Wednesday, August 26, 2015

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၅ ရက်


တအာင်းဒေသ၊ တပ်မဟာ(၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ တာလက်ကျေးရွာအနီးတွင် ယနေ့သြဂုတ်လ ၂၅ ရက် နံနက် ၀၇း၁၀ နာရီမှ ၀၇း၅၀ နာရီ အထိ တအာင်းတပ်မတော် တပ်ရင်း(၄၃၄)နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။

နှစ်ဖက်တပ်မှ အဆိုပါတိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ဆက်လက်နေရာယူလျှက်ရှိပြီး နှစ်ဖက်စောင့်ကြည့်အနေအထားတွင် ရှိနေသေးပြီး တိုက်ပွဲဆက်လက်ဖြစ်လာနိုင်သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင်လည်း မိုင်းငေါ့မြို့နယ်ခွဲနှင့် ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသဖြစ်သည့် တာလက်ကျေးရွာအနီးတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။


သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

0 comments: