
ကြံ့ခိုင်ရေးပါတီ အကြီးအကျယ်ရှုံးနိမ့်သွားရစေ တဲ့ အဓိကတာဝန်ရှိသူကတော့ ပါတီဥက္ကဌ သမ္မတဦးသိန်းစိန်ပဲဖြစ်ပါတယ်..
တကယ်တော့ သူဟာ တိုင်းပြည်အပြောင်းအလဲကို ပထမဆုံးဦးဆောင်ခွင့်ရခဲ့တဲ့ အပြင် တကယ် စွမ်းဆောင်ရည် ရှိမယ်ဆို ရင် တိုင်းပြည်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ခွင့်ရခဲ့ တယ်.. ၅ နှစ် ဆိုတဲ့ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုကို ရခဲ့တယ်.. ...
ဒါပေမဲ့ သူဟာ အဟောင်းထဲက အစစ်အမှန်ရုန်းမထွက်နိုင်ခဲ့ ဘူး ... အပေါ်ယံ အပြောင်းအလဲတွေကြားမှာ သာနေခဲ့တယ်.. နောက် သူ့ရဲ့မဟာအမှားက ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက်ဖို့ မကြိုးစားပဲ ရုပ်ပြ သက်သက်ထားပြီး အတွင်းကို ဝင်မလာနိုင်အောင် ဖယ်ထုတ်ဖို့သာ အားထုတ်ခဲ့တယ် ... တကယ်ဆို ဒေါ်စုကိုလက်တွဲခြင်းနဲ့ သူ့အတွက် နိုင်ငံရေး အကျိုးအမြတ်ကို ရှာနိုင်ပါလျှက် သူအတ္တကြီးခဲ့တယ်..
.
နောက်တစ်ချက်က ပြည်သူကို အထင်သေးတာပဲ..ဖုန်းဈေးကျရုံ ကားဈေးကျရုံ ဂျာနယ်တွေမှာ ရေးခွင့်ရရုံနဲ့ ပြည်သူ့ရဲ့ထောက်ခံမှုကို ရလိမ့်မယ်လို့ အတွေးတိမ်ခဲ့တယ်..
သူ့ရဲ့ပြောင်းလဲမှုတွေဟာ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ပြည်သူတွေက ထင်ထင်ရှားရှားမြင်ခဲ့တယ်..
.
အထင်ရှားဆုံးအချက်တွေက ပြည်သူတွေစက်ဆုပ်ရွံ့ရှာနြေ ပီး တိုင်းပြည်ကိုဆင်းရဲတွင်းပို့ခဲ့တဲ့ လာဘ်ပေးလာဘ်ယူကိစ္စကြီးကို ထိရောက်တဲ့နှိမ်နင်းမှု လုံးဝကိုမလုပ်ခဲ့တာပဲ..
အစပိုင်းမှာ လေသံတွေပစ်ခဲ့ပေမယ့် ဒါဟာ လေသက်သက်ဆိုတာ ပြည်သူကသိခဲ့ရတယ်..တကယ်ဆို အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တာတစ်ခုတည်းနဲ့ကို ဆန္ဒမဲအများအပြား သူရယူနိုင်ပါလျှက် သူမလုပ်နိုင်ခဲ့ဘူး..
.
နောက်ပြည်သူတွေရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းတောင့်တေ နတဲ့အရာက တရားမျှတမှု..
ဒီအချက်ကိုဖော်ဆောင်ဖို့လည်းသူပျက်ကွက်ခဲ့တယ်..သာဓကအနေ နဲ့ ကိုပါကြီး.
ဒေါ်ခင်ဝင်း. ကချင်ဆရာမနှစ်ဦး.သံဃာတွေကိုပစ်ခဲ့တဲ့ မီးလောင်ဗုံး.လယ်သိမ်းပြသနာ စတဲ့ကိစ္စတွေမှာ သူဆီက တရားမျှတတဲ့ဖြေရှင်းမှုကို ပြည်သူတွေမရခဲ့ဘူး..
နောက်ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ လေသံကိုအော်ခဲ့ပေမယ့် ဒေါ်စုနဲ့တွှေ့ဆုံဖို့ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်. .သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ အဓိကအတိုက်အခံ NLD ကို တစ်နေရာမှနေရာမပေးခဲ့တာကြည့် ရင် သူ့မှာ ပူးပေါင်းဆောင်ရွက်လိုစိတ် လုံးဝမရှိ
တာ ထင်ရှားတယ်..၂၀၁၀မှာ အတင်းအကျပ်လုပ်ယူထားတဲ့မဲတွေနဲ့ တိုင်းပြည်အာဏာ မောင်ပိုင်စီးရေးဇာတ်လမ်းကို ပုံစံတမျိုးနဲကခဲ့ပြန်တယ်..
နောက်တစ်ချက်က တိုင်းပြည်အခြေအနေမှန်ကို ရိပ်စားမိနေတဲ့ သူရဦးရွှေမန်း သူရဦးအောင်ကိုတို့လိုလူတွေ ကို သူ့ပါတီထိပ်ပိုင်းရာထူးတွေထဲကနေ ဖယ်ထုတ်ခဲ့တာတွေကို ကြည့်ရင် သူ့မှာ စစ်မှန်တဲ့ပြောင်းလဲလိုစိတ် မရှိဘူးဆိုတာ ထင်ရှားစေခဲ့ပြန်တယ်..
နောက် ဦးရွှေမန်းက သူတို့ပါတီ အကြီးကျယ်ရှုံးနိမ့်နိုင်တယ် လို့ သုံးသပ်ပြနေချိန်မှာ ကြံ့ခိုင်ရေးပါတီထိပ်သီးတွေ က ၈၀% ၇၀% အနိုင်ရမယ်လို့ မှန်းဆနေကြတာဟာ သူတို့တွေဟာ တစ်တိုင်းပြည်လုံးသိနေတဲ့ အခြေနေမှန်ကိုမသိ..ပြည်သူနဲ့ ဘယ်လောက်
ကင်းကွာနေသလည်းဆိုတာ ထင်ရှားနေတယ်..ပြည်သူ့ခံစား ချက်နဲ့ကင်းကွာနေသူတွေက တိုင်းပြည်ကိုဘယ်လိုပုံနဲ့အုပ်ချုပ်ကြမှာလဲ..
နောက်တစ်ချက် ကြံ့ခိုင်ရေးပါတီကို အရှက်ရစေခဲ့တဲ့ တရားခံတွေကတော့ သမ္မတအနားမှာဝန်းရံနေခဲ့တဲ့ ရေပေါ်ဆီ elite အကြံပေးအဖွဲ့နဲ့ သမ္မတရုံးဝန်ကြီးတွေပါပဲ..
ူနောက်ဆုံး ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူ့ကိုနိဂုံးချုပ်စေခဲ့တဲ့စ ကားကတော့ ............
#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားပါပဲ..
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ #ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံဟာ ပြည်သူ့ရဲ့ရင်ထဲကမျှော်လင့် ချက် ပြည်သူ့ရဲနှလုံးသားနဲ့ ရင်ခုန်သံတစ်ထပ်တည်းကျခဲ့တယ်...
#ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့စကားဟာ ပြည်သူတွေရဲ့နှလုံးသားကို သိမ်းကျုံးဆွဲယူလှုပ်ရှားစေခဲ့တယ်..ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တို င် ပါတီကြွေးကြော်သံအဖြစ်ရွေးချယ်ပေးခဲ့တာကိုကြည့်ရင် ဒေါ်စုဟာ လူထုနဲ့အတူ ရင်ခုန်သံတူတယ်ဆိုတာ ထင်ရှားသက်သေပြခဲ့တယ်...
.
ဒီအချိန်မှာ သမ္မတကြီးရဲ့ #ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားကြောင့် သူဟာ ပြည်သူရဲ့လိုလားချက် ဆန္ဒကိုမသိ.ပြည်သူ့ရဲ့ခံစားချက်ကို နားမလည် မခံစားတတ်တဲ့သူတစ်ယောက်ဆိုတာ သက်သေပြလိုက်တာပါပဲ..
