နယ်ခြားစောင့်တပ်၊ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်ပြည်သူတချို့ ဝင်ရောက်လာသဖြင့် စုစုပေါင်းအင်အား ၃၀၀၀ ကျော်ရှိကြောင်း MNDAA ထံမှ စုံစမ်းသိရှိရသည်။ အစိုးရတပ်မတော်က လောက်ကိုင်မြို့နယ် ရှင်ခုတ်ထန်ကျေးရွာအနီးတွင် ကိုးကန့်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်လျက်ရှိကြောင်း၊ ကုန်းကြမ်းမြို့မြောက်ဘက် လော်ကွာကျိုင်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မာလုရွှေကျေးရွာ အနီးတဝိုက်ရှိ တောင်ကုန်းများတွင် အခြေပြုလှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ကို လေကြောင်းမှ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများအတွင်း တပ်မတော်က တောင်ကုန်းတချို့သိမ်းပိုက်ရရှိပြီး အစိုးရ တပ်မတော်သား တဦးကျဆုံး၍ အရာရှိ၊ စစ်သည် ၃၀ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ လက်ရှိ ကိုးကန့်ဒေသတွင် တပ်မတော်က တပ်မ ၁၁၊ ၃၃၊ ၅၅၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ နှင့် ရွှေတြိဂံတိုင်း တို့၏ လက်အောက်ခံ တပ်ရင်း ၆၀ ကျော် ပါဝင် တိုက်ခိုက်လျက် ရှိကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အစိုးရတပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့သဖြင့် သောင်းနှင့်ချီသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများသည် စစ်ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများအတွင်း ပြီးခဲ့သည့် မတ် ၁၃ ရက်က တရုတ်နိုင်ငံ၊ လင်ချန်းခရိုင်၊ တာ့ရွှေရှန်းတု ကျေးရွာအနီး၌ ဗုံးတလုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်အစိုးရက မြန်မာအစိုးရကို သတိပေးပြောကြားခဲ့ပြီး နယ်စပ်တလျှောက်တွင် စစ်အင်အားတိုးချထားခဲ့ကြောင်း သိရသည်။

ဧရာဝတီ

Thursday, March 19, 2015

ကိုး ကန့် တိုက် ပွဲ မှာ အ ကျ အ ဆုံး များ နေ တဲ့ တပ် မ ( ၆၆ )

နေ ရာ အ နှံ့ မှာ အ လောင်း တွေ မြင် မ... ကောင်း အောင် ပြန့့် ကျဲ နေ တယ် လို့  MNDAA ရှေ့ တန်း က အ ရာ ရှိ များ က ပြော
\

ကိုး ကန့် ဒေ သ လောက် ကိုင် အ ထက် ဘက် မ နေ့ က တစ် နေ ကုန် ဖြစ် တဲ့ တိုက် ပွဲ နဲ့  ဒီ မ နက် ပိုင်း ဖြစ် ပွား တဲ့ တိုက် ပွဲ တွေ က အ ရမ်း ပြင်း ထန် ပါ တယ် ။ ဒီ ရက် ပိုင်း အင် အား အ လုံး အ ရင်း နဲ့ တက် လာ တဲ့ အ စိုး ရ တပ် တပ် မ ( ၆၆ ) အ ကျ အ ဆုံး အ လွန် များ နေ ပါ တယ် ။ နေ ရာ အ နှံ့ မှာ အ လောင်း တွေ မြင် မ ကောင်း အောင် ပြန့့် ကျဲ နေ တယ် လို့  MNDAA ရှေ့ တန်း က အ ရာ ရှိ များ က ပြော ပါ တယ် ။ ဗ မာ အ စိုး ရ သ တင်း ထုတ် ပြန် မှု မှာ အ နည်း ငယ် သာ ထိ ခိုက် သေ ဆုံး သ ယောင် သ တင်း ကို ထိန် ချန် ဖုံး ကွယ် ပြီး ပြော ဆို နေ ပေ မယ့် တ ကယ့် လက် တွေ့  မှာ တော့ တပ် ခွဲ လိုက် စစ် ကြောင်း လိုက် ကျ ဆုံး မှု တွေ ရှိ နေ တယ် လို့  သိ ရ ပါ တယ် ။
ဒီ နေ့ မ နက် ပိုင်း နဲ့  ယ ခု သ တင်း ရေး သား နေ ချိန် ထိ ချင်း ရွှေ ဟော် နဲ့  လောက် ကိုင် ပါတ် ဝန်း ကျင် တို့ မှာ တိုက် ပွဲ ပြင်း ထန် နေ ဆဲ ဖြစ် တယ် လို့  တပ် ပေါင်း စု အ ရာ ရှိ များ က ပြော ပါ တယ် ။
တပ် မ ( ၆၆ ) လက် အောက် ခံ တပ် ရင်း များ ဟာ ကိုး ကန့် နယ် မြေ ကို ယ ခု မှ ထိ တွေ့  ဖူး ပြီး အ စိမ်း သက် သက် ဖြစ် နေ တဲ့ အ တွက် နယ် မြေ ကျွမ်း ကျင် မှု မ ရှိ သေး တဲ့ အ ပြင် ဖား ကန့် မှ တပ် ချိန်း ပြီး နောက် တန်း ပြန် ရောက် တာ ( ၁ဝ ) ရက် မ ပြည့် တ ပြည့် မှာ ကိုး ကန့် စစ် မြေ ပြင် ကို ထပ် မံ စေ လွှတ် ပြီး တိုက် ခိုက် ရန် စေ လွတ် ခြင်း ခံ ရ တဲ့ အ တွက် တပ် သား အ များ စု စိတ် ဓါတ် ကျ ဆင်း နေ တဲ့ အ တွက် ယ ခု ကဲ့သို့  အသေ အ ပျောက် များ ရ ခြင်း ဖြစ် တယ် လို့ လေ့ လာ စောင့် ကြည့် သူ များ က သုံး သပ် နေ ပါ တယ် ။

