Friday, January 30, 2015

မျိုးဆက်သစ်တို. နိုးထကြလေပြီ

ယနေ. ကျောက်ပန်းတောင်းမြို.သို. အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် သပိတ်မှောက် ကျောင်းသား စစ်ကြောင်း ရောက်ရှိလာရာ ကျောက်ပန်းတောင်းမြို. အထက်တန်းကျောင်း အသီးသီးမှ ကျောင်းသား ကျောင်းသူများသည် မိဘအုပ်ထိန်းသူ များ၏ ကြည်ဖြူသော ခွင့်ပြုချက်ဖြင့် သပိတ်မှောက် စစ်ကြောင်းအတွင်း ပါဝင်လျက် အနာဂတ် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးရန် သပိတ်မှောက်နေကြစဉ်။
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီမှု ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးကြဖို့ UNFC တိုက်တွန်း


ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ မြန်မာသမ္မတကြီးမှူးတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောတူညီချက်ထိုးကြဖို့ ဆန္ဒရှိတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ဇန်နဝါရီ ၂၉မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားပြည်နယ်တွေကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက်ကို မြန်မာအစိုးရနဲ့ NCCT တို့ကြား သဘောတူရေးထိုးမယ်ဆိုရင် ယုံကြည်မှုတိုးလာနိုင်သလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA ကိုလည်း နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်နိုင်ကြမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကျောက်ပန်းတောင်းမြို့သို့ အရောက်တွင် သောင်းနှင့်ချီသော ပြည်သူများနှင့် အခြေခံ ပညာကျောင်းသူ၊ကျောင်းသားများကပါ ကြိုဆို



အမျိုးသားပညာရေးဥပဒေကို ခရီးရှည်ချီတက် သပိတ်မှောက်သော ကျောင်းသားများ ကျောက်ပန်းတောင်းမြို့သို့ အရောက်တွင် သောင်းနှင့်ချီသော ပြည်သူများနှင့် အခြေခံ ပညာကျောင်းသူ၊ကျောင်းသားများကပါ ကြိုဆိုခဲ့သည်။

၁၀ရက်မြောက် ခရီးရှည်ချီတက်သပိတ်မှောက်မှုအဖြစ် ယနေ့တွင် ပုပ္ပားမြို့မှ ထွက်ခွာ လာသော သပိတ်မှောက်ကျောင်းသားများမှာ မွန်းလွဲ ၂နာရီခွဲတွင် ကျောက်ပန်းတောင်း မြို့ AGTI ကျောင်းရှေ့သို့ရောက်ရှိပြီး ဟောပြောခဲ့သည်။

၎င်းတို့နှင့်အတူ AGTI ကျောင်းသားများက လိုက်ပါပူးပေါင်းပြီး မြို့ထဲသို့ဆက်လက် ချီတက်ရာ ထောင်သောင်းချီသောပြည်သူများက ကြိုဆိုပြီး မြို့ခံကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများပါ ပူးပေါင်းသပိတ်မှောက်နေကြောင်း 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

သပိတ်မှောက်ကျောင်းသားများမှာ ယနေ့ည ကျောက်ပန်းတောင်းမြို့၌ ညအိပ်ရပ်နားမည်ဖြစ်သည်။

သတင်းဓါတ်ပုံ-7Day News Journal

Thursday, January 29, 2015

ဝိ၀ါဒကွဲပြားနေသည့်သပိတ်ရပ်နားမည့်နေ.ရက်ကိစ္စဗကသ ဥက္ကဌ ကျော်ကိုကိုရဲ.ရှင်းလင်းချက်


ဝိ၀ါဒကွဲပြားနေသည့်သပိတ်ရပ်နားမည့်နေ.ရက်ကိစ္စ
ဗကသ ဥက္ကဌ ကျော်ကိုကိုရဲ.ရှင်းလင်းချက်
=======================================
ဒီသဘောတူညီချက်ပါ နံပါတ်လေးအချက်က ဆွေးနွေးပွဲလုပ်တဲ့နေ့မှာ သပိတ်ကိုရပ်နားထားမည်ဆိုတဲ့သဘောပြောတာပါ။သပိတ်လှန်နေတာ
လဲမဟုတ် သပိတ်ကိုလုံးဝနားမှာလည်းမဟုတ်ပါ။
ဆွေးနွေးပွဲရလဒ်ကောင်းမွန်မှု မကောင်းမွန်မှုအပေါ်မူတည်ပြီး ဆက်လုပ်
မယ့်အစီအစဉ်တွေကိုချမှတ်သွားပါမယ်။
သပိတ်စစ်ကြောင်းကိုယ်စား
ရဲဘော်ကျော်ကိုကို
ဥက္ကဌ
ဗဟိုလုပ်ငန်းကော်မတီ
ဗကသများအဖွဲ့ချုပ်

အရှိန်အဟုန် ကောင်းလာတေ့မှ ချက်ခြင်းကြီး ဆွေးနွေးပြလာတာ ပုံသဏ္ဍန် မမှန်

ကျောင်းသူကျောင်းသားတွေ တောင်းဆိုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့  ရက် ၆၀ အချိန်ပေးခဲ့တုန်းက ဘာလို့  အရေးတကြီး ဆွေးနွေးတာတွေ မလုပ်ဘဲ၊ အခုလို ကျောင်းသား သပိတ်စစ်ကြောင်းတွေ အရှိန်အဟုန် ကောင်းလာတေ့မှ ချက်ခြင်းကြီး ဆွေးနွေးပြလာတာ ပုံသဏ္ဍန် မမှန်ဖူး။

ပညာရေးဝန်ကြီးနဲ့  တိုက်ရိုက်ပြောဆိုရတာ၊ အမျိုးသားလွှတ်တော်က တာဝန်ရှိသူတွေနဲ့  တိုက်ရိုက်ဆွေးနွေးရတာ မဟုတ်ဘဲနဲ့  ကြားထဲက နိုင်ငံရေးပွဲစားဝန်ကြီး အောင်မင်းနဲ့  ပြောရတဲ့ အခြေအနေက ပုံသဏ္ဍန် မမှန်ဖူး။

