Thursday, October 29, 2015
အမတ်လောင်း တဖြစ်လည်း လက်နက်ကိုင် ခေါင်းဆောင် ဟောင်းများနှင့် မူယစ်ဆေး ဆက်စပ်သူများ
Posted by PNSjapan at 6:58 PM 0 comments
Labels: သတင်း
Sunday, October 25, 2015
NCA လက်မှတ်မထိုးသေးသော အဖွဲ့များ ပန်ခမ်းတွင် ညီလာခံ ပြုလုပ်မည်
အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်မရေးထိုးရသေးသော UWSP/UWSA အပါအဝင် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ကိုဖိတ်ကြားထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ ဒုတိယအကြိမ်ပန်ခမ်းဖြစ်မြောက်ရေးကော်မတီ ထံမှ သိရသည်။
UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း၏ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လျှောက်ဖူ က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်ပေါ့။ နံပတ်နှစ် အချက်က တိုင်းရင်း သား အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရသစ်နဲ့ ဘယ်လိုဆက်ပြီး ညှိနှိုင်းမလဲဆိုတဲ့ အချက်ပေါ့ ဒီနှစ်ချက်ကို ဆွေးနွေးကြမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
ဖိတ်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ထဲတွင် UWSP/UWSA အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့များပါဝင်သည်။
ထို့အပြင် ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကယန်းပြည်သစ်ပါတီ (KNLP) တို့လည်း ပါဝင်သည်ကိုတွေ့ရသည်။
ပန်ခမ်းမြို့တွင် ယခုနှစ် မေလကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ်ဖြစ်သည်။ ထိုအကြိမ်က ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အခြားလက်နက်ကိုင်အချို့ တက်ရောက်ခဲ့ကြသော်လည်း ယခုအကြိမ်တွင် NCA လက်မှတ်ရေးထိုးသော အဖွဲ့များကို ဖိတ်ကြားခြင်း မရှိပေ။
ပန်ခမ်းတွင်ပြုလုပ်မည်ဖြစ်သော ညီလာခံနှင့် ပတ်သက်၍ မသိရှိရသေးသော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အုပ်မြစ်ချခဲ့သော NCA ကို ရွေးကောက်ပွဲမှ တဆင့် နောက်တက်လာမည့် အစိုးရသက်တမ်းတွင်လည်း လက်မှတ် မထိုးရ သေးသော အဖွဲ့များအနေဖြင့် ဆက်လက်ဆွေးနွေးနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
နေပြည်တော်၌ ယခုလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့အကြား NCA လက်မှတ်ရေးထိုးခဲ့ပြီး ယခုပန်ခမ်းညီလာခံကို ဖိတ်ကြားထားသည့် အဖွဲ့များအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်မခံ၍ လက်မှတ်မထိုးနိုင်သေးကြောင်း သဘောပေးခဲ့ကြသည်။
NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်မရေးထိုးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အထူးသဖြင့် တရုတ်နယ်စပ်တွင် အခြေစိုက်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် အားလုံး မပါဝင်နိုင်သေးလျင် လက်မှတ်မရေးထိုးသေးရန် အိမ်နီးချင်း တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုများရှိနေကြောင်း MPC ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက မကြာသေးခင်က ထုတ်ဖော် ပြောဆိုခဲ့သေးသည်။