Credit : : Jade Land Kachin

Wednesday, March 18, 2015

ယနေ. ဆွေးနွေးပွဲမှာ NCCT ခေါင်းဆောင် နိုင်ဟံသာရဲ့ မိန့်ခွန်းက စိတ်ဝင်စားစရာကောင်းပါတယ်


မိမိနိုင်ငံတည်ငြိမ်အေးချမ်းပြီး ဘက်စုံ ဖွံဖြိုးစေဖို့အတွက် ပြည်တွင်းနေရာအနံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားနဲ့ အလုပ်သမား လယ်သမားဆန္ဒပြမှုများကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီပွဲမှာ အစိုးရနဲ့ အပေးယူတည့်ရင် မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ် ခတ်ရပ်စဲရေးအပြင် တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်ထည်ဖော်နိုင် ဖို့ ကချင်ပြည်နယ်၊ တအာင်းခေါ် ပလောင်ဒေသနဲ့ ကိုးကန့် ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်တန့်သွားစေဖို့အတွက် ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်း ဆွေးနွေးသုံးသပ်ရန် လိုအပ်ပါတယ် အမြင်သဘောထာ့းကွဲလွဲမှုတွေရှိခဲ့လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၅ လကျော် ၆ လနီးပါးရပ်နားခဲ့ရတဲ့အတွက် အဲဒီကာလအတွင်းမှာလက်နက်ကိုင် တိုက်ပွဲများ နေရာ ဒေသအနံ့မှာ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။

ဒါတွေက မကောင်းပါဘူး ကျန်တော်တို့ ကြိုးစားတည်ဆောက်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် ထိခိုက်စေတယ်။ ဒါတွေကို အချိန်မှီ မထိန်းသိမ်းနိုင်ရင် အခြေနေပိုပို ဆိုးဝါးလာပြီး အချင်းချင်းအကြား ယုံကြည်မှုလည်း ပိုပိုပျက်ပြားနိုင်တယ်။ ဒါကြောင့် ဒီအခြေနေကိုကျော်လွှားနိုင်ဖို့အတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးပြသနာ တွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးပြီး ဖြေရှင်းကြဖို့ဆိုတာက မိမိတို့ အန်စီစီတီအဖွဲ့ တာဝန်ရှိသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေမှာ တာဝန်ရှိပါတယ်။ နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်။

ဒီအချိန်မှာပဲ နိုင်ငံမြောက်ပိုင်း တနံတလျားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်ထန်ထန်ဖြစ်ပွား နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ သို့သော် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့က ပိတ်ဆို့ ဟန့်တားမှုများအကြားက ဖြတ်ဆင်းလာပြီး နေပြည်တော်မှာ အစိုးရအကြီး အကဲတပ်မတော်အကြီးကဲတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ အလားလာဖြစ်ပါတယ်။ ကေအိုင်အိုနဲ့ အစိုးရအကြား ယုံကြည်မှုတည်ဆောက်နိုင်ရင် အန်စီစီတီနဲ့ အစိုးရတို့အကြား တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ အများကြီး အထောက်ပံ့ဖြစ်စေနိုင်ပြီး အပစ်ရပ်ရေးနီးစပ်သွားပါလိမ့်မယ်။

ကျန်တော်တို့ အန်စီစီတီဘက်က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် ရည်မှန်းချက်များ ထားရှိ ထားပြီး ဆောင်ရွက်နေကြသလို ပြည်သူအများလိုလားတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျန်တော်တို့ အန်စီစီတီအနေနဲ့ ဒီခရီးစဉ်ကိုလာခဲ့တာပါ။ အကယ်၍ ဒီပွဲမှာ အစိုးရနဲ့ အပေးယူတည့်ရင် မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအပြင် တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်ထည်ဖော်နိုင်ဖို့ ကချင်ပြည်နယ်၊ တအာင်းခေါ် ပလောင်ဒေသနဲ့ ကိုးကန့် ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်တန့်သွားစေဖို့အတွက် ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်းဆွေးနွေးသုံးသပ်ရန် လိုအပ်ပါတယ်။

တနိုင်ငံလုံး အတိုင်းတာနဲ့ အပစ်ခတ်ရပ်စဲပြီး လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ပါမှ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက် နိုင်ပါလိမ့်မယ်။ ထို့အတူ မိမိနိုင်ငံတည်ငြိမ်အေးချမ်းပြီး ဘက်စုံ ဖွံဖြိုးစေဖို့အတွက် ပြည်တွင်းနေရာအနံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားနဲ့ အလုပ်သမား လယ်သမား ဆန္ဒပြမှုများကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။

မိမိတို့ အန်စီစီတီအဖွဲ့ဝင်များအနေနဲ့ မိမိတို့နိုင်ငံအတွင်းမှာ ရေရှည်ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းနည်းမှ တပါးအခြားနည်းလမ်း များ နဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ ထို့အတူ အင်အားသုံးဖြေရှင်းရင် ပြည်သူတွေအတွက် ပိုပြီးဒုက္ခရောက်မယ် ။ ခေတ်နောက်ကျမယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား မှာလည်း အမုန်းတရားတွေ ပိုပြီးတိုးပွားလာမယ် ။ တိုင်းရင်းသားအချင်းချင်း အမုန်းတရာတွေ ပိုပြီးတိုးပွားရင် ဖြေရှင်းရန်မလွယ်တဲ့ အခြေနေတွေ ရောက်ကုန် ပါလိမ့်မယ် ဒါကြောင့် မိမိတို့ လက်ထဲမှာ မိမိတို့ တာဝန်ယူနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်း တည်ဆောက်ကြပါစို့လို့ သက်ဆိုင်သူ အားလုံးကို ပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
 
သတင်း-Sai Aung Lwin.
ဓါတ်ပုံ-MPC

Monday, March 16, 2015

TNLA တအာင်းတပ်မတော်မှ သိန်းပေါင်း သုံးသောင်းငါးထောင်ကျော် ကာလတန်ဘိုးရှိ ဘိန်းဖြူ နှင့် ယာမဆေးပြား ဖမ်းဆီးရမိ




၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက် ။

တအာင်းတပ်မတော် စစ်ဦးစီးအဖွဲ့နှင့် တအာင်းအထူးမူးယစ်အဖွဲ့ပူးပေါင်းတို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်စဉ် ၂၀၁၅ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နမ့်ခမ်း-မိုင်းဝီး-မန်တုံ ကားလမ်းမပေါ်ရှိ မန်တုံမြို့နယ်၊ မြန်မာ့တပ်မတော် တပ်စခန်းချထားသော ခိုမုန်းရွာအနီးတွင် ရှောင်တခင်စစ်ဆေးနေစဉ် မိုင်းဝီးဖက်မှ ဆင်းလာသော ကျောက်တင်ကားတစ်စီးအား စစ်ဆေးရာ ဆာလာအိတ်ဖြင့်ထုတ်ထားသော ဘိန်းဖြူ (၁၆.၅)ကီလို ကာလတန်ဘိုး (၉,၀၇,၅၀,၀၀၀)ကျပ် ကိုးရာနှင့်ခုနှစ်သိန်းငါးသောင်း)၊ ယာမဆေးပြား(၂၃၂၀၀၀၀)ပြား၊ ကာလတန်ဘိုး (၃,၄၈,၀၀,၀၀,၀၀၀)ကျပ် သိန်း(သုံးသောင်းလေးထောင်ရှစ်ရာ)၊ စုစုပေါင်းကာလတန်ဖိုး (၃,၅၇,၀၇,၅၀,၀၀၀)ကျပ်၊ သိန်း(သုံးသောင်းငါးထောင်ခုနှစ်ရာနှင့် ခုနှစ်သိန်းငါးသောင်း) ဖမ်းဆီးရမိခဲ့သည်။

ကျောက်တင်ကားအားစစ်ဆေးရန် ရပ်တန့်စဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကာယကံရှင်မှ ထွက်ပြေးထိမ်းရှောင်သွားသဖြင့် ယာဉ်မောင်းနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီရမိခဲ့သည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကာယကံရှင်မှာ နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက် နေထိုင်သည့် တရုတ်လူမျိုး ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ ၄င်းယူလာသည့်နေရာနှင့် ကာယကံရှင်၏ အသေးစိတ်အချက်အလက်အား စုံစမ်းနေဆဲဖြစ်သည်။

သတင်နှင့်ပြန်ကြားရေးဌာန PSLF/TNLA

Sunday, March 15, 2015

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း (၃)ကြိမ်မြောက် တိုက်ပွဲဆက်လက်ဖြစ်ပွား



၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက် ။


တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ငေါ့ငှားကျေးရွာအနီးတွင် ယနေ့ မတ်လ၁၄ ရက်နေ့ နံနက် ၀၈း၁၅နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော်၊ တပ်မဟာ (၁) နယ်မြေ တပ်ရင်းအမှတ် (၁၀၁)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈)တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ ပါလိုင်ကျေးရွာအနီးတွင် နံနက် ၀၈း၀၀ နာရီမှ ၀၈း၂၀ နာရီအထိ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုတိုက်ပွဲသည် မတ်လ ၃ ရက်နေ့၌ ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

 သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA

မတ်လ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာသော သတင်းထောက်တစ်ဦးနှင့် ကျောင်းသားနှစ်ဦး၏ အတွေ့အကြုံများ



On Sat, 2015-03-14 06:
ကိုရှိုင်းမင်းထက်ဇော် ရတနာပုံတက္ကသိုလ် ဒုတိယနှစ် (ကုန်ထုတ်ဓာတု)


ကျွန်တော့်ကို ဖမ်းတဲ့အချိန် မှာ ကျွန်တော်က အလံကိုင်ထား တယ်။ သူတို့ဘက်က ခဲလုံးတွေ စရောက်လာတယ်။ ကျွန်တော်တို့ တချို့ ကျောင်းသားတွေက ခဲလုံး နဲ့ တစ်လုံး၊ နှစ်လုံး ပစ်ကြတာမြင် တယ်။ အဲဒါကို သူတို့ဘက်က ခဲတွေရောက်လာပြီး မကြာခင်မှာ ပဲ ကျွန်တော်တို့ဘက်ကို အလုံး အရင်းနဲ့ ၀င်ရိုက်တော့တာ။ ကျွန် တော်က အလံကိုင်ထားတယ်။ ကျွန်တော့်ကို ဆယ့်လေးငါး ယောက်လောက် ၀ိုင်းရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ ဒါ က ဖိနပ်နဲ့ အကန်ခံရတာ(မျက်နှာ မှ ဒဏ်ရာကို ညွှန်ပြ၍)။ ဒါက နံပါတ်တုတ်နဲ့ အရိုက်ခံရတာ (ဦး ခေါင်းမှာ ပတ်တီးဖြင့် ပတ်ထား သည့်ဒဏ်ရာကို ညွှန်ပြ၍)။ ဒီ ကျောကုန်းတွေ၊ နံရိုးတွေ၊ လက် မောင်းတွေမှာဆိုရင် နံပါတ်တုတ် နဲ့ ရိုက်ထားတာ။ သူတို့ကို နဂိုက တည်းက ပြောတယ်။ အေးအေး ဆေးဆေးအဖမ်းခံမယ်။ ဒီလို ကြမ်းကြမ်းတမ်းတမ်းမလုပ်ပါနဲ့ ပြောတယ်။ ဒါကို သူတို့က ကြမ်း ကြမ်းတမ်းတမ်းဝင်ရိုက်တာ။ သူ တို့ကို အီးယူက သင်ပေးထားတာ ဒီလိုမျိုးတွေလုပ်ဖို့ မဟုတ်ဘူး။ နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်ဖို့။ ထောင်ထဲမှာ ပထမဆုံးက ဆေးရုံဆောင်မှာ နေရတယ်။ နောက်ပိုင်းသက်သာလာတော့ ကျန်တဲ့ ကျောင်းသားတွေရှိတဲ့ ဆီပို့တယ်။


ကိုဖြိုးအောင်မြင့် အကြီတန်းသတင်းထောက် (The Reporter ဂျာနယ်)


ဘုန်းကြီးကျောင်းထဲက လူ တွေကိုလည်း ဖမ်းတယ်။ အကုန် လုံးနီးပါး ကုန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာ သတင်း ထောက်တွေ ငါးယောက်လောက် ပဲ ကျန်တော့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဆီကို တုတ်နဲ့ ပြေးဝင် လာတဲ့ ရဲနှစ်ယောက်တွေ့တယ်။ နံပါတ်(၁) စဉ်းစားတာက ထွက် ပြေးမယ်ဆိုပြီး တစ်ယောက်ကို လှည့်ပတ်ပြေးတဲ့အချိန်မှာ ထပ် ရိုက်မှာဆိုပြီး မတ်တတ်ရပ်လိုက် တယ်။ သတင်းထောက်ကတ်ပြ တယ်။ အဲဒီရဲက သဘောကောင်း တယ်။ ကာပေးပြီးတော့ အ ဆောင်တစ်ခုထဲမှာ ထားထား တယ်။ ထောင်ထဲမှာတော့ အရိုက်မခံရဘူး။ အရမ်း ဒေါသထွက်နေ တဲ့ ရဲတွေက ကျွန်တော်တို့ကို လာလာရိုက်ဖို့ ကြိုးစားတယ်။ ဖမ်းနေတဲ့အချိန်မှာ ရဲတစ်ယောက်နဲ့ တစ်ယောက် သဘောထားကွဲနေတယ်။ မီဒီယာမှန်းသိရဲ့သားနဲ့ ရိုက်ချင်တဲ့ ရဲရှိသလို၊ မရိုက်ချင်တဲ့ ရဲလည်းရှိတယ်။ ရဲတွေကဘာ ကြောင့်မှန်းမသိဘဲ အရမ်းဒေါသထွက်နေ တယ်။ နောက်တော့ ဟိုင်းလတ်ကား ပေါ် တင်တယ်။ ရိုက်တာခံရတယ်။ကျွန်တော်က မင်းသွေးသစ်နဲ့ လေးယောက်အ တူတူတက်ရတယ်။ မင်းသွေးသစ်နဲ့ နောက်ထပ်သုံးယောက်ကို ၀ိုင်းရိုက်နေတဲ့အချိန်မှာ ကျွန်တော့်ကို ဘယ်သူမှ မရိုက်ဘူး။ အဲဒါကို ရဲ တွေက သတိထားမိလာတော့မှ ကျွန်တော်ကိုပါ ၀ိုင်းရိုက်တော့တာ။


မအောင်မေလွင် ရတနာပုံတက္ကသိုလ်၊ ဒုတိယနှစ် (ရူပဗေဒ)


ဘုန်းကြီးကျောင်းကို လွတ်မယ်ထင်လို့ ၀င်ပြေးခဲ့တယ်။ ဘုန်းကြီး ကျောင်းကို ရောက်တော့ အပြင်ကနေ ရဲတပ်ဖွဲ့တွေက ၀ိုင်းပြီးတော့ အားလုံးကိုမတရားသဖြင့် ပြောဆိုတယ်။ အဖမ်းခံရတဲ့ အချိန်မှာ အပြင်မှာ ထိုင်ခိုင်းပြီးတော့ ထိုင်တာလည်း အချုပ်သားတွေလို ထိုင်ခိုင်းတယ်။ တစ်ယောက်ချင်းကိုခေါ်ပြီးတော့ တစ်တပ်လုံး ၀ိုင်းရိုက်တယ်။ မင်းတို့ကြောင့် ငါတို့ တစ်နေကုန် တစ်နေခန်း မတ်တတ်ရပ်နေရတယ်။ မင်းတို့က အိပ်လိုက်၊ စားလိုက်နဲ့လို့ပြောတယ်။ ပြီးတော့ သပိတ်မှောက်တဲ့အခါမှာ ခွပ်ဒေါင်းသွေးတွေ နီတယ်ဟေ့၊ နီတယ်ဟေ့လို့ပြောတယ်။ အဲဒါကို မင်းတို့ခွပ်ဒေါင်းသွေးတွေ နီလားဆိုပြီးတော့ပြောပြီး ရိုက်တယ်။ပြီးတော့ သမီးတို့ တန်ဖိုးထားတဲ့ ခွပ်ဒေါင်းအလံကိုလည်း ခြေထောက်နဲ့ နင်းခြေပြီးတော့ ရိုက်ချိုးသွားတယ်။ အချုပ်ကားပေါ်မှာ သွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ရဲမေတွေက သမီးတို့ မိန်းကလေးတွေကိုဘုန်းကြီး တွေနဲ့ပေးစားတယ်။ စောက်ဆင့်မရှိဘူးလို့လည်းပြော တယ်။ ပြောတာကတော့ နှမချင်း ကိုယ်ချင်းမစာနာသလို ပိုးစိုး ပက်စက်ပြောတာ။ ဒီအထဲမှာ သူတို့ သားသမီးပါခဲ့ရင် အဲဒီသားသမီးကို ပါရိုက်ပြီးတော့ သတ်ပစ်မယ်လို့ ပြောတယ်။ သမီးတို့အကုန်လုံးကို လည်း နင်တို့မော့မကြည့်နဲ့ အောက်ဆင်းရင် တစ်ယောက်ချင်းစီ ပါးပိတ်ချမှာလို့လည်း ပြောတယ်။
Aye Chan Mon

မြန်မာ့ လေတပ်မှ ပစ်ခတ်၍ တရုတ် နိုင်ငံသားများ သေဆုံးမှု အပေါ် ဘေဂျင်း ဒေါသထွက်နေကြောင်း။



မြန်မာ တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် ဖွဲ့များကြားမှ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်မှ လူ ၄ ဦး သေဆုံးခဲ့အပြီး တိုက်လေယာဉ်များကို မြန်မာနယ်စပ် သို့ ပို့ခြင်းနှင့် သံတမန်ရေး ကန့်ကွက်မှုများကို ပြုလုပ်ခဲ့သည်။ မြန်မာအစိုးရသတင်းစာများ၏အဆို ကိုးကန့်လက်နက်ကိုင်များနှင့် အစိုးရတပ် အကြား တရုတ်-မြန်မာ နယ်စပ်အနီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး လေကြောင်းမှ ပစ်ခတ်မှုများလည်း ရှိနေကြောင်း ဆိုသည်။

 တရုတ်အစိုးရ၏ ဆင်ဟွာသတင်းဌာနအဆို တရုတ်နယ်စပ်မြို့ လင်ကန်းမြို့တွင်းသို့ သောကြ်ာနေ့က ဗုံးကျခဲ့ရာ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ တရုတ်လေတပ် ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး ရှန်ဂျင်ကီးက တရုတ်နယ်စပ်နားသို့ ချဉ်းကပ်လာသော မည်သည့်လေယာဉ်ကို မဆို လိုက်ရန်နှင့် သတိပေးရန် တရုတ် တိုက်လေယာဉ်များကို ပို့ထားကြောင်း ပြောသည်။ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး လျူစန်မင်းကလည်း သောကြ်ာနေ့က မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လွှာ ပေးခဲ့သည်။

မတ်လ ၈ရက်နေ့က အိမ်တလုံးကို လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည့်အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို သတိပေးခဲ့သေးသည်။ ၁ လ ကျော်ကြာခဲ့ပြီ ဖြစ်သော တိုက်ပွဲများကို ပြေငြိမ်းအောင်ဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်။ တိုက်ပွဲများတွင် တရုတ် ကြေးစားစစ်သားများက တရုတ်နွယ်ဖွား ကိုးကန့်လက်နက် ကိုင် တပ်ဖွဲ့များဘက်မှ ၀င်ရောက် တိုက်ခိုက်နေသည်ဟု မြန်မာဘက်မှ စွပ်စွဲမှုများ လည်းရှိနေသည်။

ယခင်လမှ စတင်၍ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရတပ်ဖွဲ့များကြားတွင် တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့သည်။ (MNDAA) သည် မြန်မာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အကြွင်းအကျန် တပ်ဖွဲ့တခုဖြစ်သည်။

တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးခဲ့သော ဗကပသည် ၎င်းတို့ ပြိုကွဲသွား ခဲ့ရသည့် ၁၉၈၉ ခုနှစ်အထိ အစိုးရက ပျောက်ကြား စနစ်ဖြင့် ဆန့်ကျင်တိုက်ခိုက် ခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါသည်။ တိုက်ပွဲများကြောင့် သောင်းနှင့် ချီသောဒုက္ခသည်များ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။သီတင်းပတ် ကုန်ရက်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းတွင် မြန်မာအစိုးရတပ်ဖွဲ့များ ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိသူ ၈ ဦး ရှိသည်ဟု အစိုးရပိုင် Global New Light of Myanmar သတင်းစာက မတ်လ ၁၀ရက်နေ့တွင် ရေးသား ဖော် ပြခဲ့သည်။ တရုတ်နှင့် မြန်မာကိုယ်စားလှယ်များ ဘေဂျင်းနှင့် နယ်စပ်မြို့များတွင် ဆွေးနွေးမှုများ ပြုလုပ်၍ ပဋိပက္ခများ ရပ်တန့်နိုင်ရန် ကြိုးစားခဲ့သော်လည်း သိသာသော သက်ရောက်မှု အနည်းငယ်မျှသာ ရရှိခဲ့ပါသည်။

သတင်း-ဧရာဝတီ

Wednesday, March 11, 2015

ကိုယ့်လည်ပင်းကို ကြိုးကွင်းစွတ်နေတဲ့ အစိုးရ ....


လက်ပံတန်း အကြမ်းဖက်မှု မှတ်တန်း အပြည့်အစုံ



မြန်မာပြည်မှ စစ်အစိုးရနောက်လိုက် ယူနီဖေါင်းဝတ် အကြမ်းဖက်သမားများ

စစ်အစိုးရ လူမဆန်တဲ့ ရက်စက်မှုတွေ ကမ္ဘာသိအောင် ဝိုင်းဝန်းထုတ်ဖေါ်ကြပါ။

လက်ပံတန်းမှာသံဃာတော်များနှင့် ကျောင်းသားလူငယ်များ အစိုးရအာဏာပိုင် များရဲ့ ဂတိမတည်စွာ အကြမ်းဖက် အင် အားသုံး ဖြိုခွဲခြင်းခံနေရ
ကြည့် .... လောက်ကိုင်မှာ
ကြက်ခြေနီကားကိုပစ်တာ ဒီကောင်တွေ သေချာသွားပြီး
အ်ငတာနက်စာမျက်နှာကနေ ကူးယူခဲ့ပါတယ်

Monday, March 9, 2015

အားလုံး သွေးစည်းကြရမယ့်နေ့(၁၀.၃.၂၀၁၅ မနက် ၁၀ နာရီ)



(၃.၃.၂၀၁၅ ရက်နေ့ ကနေပြီ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်ကြောင်း ရန်ကုန်သို့ ဆက်ချီတက်ရာမှာ ကျွန်းကလေး လမ်းဆုံ အရောက် လုံးထိန်း အင်းအား အလုံးအရင်း နဲ့ သပိတ်မှောက် ကျောင်းသားတွေကို ၉.၃.၂၀၁၅ ရက်နေ့အထိ ပိတ်ဆို့ထားခဲ့တာ အခုဆိုရင် ၇ ရက် ရှိပြီဖြစ်ပါတယ်...။။

