Saturday, February 28, 2015
အောက်ဖော်ပြပါ ပုံအား သူ၏ ဖေ့စ်ဘွတ်တွင်တင်မိသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ပူးတွဲပါစာအရသိရှိရ
လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှာ တပ်မတော်ကို သရော်ထားတဲ့ ဖြတ်ညှပ်ကပ် ပြုပြင်ထားတဲ့ ဓာတ်ပုံ တခု ကို တင်မိလို့ မုံရွာမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်နေမျိုးကို အရေးပေါ် စီမံမှု အက်ဥပဒေနဲ့ မုံရွာမြို့မ ရဲစခန်းက အရေးယူလိုက် တယ် လို့ သတင်း ရရှိပါတယ်။
Wednesday, February 25, 2015
တိုင်းရင်းသားညီညွတ်ရေး ပြိုကွဲမှုရဲ့ အဓိကတရားခံ
ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က ဒီနေ့ ဒီလိုကျေညာလို့ အံ့သြမိတာမျိုး မရှိဘူး။ ခံပြင်းတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာမယ်လို့ ထင်မှတ်ခဲ့ပြီးသားပါ။ သူ့ကို UNFC ဥက္ကဋ္ဌကိုယ်တိုင်က အောက်ကျို့ခံပြီး သူ့ဌာနချုပ်မှာ သွားတွေ့ရတယ်ဆိုကတည်းက မဟုတ်ခဲ့တာပါ။ နောက်ပြီး NCA အတွက် NCCT က ကြိုပမ်းနေတဲ့အချိန်မှာ သီးခြားအနေနဲ့ ရန်သူနဲ့ ကတိကဝတ် ပြုသွားခြင်းဟာ သစ္စာဖောက်သူတို့ရဲ့ အလုပ်တစ်ခုမျှသာ ဖြစ်တယ်။
အဲဒီလို ကတိကဝတ်ပြုပွဲမှာ KNU အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးခဲ့ပေမဲ့ KNU ကတော့ သူတို့ခေါင်းဆောင်နှစ်ဦးရဲ့ သဘောထားမျှသာ ဖြစ်ကြောင်း ကျေညာချက်ထုတ်ခဲ့ပြီး တိုင်းရင်းသား လူမျိုးများအချင်းချင်း စုစည်းညီညွတ်မှုကို သက်သေပြခဲ့ပါတယ်။ နောက်ပြီး မြန်မာ့တပ်မတော်က ကရင်အဖွဲ့အစည်းများရဲ့ နာမည်အချို့ကို အသုံးချပြီး ကိုးကန့်စစ်ပွဲမှာ သူတို့ဘက်က တရားကြောင်း သက်သေပြဖို့ ကြိုးစားကြရာ DKBA က နည်းနည်းတော့ နောက်ကျပေမဲ့ ကျေညာချက်ပြီး သူတို့ရပ်တည်ချက် မပြောင်းလဲကြောင်း တိုင်းရင်းသားတွေကို အသိပေးခဲ့ပါတယ်။ ကိုးကန့်ကို ဘဝတူ တိုင်းရင်းသား ဖြစ်တယ်လို့ DKBA က သဘောထားသလို တိုင်းရင်းသားလူမျိုးတိုင်းကလည်း သဘောထား ကြပါတယ်။
ဒီအချိန်မှာပဲ RCSS ခေါင်းဆောင်က အစိုးရထောက်ခံတဲ့စကား၊ NCCT ကို ပစ်ပယ်တဲ့စကား၊ တာဝန်မဲ့စကားကို ပြောလာပါတယ်။ ဒါကြောင့် UNFC ညီလာခံကနေ KNU နုတ်ထွက်ခဲ့တဲ့အဖြစ်၊ အစိုးရနဲ့ ကတိကဝတ်ပြုခဲ့တဲ့အဖြစ်၊ နေပြည်တော်ကို ချောင်းပေါက်အောင် သွားခဲ့တဲ့အဖြစ်တွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ အားလုံးက ဘွားခနဲ တွေ့လိုက်ရပါပြီ။
မိမိက ရဲရဲဝံ့ဝံ့ ပြောလိုက်မယ်။
"ဇင်းမယ်မြို့မှာ ရှိတဲ့ ဟန်ယောင်ဝေရဲ့ ဌာနချုပ် Pyidaungsu Institute ပါပဲ။"
ငြင်းဆိုလိုသူတွေ ရှိက CB မှာ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုကြပါရန်။
(မှတ်ချက်-မိမိအာဘော်မျှသာ)
U Ravika
ရာဇ၀တ်မှု့တွေ အထပ်ထပ် ကျူးလွန်နေတဲ့ ဗမာ့တပ်မတော်
လက်ပြန်ကြိုးတုပ်ပြီး စစ်တပ်မှ အနီးကပ် ပစ်သတ်ခြင်းခံထားရသည့် အရပ်သားပြည်သူများ။
(ဓါတ်ပုံ ကိုကျော်နိုင်စိုး)
လောက်ကိုင်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အခါ အရပ်သားတွေကို မသင်္ကာတာနဲ့ ဖမ်းပြီး သတ်၊ မဲမဲမြင်တာနဲ့ ကြောက်လန့်ရင်း ပစ်တာနဲ့ သေသွားတဲ့ အရပ်သားတွေရဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံတကာ ရာဇ၀တ်မှု့ မြောက်ကြောင်း လူတိုင်း သိသလို၊ ဗမာ့တပ်မတော်ကလည်း ကောင်းကောင်းသိတဲ့အခါမှာ၊ ကြက်ခြေနီ အလံထောင်ခိုင်းပြီး သတင်းထောက်ပါတဲ့ ကားကို လောက်ကိုင်က ထွက်တာနဲ့ လမ်းတလျှောက်မှာ တာဝန်ယူထားတဲ့ ဗမာ့တပ်မတော်သားတွေကို သတင်းပေး ပစ်ခိုင်းပြီး ကြက်ခြေနီအဖွဲ့နဲ့ သတင်းထောက်တွေကို သူပုန်တွေက ပစ်တယ်ဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် နိုင်ငံတကာရာဇ၀တ်မှု့တွေကို ထပ်ပြီး ကျူးလွန်နေတဲ့ အချက်အလက်တွေ ရရှိထားပါပြီ။
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲပြင်းထန်နေဆဲ ယနေ့တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းတပ်မတော် လှုပ်ရှားရာနယ်မြေ ကုန်းကြမ်း-လောက်ကိုင်ဒေသ၊ တာရွှေထန် အနီးတွင် ယနေ့ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀း၀၀ နာရီမှ ၁၁း၀၀ အထိ တအာင်းတပ်မတော် ဗျူဟာ(၅) လက်အောက်ခံ တပ်ရင်း (၄၄၇)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
 တာမိုးညဲမြို့နယ်ခွဲနှင့် မုံးစီးအကြားတွင်လည်း ၁၂း၄၅မှ ၁၃း၃၀ နာရီအထိ တအာင်းတပ်မတော် ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း (၅၇၁)နှင့် မြန်မာ့တပ်မတော်တို့ ဒုတိယအကြိမ် တိုက်ပွဲဆက်လက်ဖြစ်ပွားရာ မြန်မာ့တပ်မတော်ဖက်မှ (၃) ဦးကျဆုံးသည်။ တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA
ပင်လုံစာချူပ်ပါ အချက် (၉) ချက်
ပင်လုံစာချူပ်ပါ အချက် (၉) ချက်
 ၁ - ၀န်ကြီးဟာ နယ်စပ်ဒေသက တိုင်းရင်းသား လူမျိုးဖြစ်ရမယ်။...
၂ - ၀န်ကြီးရဲ့လက်ထောက်နှစ်ဦးကလည်း နယ်စပ်ဒေသက မတူညီတဲ့တိုင်း၇င်းသား ၂ ဦးဖြစ်ရပါမယ်။
၃ - ဒီဝန်ကြီး ၃ ပါးစလုံးဟာ နိုင်ငံတော်အစိုးရရဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခွင့် ရှိတယ်။
၎ - ဒါပေမယ့် သူတို့မဲထဲ့မယ်ဆိုရင် သူတို့ ၃ ယောက်ထဲမှာ တစ်မဲပဲ ထည့်ရမယ်။
၅ - နယ်စပ်ဒေသ တိုင်းရင်သားတွေ ကိုယ်ပိုင်အုပ်ချူပ်ခွင့် အပြည့်အ၀ရှိရမယ်။
၆ - မြစ်ကြီးနားခရိုင် နဲ့ ဗန်းမော်ခရိုင်ကို ကချင်တောင်တန်း ဒေသနဲ့ ပေါင်းထည့်ပြီးတော့ ကချင်ပြည်နယ် အဖြစ်သတ်မှတ်တယ်။
၇ - တောင်တန်းဒေသဟာ ဒီမိုကရေစီနိုင်ငံမှာကဲ့သို့ အခွင့်အရေးနဲ့ အထူးအခွင့်အရေးများ အပြည့်အ၀ခံစား ခွင့်ရှိရမယ်၊ ဆိုလိုတာက အခွင့်အရေးနဲ့ အထူးအခွင့်အရေးဆိုတာက ဒီမိုကရေစီ စနစ်ဆိုရင်လဲ ဒီမိုကရေစီအခွင့်အရေးအပြည့်အ၀ ရရှိရမယ်။
၈ - ငွေကြေးသုံးစွဲမှုနဲ့ ပတ်သတ်ပြီး သျှမ်းပြည်ရဲ့ဝင်ငွေတွေကို မထိခိုက် မနစ်နာစေရဘူး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို မြန်မာပြည်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ်။
၉ - ငွေကြေးရှာဖွေသုံးစွဲမှုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်ရတဲ့ အချိန်အထိ (သျှမ်းပြည်လို ကိုယ်ခြေပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အချိန်အထိ) ကူညီပံ့ပိုးပေးသွားမယ်။။
ထိုပြင်ပင်လုံစာချူပ်တွင် မပါရှိသော အရေးပါသည့်အချက်တစ်ချက်မှာ လွတ်လပ်ရေးရပြီး (၁၀)နှစ် အကြာတန်းတူညီမျှမှုမရှိပါက ခွဲထွက်ပိုင်ခွင့်ရှိသည် ဟူရ်ျ ဗိုလ်ချူပ်အောင်ဆန်းက တိုင်းရင်းသား ခေါင်းဆောင်များအား နှုတ်ကတိပေးခဲ့သည်။ အဆိုပါကတိအား ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲထားပါသည်။
သျှမ်းသံတော်ဆင့်မှ ကူးယူဖေါ်ပြပါသည် ။ ။
မြန်မာစစ်သွေးကြွ စစ်လော်ဘီ ကောက်ကျင့် စဉ်းလဲ ယုတ်မာမှုအပေါ် အမျက်ဒေါသထွက်သော D.K.B.A ဂလိုထူးဘောစစ်ဌာနချုပ် က ကြေညာချက်
အင်တာနက် သတင်း မီဒီယာများတွင် ထွက်ပေါ်နေသော DKBA မှ အစိုးရတပ်နှင့် ပူးပေါင်းပြီး MNDAA ခေါ် ကိုးကန့်တော်လှန်ရေးအား တိုက်ခိုက်မည် ဆိုသည်မှာ လုံးဝ မဟုတ်မမှန်ကြောင်းနှင့် MNDAA ခေါ် ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့သည် မိမိတိုနှင့် ဘဝတူ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် ၄င်းတို့၏ အမျိုးသားဆိုင်ရာ အခွင့်အရေးအတွက် ခိုင်မာစွာ ရပ်တည်နေသည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာအစိုးရ ကောက်ကျင့်ယုတ်မာမှုကြောင့် မဟာမိတ် တော်လှန်ရေး နိုင်ငံရေး အဖွဲအစည်းအသီးသီးနှင့် မိဘပြည်သူများ မိမိတို့အပေါ် နားလည်မှု မလွဲကြပါရန် တောင်းပန်အပ်ပါသည်။
ကိုးကန့်တပ်ဖွဲ့ ခေါ် MNDAA သည် မိမိတို့ နည်းတူ တိုင်ရင်းသား လူမျိုးစု တစု ဖြစ်သည်ကို ပြည်သူအများ သိရှိပါရန် ကြေညာအပ်ပါသည်။
Tuesday, February 24, 2015
ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား .......
Monday, February 23, 2015
ကိုးကန့်  ပြသနာဖြေရှင်း နည်း
(တရုပ် ပါတာလား။ တရုပ် အစိုးရပါတာလား ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပါ။ ဦးအောင်မင်းေ ဖဖေါ်ဝါရီလ ၁၉ ရက်နေ့  ဒီဗွီဘီ အင်တာဗျုးမှာ တရုပ်အစိုးရ မပါဘူးလို့ ပြောထားတယ်။ ဗိုလ်မြထွန်းဦးက ပါ တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ။ ပြန် ညှိကြပါဦး။ )
...
ကိုးကန့်  ပြသနာမှာ တရုပ်က ပါဝင် ပတ်သက်နေတယ် လို့  ဗိုလ်ချုပ်မြထွန်းဦးက သတင်းစာ ရှင်းလင်းပွဲ မှာ ဖေါ်ထုတ်သွားတာကို သိရပါတယ်။ တရုပ် ပြည်က ပါဝင်နေတယ်ဆိုရင် အကြံပေးခြင်တာကတော့ -
က. တရုပ်သံအမတ်ကို ခေါ်ယူသတိပေးပါ။
ခ. နိင်ငံတကာသံတမန် တွေကို ဒီအကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ပါ။
ဂ. ကုလသမဂ ကို တိုင် ကြားပါ။
ဃ. တရုပ် က မြန်မာ ပြည်မှာလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုယာယီရပ်ဆိုင်းပါ။
 ဒီပြသနာကို ဦးခင်ညွန့်  တို့ လက်ထက်ကလို့ ရပ်ကွက်ထဲကပုံစံဖြေရှင်းလို့ မရပါ။ နိင်ငံတကာ အဆင့် ဖြေရှင်းဖို့ လိုတယ်။ တရုပ်တွေ စစ်သင်တန်း ၀င်ပေးတယ်ဆို တာနဲ့ လူဘိန်း ကြိုက် လုပ်လို့  ရတဲ့ခေတ် မဟုတ်ပါ။ အေဘီအက်စ်ဒီအက်ဖ်နဲ ကရင်ကိုလဲ နိင်ငံခြားသားတွေမကြာခန လာပြီး သင်တန်း ပေါင်းစုံပေးဘူးကြတယ်။ ဒါကို ဦးခင်ညွန့် အဖွဲ့  က စီအိုင် အေ က ကူညီနေတယ်လို့ သတင်းစာရှင်းလင်းပွဲ တွေမှာသာ ပြောရဲ ခဲ့တယ်။ အမေရီကန် သံရုံကို တခါမှာ ကန့် ကွက် စာပေးတာ ပြောတာ မကြားဘူးပါ။
စီအိုင်အေက ပေးနေ တယ်ပြောပြီး အမေရိကန် က အစိုးရကို၊ ကုလသမဂ ကိုတိုင်ရင် အရှက် ကွဲမှာပါ။ဘာဖြစိလို့လဲ ဆိုတော့ နိင်ငံခြားသားတွေက တဦးခြင်း ကိုယ်ခံစားချက်နဲ့ ကိုယ် အကျိုးနဲ့ ကိုယ် လာပေးကြတာ ဖြစ်တယ်။ သူတို့ နိင်ငံတွေကို ကိုယ်စားမပြုကြပါ။ သူတို့ နိင်ငံတွေရဲ့ပေါ်လစီမဟုတ်ကြပါ တရုပ်က တကယ်ပါရင် အထက် က အကြံပေးတဲ့အချက်တိုင်း ဆောင်ရွက်ဖို့  မြန်မာ တပ်မတော် ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်။
ရှေ့ တန်းရောက် ဒဏ်ရာရ တပ်မတော်သားတွေကို ကူညီကြ၊ အားပေးကြရုံ၊ ၀ါဒဖြန့် နေကြရုံနဲ့ တရုပ်ရဲ ကျူးကျော်မှုကို မခု ခံနိင်ပါ။ တရုပ်က မြန်မာ ပြည်ကို စီးပွားရေးအရ ၀ါးမျိုနေတာ ကြာပါပြီ။
မူးယစ် ဆေး ၀ါး
ကိုးကန့် လို့ တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေး တွေထုတ်လုပ်နေတာ ဟာ ဗိုလ်ချုပ် အဆက်ဆက်က ဒေသဖွင့်ဖြိုးရေးကို စေတနာမှန်မှန် မလုပ်ကိုင်ခဲ့တာ။ မမှန်ကန် တဲ့ပေါ်လစီ တွေကြောင့် ဖြစ်ပါတယ်။ ဒ်အပြင် ယာမားထုတ်လုပ်ရေးမှာ စစ်တပ်က ဗိုလ်ချုပ်တွေကို ယ်တိုင် ပါဝင် ပတ်သက်နေတာတွေကို ဖေါ်ထုတ် အရေးယူ ဖို့ လိုပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင် ဘယ်သူကမှ ယုံကြည်မှ မဟုတ်ပါဘူး။ ကိုးကန့် ကိစ မှာ တရုပ်က ပါတယ်လို့  စစ်တပ်က စွပ်စွဲရင် တရုပ်ကလဲ မြန်မာ က မူးယစ်ဆေးဝါးမှာ ပတ်သက်နေတာတွေကို အထောက်အထား တွေ ပြလာနိင်တာကိုလဲ ကြိုတင်စဉ်းစားထားဖို့ လိုတယ်။
တရုပ် ပါတာလား။ တရုပ် အစိုးရပါတာလား ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပါ။ ဦးအောင်မင်း ဖေဖေါ်ဝါ ရီလ ၁၉ ရက်နေ့  ဒီဗွီဘီ အင်တာဗျုးမှာ တရုပ်အစိုးရ မပါဘူးလို့ ပြောထားတယ်။ ဗိုလ်မြထွန်းဦးက ပါ တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ။ ပြန် ညှိကြပါဦး။
မိုးသီးဇွန် ။
Sunday, February 22, 2015
ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ UNFC ၏ သဘောထားထုတ်ပြန်ချက်
ရန်ကုန်အလုပ်သမားသပိတ်
အာဏာငတ်တဲ့လူတွေနဲ့ ... ထမင်းငတ်တဲ့လူတွေ
ဘယ်လူကနှောင်ကြိုးဖြတ်နိုင်မလဲဆိုတာကိုတော့
 မကြာမီမျှော်လို့ဘဲပြောလိုက်ချင်တယ်။
(၂၁.၂.၂၀၁၅)
ရန်ကုန်ရွှေပြည်သာစက်မှုဇုံတွင် စုပေါင်းပြီးသပိတ်တိုက်ပွဲဝင်နေသော သပိတ်မှောက်အလုပ်သမားများ မနေ့ ညနေပိုင်းက အကြမ်းဖက်ဖြိုခွင်းခံရ ပြီး အလုပ်သမားရာနှင့်ချီ ၍ အဖမ်းခံ ခဲ့ရသည် အလုပ်သမားများစွာ အကြမ်းဖက်ရိုက်နှက်ခံရသည် ယနေ့ နေ့လည်ပိုင်းတွင် အဖမ်းခံရသော အလုပ်သမား ၈ ဦးပြန်လည်လွတ် မြောက်လာပြီး အလုပ်သမားများစွာ ပျောက်ဆုံးလျက်ရှိနေပါသည်။ ယခု အခါ အလုပ်သမားသပိတ်များ ပြန် လည် စုပေါင်း၍ သပိတ်တိုက်ပွဲဆက် လက်ဆင်နွှဲနေကြပါသည်။ အလုပ်သ မား သပိတ်စခန်းအနီး ရဲတပ်ရင်း...များ အရပ်ဝတ်စွမ်းအားရှင်များ SB စရဖ များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပြင် ယူနီဖောင်းပြည့် ကြက်ခြေနီ တံဆိပ်တပ်လူအင်အား ၂၀၀ ခန့် ဖြင့် အသင့်စောင့်နေကြပါသည်။
ရန်ကုန်အလုပ်သမားစုပေါင်းသပိတ်
ရွှေပြည်သာ
တစ်ရက်အတွင်း တအာင်းတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွား
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် တအာင်းဒေသ၊ တပ်မဟာ(၁)နယ်မြေ နမ့်ခမ်းမြို့နယ်၊ မန်လုံကျေးရွာ အနီးတွင် နံနက် ၀၆း၃၀ နာရီတွင် အာင်းတပ်မတော်(TNLA) တပ်ရင်း (၁၁၂)နှင့် မြန်မာ့တပ်မတော်တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။...
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်မှ (၁၁) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရရှိသည်။
နံနက် ၁၀း၃၀ နာရီ အချိန်မှ ၁၁း၀၀ နာရီအထိတွင် သိန်းနီမြို့နယ်၊ နားတီးကျေးရွာအနီးတွင် တအာင်းတပ်မတော် တပ်ရင်း (၈၈၅/၆၆၁)နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
ညနေ ၁၄း၅၀ နာရီမှ ယခုချိန်အထိတွင်လည်း တအာင်းဒေသ၊ တပ်မဟာ(၂)နယ်မြေ၊ မိုင်းငေါ့မြို့နယ်ခွဲ၊ ကျောက်ဖြူလေးကျေးရွာနှင့် နားလွီကျေးရွာကြားတွင် တအာင်းတပ်မတော်(TNLA) တပ်ရင်း (၂၅၆/၅၂၇)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
ထို့အပြင် လောက်ကိုင်-ကုန်းကြမ်း ဒေသတွင်လည်း တအာင်းတပ်မတော်(TNLA)၊ MNDAA၊ AA တပ်ပေါင်းစုအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၀၆း၀၀ တွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၄၄၇)၊ MNDAA၊ AA တပ်ပေါင်းစုအဖွဲ့နှင့် လည်းကောင်း၊ နံနက် ၀၈း၄၅ နာရီတွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈)၊ MNDAA၊ AA တပ်ပေါင်းစု အဖွဲ့နှင့်လည်းကောင်း၊ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၉၁၉)၊ MNDAA၊ AA တပ်ပေါင်းစု အဖွဲ့နှင့် လည်းကောင်း နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း တိုက်ပွဲ (၆) ကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်မှ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက် လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။ ယခုကဲ့သို့ ထိုးစစ်ဆင်များပြားလာမှုကြောင့် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
ဒီလ အကြိုက်ဆုံး ကာတွန်း
Friday, February 20, 2015
ဒီတစ်ခါလည်း ပြည်သူတွေ အလိမ်ခံလိုက်ရပြန်ပြီ
၁။၂၀၁၅ ရွေးကောက်ပွဲအတွက် တရုတ်ကြောက်အစိုးရက တရုတ်ကို မုန်းတီးကြောင်း ပြချင်ကြတယ်။ (တရုတ်စီမံကိန်းတွေကြောင့် ပြည်သူတို့က သူတို့ကို မုန်းနေမှန်း သိကြတယ်)
၂။ သစ္စာဖောက်ခဲ့တာကို ဖုံးဖိလိုတယ်။ (ဖုန်းကြားရှင်က သူတို့နဲ့ ပထမဆုံး အပစ်ရပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက် သန်းရွှေခင်းကျင်းတဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံလို့ သူ့လက်ထောက်နဲ့ ပေါင်းပြီး တပ်မတော်က သစ္စာဖောက်ခဲ့တယ်။ အခု သူ ပြန်လာတော့ အဲဒီအကြောင်းပေါ်ကုန်မှာစိုးလို့ ဖုန်းကြားရှင်ကို နာမည်ဖျက်ထားနှင့်တယ်။)
၃။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် လုပ်ချင်တယ်။ (ဘိန်းကိစ္စနဲ့ ဖုန်းကြားရှင်ကို မောင်းထုတ်ခဲ့ပေမဲ့ ဖုန်းကြားရှင်မရှိတဲ့နောက်မှာ ဘိန်းထုတ်လုပ်မှုက ပိုများလာတာ ဖြစ်တယ်။ ဒါပေမဲ့ ကြက်ခြေနီကို ပစ်ပါတယ်ဆိုတဲ့အမှုနဲ့ ဖုန်းကြားရှင် ပြဿနတက်အောင် အကွက်ဆင်ချင်တယ်။ အမှန်မှာ ဒီလိုလုပ်ဖို့ မြန်မာသံအမတ်ဟောင်းတစ်ဦးက ပြီးခဲ့တဲ့အပတ်ကတည်းက အစိုးရကို အကြံပြုခဲ့ပြီဖြစ်တယ်။)
၎။ ဖုန်းကြားရှင်က သတိ(၃)ကြိမ် ပေးခဲ့တယ်။ ဘာကြောင့် အရပ်သားထိခိုက်မှု ရှိခဲ့သလဲ။ ဒါကတော့ ပြည်သူတို့နဲ့ ဖုန်းကြားရှင်ကြား ရန်တိုက်ပေးတာ ဖြစ်တယ်။ (မတိုက်ခင်တစ်လ၊ မတိုက်ခင် သုံးရက်၊ တိုက်တော့မဲ့ရက် မနက်(၆)နာရီမှာ သတိပေးခဲ့တယ်။ အဲဒီမှာ ကျန်နေခဲ့တဲ့ ကိုးကန့်တွေကို အစိုးရတပ်က ပစ်ခတ်ခဲ့တယ်။ မြန်မာတပ်ကတော့ ဗမာတွေကိုပဲ လုံခြုံရေး ပေးခဲ့တယ်။ ကိုးကန့်အရပ်သားတွေကို ပစ်ခတ်ခဲ့တယ်။ အခု ကြက်ခြေနီတွေထဲမှာ မသင်္ကာစရာတွေ ရှိနေနိုင်တယ်။ အဲဒီမှာ ရှိတဲ့ အရပ်သားတွေဆိုတာ ဘယ်သူတွေလဲ။ ဒီက သွားတဲ့ ကြက်ခြေနီတွေဆိုတာလည်း ဘယ်သူလဲ။ အကောင်းဆုံးက ကမ္ဘာ့ကြက်ခြေနီကို လွှတ်လိုက်ပါ။ အရပ်သားတွေ တကယ်ပိတ်မိနေခဲ့ရင်ပေါ့လေ။)
၅။ ပြဿနာက အစိုးရအလိုတော်ရိတွေက တရုတ်ပြည်ကွန်မြူနစ်ပါတီကို အပြစ်တင်နေပေမဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရက တိတ်တဆိတ်ဆက်ဆံနေမှုများ ရှိနေခ်ြငးပါပဲ။ (ဒါကို ဟန်တရုတ် ဖြစ်တဲ့ ဖုန်ကြားရှင်တောင် မကျေနပ်ခဲ့ဘူးလေ။ ခင်ဗျားတို့ နဂါးကြီးကို ရှိသမျှ ကျွေးပြီး ရေနဂါးဖုန်းကြားရှင်နဲ့ ခြောက်ပြတာ ရီစရာမကောင်းဘူးလား)