#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားတစ်ခွန်းဟာ သူနဲ့သူ့ပါတီကို ၂၀၁၅ ရွေးကောက်ပွဲက နှုတ်ဆက်ထွက်ခွာစေတဲ့ နိဂုံးစကားတစ်ခွန်းပါပဲ...့
Credit ~ Thetdwe Aung
တကယ်တော့ သူဟာ တိုင်းပြည်အပြောင်းအလဲကို ပထမဆုံးဦးဆောင်ခွင့်ရခဲ့တဲ
ဒါပေမဲ့ သူဟာ အဟောင်းထဲက အစစ်အမှန်ရုန်းမထွက်နိုင်ခဲ
.
နောက်တစ်ချက်က ပြည်သူကို အထင်သေးတာပဲ..ဖုန်
သူ့ရဲ့ပြောင်းလဲမှုတွေဟာ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ပြည်သူတွေက ထင်ထင်ရှားရှားမြင်ခဲ့တယ်..
.
အထင်ရှားဆုံးအချက်တွေက ပြည်သူတွေစက်ဆုပ်ရွံ့ရှာနြေ
အစပိုင်းမှာ လေသံတွေပစ်ခဲ့ပေမယ့် ဒါဟာ လေသက်သက်ဆိုတာ ပြည်သူကသိခဲ့ရတယ်..တကယ်ဆို အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တာတစ်ခုတည်းနဲ့ကို
.
နောက်ပြည်သူတွေရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းတောင့်တေ
ဒီအချက်ကိုဖော်ဆောင်ဖို့လည်
ဒေါ်ခင်ဝင်း. ကချင်ဆရာမနှစ်ဦး.သံဃာတွေကု
နောက်ပူးပေါင်းဆောင်ရွက်ရေး
တာ ထင်ရှားတယ်..၂၀၁၀မှာ အတင်းအကျပ်လုပ်ယူထားတဲ့မဲတေ
နောက်တစ်ချက်က တိုင်းပြည်အခြေအနေမှန်ကို ရိပ်စားမိနေတဲ့ သူရဦးရွှေမန်း သူရဦးအောင်ကိုတို့လိုလူတွေ
နောက် ဦးရွှေမန်းက သူတို့ပါတီ အကြီးကျယ်ရှုံးနိမ့်နိုင်တယ်
ကင်းကွာနေသလည်းဆိုတာ ထင်ရှားနေတယ်..ပြည်သူ့ခံစား
နောက်တစ်ချက် ကြံ့ခိုင်ရေးပါတီကို အရှက်ရစေခဲ့တဲ့ တရားခံတွေကတော့ သမ္မတအနားမှာဝန်းရံနေခဲ့တဲ့ ရေပေါ်ဆီ elite အကြံပေးအဖွဲ့နဲ့ သမ္မတရုံးဝန်ကြီးတွေပါပဲ..
ူနောက်ဆုံး ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူ့ကိုနိဂုံးချုပ်စေခဲ့တဲ့စ
#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားပါပဲ..
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ #ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံဟာ ပြည်သူ့ရဲ့ရင်ထဲကမျှော်လင့်
#ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့စကားဟာ ပြည်သူတွေရဲ့နှလုံးသားကို သိမ်းကျုံးဆွဲယူလှုပ်ရှားစေခ
.
ဒီအချိန်မှာ သမ္မတကြီးရဲ့ #ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားကြောင့် သူဟာ ပြည်သူရဲ့လိုလားချက် ဆန္ဒကိုမသိ.ပြည်သူ့ရဲ့ခံစားခ
#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားတစ်ခွန်းဟာ သူနဲ့သူ့ပါတီကို ၂၀၁၅ ရွေးကောက်ပွဲက နှုတ်ဆက်ထွက်ခွာစေတဲ့ နိဂုံးစကားတစ်ခွန်းပါပဲ...့
Credit ~ Thetdwe Aung
0 comments:
Post a Comment