ဧရာဝတီ
Posted by PNSjapan at 11:48 PM 0 comments
Labels: သတင်း
Friday, October 23, 2015
*ဆေးဝါးပစ္စည်း ~ ဆန်*စစ်ဘေးရှောင် ဒုက္ခသည် ပေးပို့လှူဒန်း။
Posted by PNSjapan at 6:03 PM 0 comments
Labels: သတင်း
ကျောက်စိမ်းတွင်းများမှ ဦးသန်းရွှေမိသားစု အကြီးအကျယ် အမြတ်ထွက်နေဟု ဆို
Posted by PNSjapan at 6:01 PM 0 comments
Labels: သတင်း
Tuesday, October 20, 2015
နိုင်ငံရေးခိုလှုံခွင့်ဗီဇာ လိမ်လည်လျှောက်ထားမှု」နှင့် 「ပြည်နှင်ဒဏ်」ဆောင်ရွက်ပုံအား ပြန်လည်သုံးသပ်ခြင်း
Posted by PNSjapan at 3:44 PM 0 comments
Labels: သတင်း
Monday, October 19, 2015
တိုကျိုသံရုံး ဒုတိယမဲပေးရာတွင် မသမာမှုတွေ့ရှိချက်များ
ဂျပန်နိုင်ငံရှိ တိုကျိုသံရုံးတွင်ပြုလုပ်သည
တိုကျိုမြန်မာသံးရုံး ကြိုတင်မဲပေးမှု အောက်တိုဘာလ ၁၈ ရက် မနက်မှာ မဲပေးပြီးသူများ အစဉ်ပြေခဲ့သူတွေရှိသလို မနေ့က ကြုံတွေ့အခက်အခဲများနဲ့ မဲပေးခွင့်ဆုံးရှုံးခဲ့ရတာကိ
ဒီကနေ့ပိုထူးခြားတာကတော့ မဲပေးခွင့် အမည်စာရင်းတွင်ပါဝင်ပြီး ကိုယ်တိုင်မဲဝင်ပေးသည့်အချိ
ရန်ကင်းမြို့နယ် နေပြည်သူများမှာလဲ မဲ ၂ မဲသာ ထုတ်ပေးသည့်အတွက် တမဲပေးပိုင်ခွင့် ဆုံရှုံးခဲ့ရပါတယ်။
အင်းစိန်မြို့နယ်နေ ပြည်သူများနဲ့ တောင်ကြီးမြိုနယ်တွေမှာလဲ အမျိုးသားလွတ်တော်အတွက် တမဲထဲသာ ပေးခွင့်ရပြီး တိုင်းဒေသကြီး နှင့် ပြည်သူလွတ်တော်အတွက် မဲ ၂ မဲ ဆုံးရှုံးခဲ့ရတာ ဒီကနေ့လဲ ထပ်မံကြုံခဲ့ရပါတယ်။
တောင်ဥက္ကလာပ နေ ပြည်သူတွေဆိုရင် အမျိုးသားလွတ်တော် /
စာအိတ်ပြဿနာမှာ စာအိတ် ပိတ်ထားသည်ဘက်မှာ လွယ်ကူစွာနဲ့ ခွာလို့ရတာတွေ့ရ။ ယနေ့ခေတ်မှာ မမြင်ဘူးနိုင်လောက်အောင် စာအိတ်စက္ကူအရည်အသွေး အင်မတန်ညံ့ဖျင်းမှုကြောင့် စာအိတ်ပြဲနေတာ ပေါက်နေတာ တွေ့ရှိသော်လည်း ပြန်လည်လဲပေးခြင်းမရှိပါ။ စာအိတ်ဆိုက်မှာ အရွယ်အစားမညီမှုကြောင့် မဲထည့်ပြီး ကော်ပြန်ကပ်ရာတွင် များစွာအခက်အခဲကြုံတွေ့ရပါသ
အမျိုးသားလွတ်တော် အတွက် စာအိတ်တွင် ပြည်သူလွတ်တော်ကိုယ်စားလှယ်
ဒီကနေ့မှာလဲ မိမိပေးရွှေးချယ်လိုသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ လွှဲမှားနေတာထပ်မှန်တွေ့ရပြီ
ပုံစံ ၁၅ တင်ပြီး အမည်စာရင်းမပါဝင်သူများကို သံရုံးမှ ထပ်တိုးအမည်များအား ပြည်ထောင်စုရွေးကောက်ပွဲကော
ဒီကနေ့တနေ့လုံး ပြဿနာကြီးကြီးမားမားမရှိခဲ့
ဂျပန်မှာ သံရုံးသို့ ဝင်ရောက်မဲပေးသူ ဦးရေ Volunteer ကော်မတီမှ ရေတွက်ပြီး စာရင်းအရ ယနေ့ ၈:၀၀ ကနေ ညနေ ၆:၀၀ ထိ စုစုပေါင်း (၃၈၀) ရှိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်။
အသေးစိတ် တွေ့ရှိချက်များကို သတင်းများကို ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၈ရက်။
Posted by PNSjapan at 9:13 PM 0 comments
Labels: သတင်း
တိုကျိုသံရုံး ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲပေးမှုတွင်မသမာမှုတွေ့ရှိ

ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား လူဦးရေ ဂျပန် လဝက ထုတ်ပြန်ချက်စာရင်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၂၅၂ ,ဦးရှိပြီး ပုံစံ ၁၅ တင်ပြသူများထဲမှသံရုံးမှထုတ
ပုံစံ ၁၅ တင်ပြသော်လည်း မဲစာရင်း အမည်မပါခြင်း နာမည် စာလုံး မှားခြင်း မွေးသက္ကရာဇ်မှား ခြင်း မဲစာရွက်မှားခြင်း မဲစာအိတ်တွင် ခြစ်ရာပါခြင်း မဲစာအိတ်ကြံ့ခိုင်မှုမရှိခြင
မြန်မာပြည် နေပြည်တော်မှ အစိုးရပညာတော်သင် (စာအုပ်အစိမ်း) လာရောက်သည့်သူအချို့ မဲပေးခွင့် ဆုံးရုံးမှုရင်ဖွင့်သံကိုလဲ ကြားရမိပါတယ်။
စာအိတ်ပြဿနာမှာ စာအိတ်ထက် မဲစာရွက်က ကြီးနေပြီ မဲကအပြင်ထွက်နေပြန် ပြန်ပိတ်ရင် ကော်က မဲစာရွက်ပေါ် ဖိမိနိုင်။ စာအိတ် ပိတ်ထားသည်ဘက်မှာ လွယ်ကူစွာနဲ့ ခွာလို့ရတာတွေ့ရ။ စာအိတ်ပြဲနေတာ ပေါက်နေတာ တွေ့ရှိသော်လည်း ပြန်လည်လဲပေးခြင်းမရှိပါ။ အမျိုးသားလွတ်တော် အတွက် စာအိတ်တွင် ပြည်သူလွတ်တော်ကိုယ်စားလှယ်
အဓိက စိုးရိမ်စရာ ဆုံးရှုံးမှုအများဆုံးကတော့ တောင်ဥက္ကလာပ နေ ပြည်သူတွေဆိုရင် အမျိုးသားလွတ်တော် /တိုင်းလွတ်တော် အတွက် ၂ မဲသာ ထုတ်ပေးခဲ့ပြီး ပြည်သူ့လွတ်တော်မဲအတွက် ထုတ်ပေးခြင်းမရှိပါပြည်သူလွတ်တော်အတွက် မဲပေးရွှေးခွင့်မရသည့်အတွက် မကျေနပ်ရင်ဖွင့်သံလဲကြားရ။
ရန်ကင်းမြို့နယ် နေပြည်သူများမှာလဲ မဲ ၂ မဲသာ ထုတ်ပေးသည့်အတွက် တမဲပေးပိုင်ခွင့် ဆုံရှုံးခဲ့ရပါတယ် ၊ ထိုအတူ အင်းစိန်မြို့နယ်နေ ပြည်သူများမှာလဲ အမျိုးသားလွတ်တော်အတွက် တမဲထဲသာ ပေးခွင့်ရပြီး တိုင်းဒေသကြီး နှင့် ပြည်သူလွတ်တော်အတွက် မဲ ၂ မဲ ဆုံးရှုံးခဲ့ရပါတယ်။
မကွေးတိုင်း ပခုက္ကူ က အမျိုးသားလွတ်တော် မဲပေးခွင့်မရ။
တိုင်းရင်းသားဒေသများအတွက် မဲလာပေးသူများတွင် ကိုယ်စားလှယ်ရှိသော်လည်း မဲအပြည့်ထုတ်ပေးခြင်းမရှိသြ
မဲပေးခွင့် လက်မှတ်မပြည့်စုံမှုနှင့်ပတ်
ဂျပန်မှာ သံရုံးသို့ မဲဝင်ရောက်ပေးသူ ဦးရေ Volunteer ကော်မတီမှ ရေတွက်ပြီး စာရင်းအရ ယနေ့ ၈:၀၀ ကနေ ညနေ ၆:၀၀ ထိ စုစုပေါင်း (၄၄၇) ရှိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်။
Posted by PNSjapan at 9:09 PM 0 comments
Labels: သတင်း
စလုံးရောက် ပြည်ထောင်စုသားတွေကို လေးစားတယ်ဗျို့


Posted by PNSjapan at 8:57 PM 0 comments
Labels: သတင်း
Friday, October 16, 2015
န်စီအေ လက်မှတ်မထိုးသည့် တိုင်းရင်းသားအဖွဲ့များ၏ သဘောထား
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့အကြား ဒီကနေ့ မနက်က နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ် ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး လက်မှတ်ထိုးရာမှာမပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။
ဗိုလ်မှူးကြီးစိုင်းလ (ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း)