အစိုးရအလိုတော်ရိတွေက ဖုန်းကြားရှင်တပ်က ကြက်ခြေနီအဖွဲ့ကို ပစ်ခတ်ခဲ့တယ်လို့ တစိုက်မတ်မတ် စွတ်စွဲတယ်။ 7 Days ဆိုရင် ဒီသတင်းပဲ တင်တာ များတယ်။ အစိုးရနဲ့ တပ်ကို လုံးဝထောက်ခံတဲ့ ဂျာနယ်ဖြစ်သွားတယ်။ ရုပ်ရှင်အစည်းအရုံးကလည်း လောက်ကိုင်ကို သွားဖို့ ပြင်နေကြပြီ။ ဒါပေမဲ့ ဒီလူတွေဟာ ကချင်မှာ အစိုးရက အရပ်သားတွေကို သတ်ဖြတ်တုန်းက၊ မုဒိမ်းကျင့်တုန်းက၊ ရွာကို မီးရှို့တုန်းက၊ လိုင်ဇာဌာနချုပ်ရှိ ဗိုလ်လောင်းသင်တန်းပစ်ခံရတုန်းက တိုင်းရင်းသားတွေက စစ်အုပ်ချုပ်ရေး အုပ်ချုပ်ပြီး တက်လာသမျှဗမာ့တပ်မတော်ကို ရှင်းပစ်ပါလို့ ဘယ်သူကမှ မရေးခဲ့ကြဘူး။
ဒါဟာ အမှန်တရား ဖြစ်တယ်။ နောက်တစ်ခု ပြောချင်တယ်။ ဒီအုပ်စုတွေက ကျောင်းသားသပိတ် ဖြစ်တော့ ကလေးတွေ အေးအေးဆေးဆေး ပညာသင်ကြားနေတာကို မြင်ရတာ စိတ်ချမ်းသာလိုက်တာလို့ အဘဘောမနေသူတွေ ဖြစ်ကြတယ်။ ဒီမှာ ပြောင်ပြောမယ်။ ဒီတစ်ခါလည်း ပြည်သူတွေ အလိမ်ခံလိုက်ရပြန်ပြီ။
U Ravika
နှစ်ရက်အတွင်း ကိုးကန့်ဒေသခံတရာကျော်သတ်ဖြတ်ခံရ
ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၅။
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတပ်မတော် ထိန်းချုပ်ထားသည့် လောက်ကိုင် မြို့နယ်တွင် စစ်ဘေးရှောင် ရန် နေအိမ်မှ ထွက်ခွါသည့်ဒေသခံတရာကျော် ပစ်ခတ် သတ်ဖြတ်ခြင်းခံရသည် ဟု ဒေသခံ များကပြောသည်။
သျှမ်းပြည်နယ်အစိုးရ မှ ကိုးကန့်ဒေသအား အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာသည့်နောက်ပိုင်း ဖေဖေါ်ဝါရီ ၁၅ နှင့် ၁၆ ရက် အတွင်း စစ်ဘေးရှောင်ရန် နေအိမ်မှ ထွက်ခွါသည့် ဒေသခံ အသက် ၁၀ နှစ်မှ အသက် ၈၀ ကျော် ကြားက ကျားမ မရွေး လူတရာကျော် သတ်ဖြတ်ခံနေရ သည်ဟု ဒေသခံများက ပြောသည်။
“ တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ သွားတဲ့သူလဲ သတ်ခံရတယ်။ အိမ်ထဲပုန်းနေရင်လည်း တံခါးခေါက် ပြီး ရိုက်နှက်စစ်ဆေးတယ်။ တခြားေ ဒသ ကို စစ်ဘေးရှောင်ဖို့၊ အသုံးအဆောင် ပစ္စည်းလာယူတဲ့သူတွေလဲ အများ ကြီး သတ်ခံရတယ်။ ကျနော် အစ်မ ဆို သူ့သားနဲ့ အသတ်ခံရတယ်။ သူသားက ၁၁ နှစ်ဘဲရှိသေးတယ်။ ဗမာတပ်တွေဘဲသတ်တာ၊ အိမ်ကနေအထွက် လမ်းထိပ်နားမှာဘဲ ပစ်သတ်လိုက်တာ” - ဟု အထည်ဆိုင်ပိုင်ရှင် အားကွမ်း က ပြောသည်။
“ချင်းရွှေဟော် ကနေ လောက်ကိုင်အထိ အစိုးရတပ်ပြည့်နေတာဘဲ၊ သူတို့ဘဲ ထိန်းချုပ်ထားတာ။ လောက်ကိုင် မှာလဲ ဒကစ ရှိတယ်။ ကျနော်တို့တပ်က တကယ့်တောင်ပေါ်မှာဘဲ။ မြို့နားတောင် ကပ်လို့မရဘူး။ အဲဒီတပ် တွေကဘဲ အကြောင်းမရှိအကြောင်းရှာ တွေ့တဲ့သူတိုင်းကို ပစ်သတ်နေတာ။ အခု
Thursday, February 19, 2015
မြေမပေးဘဲထောင်ဒါဏ်၆လစီချလိုက်သော ပေါက်ကွဲသံများ
မိကျောင်းကန်ပြည်သူတွေ ဘိုးဘွားပိုင်မြေပြန်လည် တောင်းခံ ဆန္ဒပြ သပိတ်မှောက်ခဲ့သော ပြည်သူတွေကိုပုဒ်မ၁၈နှစ်မှုထပ် မြို့တော်ခန်းမတခါးကို ပိတ်ဆို့မှုနှင့် စည်ပင်ပုဒ်မ၄ခုဖြင့် မိကျောင်းကန် ပြည်သူကျား ၃ မ၁၁ ယောက် ပေါင်း ၁၄ ဦးတို့အား အလုပ်ကြမ်းနှင် ထောင်ဒါဏ် ၆ စီချ လိုပြီဟု  သတင်း ရရှိသည်
ဂိုလ်ရှယ်လေး
အိပ်နေတဲ့နဂါးကို သွားစတာမျိုး မဖြစ်စေလို
ကိုးကန့်နဲ့တိုက်ပွဲကို အစိုးရအနေနဲ့ တရုတ်ပြည်မကြီးနဲ့ ဖြစ်နေသလို ဆိုရှယ်မီဒီယာကတဆင့် ပုံဖော်ပြီး လူတွေရဲ့ တရုတ်အပေါ်မုန်းတီးစိတ်ကို အသုံးချပြီး ထောက်ခံမှူရယူတယ်။
မောင်တောက လူမျိုးရေးအဓိကရုမ်းမှာ ဘင်ဂါလီတွေနောက်မှာ ဘင်းဂလားဒေ့စစ်တပ် ရှိသလို ပုံဖော်ပြီး ရေရှည်စစ်ပွဲ နွှဲရမယ် လို့ သမ္မတရုံး ညွှန်မှူးကိုယ်တိုင် ပြောပြီး ပဋိပက္ခကို ပိုကြီးထွားစေ ပျံ့နှံ့စေခဲ့တယ်။
အခုတခါလည်း အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှု ပုံသဏ္ဌာန်ကို လှုံ့ဆော်တာ မလုပ်စေချင်ပါဘူး။ လုပ်တော့ လုပ်နေပါပြီ။ သိထားဖို့က နိုင်ငံတကာ စာမျက်နှာမှာရော စစ်ရေးအရရော အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ခိုက်ရင် အမြဲလိုလို ရှုံးခဲ့ရတာပါ။ ပြည်တွင်းမှာသာ ပြောရဲပေမဲ့ တကယ်တမ်း ပြောကြပြီဆိုရင် အမြဲလျှော့ပေးခဲ့ရတာပါ။
တရုတ်ကို သွားပြီး မထိတထိစပြီး လူမျိုးနွယ်တူ ကိုးကန့်ကို တရုတ်ပြည်မကြီး ထောက်ပန့်ရင် ပြသနာ သိပ်ကြီးပါလိမ့်မယ်။ နိုင်ငံရေးအရ ထောက်ခံမှူ လိုချင်လို့ လူမျိုးရေး မုန်းတီးမှူတွေ ဖော်ဆောင်ရင် တန်ဖိုးကြီးကြီးမားမား ပေးရနိုင်ပါတယ်။ ကိုးကန့်ကို တရုတ်တွေမို့ ပြန်သွား မောင်းထုတ်မယ် လေအမြောက်တွေ ပစ်ရင် ကိုးကန့်နယ်မြေကို တရုတ်တကယ် ထိပါးလာရင် ဘာလုပ်ကြမလဲ။
အိပ်နေတဲ့နဂါးကို သွားစတာမျိုး မဖြစ်စေလိုပါဘူး။
ဘင်းဂလားဒေ့ ရေတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး နိုင်ငံတကာ တရားရုံး အဆုံးအဖြတ်ကိုလက်ခံပြီး ရေပိုင်နက်အချို့လွှဲပေးလိုက်ရတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ပြည်တွင်းစစ်ကို ကျူးကျော်စစ်ဆိုပြီး လိမ်တာကို အမျိုးသားရေးစိတ်ကို အဆွခံရပြီး လူအများက လက်ခံလိုက်ကြတယ်။
တကယ်တော့ တရုပ်တွေရဲ့ စီးပွါးရေးလက်ဝါးကြီးအုပ်မှူရယ် ဗဟုသုတနည်းပါးတာရယ်ကို အခြေခံပြီး ပြည်သူတွေ လှည့်စားခံရ အသုံးချခံနေရတာပါဘဲ။
တကယ် ပြည်တွင်းရေး ပြသနာတွေ ဖွဲ့စည်းပုံအခြေခံဥပဒေပြသနာတွေ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ပြသနာတွေ ပြည်ပကျူးကျော်မှူကြောင့် နောက်ရောက်သွားအောင် လုပ်နေတာပါဘဲ။
May Popa
"တချက်ခုတ် သုံးချက်ပြတ်"
လောက်ကိုင်မှာယခုဖြစ်ပွါးနေသော ပြည်တွင်းစစ် သည် မူမှန်ခြင်း၊ ပုံမှန်ခြင်းမရှိသည်ကို မိမိလိုမြင် သည့် သူတွေ ပြည်တွင်း ပြည်ပ အများကြီးရှိပါ သည်။ ကိုးကန့်တရုတ်ဘိန်းတပ်ကို ထောက်ခံခြင်းမဟုတ် သလို ကွန်မြူနစ် တရုတ်နီကြီးကိုလည်း အားပေး ခြင်း မရှိပါ။
