
- စစ်တပ်က မြေသိမ်းပြီး KNU က ရတဲ့ မြေဧက ၅ ထောင်ဟာ ကရင်ပြည်နယ်ဒေသအတွင်း စစ်ပြေးစစ်ရှောင် ရွာပုံး၊ ရွာရှောင် ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားတွေ ပြန်လည်နေထိုင်ဖို့ဆိုပြီး နိုင်ငံတကာကို တင်ပြထားတဲ့ KNU နဲ့ ဦးသိန်းစိန်အစိုးရရဲ့ စီမံချက်ထဲက တခုပါပဲ။ ဒါကို ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းက ကူညီမယ်လို့ ကတိပြုထားပါတယ်။ စီမံကိန်းတွေ ကို အစီအစဉ်ရေးဆွဲပေးတဲ့သူတွေကတော့ MPC ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအဖွဲ့က နိုင်ငံတကာအဆင့်မှီ ရေးဆွဲပေးခဲ့ပါတယ်။
-
ဌာနေလယ်သမားတွေဆီက အတင်းအဓမ္မသိမ်းဆည်းထားတဲ့
လယ်မြေဧက ၅ ထောင်ကို KNU က ရတာနဲ့ ပေ ၄၀ ပေ ၆၀
လူနေအိမ်တွေဆောက်ဖို့ မြေကွက်တွေ ရိုက်ပြီး တကွက်ကို
အနိမ့်ဆုံးဈေး ၁၀ သိန်းကနေစပြီး နေရာကိုလိုက်လို့ သိန်း ၅၀၊ ၆၀
မှသည် သိန်း ၁၀၀ ကျော်အထိ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းစားလိုက်ပါတယ်။
KNU အဖွဲ့အစည်းကြီးအနေနဲ့ ရန်ပုံငွေတွေ
ဘယ်လောက်ရတယ်၊ ရောင်းရငွေတွေ ဘယ်ကိုရောက်သွားတယ်ဆိုတာ
ကိုတော့ စစ်ရေးသဘောအရ၊ အဖွဲ့အစည်းသဘောအရ မပြောဘဲ
နေလို့ ရပါတယ်။
-
မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ စစ်ပြေးရှောင် ဒုက္ခသည်တွေ၊ အိမ်ယာရွှေ့ပြောင်းပေးရတဲ့
ဒုက္ခရောက်သူတွေအတွက် ရည်ရွယ်ထားတဲ့ မြေကွက်တွေဟာ
စီးပွားရေးသမားတွေနဲ့ မြန်မာပြည်ရဲ့ ငွေကြေးကို မယုံကြည်လို့
မြေကွက်ဝယ်ထားတဲ့သူတွေရဲ့ လက်ထဲမှာချည်းပါပဲ။ အခုအချိန်မှာ
နိပွန်ဖောင်ဒေးရှင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေ
က ရွာပုံးရွာေ-ရှာင်တွေအတွက် ပြန်လည်နေရာချထားရေးကို စစ်ဆေးဖို့၊
လာရောက်ကြည့်ရှု့ဖို့
လုပ်နေတဲ့အချိန်မှာတော့ ရောင်းချထားတဲ့ မြေကွက်တွေကို
အိမ်တွေ အတင်းဆောက်ဖို့ KNU က ဖိအားပေးနေပါပြီ။ မီးမရှိ၊ ရေမရှိ
ဘာမှ ပြည့်စုံမှု့မရှိတဲ့ မြေနေရာတွေမှာ အိမ်ဆောက်ဖို့လည်း
စီးပွားရေးသမားတွေနဲ့ ငွေကြေးပျောက်ဆုံးမှာ ကြောက်ကြတဲ့ ပြည်သူတွေက
အိမ်ဆောက်ဖို့ အစီအစဉ်မရှိကြဘူးလို့လည်း သတင်းရရှိပါတယ်။
ဝယ်ထားတဲ့ မြေကွက်မှာ ခြံစောင့်ဖို့အတွက်တောင် ခြံစောင့်က ၃၀၀၀၀
လောက်ပေးကြရပါတယ်။
-
ဒါဆိုရင်တော့ KNU၊ MPC နဲ့ ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးတည်ဆောက်မှု့နဲ့
မြို့သစ်ဆောက်လုပ်ရေးဆိုတဲ့ လူမသိ၊ တိုင်းပြည်မသိ နိုင်ငံတကာက
အကူအညီတွေကို ဘယ်နေရာတွေမှာ အသုံးချခဲ့ပါသလဲဆိုတဲ့ ဖြေရှင်းချက်ကို
ပေးရတော့မယ့်အချိန်မှာ အတင်းအကြပ်ကြီး ငြိမ်းချမ်းရေးလက်မှတ်ထိုး
တယ်ဆိုတာ ကမ္ဘာကျော် ငွေကြေးအလွှဲသုံးစားလုပ်မှု့ကြီးနဲ
့ ဒုက္ခသည်တွေကို ပြပြီး လိမ်လည်တဲ့ အမှု့ကြီးကို ရှောင်လွှဲတော့မယ်
အရေးဖြစ်ကြောင်း မြန်မာပြည်သူလူထုကြီး သိလောက်ပြီလို့
ထင်ပါတယ် ခင်ဗျာ။
-
စစ်တပ်သိမ်းသည့် မြေကို KNU ယူတယ်
နိုင်ငံတကာအကူအညီ ငွေသားကို ဦးသိန်းစိန် အစိုးရ ခိုးတယ်
မြေရောင်းရငွေကို ကေအန်ယူ ခေါင်းဆောင်ပိုင်းက အိတ်ထဲထည့်တယ်
-
ဒုက္ခသည်တွေကတော့ ထွက်ပြေးမြဲ ထွက်ပြေးနေရတဲ့ ငြိမ်းချမ်းရေး
လက်မှတ်ထိုးပွဲကြီးကို ပျော်ပျော်ပါးပါးကြီး ကျင်းပကြတာပေါ့ခင်ဗျာ။
ငြိမ်းချမ်းအောင်
0 comments:
Post a Comment