“ဒီကနေ့ နေပြည်တော်မှာ တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး အောင်ပွဲအ ထိမ်းအမှတ်တွေ လုပ်နေကြတယ်။ ကျနော်တို့ဆီမှာတော့ သေနတ်သံတွေ ညံနေတယ်။ အထူးသဖြင့် မိုင်းရှုးမြို့နယ် တာ့ဆမ်ပူး ဒေသနဲ့ တန့်ယန်းမြို့နယ် ဟိုမန်းဒေသထဲမှာ ၊ မနေ့တုန်းက တာ့ဆန်ပူးမှာ နေ့ခင်း ၁၂ နာရီကနေ ညနေ ၅ နာရီထိ အပြင်းအထန် ထိုးစစ်ဆင်တယ် ၊ ၁၂၀ မမ ၊ ၁၅၀ ပေါင်လေးတဲ့ လက်နက်ကြီးတွေနဲ့ ထုတယ်၊ ဒီကနေ့လည်း လက်နက်ကြီးတွေ ပါတဲ့ ကား ၁၂ စီး ကာလိရွာဘက်ကနေ တာ့ဆမ်ပူးဘက် ထပ်ပြီး တက်လာတယ်။ နေပြည်တော်မှာ အပြောတမျိုး မြေပြင်ပေါ်မှာ အလုပ်တမျိုး ထိုးစစ်ဆင်နေတာကြောင့် အဲဒီ အပစ်အခတ်ရပ် လက်မှတ်ထိုးနေတဲ့ကိစ္စရပ်ဟာ မစစ်မှန်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။”
နိုင်ဟံသာ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ – ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ)
“လုပ်တဲ့လူက လုပ်တာပဲလေ။ ကြီးကျယ်အောင်တော့ လုပ်မှာပေါ့။ ဒါပေမယ့် တကယ့်အနှစ်ကို ပြန်ကြည့်ရင် အဖွဲ့ နည်းနည်းလေးနဲ့ပဲ လုပ်တယ်ဆိုတဲ့ဟာက တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်ခတ်ရပ်စဲရေး နာမည်ခံပြီးတော့မှ အဖွဲ့နည်းနည်းလေးနဲ့ လုပ်တာတော့ အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်လေ။ အဓိပ္ပာယ်လည်း မပြည့်ဘူးလို့ မြင်တယ်။
“တဖက်က ကြိုးစားနေတာကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ လုပ်လိုက်တာကတော့ အစိတ်အပိုင်းတခုနဲ့ ဒေသဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောမျိုး ဖြစ်နေတယ်။ အဲဒါနဲ့ ဆက်လုပ်သွားမယ်ဆိုရင် မူလရည်ရွယ်ချက် ဘယ်လိုအဓိပ္ပာယ်ရှိမလဲ။ ဘာမှလည်း ထိရောက်မှု ရှိမှာ မဟုတ်ဘူး။
“တခြားအဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲတော့ အသေအချာတော့ ပြောလို့ မရသေးဘူး။ ဒါပေမယ့် လောလောဆယ်တော့ လွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာ ပြန်ကြည့်ရင် ကချင်မှာရော၊ ရှမ်းမှာရော၊ ပလောင်မှာရော ထိုးစစ်တွေ တော်တော်လေးကို တိုးချဲပြီးတော့ လုပ်လာနေတယ်။ ဒါကို ကြည့်လိုက်ရင် ဒါက ခွဲပြီးတော့မှ ချေမှုန်းတယ်ဆိုတဲ့ ဗျူဟာအရ အဲဒါမျိုးကို ကျင့်သုံးနေတာလားလို့ တွက်စရာတော့ ဖြစ်နေတယ်။”
ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး)
“ကျနော်တို့ဘက်က အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတာပေါ့။ အစိုးရဘက်က အဲလိုမဟုတ်ဘဲနဲ့ အခု လက်မှတ်ထိုးပြီးသားလူတွေနဲ့ပဲဆိုရင်တော့ ကျနော် ထင်တယ် သူတို့ကတော့ နိုင်ငံရေးကို ဆက်သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေထဲမှာ ပါတဲ့ code of condact နှစ်ဘက်လိုက်နာရမယ့်ကျင့်ဝတ် ကိစ္စတွေ ပူးတွဲစောင့်ကြည့်ရေး ကိစ္စတွေ၊ နောက် နိုင်ငံရေးမူဘောင်ကိစ္စတွေက တိုင်းရင်းသားတွေ အားလုံးပါဝင်မှသာ ကျနော်တို့က အကောင်အထည်ဖော်လို့ရမှာ ဖြစ်တယ်။ လက်မှတ်ထိုးတဲ့ ၈ ဖွဲ့နဲ့ ဘာမှ ခေါ်လို့ မရဘူး။ ဒါအပြင်ကို ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုရင်လည်း ဒီအဖွဲ့ ၈ ဖွဲ့က ကျနော်တို့ တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ဘူး။ လူမျိုးစုအားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ ဒါကြောင့်မို့လို့ သူတို့ ဘယ်လိုညှိမလဲဆိုတဲ့ အဖြေပေါ်မှာ မူတည်တာပေါ့ဗျာ။ ဒါ့အပြင်ကို တိုက်ပွဲတွေကလည်း အခုတလောမှာ ပိုပြီးတော့ ပြင်းထန်လာတဲ့အတွက်ကို အန်စီအေက အဓိပ္ပာယ်ကော ရှိပါ့မလာပေါ့။ ”
DVB
Posted by PNSjapan at 4:35 PM 0 comments
Labels: သတင်း
Thursday, October 15, 2015
facebook မှာ တင်တဲ့ပုံကြောင့် နောက်တဦးအဖမ်းခံရ
Posted by PNSjapan at 4:48 PM 0 comments
Labels: သတင်း
အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ
Posted by PNSjapan at 3:55 PM 0 comments
Labels: သတင်
Friday, October 9, 2015
သွေးခွဲအုပ်ချုပ်နေတဲ့အစိုးရနဲ့ အိမ်ပြန်ချင်တဲ့ တော်လှန်ရေးသမားကြီးများ
Posted by PNSjapan at 5:48 PM 0 comments
Labels: သတင်း
Tuesday, October 6, 2015
ရှမ်းမြောက် ဝမ်းဟိုင်းဌာနချုပ် လုံခြုံရေးတပ်စခန်းတခုင်ု တပ်မတော်ဝင်တိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းစစ်မြေပြင်တွင်တွေ့ရသည့် SSPP/SSA တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ-ကျော်ခ/ဧရာဝတီ)
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) ၏ ဝမ်ဟိုင်း ဌာနချုပ် အတွက် အရေးပါသည့် လုံခြုံရေး တပ်စခန်းတခုကို အစိုးရ တပ်မတော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ယနေ့ ဝင်ရောက် တိုက်ခိုက်ကြောင်း သတင်းရရှိသည်။
ဝမ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှုးမြို့နယ်အတွင်း တည်ရှိပြီး တပ်မတော် စစ်ကြောင်းများက ယနေ့နံနက် ၈ နာရီကျော်မှ စတင်၍ မွန်းတည့် ၁၂ နာရီအထိ တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလ က ဧရာဝတီသို့ ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းလ က “ထိခိုက်ဒဏ်ရာရ စာရင်းတွေကတော့ စိစစ်နေတုန်းပဲ။ အခုအတိုက်ခံရတဲ့ စခန်းက ကျနော်တို့ ဝမ်ဟိုင်း လုံခြုံရေးအတွက် အဓိကကျတဲ့ စခန်းဖြစ်တယ်။ ဝမ်ဟိုင်းကို လာတဲ့ အဓိကလမ်းကို ပိတ်ထားတဲ့ လုံခြုံရေးတပ်ပါ”ဟု ပြောပြသည်။
နှစ်ဘက်ကျဆုံးဒဏ်ရာရ စာရင်းများနှင့်ပတ်သက်၍ ရှေ့တန်းမြေပြင်သတင်းများ တက်လာမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ လတ် တလော အခြေအနေအရ နှစ်ဘက် တပ်များအကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး စောင့်ကြည့်နေကြသည့် အနေအထားတွင်ပင် ရှိကြောင်း၊ အစိုးရတပ်များ လှုပ်ရှားမှုထပ်ရှိလာပါက တိုက်ပွဲများ ဆက်ဖြစ်ဖွယ်ရှိကြောင်းလည်း SSPP/SSA ဘက်က ပြောသည်။
SSPP/SSA သည် အစိုးရက ရွေးကောက်ပွဲမတိုင်မီ ရေးထိုးရန် စည်းရုံးနေသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်မထိုးသေးရန် ဆုံးဖြတ်သည့်အဖွဲ့များအနက်မှ တဖွဲ့ဖြစ်သည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ရေးထိုးနိုင်ရေးကို ကန့်သတ်ထားသဖြင့် လက်မှတ်မရေးထိုးသေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ကို ဘာကြောင့် အခုလိုဝင်တိုက်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က NCA မထိုး ဘူးလို့ ပြောထားတာနဲ့တော့ တိုက်ဆိုင်နေပါတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
ယင်း တိုက်ပွဲ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရန်အတွက် အစိုးရက ဆက်သွယ်ရန်ထုတ်ပြန်ထားသော တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို ဧရာဝတီက ကြိုးစား ဆက်သွယ်သော်လည်း ဖုန်းခေါ်ဆို၍ မရရှိခဲ့ပါ။
SSPP/SSA နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားခဲ့သော်လည်း ယင်းသို့ သဘောတူညီမှုရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး SSPP/SSA ၏ တပ် စခန်းပေါင်း ၅ ခုထက်မက တပ်မတော်၏ သိမ်းယူခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ယခု တိုက်ပွဲ ဖြစ်ပွားရာဒေသတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန်ရှိသော ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)မှ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ဆက်သွယ်မှုလမ်းကြောင်း ခက်ခဲသဖြင့် တိုက်ပွဲသတင်း မကြားသိရသေးသော်လည်း တိုက်ပွဲများ အရှိန်မြင့် လာလျှင် မဲဆွယ်စည်းရုံးရေး အတွက် စဉ်းစားရလိမ့်မည်ဟု ပြောဆိုသည်။
“အဲဒီဘက်က ဖုန်းတွေဘာတွေ ဆက်သွယ်ရ ခက်တယ်လေ။ ကျနော်ကိုယ်တိုင် နောက် ၅ ရက်နေ့မှာ အဲဒီဝမ်ဟိုင်း ဘက်ကိုသွားပြီး မဲဆွယ်မလို့၊ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင်တော့ ပြန်သုံးသပ်ရတော့မှာပေါ့လေ”ဟု ဦးစိုင်းလှကျော် က ဧရာဝတီသို့ ပြောသည်။
SNDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ်တွင်း နေရာအများစုတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် ပါတီ တခု ဖြစ်သည်။
ဧရာဝတီ
Posted by PNSjapan at 11:59 PM 0 comments
Labels: သတင်း
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဆက်လက်ဖြစ်ပွား
Posted by PNSjapan at 11:56 PM 0 comments
Labels: သတင်း
အပစ်ရပ်တော့မဲ့ (၇)ဖွဲ့အကြောင်းတစ်စေ့တစ်စောင်း

MNDAA ကိုးကန့်တပ် တဖက်သတ်အပစ်အခတ်ရပ်စဲလိုက်လို့ ဗမာစစ်တပ် အသက်ရှူချောင်သွားပေမဲ့ နယ်စပ်တဖက်မှာ တရုတ်တပ်တွေက “အကန့်အသတ်မရှိ ကျည်အစစ်လေ့ကျင့်ခန်း”ကို လုပ်နေ၊ နယ်စပ်ကပ်လျက်မှာ ချထားတဲ့ တရုတ် အရံတပ်တွေကိုလဲ ပြန်မရုပ်သိမ်းသေးတော့ တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၄၄၊ တပ်မ ၆၆၊ တပ်မ ၉၉ တို့ကို နောက် တန်းပြန်နားခွင့်မပေးနိုင်သေးဘဲ ၇ ရင်းတက် ၃ ရင်းနားစနစ်နဲ့ ချော့ခိုင်းနေရတယ်။ ဒါ့အပြင် ကိုးကန့်ဒေသထဲ လွတ်လွတ် လပ်လပ်လုယက်ခိုးဝှက်ခွင့်လဲ ပေးထားတဲ့အတွက် ပြည်မကလာတဲ့တပ်မတွေမှာ သာမန်ရဲဘော်အဆင့်တောင် နောက် တန်းကမိသားစုဆီ တလ ဆိုင်ကယ်နှစ်စီးနှုန်း ပြန်ပို့နိုင်လို့ စစ်တိုက်မတော်ပေမဲ့ တပ်နေပျော်နေကြတယ်။ စကခ ၁၀ တခု ဘဲ အိန္ဒိယစစ်တပ်က ခတ်ရင့်ရင့်နဲ့ နာဂသူပုန်ကို နယ်စပ်ကျော်ဝင်တိုက်လို့ ကိုးကန့်ဘက်ကပြန်ခေါ်ပြီး အိန္ဒိယနယ်စပ်ကို ပြန်ထိန်းခိုင်းထားတယ်။
ဂါမဏိ နှင့် အောင်သဇင် ပူးတွဲတင်ပြသည်။
Posted by PNSjapan at 11:51 PM 0 comments
Labels: သတင်း