နိုင်ငံတော်အလံကို ဖြုတ်ချတယ်ဆိုပြီး အမှုဖွင့်တာ နောက်ပိုင်းမှာ ဖမ်းဆီးဖို့  ကြိုတင်ပြင်ဆင်ထားတာ ပုံသဏ္ဍန် မမှန်ဖူး။ လမ်းခရီးတွေမှာ ခြိမ်းခြောက်လိုက်၊ လမ်းပိတ်ဆို့ လိုက်၊ ဖမ်းဆီးပြလိုက်၊ ပြန်လွှတ်လိုက်နဲ့  လုပ်ပြနေတာ ပုံသဏ္ဍန် မမှန်ဖူး။

ဒီလို ပုံသဏ္ဍန်မမှန်မှုတွေဟာ အာဏာရှင်တွေရဲ့  ကောက်ကျစ်ယုတ်မာမှုတွေနဲ့  နည်းလမ်းဟောင်းကြီးအတိုင်း တင်းမာမှုတွေ ဖြစ်လာရင် လေပြေသွေး ချော့မော့ပြီး အချိုသပ်မယ်၊ ပြီးရင် အင်အားတွေ ပြိုကွဲသွားအောင် သွေးထိုးဖြားယောင်းမယ်၊ အချိန်ဆွဲနည်းနဲ့  လုပ်လို့ ရအောင်နဲ့  အရှိန်အဟုန် ရပ်တန့် သွားအောင် ဆန္ဒထုတ်ဖော်မှုတွေကို ရပ်ခိုင်းမယ်၊ နောက်ဆုံးမှာတော့ ဦးစီးဦးဆောင်လုပ်နေသူတွေကို လူမသိ သူမသိဘဲဖြစ်ဖြစ် ဗြောင်ဘဲဖြစ်ဖြစ် ဖမ်းဆီးချုပ်နှောင်မယ်။

ချော့မယ်၊ အချိုသပ်မယ်၊ သွေးခွဲမယ်၊ သပ်သျှိုမယ်၊ မက်လုံးပေးမယ်၊ ဖြားယောင်းမယ်၊ အခွင့်အရေးတွေ ဗန်းပြမယ်၊ လမ်းကြောင်းလွှဲမယ်၊ အာရုံပြောင်းမယ်၊ ခြိမ်းခြောက်မယ်၊ အဓိကခေါင်းဆောင်သူတွေကို ဖမ်းဆီးမယ်၊ အများပြည်သူက အထင်လွှဲအောင် ဖန်တီးမယ်၊ လုပ်ကြံဇတ်တွေ ခင်းမယ်၊ ဇတ်လမ်းတွေ ဆင်မယ် ..

ဒီလို ယုတ်မာတဲ့ အကျင့်တွေ လုပ်ရပ်တွေကို လုပ်တာ လုပ်ခဲ့တာ လုပ်နေတာ အာဏာရှင်တွေရဲ့  လှည့်ဖြားမှုတွေမို့  ဒါတွေကို မြင်ဖို့ ၊ မယုံဖို့ ၊ တွန်းလှန်ကျော်ဖြတ်နိုင်ဖို့  လိုတယ်။

ဒီအတွက် ဆန္ဒဖော်ထုတ် ချီတက်နေကြတဲ့ လှုပ်ရှားမှုတွေကို ရပ်ပစ်လို့  မရဖူးဆိုတာ ပြောပြလိုတယ်။

အင်အားတွေကို အပြိုကွဲ မခံဘဲ လူထုအင်အားတစ်ရပ်လုံး ပါလာသည်အထိ ရှေ့ ဆက်သွားဖို့ ဘဲ ဖြစ်တယ်။

အာဏာရှင်တွေရဲ့  ကောက်ကျစ်ယုတ်မာ လှည့်ဖြားမှုတွေကို သိကြမြင်ကြပါ။



နစ်နေမန်း သတင်းနှင့် စုစည်းချက်

အစိုးရနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်များ ပူးတွဲကြေညာချက်ထုတ်ပြန်

Copy from - BBC Burmese

ကျောင်းသားသပိတ်အဖွဲ့ကို ထပ်မံတားဆီးမယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈
-
သပိတ်မှောက် ကျောင်းသားအဖွဲ့တွေကို ဒီနေ့လည်း ကျောက်ပန်းတောင်းနဲ့ တောင်သာနယ်ကြား မိုင်တိုင်အမှတ် ၄၂၃/ ၇ မှာ ထပ်မံတားဆီးမယ်လို့ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
-
ကျောင်းသားအဖွဲ့ ဝဲလောင် အနီးအနားက ရွာတစ်ရွာမှာ အိပ်ရင် လုံခြုံရေး အပြည့်အဝ ပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။
-
သပိတ်မှောက် ကျောင်းသားအဖွဲ့ဟာ ပုပ္ပါးအထိ ဆက်သွားဖို့ အစီအစဉ် ရှိပြီး သူတို့ ဖြတ်သွားမယ့် အချိန်ဟာ မှောင်ချိန်ရောက်နေပြီဖြစ်တဲ့အတွက် လုံခြုံမပေးနိုင်လို့ အခုလို တားဆီးဖို့ စီစဉ်ရတာလို့ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

The Voice Weekly

Wednesday, January 28, 2015

တွေ.ဆုံဆွေးနွေးအဖြေမှန်ရှာဖွေခြင်းမှတပါး အခြားမရှိပြီ




 သပိတ်မှောက်ကျောင်းသား စစ်ကြောင်းသည် တောင်သာမြို့အတွင်းသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။ ကျောင်းသားများသည် တောင်သာမြို့ရှိ မုံပင် ဘုန်းတော်ကြီးကျောင်းတွင် တစ်ည တည်းခို အနားယူမည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက် ၉ နာရီအချိန်တွင် တောင်သာမြို့မှ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၈ ရက်နေ့၌ အစိုးရ၏ ကမ်းလှမ်းချက်အရ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းနှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးရန် ကျောင်းသားကိုယ်စားလှယ်နှစ်ဦး ရွေးချယ် ထားကြောင်းနှင့် ကိုနန္ဒာစစ်အောင်နှင့် ကိုအောင်မှိုင်းဆန်းတို့ သွားရောက်မည်ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားများ ထဲတွင် တစ်ဦး အပါအဝင်ဖြစ်သော ကိုမင်းသွေးသစ်က ပြောကြားသည်။

ကျန်ရှိသော ကျောင်းသားများမှာမူ ပုံမှန်အစီအစဉ်အတိုင်း ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင်
ရန်ကုန်မြို့သို့ ဆက်လက် ချီတက်မည် ဖြစ်သည်။

သတင်း- EMG

သပိတ်မှောက်ကျောင်းသားများကို တောင်သာတစ်မြို့လုံးနီးပါး ထွက်၍ ကြိုဆို

သပိတ်မှောက်ကျောင်းသားများကို တောင်သာမြို့ခံများက တစ်မြို့လုံးနီးပါးထွက်၍ ကြိုဆိုနေသည်။
ယနေ့နံနက် ၉ နာရီမှ စတင်၍ မြင်းခြံမြို့မှ ထွက်ခွာလာသော အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်သော ကျောင်းသားများမှာ မြင်းခြံမြို့နှင့် တောင်သာမြို့ကြားတွင် လုံခြုံရေးတပ်ဖွဲ့များက အတားအဆီးသုံးခု ပြုလုပ်စောင့်ဆိုင်းနေမှု သုံးခုကို ကြုံခဲ့ရသော်လည်း အစိုးရမှ တာဝန်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသားများကြား ညှိနှိုင်းမှု အဆင်ပြေသောကြောင့် လုံခြုံရေးများက အတားအဆီးအားလုံးကို ဖယ်ရှားပေးကာ တောင်သာမြို့သို့ ချီတက်နိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသမဂ္ဂ၊ NNER တို့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းမှုကို သပိတ်မှောက်ကျောင်းသားများက လက်ခံသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများ ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။


ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်အကြိုတွေ့ဆုံဆွေးနွေးရန် မနက်ဖြန်(ဇန်န၀ါရီ ၂၈) တွင် နေပြည်တော်၌ အစိုးရတာဝန်ရှိသူများနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။


တောင်သာမြို့မ၀င်မီ တစ်မိုင်ခန့်အလိုမှစ၍ မြို့ခံများက သပိတ်မှောက်ကျောင်းသားများကို ထွက်၍ ကြိုဆိုခဲ့ကြောင်း 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။


Copy from - 7Day News Journal

Tuesday, January 27, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်နေ့ နှင့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ပေးပါရန် ဖိတ်ခေါ်ပါတယ်


ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်နေ့ နှင့်
(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခန်းအနား

နေ့ ရက်။ ၈ - ၂ - ၂၀၁၅ (တနင်္ဂနွေနေ့ )။
နေရာ ။ IKEBUKURO KUMIN SENTER (6F) အချိန် ။
နေ့ လည် ၁း၃၀ မှ ည ၈း၀၀ အထိ

မြန်မာနိုင်ငံသားအားလုံး ကြွရောက်အားပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
(ကျင်းပရေးကော်မတီ)

Monday, January 26, 2015

“ အမျိုးသားပညာရေးဥပဒေအား ကျောင်းသားများကန့်ကွက်ဆန္ဒပြခြင်းအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထား ကြေညာချက် ”

၆ ရက် မြောက် နေ့ မနေ့က မြင်းခြံမြို့ မြင်ကွင်းပုံရိပ်


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် နေကြ တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ မန္တလေး ကနေ ရန်ကုန် ထိ ခရီးရှည် လမ်းလျှောက် ချီတက်ပွဲ ၆ ရက် မြောက် နေ့ မနေ့က မြင်းခြံမြို့ ကို ရောက် ရှိလာကြတဲ့ အချိန်မှာ ဆန္ဒပြ ကျောင်းသား တွေ ကို မြို့ခံ လူထုက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြ ပါတယ်။

မြင်းခြံ နည်းပညာ တက္ကသိုလ် နဲ့ မြင်းခြံ ဒီဂရီ ကောလိပ် က ကျောင်းသား တွေ၊ ရဟန်းပျို သမဂ္ဂ နဲ့ ရွှေဝါရောင် သံဃာတော် တွေ ပူးပေါင်း ပါဝင် လာကြသလို ဆန္ဒပြ ကျောင်းသား တွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက် ပေးဖို့ လူနာတင်ကား နဲ့ အတူ စေတနာရှင်ဆရာဝန် တွေ မြို့ခံ တွေပါ မြို့တလျှောက် ချီတက် ခဲ့ကြပါတယ်။

 ဆန္ဒပြ ကျောင်းသား တွေကို အခုလို မြင်းခြံမြို့ က အိမ်တိုင်းစေ့ နီးပါး ထွက်ကြိုကြ
တာ ဟာ ပြည်သူ အများ လွတ်မြောက် ရေး နဲ့ မြန်မာ့ နိုင်ငံရေး ထွက်ပေါက် ကို ကျောင်းသား လူငယ် တွေ က ဆောင်ကြည်း ပေးနိုင်မယ် ဆိုတဲ့ ယုံကြည် မျှော်လင့် ချက် နဲ့ အားပေးခဲ့ ကြတာ ဖြစ်တယ် ဆိုပြီး မြို့ ခံ ဒေါက်တာ စိုးနိုင် က ဘီ⁠ဘီစီကို ပြောပါတယ်။

တိုင်းပြည် ကောင်းစား ဖို့ ဆို အင်မတန် နိမ့်ကျနေတဲ့ ပညာရေး မူဝါဒ ကို ပြောင်းလဲဖို့ အရေးကြီးတဲ့ အတွက် ဗကသ ကျောင်းသား တွေ နဲ့ အတူ ပူးပေါင်း ရတာဖြစ်ကြောင်း ရဟန်းပျိုသမဂ္ဂ အဖွဲ့ဝင် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမ ကလည်း မိန့်ပါတယ်။

ဗကသ ကျောင်းသား တွေ ရဲ့ လမ်းခရီးမှာတော့ ကျောက်ဆည်မှာ တစ်ကြိမ်
မြင်းခြံမြို့နယ် ထဲက ညောင်ပင်သာ ရွာ မှာ တစ်ကြိမ် အာဏာပိုင် တွေ က တားဆီး ဟန့်တားမှု လုပ်ခဲ့ ကြပေမယ့် ဆက်လက် ချီတက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျောင်းသားတွေဟာ မြင်းခြံ တောင်သာ ကျောက်ပတောင်း လမ်းကြောင်း ကနေ ရန်ကုန် ကို ဦးတည် ချီတက်ကြ မှာ ဖြစ်ပါတယ်။

Copy from - BBC Burmese (26-1-2015)

သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်( ၁၁ )ချက်



၁။ ပညာရေးမူဝါဒများနဲ့ ဥပဒေများနည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားများ ဆရာဆရာမကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ -

၂ ။ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေးကိစ္စ -

၃။ လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသား ပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှို နှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ -

၎။ ဒေသအလိုက်နဲ့ ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ -

၅ ။လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နွှဲ တက္ကသိုလ်ဝင်ခွင့်များပြင်ဆင်ရန်ကိစ္စ -

၆ ။ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ -

၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် ( mother tongue based multi- lingual eduacation ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ -

၈။ မသန်စွမ်းကလေးများအပါအဝင် ကလေးအားအတွက် လူတိုင်းကျုံးဝင် ပညာရေး ( inclusive education ) ကိစ္စ -

၉။ ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ရောက်ရန်ကိစ္စ -

၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေး ကိစ္စ -

၁၁ ။အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်း အဆင့်သာမက အလယ်တန်း အဆင့်ထိ တိုးမြှင့် ကျင့်သုံးရေးကိစ္စ

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက် ပြင်းထန်

၂၀၁၅ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်။

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ် ၊ပန်းဆေးဒေသ၊ ဂျုံနန်းကျေးရွာအနီးတွင် ဇန်န၀ါရီလ ၂၅ ရက်နေ့ ည ၂၀း၁၀ နာရီတွင် တအာင်းတပ်မတော်တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့တိုက်ပွဲ ဆက်လက်ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု စာရင်း မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

ဇန်န၀ါရီ ၂၅ ရက် ည ၁၈း၀၀ နာရီမှ ၂၀း၃၀ နာရီတွင်လည်း တစ်ကြိမ်ဖြစ်ပွါးပြီး ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပွါးခြင်းဖြစ်သည်။ ယခုကာလသည် တအာင်းတပ်မတော်မှ တအာင်းဒေသအတွင်း ဘိန်းခင်းများ လိုက်လံဖျက်ဆီးသည့် ကာလဖြစ်၍ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြင်းထန် လျက်ရှိသည်။

အထူးသဖြင့် နမ့်ခမ်းမြို့နယ် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်သော ပန်ဆေးဒေသ ပတ်ဝန်းကျင်တွင် နှစ်စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွါးမှုအများဆုံးဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက် ပြင်းထန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက် တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ် ၊ပန်မောဝ်ကျေးရွာအနီးတွင် ယနေ့ ဇန်န၀ါရီလ ၂၆ရက် နံနက် ၀၈း၁၀ နာရီမှ ၁၅း၀၀ အချိန်ထိ တအာင်းတပ်မတော်တပ်မဟာ ၁ လက်အောက်ရှိတပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Sunday, January 25, 2015

ဗမာအစိုးရဆီမှာ ဒီမိုကရေစီ ဆိုတာ မရှိပါဘူးလို့ သိရဲ့သားနဲ့ သွားတောင်းတော့ ဘာမှရမှာမဟုတ်...


ဗမာအစိုးရ ဆိုတာ တိုင်းရင်းသားအားလုံးကို အပြတ်ရှင်းဖို့ပဲရှိတယ်။ ဒီတော့ NCCT ဘာလုပ်သင့်လဲ ဆိုတာကို သိလောက်ပြီးပေါ့နော်။ ရေမရှိတဲ့နေရာကို ရေသွားခပ်တာနဲ့ အတူတူပဲ။ ခင်များတို့ လိုချင်တဲ့ ဒီမိုကရေစီ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ကိုယ်ကို တိုင်းပဲ တိုက်ယူရတယ်လေ။ ဗမာလူမျိုးဆီ ဒီအတိုင်းပဲသွားယူလို့ မရှိဘူး။


Copy from - RFA

ကျောင်းသားသပိတ်ကို ရဟန်းပျိုများသမဂ္ဂ ပူးပေါင်းပြီ

မန္တလေးကနေ ရန်ကုန်ကို ချီတက်နေတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ရဟန်းပျိုများသမဂ္ဂက ပူးပေါင်းပြီး ဆန္ဒပြ ချီတက်နေကြပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ ဒီနေ့ မနက်မှာ မန္တလေးတိုင်း နွားထိုးကြီးမြို့ကနေ မိုင် ၂၀ ဝေးတဲ့ မြင်းခြံမြို့ကို ချီတက်နေပါတယ်။

နွားထိုးကြီးမြို့အထွက်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ချောက်မြို့နယ် ရဟန်းပျိုများသမဂ္ဂက သံဃာ ၅၆ ပါး ပူးပေါင်းပြီး ချီတက်နေပါတယ်။

ဒီမိုကရေစီ ပညာရေးကို တောင်းဆိုနေတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေ ချီတက်နေတာ ဒီနေ့ပါဆိုရင် ၆ ရက်ရှိသွားပြီဖြစ်ပါတယ်။

အထက်ဗမာပြည်က သပိတ်မှောက်ကျောင်းသားတွေဟာ အောက်မြန်မာပြည်က ချီတက်လာတဲ့ ကျောင်းသားတွေနဲ့ နောက်လလယ်လောက် ရန်ကုန်မြို့မှာ ပေါင်းဆုံပြီး သပိတ်စခန်းဖွင့်မယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ကျောင်းသားတွေဟာ ရာသီဥတု ဆိုးရွားတာနဲ့ ခရီးပန်းတာကြောင့် နေထိုင်မကောင်းသူ တချို့လည်း လိုက်ပါလာပါတယ်။

ရန်ကုန်အခြေစိုက် ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကလည်း မြင်းခြံကနေ ရန်ကုန်ရောက်တဲ့အထိ ဆရာဝန်ဆေးဝါး ကူညီပံပိုးသွားမယ်လို့ သိရပါတယ်။

ဖြတ်သန်းရာ လမ်းတလျှောက်မှာ မြို့ရွာတွေက ကျောင်းသားတွေကို စောင့်ရှောက်ပေးတာ ရှိသလိုပဲ၊ ကျောင်းသားတွေကလည်း ပြည်သူတွေကို ကျောင်းသားသပိတ်တွေနဲ့ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေတဲ့ တနင်္သာရီတိုင်းဒေသက ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင်တွေဟာလည်း ထားဝယ်မြို့က နည်းပညာတက္ကသိုလ် ကွန်ပျူတာ တက္ကသိုလ် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ဇန်နဝါရီ ၂၀ ရက်နေ့ကတည်း က လှည့်လည် ဆန္ဒပြနေကြပြီး အထက်တန်းကျောင်းသား ကျောင်းသူတွေလည်း ပူးပေါင်းပါဝင်နေကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ အစိုးရထံ အချိန်ကန့်သတ်တောင်းဆိုခဲ့ကြပြီး သတ်မှတ်ချိန်ကျော်လွန်တဲ့အတွက် ရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က စတင်ခဲ့ကြတာပါ။
.
ဓာတ်ပုံ – ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
.
Credit : DVB

မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်န၀ါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့ ဒေသခံတဦးက ပြောပါတယ်။

“နမ့်ခမ်းရဲစခန်းက ရဲတပ်သား သိန်းဌေးအောင် အသက် ၂၀ နှစ်၊ ကိုယ်ပိုင်နံပတ်က လ/၂၄၀၂၆၄။ နောက်တယောက်က စိုင်းထွန်းစံ၊ အသက် ၃၀၊ ပေါက်နေရပ်ကွက်။ သူတို့ဆီကနေ ဆိုင်ကယ်တစီးနဲ့ လက်ထိတ်တခု၊ ယာဘဆေးပြားက ၉၇ လုံး၊ ဘိန်းဖြူက တပုလင်းခွဲနဲ့မိတာ။ အဲ့ဒီကောင်းဆာရပ်ကွက်က လူငယ်အဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့၊ ဘာတို့ ပါတဲ့အဖွဲ့က ကင်းလှည့်ရင်း သူတို့ဆိုင်ကယ်ကိုတားပြီး စစ်ရင်း ဖမ်းမိတာ။ ဒီနေ့မနက်တော့ ရဲစခန်းကို အပ်လိုက်ပြီ။”

နမ့်ခမ်းရဲစခန်းမှူးက မူးယစ်ဆေးနဲ့မိတဲ့ ရဲတပ်သားကို ဥပဒေအရ အရေးယူသွားမယ်လို့ ကတိပေးပြောကြားတယ်လို့လည်း ပြောပါတယ်။ ဒီဗွီဘီက ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရဘူးဖြစ်နေပါတယ်။

နမ့်ခမ်းမြို့မှာ ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးလေ့ရှိပါတယ်။ ရဲတဦးမှာ မူးယစ်ဆေးဖမ်းမိတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Copy from - DVB TV News

Thursday, January 22, 2015

ကချင် နှစ်ခြင်း ခရစ်ယာန် စေတနာ့ ၀န်ထမ်း ဆရာမ ၂ ဦး အစိုးရ စစ်တပ် အဓ္ဓမ ပြုကျင့် သတ်ခံရ

 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် နှင့် အသက် ၂၁ နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်ညက အစိုးရ စစ်တပ်မှ အဓမ္မပြုကျင့် သတ်ခံခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။

ဆရာမ ၂ ဦးအား အဓ္ဓမပြုကျင့် သတ်ထားသည်ကို ၄င်းတို့နေထိုင်သည့် ကောင်းခါး ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ အိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့နယ် KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်ရာက ပြောသည်။

“အခုတော့ ဆရာဝန်ဆေးစစ်ချက် ယူနေတယ်။ သူတို့တွေက ကျနော်တို့ ကေဘီစီက လွတ်လိုက်တဲ့ ဆရာမတွေပါ။ မနေ့က ၁၂ နာရီလောက်မှာ ဖြစ်တယ် ကျောင်းဝင်းထဲက ဆရာမတွေ နေဖို့ ဆောက်ထားတဲ့ အိမ်မှာဘဲ သေတာ။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ ကေဘီစီ အထွေထွေအတွင်းရေးမှူးနဲ့ မိသားစုက မနက်ဖြန် ရောက်လာပြီး လူထုနဲ့ သဂြိုလ်မယ်”

ဇန်ဝါရီလ ၁၉ ရက်ညက ဆရာမ ၂ ဦးတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုန်းလ နေအိမ်တွင် ပြုလုပ်သော မွေးနေ့ပွဲသို့ သွားရောက်၍ ည ၁၀ နာရီကျော်ချိန်တွင် ၄င်းတို့နေအိမ်မှ ပြန်သွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုန်းလ က ပြောသည်။

ယနေ့ နံနက် ၉ နာရီတွင် ယင်းတို့ နှစ်ဦး သေဆုံးနေသည်ကို ကျောင်းဝင်းရှိ ကောင်းခါး နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်နန်ဆိုင်းက သွားရောက် ခေါ်ယူခဲ့ရာမှ သူတို့ သေဆုံးနေသည်ဟု သိခဲ့ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့က ကျနော့် အိမ်မှာ ကလေးမွေးနေ့ရှိလို့ လာပြီးနောက် ကျနော့်နေအိမ်ကနေ ၁၀ နာရီခွဲလောက်မှာ ပြန်သွားတယ်။ သေဆုံးနေတာက ဒီမနက် ၈ နာရီကျော် ၉ နာရီလောက်မှာ ကျောင်းသားတွေက ဆရာမတွေကို စောင့်နေလို့ ကျောင်းဝင်းထဲမှာနေတယ် သွားခေါ်ကြည့်မှ သေနေတာ တွေ့ရတယ်” ဟု သူကပြောသည်။

သေဆုံးသူနှစ်ဦးသည် ၁၀ တန်းအောင်ထားသူများဖြစ်ပြီး ဆရာမ တဦးသည် ကချင်ပြည်နယ် ဝိုင်းမော်မှ ဖြစ်ပြီးကျန် တဦးမှာ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှဖြစ်ကြကာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ပညာရေး စေသနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဆရာမ နှစ်ဦးအား မူဆယ်ဆေးရုံသို့ သွားရောက် စစ်ဆေးခဲ့ပြီး သေမှုသေခင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၀ ရက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများက အစိုးရ၏ ကောင်းခါး ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုန်းလ ပြောသည်။

“ကျနော်တို့ ရွာမှာ အစိုးရ စစ်တပ်က အခြေချတာ ၂ ရက်လောက်ရှိပြီ။ သူတို့ လာနေတဲ့ အချိန်လည်း ဖြစ်နေတယ်။ ခြေရာတွေကြည့်ရင် စစ်တပ်ကစီးတဲ့ ခြေရာတွေ တွေ့ရတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က ကောင်းခါးကျေးရွာတွင် မြန်မာအစိုးရ၏ ခမရ ၅၀၃ တပ်တို့ လာရောက် အခြေချနေသဖြင့် သေဆုံးသူများ နေအိမ်အနီးအနားတွင် တွေ့ရသော ဖိနပ် ခြေယာများသည်လည်း စစ်တပ် စီးထားသည့် ဖိနပ်ခြေရာများ တွေ့နေရသည်ဟု သူက ဆိုသည်။

နမ်တောင်းကျေးရွာသားတစ်ဦးက ရေးသားပေးပို့သော ဆရာမနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းကြားသော စာတွင် ကျေးရွာတွင် အခြေချနေသော စကခ-၁ တပ်ရင်း ခမရ ၅၀၃ က တပ်ဖွဲ့များ ဖြစ်သည်ဟု သိရှိရကြောင်းနှင့် အုပ်စုလိုက်အဓ္ဓမပြုကျင့်ကာ ဓါးမြောင်ဒဏ်ရာများဖြင့် သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း အစိုးရ စစ်တပ်က အခြေချနေသဖြင့် ဆရာမ ၂ ဦးသည် ၄င်းတို့နေထိုင်ရာ နေအိမ်နှင့် အိမ်နီးချင်းအိမ်များ ဝေးသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ကာ အခြား အိမ်နီးချင်း နေထိုင်ရာနေရာတွင် အိပ်ခဲ့သော်လည်း အခင်းဖြစ်ပွားသော ညတွင်မူ နေအိမ်တွင်သာ အိပ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နမ်တောင်းဒေသခံများပြောသည်။

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် ၂၀၁၁ ခုနှစ်မှ အစိုးရစစ်တပ်သည် ဒေသခံအမျိုးသမီးများအပေါ် အဓ္ဓမပြုကျင့် သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလာနေခြင်းဖြစ်သည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

Wednesday, January 21, 2015

IS ဓားစာခံ ဂျပန် ၂ ဦး လွတ်မြောက်ဖို့ အဘေး ကတိပြု


ဂျပန် လူမျိုး ဓားစာခံ ၂ ဦးကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က သတ်ဖို့ ခြိမ်းခြောက် လိုက်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ဒီလုပ်ရပ်ကို ရှုတ်ချ လိုက်ပြီး ဓားစာခံ တွေကို ချက်ချင်း ပြန်လွှတ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဂျပန် လူမျိုး ဂျာနယ်လစ် တစ်ဦးနဲ့ စစ်ရေး ကန်ထရိုက်တာ တစ်ဦး တို့ကို မနှစ်တုန်းက IS အဖွဲ့က ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး အဲဒီ ဗီဒီယို ထဲမှာ မျက်နှာဖုံး စွပ်ထားတဲ့ စစ်သွေးကြွ တစ်ဦးက ဒူးထောက် နေတဲ့ သူတို့ ၂ ဦး ပေါ်မှာ ဓား ဝှေ့ယမ်းနေတဲ့ ပုံကို ပြထားပါတယ်။

အဲဒီ ဂျပန် ဓားစာခံ ၂ ဦး အတွက် ဒေါ်လာ သန်း ၂၀၀ ပေးဖို့ IS စစ်သွေးကြွ အဖွဲ့က တောင်းဆို ထားတယ်လို့ သိရပါတယ်။

အခုလို ဓားစာခံ တွေကို သတ်ပစ်ဖို့ ခြိမ်းခြောက်မှုဟာ လက်ခံ နိုင်စရာ မရှိကြောင်း၊ အကြမ်းဖက် ဝါဒကို အလျှော့ပေးမှာ မဟုတ်သလို ဓားစာခံတွေ လွတ်မြောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဂျေရုဆလင်မှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် အဘေးက ကတိပေး ပြောဆို ခဲ့ပါတယ်။

BBC

Sunday, January 18, 2015

ဆုတ်ခွာပေးခဲ့သော KIA,စခန်းအားလုံး KIA မှပြန်လည် သိမ်းပိုက်နိုင်

ဖားကန့် ဒေသ ကေအိုင်အေ တပ်ရင်း (၆) ၏ ရှေ့တန်း စခန်း များ ဖြစ်သော အောင်ဘာလေ အနီးရှိ မိုင်ဆပ်ကောင် စခန်း ၊ Wa Je Post၊ RCM ဆုတောင်း တောင်ကုန်းအနီး မှ စခန်း နှင့် တန်ဂေါင် စခန်း များအား မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ်များမှ (15-16,Jan,2015) ရက်နေ့ တို့ တွင် စစ်အင်အား အလုံးအရင်း ဖြင့် ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ ခြင်း ဖြစ်သည်။

ကေအိုင်အေ တပ်မှ (၁၆)ရက်နေ့ မွန်းလွဲ (၁ )နာရီ အချိန်ခန့် မှ စတင် ကာ ၄င်း တို့ ဆုတ်ခွာပေးခဲ့ သော တပ်စခန်းများ အားပြန်လည်သိမ်းပိုက် နိုင်ရန် တန်ပြန်ထိုးစစ်ဆင် ခဲ့ရာ ထိုနေ့ ခြင်း၌ပင် တန်ဂေါင် စခန်းကို ၄င်း၊ (၁၇)ရက်နေ့ တွင် Wa Je Post နှင့် RCM ဆုတောင်းတောင်အနီးရှိ စခန်း ကို ၄င်းပြန်လည် သိမ်းပိုက်နိုင် ခဲ့ ဖြစ်ကြောင်း သိရှိရပါသည်။ နောက်ဆုံးကျန်ရှိနေ သော အောင်ဘာလေ ရွာအနီးရှိ မိုင်ဆပ်ဂေါင် စခန်း အား ယနေ့ (၁၈.၁.၂၀၁၅) ရက်နေ့ တွင် ပြန်လည် သိမ်းပိုက်နိုင် ပြီ ဖြစ်ကြောင်း အောင်ဘာလေ ရွထဲတွင် ပိတ်မိနေ သော ဗမာ စစ်တပ်မှ ဓါးစာခံ အဖြစ် တားထား သော ရွာသားမျး ကို လည်း ကေအိုင်အေ မှ ကယ်ထုတ်နေ ပြီ ဖြစ်ကြောင်း ကေအိုင်အေရှေ့တန်း အရာရှိများထံမှ သတင်းရရှိပါသည်။

ယခု လက်ရှိတွင် ကေအိုင်အေ တပ်များ သည် (၂၀၁၃) နှစ်ဆန်းပိုင်း၌ မြန်မာ စစ်တပ် တပ်မ (၆၆) မှ လာရောက် သိမ်းပိုက် လိုက်သော ဖားကန့် ဂင်ဆီ ဟော ရှိ ၄င်းတို့ ၏ ကေအိုင်အေ တပ်ရင်း (၆) ဌာနချုပ် ဟောင်း ( ယခု တပ်မ -၆၆ စခန်းချထိုင်သောနေရာ) အား ပြန်လည် ရရှိသိမ်းပိုက် နိုင်ရန် အတွက် ယနေ့ နံနက် (၁၀း၃၀) ခန့် မှ စတင် ကာ ဂင်ဆီ ဟော ရှိ ၄င်း တပ်မ (၆၆) ထိုင်ထားသော ၄င်း တို့ ၏စခန်းဟောင်းအား ပြန် လည် တိုက်ခိုက်နေ ကြောင်း သိရှိရပါသည်။ ယခုသတင်းရေးသားနေ ချိန် အထိ(6pm) အထိ အပြင်း အထန် တိုက်ခိုက်နေ ဆဲ ဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်းအရာရှိများထံ မှ ယခုလေး တင်သတင်း ပေးပို့ လာပါသည်။ တပ်မ-၆၆ မှ လည်း အပြင်းအထန်ပြန်လည် ခုခံနေ ကြောင်း ထပ်မံ သိရှိရပါသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

တိုက်ပွဲကြားကလူသား ကျည်ကာ အဖြစ်သုံးတာ

ပြင်းထန်နေသော တိုက်ပွဲကြားကလူသား ကျည်ကာ အဖြစ်သုံးတာ မြန်မာ့တပ်မတော်လား။ ဘုန်းကြီးကျောင်းမှာနေပြီး ရွာသားတွေကို တစာခံလုပ်ထားပါတယ်။


Friday, January 16, 2015

ပြည်နယ်ဝန်ကြီး ထိန်းသိမ်းခံခဲ့ရပြီး KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်လာ

http://burma.irrawaddy.org/wp-content/uploads/2015/01/KIA.jpg
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဒီနေ့မနက် ၆ နာရီကစပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရစစ်တပ် အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ရဲ့နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရ ဦးဒေါင်ခါးက“တိုက်ပွဲက မနက်ကတည်းကဖြစ်နေတာ အခုအချိန်အထိပဲ။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အစိုးရစစ်တပ် က အခု ကျနော်တို့ နယ်ထဲအထိ ကျွံလာလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
တိုက်ပွဲတွေဟာ ဖားကန့်မြို့နယ် အောင်ဘာလေ ကျေးရွာအနီးမှာဖြစ်ပြီး KIA တပ်မဟာ ၂ မှ တပ်ရင်း (၆) တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ စစ်တပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေ နှစ်ဖက်ပစ်ခတ် နေ ကြတာကြောင့်  ဘေးလွတ်ရာကို ရှောင်ပုန်းလိုနေကြတဲ့ ဒေသခံ ရွာသားတွေလည်း အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တိုက်ပွဲက ရွာနားမှာ ဖြစ်နေတာဆိုတော့ အောင်ဘာလေ ရွာသားတွေတော်တော်လေး စိုးရိမ်ထိတ်လန့်နေ ကြတယ်။ ဖားကန့်မြို့ဘက်ကို ထွက်ပြေးဖို့ရာကလည်း နှစ်ဘက်တိုက်ပွဲက လမ်းမှာပိတ်ဖြစ်နေတာ ဆိုတော့ ထွက်မရကြဘူးဖြစ်နေတယ်။ အခုတော့ သူတို့ရွာက ဘုရားကျောင်းမှာပဲ စုနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ မနက်ပိုင်းက ဝှေခါ ကားလမ်းပေါ်မှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို KIA က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ နှစ်ဖက်တပ်တွေအကြား အခုလို တိုက်ပွဲ တွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ လုံခြုံရေးအဖြစ်လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ ဝင်သုံးဦးဟာ မိုးကောင်း – ကာမိုင်း – ဖားကန့် လမ်းကြောင်းအား စစ်ဆေးကြည့်ရှုဖို့  ရောက်ရှိနေတာဖြစ်ပြီး ဖားကန့် – ဆိတ်မူ – ဝှေခါ – ညောင်ပင် – လုံးတုံး – ဟိုပင် လမ်းကြောင်း အတိုင်း ထွက်ခွာလာစဉ် မနေ့က ၁၁ နာရီခွဲခန့်မှာ KIA အဖွဲ့က သေနက်ပစ်ဖောက်တားဆီးပြီး ဝန်ကြီးကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ  ပြန်လွှတ်ပေးခဲ့ပေမယ့် လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်တဲ့ ဒုရဲအုပ် မြင့်စိုး ဦးစီးတပ်ဖွဲ့ဝင် သုံးဦးကိုတော့ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့

(၅၂)နှစ်ပြည့်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ သတင်းမှတ်တမ်း

တအာင်းအမျိုးသားတရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်အတွက် အာဏာရှင် အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင်ပြီး တော်လှန်ဆန့်ကျင် လာခဲ့သည်မှာ
နှစ်ငါးဆယ်နှစ်နှစ် ပြည့်မြောက်ခဲ့သည့်
ယနေ့ ၂၀၁၅ ခုနှစ် ဇန္န၀ါရီလ (၁၂)ရက်
.....တအာင်းအမျိုးသားတော်လှန်ရေးနေ့…..

တအာင်းတမျိုးသားလုံးတို့၏ တော်လှန်ရေး ခရီး နှစ်ပေါင်း (၅၂) ကာလအတွင်း အသက်သွေးချွေး၊ အိုးအိမ် စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီးလှူဒါန်းခဲ့ကြသော မျိုးချစ်တအာင်း ပြည်သူလူထုနှင့် တအာင်းအာဇာနည် ခေါင်းဆောင်များ၊ ရဲဘော်ရဲမေ အပေါင်းတို့အား အစဉ် ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။

မိုင်းကျော်ဦး

ဥက္ကဌ ဗိုလ်ချုပ်တာအိုက်ဖုန်း
အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်



၁၂ . ၁ .၂၀၁၅ တအာင်းဒေသဖမ်းစီးရရှိသည့် မူယစ်ဆေးများကိုမီးရို့ဖြတ်စီးစဉ်

Monday, January 12, 2015

ငြိမ်းချမ်းရေးစာချုပ် ရှေ့လ လက်မှတ်ထိုးဖို့ မဖြစ်နိုင်


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အကြေအလည် ညှိနှိုင်းရမယ့် အချက်တွေ ကျန်နေသေးတာကြောင့် လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

"သဘောထားအမြင်တွေ ပထမညှိလို့မပြတ်သေးပဲနဲ့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးမယ် ဆိုတဲ့ဟာတော့မဖြစ်သင့်ဘူး၊ ဖြစ်လည်းမဖြစ်နိုင်ဘူး၊ အဲ့ဒါကတော့ အဓိကဖြင့်တော့ ဒီလိုအပစ်အခက်ရပ်စဲရေး ဖြစ်ဖို့ဟာမှာ တစ်ဆို့နေတဲ့အမြင်တွေကို နည်းလမ်းရှာပြီးတော့ ညှိနေတာပါပဲ၊ အဲ့ဒီမှာတောင် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးဘူးဆိုတော့ အဲ့ဒီအမှုတွေကိုလည်း မရသေးဘူးဆိုတော့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ဆိုတဲ့ဟာတော့ ဒါဟာလက်တွေ့ပိုင်းမှာ ဖြစ်ဖို့ဆိုတာသိပ်မလွယ်ဘူး"

ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အလွတ်သဘောတွေ့ဆုံပွဲမှာ နှစ်ဘက်ခေါင်းဆောင်တွေက မျှော်မှန်းခဲ့သလို နိုင်ငံတော်သမ္မတကလည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ကမ်းလှမ်းထားပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာက မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်မှာရှိတဲ့ နိုင်ရွှေကျင်စာကြည့်တိုက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၇ ဖွဲ့နဲ့ ဒီနေ့တွေ့ဆုံပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို ရှင်းပြခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ဝင် ဦးမင်းမင်းနွယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ တင်ပြတောင်းဆိုမှုတွေကို အခုလိုပြောပါတယ်။

"ဒီလိုမျိုး အကြံပြုဆွေးနွေးခဲ့တာတော့ အပစ်အခက်ရပ်စဲရေးအပေါ် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လူမှုအဖွဲ့အစည်းတွေက ဘယ်လိုမျိုးပါဝင်သင့်သလဲဆိုတာကို သူ့အမြင်ကိုမေးကြည့်တယ်၊ အဲ့ဒါတော့ ပြန်လည်ဆွေးနွေးတယ်၊ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ပြည်သူလူထု များများသိအောင်ပေါ့နော်၊ မွန်အရက်ဘက် အဖွဲ့အစည်းမဟုတ်ပဲနဲ့ မွန်ပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး သိရှိဖို့အတွက် အဲ့ဒါလည်းသူတို့က တွေ့ဆုံဖို့လိုမယ်"

ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော်တည်ဆောက်ရေး၊ တပ်နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးကိစ္စတွေမှာ တပ်မတော်နဲ့ NCCT တို့အကြား သဘောတူညီမှု မရသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေကို နိုင်ဟံသာက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို မွန်ပြည်နယ်အခြေစိုက် မွန်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့၊ မွန်စေတနာ၊ မွန်ပညာရေးနဲ့ မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက် စတဲ့အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

Copy from - RFA Burmese