၂၀၁၅ ခုနှစ် အောက်တိုဘာလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်စံကျေးရွာနှင့် ပန်ဖျက်ကျေးရွာကြားတွင် ယနေ့အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၁၂း၃၀ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၇၁၇) နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇)တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။
အဆိုပါဒေသတွင် မြန်မာ့တပ်မတော်မှ ပန်ကွမ်ကျေးရွာ၊ ပန်ဖျက်၊ မန်စံ ကျေးရွာတို့တွင် တပ်ရင်း တစ်ရင်းစီ ထိုးစစ်ဆင် ရောက်ရှိလာပြီး တိုက်ပွဲပိုမို ဖြစ်ပွားရန် အခြအနေ
ရှိနေသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF -TNLA News & Information Department
0 comments:
Post a Comment