သပိတ်မှောက် ကျောင်းသားတွေက တက္ကသိုလ် ဝင်တန်း စာမေးပွဲတွေ မဖြေဆိုခင် ရန်ကုန်ကို ဝင်ဖို့အတွက် လက်ပံတန်းမှ သာယာဝတီသို့ ချီတက်ပြီး သာယာဝတီမှ ရန်ကုန်သို့ ကားဖြင့်သွားရန် အချက် (၈) ချက်ကို တောင်းဆိုထားခဲ့ပါတယ် အချက် (၈)ချက်ကို တောင်းဆိုမှုမအောင်မြင်ခဲ့ပါဘူး။

၈.၃.၂၀၁၅ နေ့ ည ၁၀ နာရီမှာ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းမှ အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ ၁၀.၃.၂၀၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ အတားအဆီး ပိတ်ဆို့မှုတွေကို အစိုးရအနေအမြန်ဆုံး ဖြေရှင်းပေးရန် ကြေညာထားပါတယ်။

မနက်ဖြန် ၁၀ နာရီမှ သပိတ်မှောက်ကျောင်းသားတွေ ဆုံးဖြတ်ထားကြတဲ့အတိုင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန်ဟာ သပိတ်မှောက် ကျောင်းသားတွေ တင်သာမက တိုင်းပြည်ရဲ့ မိဘပြည်သူများပါ သွေးစည်း ညီညွှတ် ကြမယ့် နေ့ဆိုလည်း မမှားပါဘူး။ ဒါကြောင့် မနက်ဖြန်ဟာ သမိုင်းဝင် နေ့ တစ်နေ့ ။

ကျောင်းသား အားလုံးနဲ့ ပြည်သူတွေ လက်တွဲညီညီဖြင့် သွေးစည်းညီညွှတ်ကြရမယ့်နေ့မို့ အားလုံး ညီညီညွှတ်ညွှတ်ဖြင့် ဝိုင်းဝန်း ကြပါစို့.......။
=================

မိုးစက် (မြင်းခြံ)
၉၊ မတ်လ ၊၂၀၁၅၊ ၇း၅၅ မိနစ်

ချီတက်လှည့်လည်ဆန္ဒပြပွဲ ပူးပေါင်းပါဝင်ကြဖို့ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်

၂၇နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ချီတက်လှည့်လည်ဆန္ဒပြပွဲ ပူးပေါင်းပါဝင်ကြဖို့ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။


၂၀၁၅ မတ်လ ၁၃ ရက်။ (သောကြာနေ့)
၂ နာရီစုရပ်၊ ၂ နာရီခွဲ အခမ်းအနားစတင်မည်။ ၃ နာရီ စတင်ချီတက်မည်။
JR Yamanote line, Gotanda ဘူတာ အနီး Minami Gotanda ပန်းခြံ။

မှားယွင်းစွပ်စွဲခဲ့ကြောင်း တပ်မတော်ဝန်ခံ

သမ္မတ၊ ကာချုပ်တို့နှင့် KIO၊ TNLA,တို့ ပထမအကြိမ် တွေ့ဆုံမှု လိုင်ဇာပစ်ခတ်မှုကိစ္စ ဆွေးနွေးမည်

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ မတ်လ မတ်လ ၁၂ ရက်တွင် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံကာ စက်တင်ဘာလက တေ့ဆုံမှု ရပ်သွားသည့် ကိစ္စအပါအဝင် လိုင်ဇာဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှုများကို ဆွေးနွေးနိုင်ကြောင်း ကေအိုင်အို အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

“နေပြည်တော်မှာ ၁၂ ရက်နေ့ တစ်ည နားမယ်။ နားတဲ့အချိန်မှာ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တွေ အားလုံး ၁၀ ယောက်လောက်ပါမယ်။ စက်တင်ဘာကနေ တွေ့ဆုံဆွေးနွေးမှု ရပ်သွားတဲ့ကိစ္စ ပြန်ဆွေးနွေးနိုင်ဖို့တွေ၊ လိုင်ဇာဗိုလ်လောင်းတွေ သေဆုံးတဲ့ကိစ္စတွေ ပါမယ်ထင်တယ်”ဟု KIO အရာရှိ တစ်ဦးက ပြောသည်။

KIO ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော အဖွဲ့များ အပါအဝင် ၁၀ ဦးခန့် တက်ရောက်မည်ဟု ဆိုသည်။ KIO ခေါင်းဆောင်များ နှင့်အတူ တအာင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် TNLA/PSLF ခေါင်းဆောင်များလည်း ပါဝင်မည်ဖြစ်ကာ အစိုးရ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ TNLA ဗိုလ်လောင်းများ ကျဆုံးသွားမှုအပေါ် အဓိက သွားရောက် ဆွေးနွေးမည်ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

“ကျွန်တော်တို့ကို သွားဖို့ ခေါ်ထားပါတယ် ကေအိုင်အိုက ။ အဓိက သွားမှာက လိုင်ဇာ ဗိုလ်လောင်းသင်တန်းတုန်းက ကိစ္စတွေဖြေရှင်းဖို့ လိုတယ်။ အဲဒီကိစ္စအတွက် ကံယံကံရှင် ကျနော်တို့ရဲ့

ပြည်သူတွေရဲ. ဒဏ်ခတ်ခြင်းကို ခံစားကြရလေသော အခါ သူတို.သည် လက်ပတ်အနီဝတ် အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို

ဆူးလေစေတီအနီးတွင် မတ်လ ၅ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသား များနှင့် ပြည်သူအချို့ကို အဓိကဖြိုခွင်းခဲ့သည့် လက်ပတ်အနီဝတ်အရပ်သားများ၌ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသားအချို့ ပါဝင်နေပြီး ၎င်းတို့ထဲမှ အချို့မှာ ဖြစ်စဉ်ကို ဂဃနဏမသိဘဲ လိုက်ပါခဲ့ရကာ ကျောင်းသားများကို ရိုက်မိသည့်အတွက် ပြန်လည် တောင်းပန်လိုကြောင်း မိသားစုဝင်အချို့က 7Day Dailyအား ပြောသည်။
လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာ ပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင် သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံများက အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများ က ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။

‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြော တာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြပြီ။ လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်း ဆက်ဆံမှုမလုပ်ချင်ကြတော့ဘူး’’ဟု

လူမဆန်သောမြန်မာစစ်သွေးကြွတပ်တို့ဂျက်လေယာဉ်များဖြင့် MNDAAတပ်ပေါင်းစုကိုတိုက်ခိုက်ခဲ့

၇.၃.၂၀၁၅ ရက်နေ့လည် ၁.၀၀နာရီမှ ညနေ ၅.၀၀ ထိ လွန်ခဲ့သော ၆.၃.၂၀၁၅ ရက်တွင်တိုက်ပွဲဖြစ်သောနေရာ လောက်ကိုင်မှ ချင်းရွှေဟော် သို့ ဆင်းလာသော ကားလမ်း၊ လုံထန် အနီးရှိ စန်တာ့အိုင်ရှန် တောင်ရှိ MNDAA စုပေါင်းတပ် စခန်း အား မြန်မာစစ်သွေးကြွတပ်မ (၃၃) တို့ချေလျင် တပ်ဖြင့် တိုက်စစ်ဆင်ရာ မအောင်မြင်အကျအဆုံးများပြားသဖြင့် စစ်ဂျက်တိုက်လေယာဉ် (၄) စင်းဖြင့် (၁၀) ကြိမ်တိတိ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခဲ့ရာတွင် ၄င်းတို့တပ်မ (၃၃) စစ်ကြောင်းရှေ့ဆုံးနေရာ များသို့လည်းလက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့သဖြင့်မြန်မာစစ်သွေးကြွစစ်သားများအကြီးအကျယ်သေဆုံးကြရသဖြင့် ဟော်ဟစ် ပြောဆိုသံများကို အတိုင်းသားကြားရကြောင်း ရှေ့တန်းမှ သတင်းပေးပို့လာပါသည်။

ထူးခြားချက်မှာ မြန်မာစစ်သွေးကြွတပ်ဂျက်ဖြင့်လေကြောင်းပစ်ကူလုပ်ရာ တွင် နယ်စပ်မျဉ်းကို ကျော်ဖျတ်ပြီးတရုပ် နိုင်ငံ တွင်းမကြာခန ဝင်ရောက်ကာဂျက်လမ်းကြောင်းကိုပြန် ခေါက်ဦး လှည့်ယူခဲ့ကြောင်းနှင့် ၇.၃.၂၀၁၅ တွင် မြန်မာစစ်အစိုးရ ကိုယ်စာလှယ်များ ပေကျင်းသို့ သွားရောက်ပြီးပြန်လာရာ ယူနန်ပြည်နယ် ခွန်းမိန်မြို့သို့ ရောက်ရှိနေသော အချိန်နှင့်လည်း တိုက်ဆိုင် နေကြောင်းသိရသည်။

Source. BumLen Awng Trans.
‪#‎Col‬. Victor Aung

''ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးနေမှု စိုးရိမ်ပူပန်ကြောင်း အမေရိကန် ပြောပြီ''


လက်ပံတန်းမှာ ကျောင်းသား ၅ယောက်ကို ဖမ်းဆီးမှုအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးဖမ်းဆီးတာမျိုးတွေကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ဒီမိုကရေစီကိုဦးတည်တဲ့ အသွင်ကူးပြောင်းမှုမျိုး မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က မတ်လ ၆ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေးကို လေးစားလိုက်နာရမှာ
ဖြစ်ကြောင်း၊ ဒါဟာ ဘယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာမဆို အရေးကြီးတဲ့ အစိတ်
အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ ရွှေပြည်သာအလုပ်သမားသပိတ်၊ မြို့တော်ခမ်းမရှေ့က ကျောင်းသား
ဆန္ဒပြမှုနဲ့ လက်ပံတန်း ပင်မစစ်ကြောင်းက ကျောင်းသားတွေကို ဖမ်းဆီးရာမှာ အကြမ်းဖက်နည်းတွေနဲ့ အင်အားသုံးဖမ်းဆီးခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက စောင့်ကြည့်
နေချိန်မှာ အမေရိကန်ပြည်ထောင်စုက ပထမဆုံး စိုးရိမ်ပူပန်တယ်လို့ ထုတ်ဖော်ပြောဆို
လာတာဖြစ်ပါတယ်။

သတင်း-Kamayut Media

Sunday, March 8, 2015

မြန်မာလူငယ်တွေကို Obama ချီးကျူး



“မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲ သွားခဲ့ကြပါတယ်။"

အမေရိကန် အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမားပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ နှစ် ၅၀ ပြည့်အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမားပြောတဲ့မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။

“မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲ သွားခဲ့ကြပါတယ်။" လို့ သမ္မတအိုဘားမားက ပြောပါတယ်။

Saturday, March 7, 2015

လှည်းတန်းဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံး!