ဗမာပြည်တွင်မက တကမ္ဘာလုံးကို ဒုက္ခ ပေးနေသော တရုတ်နီကို အများမုန်းတာထက် ပိုရွံ ရှာ ပါသည်။ သို့သော် ဗမာစစ် အစိုးရကိုတော့ တရုတ်နီထက် ပိုမို စက်ဆုတ် ရွံရှာပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် ဗမာ့ တပ်မတော်သည် ဗိုလ်နေဝင်း အာဏာသိမ်း သည့် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းတပ် ဖြစ်ပြီးက တည်းက ယနေ့အထိ ပြည်သူအပေါ်ကောင်း တာ တခုမှ လုပ်ဆောင်ခဲ့ခြင်းမရှိပါ။ ကျောင်းသားသတ်၊ အလုပ်သမားသတ်၊ ပြည်သူ သတ်၊ တိုင်းရင်းသားတွေသတ်၊ ကုလားသတ် ၊ တရုတ်သတ် သတ်လာသည်မှာ နေ့စဉ် တရက် မှ မပျက်ခဲ့ပါ။ ယုံကြည်စရာ တကွက်မှ မရှိပါ။ မဆလ၊ နဝတ၊ နအဖနှင့် ယခု လက်ရှိ ဗိုလ်သိန်း စိန် လက်ထက်အထိ လူမပြောင်းသလို မူလည်း မပြောင်းပါ ဝတ်စုံ ပြောင်းပါသည်။ ကြားကောင်း အောင် ဒီမိုခံ၍ နံမည်သာ ပြောင်းပါသည်။
ဒီမို ကရေစီဆန်သော လုပ်ရပ် တခုမှ မရှိခဲ့ပါ။ ကလိမ်စေ့ ငြမ်းစင်၍ အာဏာကို လက်လွှတ် မသွားအောင် အမြဲ ကြံစည်နေသော မိစ္ဆာ စစ် အုပ်စုသာလျှင် ဖြစ်ပါသည်။ ဘာသာ တရား ရှိဟန် ဆောင်နေသော ဓမ္မန္တရယ်ကောင်တွေ သာလျှင်ဖြစ်ပါသည်။ တရုတ်ကြောင့် လယ်တီသိမ်ဖျက်သလို၊ သံဃာ ကိုလည်း မီးလောင်တိုက်သွင်းခဲ့ပြီး ရွှေဝါရောင် သံဃာ သပိတ်မှာ စစ်ဖိနပ်နဲ့ ခေါင်းနင်းတာ ၊ ဘုန်းကြီးကျောင်းတိုက်တွေ ဝင်စီးတာ၊ ဖမ်းဆီး နှိပ်စတ်တာ၊ ဖျက်ဆီးတာ၊ သတ်ဖြတ်တာ၊ ဓတ် တိုင်ကြိုးတုတ်ရိုက်တာ စသဖြင့် မျိုးစုံလုပ်ခဲ့တာ မကြာသေးခင်ကာလက ဖြစ်သလို ပြည်သူအများ မမေ့ကြသေးပါ။ ယခုလောလောလတ်လတ်ကို ဘုန်းကြီးကျောင်း ထဲ ဖိနပ်စီးထားသော မင်းအောင်လှိုင်ကို ထင်ထင် ရှားရှားမြင်နိုင်ပါသည်။ ၎င်းတင်မကပါ သန်းရွှေ တမိသားစုလုံး စီးသလို ဗိုလ်သိန်းစိန်လည်း စီးတာ လူတိုင်း မြင်ဖူးကြပါသည်။ ဒါဟာ ဘုန်းကြီးခွင့်ပြုလို့ ဘာလို့ အရေးမကြီးဘူး
ငိမ်းချမ်းရေးကတိ လက်မှတ်ရေးထိုးမှု ကေအန်ယူအတွင်း ပြန်ဆွေးနွေးမည်
ဓာတ်ပုံ - MPC
ပြည်ထောင်စုနေ့က “ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်”မှာ ကေအန်ယူကိုယ်စားလှယ်နှစ်ဦးက လက်မှတ်ထိုးခဲ့မှုဟာ ဗဟိုကော်မီတီဆုံးဖြတ်ချက်နဲ့ မညီတဲ့အတွက် အဖွဲ့တွင်း ဆွေးနွေးအဖြေရှာမယ်လို့ ကေအန်ယူက မနေ့က သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်မှာ သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်နဲ့ တပ်မတော်ဘက်က အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ တချို့က ကို်ယ်စား လှယ်တွေနဲ့ အတူ ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့အနက် ကေအန်ယူနဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ ကေအန်ယူ-ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ ၄ ဖွဲ့က လက်မှတ်ထိုးခဲ့ကြပါတယ်။
ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့က အချက် ၅ ချက်ပါ ကတိက၀တ်ထဲမှာ လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒီဆောင်ရွက်ချက်ဟာ ‘ကေအန်ယူအနေနဲ့ ပြည်ထောင်စုနေ့မှာ ကေအန်ယူ ကိုယ်စားလှယ် စေလွှတ်မှာဖြစ်သလို ဒီနေ့မှာ အစိုးရဖက်က တစုံတရာထုတ်ပြန်ကြေညာရင် ကေအန်ယူနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး လက်ခံနိုင်တဲ့ သဘောထား ဖြစ်ရမယ်’ လို့ ဖေဖော်ဝါရီလ ဆန်းပိုင်း ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ကနေ သွေဖီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ကေအန်ယူဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ထောက်ပြပြီး ကေအန်ယူတဖွဲ့လုံးက လက်မခံဘူးလို့ ပြောပါတယ်။
သူက “ဆုံးဖြတ်ချက်တုန်းကတော့ လက်မှတ်ထိုးဖို့ မရှိဘူးပေါ့လေ။ ဟိုမှာ အစည်းအဝေး သွား ပြီးတော့ ဆွေးနွေးတဲ့အပေါ်မှာ ပူးပေါင်း ထုတ်ပြန်ချက် ထုတ်နိုင်တယ်။ နောက်တခြား တိုင်းရင်းသား အဖွဲ့တွေ အများစုပါမှ လုပ်လို့ရတယ်။ အခုကျတော့ ၂ ဖွဲ့ပဲဆိုရင်ကျမတို့ စိုးရိမ်ရ တယ်။ တခြားတိုင်းရင်းသားတွေ နားလည်မှုလွဲမှားမှာ ပြီးတော့ တစုတစည်းထဲသွားရမယ့်အစား ဒီလိုတဖွဲ့နှစ်ဖွဲ့နဲ့ဆိုရင် ကျမတို့ သွားနေတဲ့ တပြည်လုံးအပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရနိုင်ဖို့အတွက် အနှောင့်အယှက်ဖြစ်မှာ ကျမတို့ စိုးရိမ်လို့ဖြစ်တယ်ပေါ့။”
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့ လက်မှတ်ရေးထိုးရမယ့်အစား အစိုးရအနေနဲ့ တဖွဲ့ချင်းစီ လက်မှတ်ထိုး ခိုင်းတဲ့အတွက် တိုင်းရင်းသားတွေချင်းချင်း နားလည်မှု
ကိုးကန့်နယ်ခြားစောင့်တပ် ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း
kokang Reuters
အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်းဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က တပ်ရင်းတစ်ခုလုံး သူတို့အဖွဲ့နဲ့ လာရောက်ပူးပေါင်း ခဲ့တယ်လို့ ကိုးကန့်တိမ်းရှောင်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားနေစဉ်ကာလမှာ ပူးပေါင်းကြတာဖြစ်ပြီး ပူးပေါင်းတဲ့ အင်အား၊ လက်နက် အပါအ၀င် အသေးစိတ်ကိုတော့ ဦးထွန်းမြတ်လင်းက ဖြေကြားခြင်းမရှိပါဘူး။
ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်တပ်ဟာ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကို ငြင်းဆန်ခဲ့အပြီးမှာ အစိုးရက မူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး တပ်မတော်က တိုက်ခိုက် မောင်းထုတ်ခဲ့တာဖြစ်ပြီး ကိုးကန့် အင်အားစုတချို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့ကြပါတယ်။
Copy from - DVB
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ "မြန်မာ" ဟု ခံယူစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီး၏ ရပ်တည်မှု သဘောထား များအပေါ် စာနာပါကြောင်း၊ အားလုံးက တူညီသောစိတ်ဖြင့် မြန်မာစိတ်မွေးကြပြီး မြန်မာဟု သာ ခံယူစေလိုပါကြောင်း၊ နိုင်ငံတစ်ခုတွင် ညီညွတ်သော အင်အားရှိရန် လိုကြောင်း၊ စုစည်းညီညွတ်မှုရှိမှသာ ကမ္ဘာတည်သရွေ့ မြန်မာဟူ၍ ရပ်တည်နိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့၏ ကောင်းသောအမွေကို လက်ဆင့်ကမ်းပေးနိုင်ရန် ဆန္ဒပြုပါ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားကြောင်း အစိုးရ က ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်၊ ”၀“ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ -၂ (UWSA) ဗဟို ကော်မတီဝင် ဦးအောင်မြင့်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ-၄ ((NDAA) ဒုတိယ ဥက္ကဋ္ဌ ဦးစံလူ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/ KNLA (PC) မှ စောရင်နု၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (KKO) မှ စောမူရှေး၊ မွန်ပြည်သစ် ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) နာယက ဦးဆေးထင်၊ ချင်းအမျိုးသား တပ်ဦး (CNF) ဗဟို ကော်မတီဝင် ဒေါက်တာ ရွှေခါးရ်၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) ဗဟို ကော်မတီ ဝင် ဒေါ်စောမြ ရာဇာလင်း၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်း၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K)မှ ဦးကျော်ဝမ်းစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းရင်းမြစ် - ဧရာဝတီ
Wednesday, February 11, 2015
မျှော်မှန်းသလောက် ခရီးမပေါက်သေးသော ပြည်တွင်း ငြိမ်းချမ်းရေး
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်း ထားချက်ဟာ ပျက်ပြယ်သွားပါပြီ။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ဘက်က အတည်ပြုလိုက်ပြီ ဖြစ်သလို အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်ကလည်း အတည်ပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့မှာ လက်မှတ် မထိုးဖြစ်တဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းကတော့ အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ အချက်တွေ ကျန်ရှိနေသေးပြီး အဲဒီ အချက်တွေကို ဖြေရှင်းရမယ့် ၇ ကြိမ်မြောက် အစည်းအဝေးကြီး ကျင်းပဖို့
TNLA နဲ့ တိုက်ပွဲမှာ အစိုးရတပ်က လေယာဉ်အသုံးပြု.
အစိုးရ စစ်တပ်က ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့တိုက်ပွဲမှာ ရဟတ်ယာဉ် အသုံးပြုပြီး တိုက်ခိုက်တဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာ အနီးမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေ ၅ နာရီခန့်မှာ ပစ်ခတ်နေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိသလို ဒေသခံတချို့သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ထောင်နဲ့ ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်တွေစွန့်ခွာပြီး မိုးမိတ်နဲ့ မိုးကုတ်မြို့တွေပေါ်မှာ စစ်ဘေးခိုလှုံနေကြရပါတယ်။
ရုပ်သံ မှတ်တမ်း - TSYO
လောက်ကိုင်ဒေသတွင် MNDAA/TNLA/AA ပူးပေါင်းတပ်နှင့် မြန်မာစစ်တပ်တိုက်ပွဲများ ပြင်းထန်
ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၅ ခု။
လောက်ကိုင်၊ ချင်မာလင်ဒေသတွင် နံက် ၂း၃၀ စတင်ပြီး နံက် ၈း၃၀အထိ ကိုးကန့်တပ်ရင်း (၂) တအာင်းတပ်မတော် တပ်ရင်း(၉၁၉) ၊ ရခိုင်တပ်မတော်စစ်ကြောင်းတိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် နောင်ကော်ရွာအနီးတွင်တွင် MNDAA တပ်၇င်း (၁၇)နှင့် TNLA တပ်ရင်း (၄၄၇)၊ရခိုင်တပ်မတော် စစ်ကြောင်းတို့သည် နံနက် ၈း၃၀ စတင်ပြီး ယခုသတင်းရေးသားချိန်ထိ ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
နေ့လည် ၁၂း၀၀တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဟတ်စကီး (၃)စီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားပူးပေါင်းတပ်များရှိရာသို့ ပျံဝဲပြီး ယခုသတင်းရေးသားအချိန်ထိ (၃)ကြိမ် ဗုံးကြဲသွားကြောင်း တစ်ကြိမ်လျင် အနည်းဆုံး (၈)လုံးခန့် ဗုံးကြဲတိုက်ခိုက်သွားကြောင်းသိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Saturday, February 7, 2015
တိုက်ပွဲကြောင့် ရွာသားများ သေဆုံးဒဏ်ရာရ၊၂၀၀၀ ကျော် ထွက်ပြေး
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရတပ် နဲ့ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေ သေဆုံးဒဏ်ရာရကြသလို  ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေ လည်း ထောင်ချီ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက် နဲ့ ၃ ရက်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေ ယာဉ်ပေါ်ကနေ ပစ်ချတဲ့ ကျည်ဆန်ကြောင့်  ကိုယ်ဝန်ဆောင်မိခင် ၁ ဦးနဲ့ ရွာသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး နဲ့ လူကြီး ၁ ဦး ဆေးရုံပို့ထား ရတယ်လို့  တအာင်းအမျိုး သမီးအဖွဲ့အစည်း အထွေအထွေ အတွင်းရေးမှူး ဒီဒီပို့ကျိန်းက ပြောပါတယ်။
TNLA
“၃ ရက်နေ့တိုက်ပွဲမှာ ပန်ထိကဆိုတဲ့ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။ နောက် အဲဒီရွာကပဲ တခြားအမျိုးသားတယောက်လည်း ဗိုက်မှာဒဏ်ရာရပြီးမှ သေဆုံးတယ်။ ကလေး ၂ ယောက်ကလည်း ဗိုက်မှာထိတယ်။ မြတ်စေတနာလူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကို ခေါ်သွားပါတယ်၊ နောက်ထပ်ရွာသား တယောက်က မိုးကုတ်ဆေးရုံမှာ။”
ဒါ့အပြင် မိုးကုတ် နဲ့ မိုးမိတ် မြို့နယ် ၂ ခုကြားက ရွာတွေဖြစ်ကြတဲ့ လွယ်ဆာ၊ လွယ်လင်၊ ပန်ခါ၊  ရွှေညောင်ပင် ဆိုင်လင်၊ လွယ်ဟိန်း၊ ပိန်းပျစ်၊ ပန်တင်ဟုန်း၊ ပန်ထိက  စတဲ့ ရွာက လူတွေလည်း တောထဲကို တချို့၊ မြို့ပေါ် ဘုန်းကြီးကျောင်းတွေကို တချို့ ထွက်ပြေးလာတယ်လို့ သူကဆက်ပြောပါတယ်။
ထွက်ပြေးလာတဲ့ ရွာသားပေါင်း ၂  ထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး မိုးကုတ် အရှေ့ရွာ ဘုန်းကြီးကျောင်း၊ လယ်ဦးအောင်တော်မူ၊ ပိတ်စွယ်၊ ညောင်လေးပင်၊  ရှမ်းကျောင်း၊ ဘုရားငါးဆူ နဲ့ အောင်မင်္ဂလာ အစရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ၀င်ရောက်ခိုလှုံနေတယ်လို့ သူကဆက်ပြောပါတယ်။
ရွာသားတွေအတွက် စားနပ်ရိက္ခာကို ဘုန်းကြီးကျောင်း၊ မိုးကုတ်မြို့ခံတွေနဲ့ ကြက်ခြေနီ၊ မြို့နယ်အုပ်ချုပ်ရေးဌာနအပြင် လူမှုရေးအဖွဲ့အစည်းကလည်း လာရောက်ထောက်ပံ့ လှူဒါန်းကြ တယ်လို့ ဆိုပါတယ်။
မြို့ပေါ်မရောက်ဘဲ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ တောထဲမှာ၊ လယ်တဲတွေမှာ သွားနေနေကြတဲ့ ရွာသားတွေလည်း ရှိတယ်လို့ ဒီဒီပို့ကျိန်းက ပြောပါတယ်။
မိုးကုတ်မြို့နယ် ကတွတ်သျှို ရွာဦးကျောင်းတိုက်က ဆရာတော် ဦးအာစရကလည်း တောထဲမှာ ရှိတဲ့ ရွာသားတွေကို သွားရောက်ကယ်ထုတ်ခဲ့ကြောင်း မိန့်ပါတယ်။
“ရွှေညောင်ပင် နဲ့ ဆိုင်းလိင်ဆိုတဲ့ ရွာ ၂ ရွာက တိုက်ပွဲကြားမှာ ပိတ်မိနေတာလေ။ အဲဒါရွာသားတွေက မနေရဲဘဲ တောထဲထွက်ပြေးတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်ဆိုလို့ တိုက်ပွဲငြိမ်သွားတာနဲ့ ဦးဇင်းတွေက တောထဲကလူတွေလိုက်ခေါ်တာ၊ တရုတ်ရွာက တယောက်ဆို လယ်တောထဲမှာ ဒဏ်ရာတွေနဲ့ လဲနေတယ်။ သူ့လက်မောင်းနဲ့ ရင်ဘတ်မှာ ကျည်ဆန်ထိတယ်၊ သွေးထွက်လွန်ပြီး သတိမေ့သလိုဖြစ်နေတာ၊ ဆိုင်ကယ်နဲ့ တင်လာရတယ်။”
အဲဒီတရုတ်ရွာကပဲ ကျည်သင့်တဲ့ တခြား အမျိုးသားတဦး သေဆုံးသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
သူတို့ကျောင်းတိုက်ကနေ တဆင့် မိုးကုတ်ဆေးရုံကို ပို့ဆောင်ပေးရသူ လူနာ ၃ ဦးရှိပြီး နောက် ၂ ဦးက အခြားရွာ က လာတာလို့ ဆိုပါတယ်။
မိုးကုတ် – မိုးမိတ်ကားလမ်း အရှေ့ဘက်မှာ တပ်မတော်စစ်ကြောင်းက နယ် မြေရှင်း လင်းရေးလုပ်ရင်း ဖေဖော်ဝါရီ ၂ ရက် နဲ့ ၃ ရက်မှာ တီအန်အယ်လ်အေ တအာင်း တပ်နဲ့ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က စစ်သည် ၅ ဦး ကျဆုံး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ တီအန်အယ်လ်အေ က်က အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိ တယ်လို့  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
ဖက်ဒရယ်သဘောတူညီချက်ယူရန် ကမ်းလှမ်းချက် အစိုးရပယ်ချ
ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်ယူဖို့ တိုင်းရင်းသားတွေ ကမ်းလှမ်းထားတဲ့ ကိစ္စ အစိုးရဘက်က လက်မခံ ငြင်းပယ်လိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာကျရောက်မယ့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို ကတိက၀တ်ပြု ပါဝင်လက်မှတ်ရေးထိုးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ သမ္မတဦးသိန်းစိန်ထံ ကမ်းလှမ်းထားခဲ့တာပါ။
ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ ဦးအောင်မင်းက ယူအန်အက်ဖ်စီက တောင်းဆိုတဲ့ ပြည်ထောင်စုနေ့မှာ နိုင်ငံရေးကတိက၀တ်ဖြစ်မလားလို့ သတင်းထောက်တွေက မေးရာမှာ “ခင်ဗျားစဉ်းစားကြည့်လေဗျာ။ ဒီဘက်မှာက ၁၆ ဖွဲ့လေ။ အခု မေးကြည့်တဲ့အခါကျတော့ သူတို့ ၁၆ ဖွဲ့တောင်မှ ထပ်တူထပ်မျှမဖြစ်သေးဘူးဗျ။ ကျနော်တို့ဘက်မှာက ၃ ဖွဲ့ ကျနော်တို့ဘက်က ညှိလိုက်ရင် ရနိုင်တယ်။ အဲဒီတော့ ဒီလို အဖွဲ့တွေ များရင်တော့လည်း တဖွဲ့က သဘောမတူဘူး၊ တဖွဲ့က သဘောတူတယ် ဘာညာတွေက အခက်အခဲတွေအများကြီးရှိတယ်။ ဒါလေးတော့ နားလည်ပေးဖို့လိုအပ်တာပေါ့” လို့ပြော ပါတယ်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဟာ နိုင်ဟံသာခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (အန်စီစီတီ) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ဆွေးနွေးပွဲအပြီး ၀န်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ဒီကနေ့ဆွေးနွေးကြရာမှာ မနှစ်နှစ်ကုန်ပိုင်းကတည်းက ရပ်နားထားတဲ့ တပြည်လုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလလယ်ပိုင်းမှာ ဆွေးနွေးပွဲပြန်စဖို့ သဘောတူညီချက်ရပါတယ်။
ဦးအောင်မင်းက “သဘောတူညီချက်ရပါပြီ၊ (ဆွေးနွေးပွဲ ကျင်းပမယ့်ကိစ္စ)။ ရက်တော့ အတိအကျမရဘူးပေါ့။ ပြည်ထောင်စုနေ့အပြီး တပတ်အတွင်း ရန်ကုန်မြို့မှာ ကျနော်တို့ လုပ်ငန်းကော်မတီနဲ့ သူတို့အန်စီစီတီနဲ့ ဆွေးနွေးမယ်ဆိုတာ ရက်တော့ရပါတယ်။” တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၆) ဖွဲ့စလုံးကို လိပ်မူ ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။
ဦးအောင်မင်းတို့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်တဲ့ မူဘောင်တွေကို အန်စီစီတီဘက်ကို ပေးအပ်ခဲ့ပြီး အန်စီစီတီဘက်က မူဘောင်ကို လည်း ဦးအောင်မင်းတို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီမူဘောင်တွေမှာ ပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲကို ၂၀၁၄ စက်တင်ဘာလက ရန်ကုန်မှာကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ အမ်ပီစီအလုပ်အဖွဲ့နဲ့ အန်စီစီတီအဖွဲ့က နိုင်ဟံသာနဲ့ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်ပြီး ဗိုလ်မှုးစောလုံလုံ၊ ဦးထွန်းဇော်၊ ဗိုလ်မှူးကြီး ဆော်မွန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Copy from - DVB
Wednesday, February 4, 2015
မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် လွယ်ဆာရွာနှင့် အံ့ဖွယ်တောင်အကြား မြန်မာ့တပ်မ တော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံ များ သတင်းပေးပို့ချက်အရ သိရှိရပါသည်။
ဖေဖော်ဝါရီလ ၂ရက် ၂၀၁၅ တွင် နံနက်(၈)နာရီ မှ (၈)နာရီ မိနစ်(၂၀)ခန့် တစ်ကြိမ် ညနေ (၃) နာရီမှ (၅) နာရီထိ တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ဖောဖော်ဝါရီလ ၃ရက်၂၀၁၅ တွင်မူ နံနက် (၁၀) နာရီ မှ ညနေ (၂)နာရီ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၃) ရက်နေ့တွင်မူ စစ်ရဟတ်ယာဉ်ကြီးများဖြင့် ရောကတ် ဒုံးကျည် (၁၅)လုံး ပစ်ခတ်ပြီး မြေပြင်နှင့် ဝေဟင် ပူးပေါင်း စစ်ကြောင်းဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်းကြား သိရသည်။
မြန်မာ့တပ်မတော်ဘက်မှ တပ်မ နှစ်ခုပေါင်း ထားခြင်းဖြစ်ပြီး တပ်မ(၈၈) နှင့် တပ်မ(၇၇) နှစ်ခုစလုံး မိုးမိတ် အခြေစိုက် တအာင်းတပ်မတော်နှင့် ပစ်ခတ်မှုဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။
မန္တလေး အခြေစိုက် မြန်မာ့စစ်ကြောင်း ဘက်မှလည်း ၀င်ရောက် ကူညီအင်အားဖြည့်ခဲ့သေးကြောင်း ကြားသိရကာ စစ်ရဟတ်ယာဉ် (၄) စီးခန့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး၊ ခြေလျင်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် တစ်ရပ်စပ် ပစ်ခတ်နေကြောင်း ကြားသိရသည်။
ယခုအချိန်တွင် မိုးမိတ် လေယာဉ်ကွင်းအတွင်း ဂျက်လေယာဉ် (၃)စီးလည်း အရံသင့် ရပ်နားထားကြောင်းလည်း သိရသည်။ ယင်းပစ်ခတ်မှုကြောင့် မိုးကုတ် ပြည်သူ့ဆေးရုံတွင် လွယ်ဆာကျေးရွာမှ တအာင်းမိသားစု တစ်စု ထိခိုက်ခဲ့ပြီး မိခင်ဖခင်နှင့် ကလေး အပါ သားအမိ၊သားအဖ (၃) ဦး ထိခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
လွယ်ဆာ ကျေးရွာမှ ဒေသခံ (၅၈) ဦးခန့်လည်း ကျေးရွာ အပြင်ရောက်နေသဖြင့် လက်နက်ကြီးဘေးဒဏ်မှ လွတ်မြောက်ရန်အတွက် မိုးကုတ်မြို့ဘက်သို့ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် ထွက်ပြေး ခိုလှုံနေရကြောင်းလည်း ကြားသိရသည်။
ထို့အပြင် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ညနေ ၆ နာရီခန့်ဝန်းကျင်၌ စစ်အင်အား နှင့်လက်နက်အင်အား ဖြည့်တင်းရန်အတွက်အရေးပေါ် ဆင်းသက်၍ ဆက်လက် ထွက်ခွာသွားကြောင်း လည်းသိရသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် အချို့လည်း ထက်မံအင်အားဖြည့် လိုက်ပါသွားဟန် ရှိသဖြင့် စစ်တပ်သုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် အတော်များများ ညနေ (၇) နာခွဲ ထိ ဆက်လက် ပျံသန်းနေဆဲဖြစ်သည်။
ဒေသခံ လုံခြုံရေး အခြေအနေစိုးရိမ်နေရပြီး လွယ်ဆာကျေးရွာအတွင်း၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ ကိုအရေးပေါ် ရှာဖွေကြကာ ဘေးလွတ်ရာနှင့် လုံခြုံရာသို့ရွှေ့ပြောင်းထားရကြောင်းကြားသိရ သည်။
ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ရှိသောနှစ်ဘက် တပ်မှ ထိခိုက်ကျဆုံးမှုသတင်းကိုမူ ယခုထိ မသိရှိရ သေးပါ။
လူအခွင့်အရေးမှတ်တမ်းနှင့် သတင်းသုတေသနဌာန
သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းစဉ်
အရင်းအမြစ်--- TSYO
Tuesday, February 3, 2015
TNLA နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွားရာမှ မြန်မာတပ်မတော်မှ အထိနာသဖြင့် တိုက်ခိုက်ရေးလေယာဉ် (၃)စီး လာရောက် စစ်ကူပေး
ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၅ ခု ။
ယနေ့ မိုးကုတ်မြို့အနီး ပန်ထီလာရွာအနီးတွင် နံက် ၀၉း၄၅ မိနစ်ခန့်မှ စတင်ဖြစ်ပွားခဲ့သော TNLA တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲသည် ညနေ နေ၀င်မိုးချုပ်သည့်အထိ နှစ်ဘက်အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်နေလျက်ပြီး မြန်မာစစ်တပ်မှ အများအပြား ကျဆုံးသည့်အတွက် ညနေပိုင်း ၁၈း၀၀ နာရီခန့်တွင် တိုက်ခိုက်ရေး ဟယ်လီကော်ပတာလေယာဉ် (၃)စီးဖြင့် လာရောက် စစ်ကူပေးခဲ့သည်။
အဆိုပါ လေယာဉ် (၃)စီးအနက် (၂)စီးမှာ TNLA တပ်ရှိရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အခြားတစ်စီးမှာ ကုန်းဝိတ်လွယ်ဝိန်းရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တပြိုင်တည်းမှာပင် မိုးမိတ်လေယာဉ်ကွင်းသို့လည်း တိုက်ခိုက်ရေးဂျတ်လေယာဉ် (၃)စီး စစ်ကူပေးရန် လာရောက်ရပ်နားထားသည်။
ညနေ ၁၈း၀၀ နာရီမှ ၁၈း၃၀ အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညရီမှောင်လာသဖြင့် မိုးမိတ်မြို့သို့ သွားရောက်ရပ်နားခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားရာသို့ မိုးကုတ်အခြေစိုက်တပ်၊မိုးမိတ်အခြေစိုက်တပ်၊ မန္တလေးတောင်ခြေအခြေစိုက်တပ်များလည်း လာရောက် စစ်ကူပေးနေသည်။
ယခုသတင်းရေးသားတင်ပြသည့်အချိန်အထိ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Sunday, February 1, 2015
ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်နှင့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။
ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအကိုမောင်နှမများ ခင်ဗျား ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်နှင့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။
အမျိုးသား ပညာရေး ဥပဒေနဲ့ ပက်သက်လို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီကနေ့ ကျင်းပ
အမျိုးသားပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကျောင်းသားကိုယ်စားလှယ်များဘက်က တောင်းဆိုထားသော အချက် ၁၁ ချက်ကို စတင်မဆွေးနွေးမှီ အကြို ဆွေးနွေးမှုများအဖြစ် ကျောင်းသားကိုယ်စားလှယ်များက တင်ပြလာသော အချက် ၉ ချက်ကို ယခုပြုလုပ်လျက်ရှိသော လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် လတ်တလောဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ကျောင်းသား ကိုယ်စားလှယ်များဘက်က ဆွေးနွေးရန် တင်ပြတောင်းဆိုလာသော အချက် ၉ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဆွေးနွေးပွဲတစ်ကြိမ်ပြီးတိုင်း သဘောတူထုတ်ပြန်ချက်များ ပူးတွဲ ထုတ်ပြန်ရမည်
၂။ ဆွေးနွေးပွဲဆိုင်ရာအကြောင်းအရာများကို ပြည်သူလူထုသို့ လွတ်လပ်စွာသတင်းထုတ်ပြန်ခွင့် ပြုရမည်။
၃။ ဆွေးနွေးပွဲအတွင်း ညီတူညီမျှ တန်းတူအခွင့်အရေး ရှိရမည်။
၎။ သဘောတူညီမှုသည် ကျောင်းသားကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရမည်။
၅။ လက်ရှိဖွဲ့စည်းထားသော ကျောင်းသားဆရာ သမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာအသိအမှတ် ပြုရမည်။
၆။ ပညာရေးမူဝါဒနှင့် ဥပဒေများ နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ ဆရာဆရာမ ကိုယ်စားလှယ်များ ပါဝင်ရမည်။
၇။ ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမျှ သပိတ်နှင့်ပတ်သက်ပြီး အရေးယူခြင်းမပြုရ။
၈။ ကျောင်းသားပြည်သူများ ကျေနပ်သော ပညာရေးဥပဒေကြမ်း နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရက် (၃၀) အတွင်း ဆွေးနွေး ရရှိလာရမည်။
၉။ လွှတ်တော်မှ အတည်ပြုရာတွင်လည်း ကျောင်းသားထု၏ လိုလားချက်များနှင့် ကိုက်ညီမှု ရှိရမည်။
(ပုံစာ- ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲမှမြင်ကွင်းအချို့)
.
Credit : EMG