၈ ရက် ၈ လ ၂၀၁၅ ခုနှစ်။
(၂၇)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ စုပေါင်း၍ ယနေ့ ကျင်းပခဲ့ကြပါသည်။
အခမ်းအနားကို Gotanta ပန်းခြံမှ နေ့လည် (၃း၀၀)နာရီ တိတိတွင် စတင်ထွက်ခွါ ခဲ့ကြပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး) အနီးရှိတွင် အဆုံးသတ်ခဲ့ကြပါသည်။
...

ချီတက်သွားရာ တိုကျို လူစည်ကါးတဲ့လမ်းတလျှောက်မှာ တိုင်းရင်းသားဒေသများ မတရားထိုးစစ်ဆင်နေမှု ... ချက်ခြင်းရပ် , နိုင်ငံရေး အကျဉ်းသား အားလုံး ... ချက်ခြင်းလွတ် , စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး .... အကောင်အထည်ဖေါ် , ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ .... အလိုမရှိ , စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက် ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။
ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့၏ ဆန္ဒသဘောထား တောင်းဆိုချက်များကို မြန်မာသံရုံးမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြပါသည်။
ယနေ့ ချီတက်ဆန္ဒပြပွဲသို့ ဂျပန်ရောက် ပြည်ထောင်စုဘွား မြန်မာနိုင်ငံသားများနဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား( ၄၄၀) ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

0 comments:
Post a Comment