လှည်းတန်းမှာ လူထုက စွမ်းအားရှင်တွေကို အနီးကပ်စောင့်ကြည့်ပြီး ကျောင်းသားကို ဝိုင်းရံခဲ့ပြီ
ဆန္ဒပြပွဲ မစခင်မှာ ဒိုင်နာ ၃စီးနဲ့ စွမ်းအားရှင် ၅ဝလောက်ဟာ ကျောင်းသားဆန္ဒပြပွဲ မတိုင်ခင် နေ့လည် ၃နာရီလောက်မှာ လှည်းတန်းစိန်ဂေဟာအနီးမှာ ကားတွေရပ်ထားလိုက်ပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မာဇဒါဂျစ်နဲ့ရောက်လာပြီး အဲဒီလူအုပ်ကို ညွှန်ကြားချက်တွေ ပေးပြီး ကိုယ်ယောင်ဖျောက်၊ လူခွဲနေဖို့ ပြောပါတယ်။
ရပ်ကွက်နေပြည်သူတွေ၊ ဈေးသူဈေးသားတွေ ရာပေါင်းများစွာ လှည်းတန်းလမ်းမပေါ်ကို အကုန်ထွက်လာပြီး စွမ်းအားရှင်တွေကို စောင့်ကြည့်လိုက်ပါတယ်။
ကျောင်းသား ၄ဝလောက်ဟာ ၄နာရီခွဲမှာစိန်ဂေဟာထဲကထွက်လာပြီး ခွပ်ဒေါင်းအလံကိုလွှင့်လိုက်တယ်။
အကြမ်းဖက်မှုရပ်ဆိုတဲ့ ဗီနိုင်းကို ဖြန့်ချလိုက်တဲ့အချိန်မှာ အနီးအနားက ပြည်သူလူထု ၁ဝဝလောက်က ဝင်ရောက်ကြွေးကြော်ပြီး ကျောင်းသားဆန္ဒပြမှုနဲ့ ပူးပေါင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားတွေက တရားဟောပြီး Hledan Center ဆီဦးတည်လမ်းလျှောက်ချိန်မှာ ပြည်သူတစ်ထောင်လောက်ဟာ စွမ်းအားရှင် ၅ဝလောက်ကို စောင့်ကြည့်နေကြတဲ့အတွက် စွမ်းအားရှင်တွေဟာ ကိုယ်ယောင်ဖျောက်ပြီး ပျောက်သွားပါတယ်။
စိန်ဂေဟာဘေး လမ်းခြားထဲမှာ ရာနဲ့ချီစုဝေးနေတဲ့ စွမ်းအားရှင်တွေကို ဆန္ဒပြပွဲ ဖြိုခွင်းနှိမ်နင်းဖို့ လုံးဝထွက်မလာခဲ့ပါဘူး။
ပြည်သူလူထုအများစုက ကျောင်းသားဆန္ဒပြမှုကို မပူးပေါင်းဘဲ စွမ်းအားရှင်တွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားတွေဟာ Hledan Center မှာရှိတဲ့ အီးယူရုံးခန်းရှေ့မှာတော့ ကျောင်းသားတွေက မြန်မာရဲတွေကို လေ့ကျင့်သင်ကြားပေးတဲ့ အီးယူ (ဥရောပသမဂ္ဂ) ကို ကန့်ကွက်ရှုတ်ချပြီး စွမ်းအားရှင်နဲ့ ရဲတွေရဲ့ မတ်လ ၅ရက် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အီးယူမှာလည်း တာဝန်မကင်းဘူးလို့ ပြောပါတယ်။
အဲဒီမှာ ကမာရွတ်မြို့နယ် ထွေအုပ်အရာရှိနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရောက်လာပြီး ဥပဒေနဲ့ မညီညွတ်လို့ လူစုခွဲပေးဖို့ ပြောတယ်။
ကျောင်းသားတွေက ဆန္ဒထုတ်ဖော်ခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ ပြန်ပြောတဲ့အခါမှာ ရဲနဲ့ထွေအုပ်တို့ ပြန်လည်ထွက်ခွာသွားပါတယ်။
ကျောင်းသားတွေဟာ အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြမှုကို ရုတ်သိမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာ အနီးအနားက ပြည်သူထောင်နဲ့ချီပြီး လက်ခုပ်လက်ဝါးတီး အားပေးချိန်မှာပဲ လူစုခွဲ အဆုံးသတ်လိုက်ပါတယ်။
-
(ကမာရွတ်မီဒီယာသတင်းထောက်ရဲ့ မျက်မြင်ကိုယ်တွေ့မှတ်တမ်း)

အင်အားသုံးနှိမ်နင်းမှုအပေါ် တုံ့ပြန်ချက်


 Copy from - VOA Burmese

တရားဝင်ခွင့်ပြုမိန့်နှင့် ငွေပေးလူငှါးပီး လုပ်တာ ကြံ့ခိုင်ရေးက စိုးသိန်းပါ

Friday, March 6, 2015

ရဲနဲ့ စွမ်းအားရှင်တွေက လူမဆန်စွာ ဝိုင်းရိုက်တဲ့မြင်ကွင်း


လူကိုခွေးကိုက်ခံရပြီ


ဆန္ဒပြကျောင်းသားတွေအဖွဲ့ကို ပထမဦး စွမ်းအားရှင်တွေက စပြီးရိုက်ခဲ့တာ! နောက် ရဲတွေကပါ ဝင်ရိုက်ခဲ့တယ်! ဖြစ်စဉ်က အကြမ်းမဖက်ခင် ကျောင်းသားတွေက လက်ပံတန်းကသပိတ်စခန်းကို အကြမ်းမဖက်ဖို့ တောင်းဆိုဆန္ဒပြနေတာပါ… အကြမ်းမဖက်ဖို့ ဆန္ဒပြတဲ့ကျောင်းသားတွေကို ရဲနဲ့စွမ်းအားရှင်တွေက အကြမ်းဖက်နှိမ်နင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ!

ဒီနေ့ ရန်ကုန်မှာ ဟန်ဆောင် မျက်နှာဖုံးကွာကျသွားပြီ။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြချီတက်နေသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းတွင် တားဆီးထားသည့်အတွက် ရန်ကုန်မြို့တွင် ကျောင်းသားများကို အကြမ်းမဖက်ရ...န်နှင့် ကျောင်းသားပိတ် ထောက်ခံ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ရာ မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် မြို့တော်ခန်းမရှေ့ ပြုလုပ်သော ကျောင်းသားသပိတ် ထောက်ခံ ဆန္ဒပြပွဲကို အာဏာပိုင်များနှင့် လက်ပတ်နီဝတ် အရပ်သားများက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

မနီလာသိန်း၊မနုနုအောင်၊ကိုမျိုးသန့်  နဲ့ ဒီနေ့ ဖမ်းဆီး
သွားသူအားလုံးကိုခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးပါ။