KIO ဒု-ဥက္ကဌ ဖြစ်တဲ့အပြင် UNFC ဥက္ကဌ အဖြစ်လက်ရှိ တာဝန်ယူ ထားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ကချင်သတင်းဌာန က အပစ်အခတ် ရပ်...
Posted by LA Lung Jung on Tuesday, July 21, 2015
Thursday, July 23, 2015
KIO ဒု-ဥက္ကဌ ဖြစ်တဲ့အပြင် UNFC ဥက္ကဌ အဖြစ်လက်ရှိ တာဝန်ယူ ထားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ကချင်သတင်းဌာန က အပစ်အခတ် ရပ်စဲရေး နဲ့ ပါတ်သက်ပြီး မေးမြန်းတင်ပြထားရာမှာ ဗိုလ်ချုပ်ကြီး က အခုလို ပြတ်ပြတ်သားသား ပြောဆိုထားပါတယ် ။
Posted by PNSjapan at 12:39 AM 0 comments
Labels: ရုပ်သံသတင်း
ဒီနေ့ အမိန့်ချမှုနဲ့ ပက်သက်ပြီး ဦးကိုကိုကြီးပြောပြချက်
ဒီနေ့ အမိန့်ချမှုနဲ့ ပက်သက်ပြီး ဦးကိုကိုကြီးပြောပြချက်
Posted by Saw Phoe Kwar on Wednesday, July 22, 2015
Posted by PNSjapan at 12:37 AM 0 comments
Labels: ရုပ်သံသတင်း
ရွေးကောက်ပွဲမတိုင်မီ ဘာကြောင့် အပစ်မရပ်သင့်သလဲ

ဦးအောင်မင်းတို့ရွတ်ဆိုတဲ့ မန္တန်က တိုတိုတုတ်တုတ်ကလေးပါ။
Posted by PNSjapan at 12:37 AM 0 comments
Labels: ဆောင်းပါး
Saturday, July 18, 2015
ဂျပန်က နိုင်ငံခြားမှာ စစ်တိုက်နိုင်မယ့် ဥပဒေတင်

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဂျပန် လက်နက်ကိုင် တပ်ဖွဲ့တွေ ရေခြား မြေခြားမှာ သွားပြီး တိုက်ခိုက်ခွင့် ပြုမယ့် လုံခြုံရေး ဥပဒေကြမ်းကို ဂျပန် အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။ ဒီအပြောင်းအလဲကို ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အဆိုပြုခဲ့တာ ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်က ပြုလုပ်နေတဲ့ ခြိမ်းခြောက်မှုမျိုး အန္တရာယ် အသစ်တွေကို ရင်ဆိုင်နိုင်အောင် ဖြစ်တယ်...လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ကတော့ ဂျပန်ကို ဝေဖန်လိုက်ပြီး တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေမယ့် အပြုအမူမျိုး မလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။
မစ္စတာ အာဘေးကို ဆန့်ကျင်သူတွေကတော့ ဒီ အပြောင်းအလဲဟာ ဂျပန်ရဲ့ စစ်ပြီးခေတ် ငြိမ်းချမ်းရေး အခြေခံဥပဒေကို ဆန့်ကျင်နေတယ်လို့ ဝေဖန်ပါတယ်။
အခုတော့ ဒီဥပဒေကြမ်းကို မစ္စတာ အာဘေးရဲ့ ပါတီက အများစုနေရာ မရထားတဲ့ အထက်လွှတ်တော်မှာ ဆက်ဆွေးနွေးကြမှာပါ။။
BBC
Posted by PNSjapan at 3:35 PM 0 comments
Labels: သတင်း
၂၀၃၀ တွင် အေအိုင်ဒီအက်စ်ရောဂါ တကမ္ဘာလုံး တားဆီးနိုင်မည်ဟု ကုလပြော

Posted by PNSjapan at 1:01 AM 0 comments
Labels: သတင်း
Monday, July 13, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရေးကို ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) က ဆောင်ရွက်မယ်

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပ ထောက်ခံမှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် ယှဉ်ပြိုင်ခွင့် ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း ကိုယ်စားလှယ်နေရာ ၁၂၀၀ ခန့်ကို ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၀င်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။
ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) က ခေါင်းဆောင်တွေဟာ သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှုကို အစပြုတဲ့ကျောင်းသားလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြပြီး ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြပါဘူး။
၁၉၉၀ ရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရသလို သူတို့တတွေဟာလည်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရချိန်ဖြစ်ပါတယ်။
အသက်အရွယ်တန်းအရ ၅၀ ကျော်အတွင်းကို ရောက်ရှိရင့်ကျက်လာကြပြီဖြစ်တဲ့ သူတို့တတွေကို လွှတ်တော်တွင်းနိုင်ငံရေးကို ၀င်ရောက်လုပ်ကိုင်စေလိုကြတဲ့ ထောက်ခံ တိုက်တွန်းသူတွေလည်း အများအပြားရှိနေတာပါ။
ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) က ခေါင်းဆောင်တွေထဲက ဦးကိုကိုကြီး တဦးသာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ထုတ်ဖော်ပြောဆိုမှုရှိသေးပြီး ကျန်ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းက ၀င်ပြိုင်ဖို့ ပြင်ဆင်ထားခြင်း မရှိသေးပါဘူး။
ဦးမြအေးက “သေချာတာကတော့ ကိုကိုကြီးတယောက်ပဲ ရှိသေးတယ်။ ကျနော်မ၀င်ဘူးခင်ဗျ။ ကိုပေါ် (ဦးမင်းကိုနိုင်)ကတော့ မ၀င်ဘူး။ ကိုကိုကြီး တယောက်ပဲရှိတယ်ဆိုပေမယ့် ကျန်တဲ့ အငယ်တွေလည်း မပြောတတ်သေးဘူး” လို့ ပြောပါတယ်။
ဦးကိုကိုကြီးကတော့ သူ့အနေနဲ့ လွှတ်တော်နိုင်ငံရေးလုပ်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို ထပ်မံအတည်ပြုပါတယ်။ အဖွဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ အလွတ်သဘော ညှိနှိုင်းပြောဆိုတာရှိပေမယ့် အသေးစိတ် ပြောဆိုလိုခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ဦးကိုကိုကြီးက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့နဲ့ ပူးတွဲကြေညာချက် ထုတ်ထားတာ ရှိတယ်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ယုံကြည်ချက်တူ၊ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ကျနော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ၀န်းရံသွားမယ်ဆိုတာက အဖွဲ့ရဲ့ ရပ်တည်ချက်ပဲ။ အဲဒီမှာမှ ရွေးကောက်ပွဲဖြတ်သန်းမှု နဲ့ပတ်သက်လို့က အဖွဲ့မှာရှိတဲ့ တဦးချင်းရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲဝင်မယ် မ၀င်ဘူးဆိုတာကို ဆုံးဖြတ်သွားမယ့်သဘောရှိပါတယ်” လို့ ပြောပါတယ်။
ကိုယ်စားလှယ်လောင်းစာရင်းတွေကို လာမယ့်သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး တင်ရမှာဖြစ်ပါတယ်။ ၈၈ (ငြိမ်းပွင့်) က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြိုင်မှု မပြိုင်မှုထက် အဆင့်လိုက်လုပ်ဆောင်မယ့် အချိန်ဇယားကတော့ ပြင်ဆင်ထားပါတယ်လို့ သူက ပြောပါတယ်။
တပါတီစနစ်နဲ့ အုပ်ချုပ်မှုကို နိုင်ငံတ၀န်း အုံကြွတော်လှန်ခဲ့တဲ့ ၈၈ လူထုအုံကြွမှုကြီးကြောင့် မြန်မာနိုင်ငံမှာ တိုင်းပြည်ကို ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိဂုံးချုပ်ခဲ့ရပြီး ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲပေးဘဲ နှစ်ပေါင်း ၂၀ စစ်အုပ်ချုပ်ရေးနဲ့ ဆက်လက်အုပ်ချုပ်ခဲ့ပြန်ပြီး ၂၀၁၀ ခုနှစ်မှာ တဖန် ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။
.
Credit : DVB
Posted by PNSjapan at 11:09 PM 0 comments
Labels: သတင်း
စုစည်းညီညွတ် ပူးပေါင်းလက်တွဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့ ...

၂) CRPP ဝင် တိုင်းရင်းသားတွေ ယှဉ်ပြိုင်မယ့်နေရာ NLD ရှောင်မယ်
အသေးစိတ်ကတော့ - CRPP အဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကိုတော့ NLD နဲ့ ရှောင်သွားမှာဖြစ်ပြီး ဒီကိစ္စကိုလည်း တိုင်းရင်းသားပါတီတွေနဲ့ ဆက်ပြီးဆွေးနွေးသွားမယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဲဒီမှာ နိုင်ငံရေးနဲ့အလှမ်းဝေးသူတွေ လူငယ်တွေအတွက် စိမ်းနေမယ့် CRPPဆိုတဲ့ စကားလုံးတစ်ခုပါလာတယ်။ CRPP ဆိုတာ Committee Representing the People's Parliament ကိုအတိုခေါ်တာပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLDပါတီနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက အရွေးကောက်ခံကိုယ်စားလှယ်တွေ ရဲ့ သဘောတူညီချက်နှင့် ဖွဲ့စည်းခဲ့တာပါ။ အဲဒီတုံးက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲက လို့ခေါ်တဲ့ န၀တမှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဆိုပြီး အမည်ပြောင်းထားတဲ့ စစ်အစိုးရခေတ်။ ရွေးကောက်ပွဲနိုင်ပါတီကို အာဏာလွှဲမပေးချင်လို့ အမျိုးမျိုးညစ်တာခံရပြီးနောက် NLD က ဦးဆောင်ပြီး ၁၉၉၈မှာ အဲဒီကော်မတီကိုဖွဲ့ခဲ့တာပါ။ အဲဒီကော်မတီထဲမှာ NLD သာမက၊ ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့တိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD), မွန်အမျိုးသား ဒီမိုကရက်တစ်တပ်ဦး (MNDF)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီး (ချင်း) အမျိုးသားကွန်ဂရက် (ZNC) စတာတွေ ပါတယ်။ အဲဒီလို NLD နှင့် မဟာမိတ်တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေဟာ ဘာပြောကောင်းမလဲ စစ်ထောက်လှမ်းရေး က အမျိုးမျိုး နှောက်ယှက် နှိပ်စက်တာ ခံရတာပေါ့။ ဒါပေမယ့် အဲဒီ CRPP အဖွဲ့ကြီးဟာ စစ်အာဏာရှင်တွေကို ၁၀နှစ်ကျော်ကြာလက်တွဲ ကြံ့ကြံ့ခံသွားခဲ့ပါတယ်။
ယခု ၂၀၁၅ရွေးကောက်ပွဲမှာ CRPP တုံးကလက်တွဲခဲ့တဲ့ တိုင်းရင်းသားပါတီကြီးတွေနဲ့ ခေါင်းဆောင်တွေ ပြန်ပါဝင်လာတော့မယ်။ NLD အနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက်ဟောင်းများအတွက် အခုလို အလိုက်တသိ စဉ်းစားပေးတာဟာ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုံးက တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကို ထောက်ခံခဲ့ကြတဲ့လူထုအတွက် စိုးရိမ်ပူပန်မှုတစ်ခု ငြိမ်းအေးပြီး အားလုံးအတွက် ကျေနပ်စရာ win-win ဖြစ်ပါတယ်။ အရင်က နှစ်ပေါင်း ဆယ်ချီ လက်တွဲခဲ့ကြသူတွေ အခုပြန်လည် တွဲဆက်ပြီး အင်အားတွေ ပူးပေါင်းနိုင်ကြရင်ဖြင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ဟာ ၂၀၁၅အလွန်မှာ မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
Photo credit: zomidc.org, Irrawaddy
Posted by PNSjapan at 11:07 PM 0 comments
Labels: သတင်း
တပ်မတော်နှင့် DKBA ထိတွေ့ တိုက်ခိုက်မှု ၃၉ ကြိမ်ဖြစ်ပွား၊ နှစ်ဖက် ကျဆုံးမှုရှိဟု ထုတ်ပြန်

Posted by PNSjapan at 11:04 PM 0 comments
Labels: သတင်း
Saturday, July 11, 2015
စာချုပ်ကို လက်မှတ်ထိုးကြမလား၊ မထိုးကြဘူးလား ဆုံးဖြတ်တော့မယ်။

“နိုင်ငံရေးဖြေရှင်းတဲ့အခါမ
တိုင်းရင်းသားတွေဟာ ရည်မှန်းချက်ပန်းတိုင်ရောက်
“တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့က လက်မှတ်ထိုးရေး၊ မထိုးရေးက ဒီကနေ့ အစည်းအဝေးမှာ သဘောထားပေးရမှာ ဖြစ်တယ်။ အထူးသဖြင့်ဒီကနေ့နိုင်ငံရေး
သတင်းဓာတ်ပုံ - ကောင်းခန့်/ ကမာရွတ်မီဒီယာ
Posted by PNSjapan at 2:30 PM 0 comments
Labels: သတင်း
Wednesday, July 8, 2015
အစိုးရတပ်နှင့် DKBA တိုက်ပွဲ ရပ်ဆိုင်းရေး ဘားအံ ဆွေးနွေးပွဲ မပြေလည်
အစိုးရတပ်နှင့် DKBA တိုက်ပွဲ ရပ်ဆိုင်းရေး ဘားအံ ဆွေးနွေးပွဲ မပြေလည် July 7, 2015 -ယနေ့ ကရင...
Posted by April Maung Maung on Tuesday, July 7, 2015
-
ယနေ့ ကရင်ပြည်နယ် ဘားအံမြို့ ပြည်ထောင်စု ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား မြ၀တီမြို့နှင့် ကော့ကရိတ် မြို့ကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ် တန့်နိုင်သည်အထိ ပြေလည်ရန် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ဟု သတင်း...ရရှိသည်။
-
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် DKBA မှ ဗိုလ်မှူးကြီး စောမောင်လေး က“တပ်ဘက်က ဗိုလ်မှူးကြီး တယောက်ပဲ လာတယ်၊ DKBA ဘက်ကတော့ ညှိဖို့ မေတ္တာရပ်ခံတယ်လို့ ပြော လိုက်ပါတယ်၊ တိုက်ပွဲ အပြီးသတ် ရပ်ဖို့ အခြေအနေလောက်ထိ ဘာမှ မညှိလိုက်ရဘူး၊ သူတို့ဘက်က ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ မျှော်လင့်ထားတယ်”ဟု ပြောသည်။
-
ဆွေးနွေးပွဲတွင် တိုက်ပွဲကိစ္စကို အကျယ်တ၀င့် ဆွေးနွေးနိုင်ခြင်းမရှိဘဲ အာရှ လမ်းမကြီးနှင့် ဆိုင်သည့် ကိစ္စရပ်များကိုတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အကျယ်တ၀င့် ပြောပြခဲ့သည်ဟုလည်း သိရသည်။ တပ်မတော်နှင့် DKBA သည် ဇူလိုင်လ ၂ ရက်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
-
ယနေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့နှင့် မြ၀တီမြို့အကြား ရှိ DKBA စခန်းများ ရှိသည့် နေရာ ၇ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း DKBA
တိုက်ပွဲ ရုပ်/သံ နှင့်တကွ ဖော်ပြလိုက်ပါသည်။
=============
သတင်း /ဧရာဝတီ - ဗွီဒီယို / knu
Posted by PNSjapan at 12:09 AM 0 comments
Labels: ရုပ်သံသတင်း
ယနေ. ဆဲဗင်းဇူလိုင် မြင်ကွင်းများ.



ယနေ.ညနေ တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင် အား ဖမ်းဆီးစဉ်
အရပ်ဝတ် (၁၀) ယောက်ကျော်မှ ကား (၃) စီး ဖြင့် ရှေ့နောက် ပိတ်၍ အရပ်ဝတ် (၅)
ယောက်က မျက်နှာအားရိုက်ထိုးခဲ့သည့်အပြင် အကျီင်္များပါ ဆုတ်ပြဲသည်အထိ ထိုးကြိတ်...
ခဲ့ပါသည်ဟု မျက်မြင်တွေရှိခဲ့ပြီး ကိုပိုင်ဖြိုးမင်း က ပြောကြားပါသည်။ ယခု ကိုပိုင်ဖြိုးမင်း
အား ပုဒ်မ (၁၈) ဖြင့် ပန်းပဲတန်းမြို့နယ် ရဲစခန်းမှ အမှုဖွင့် လိုက်ပါသည်။

Posted by PNSjapan at 12:06 AM 0 comments
Labels: သတင်း
Sunday, July 5, 2015
သမ္မတဦးသိန်းစိန်ကို ဂျပန်ရောက် မြန်မာများက သွားရောက်ဆန္ဒပြ။
သမ္မတဦးသိန်းစိန်ကို ဂျပန်ရောက် မြန်မာများက သွားရောက်ဆန္ဒပြ။Posted by タン ミョー トェ on Friday, July 3, 2015
Posted by PNSjapan at 1:22 AM 0 comments
Labels: သတင်း
၂၀၀၈ စစ်ကျွန်ပြုမည့် ဖွဲစည်းပုံ "ပုဒ်မ ၄၃၆" ပြင်ဆင်ရေးဟာ သမိုင်းမှာ အဘယ်မျှ အရေးကြီးကြောင်း မီးမောင်းထိုးပြခြင်း ...,

ကာကွယ်ရေးဦးစီးချုပ် ရာထူးကို
ဘယ်သူကခန့်အပ်နိုင်သလဲ ဆိုတဲ့မေးခွန်းပေါ့ ။
ဒီအကြောင်းမရေးခင်...
သမ္မတ ကိုဘယ်သူတွေကရွေးချယ်
ခန့်အပ်နိုင်သလဲဆိုတဲ့အကြော
လေ့လာကြည့်ဦးမယ် ။
သမ္မတမဖြစ်ခင်
အရင်ဆုံး ဒုတိယသမ္မတ စတင်ရွေးချယ်ရမယ်
ဒုတိယသမ္မတ ဖြစ်ဖို့ လမ်းကြောင်းသုံးသွယ်
ရှိတယ် ။
ပြည်သူ့လွှတ်တော် = ဒုသမ္မတ တဦး
အမျိုးသားလွှတ်တော် = ဒုသမ္မတ တဦး
တပ်မတော် ၂၅ ရာနှုန်း = ဒုသမ္မတ တဦး
အားလုံးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က
ဒုသမ္မတ(၃) ဦးအနက် (၁) ဦးကိုရွေးချယ်ပြီး
နိုင်ငံတော်သမ္မတအဖြစ်တင်မြေ
၂၅ ရာနှုန်း တပ်မတော်သားကိုယ်စားလှယ်
မှအပ ကျန်ကိုယ်စားလှယ်များအားလုံ
ပါတီခေါင်းစဉ်အောက်မှပြည်သူ
မဲပေးပြီးရွေးချယ်ကြရပါတယ် ။
တပ်မတော်သားကိုယ်စားလှယ် ၂၅ရာနှုန်းကို
ပြည်သူကရွေးချယ်ခွင့်မရှိစေ
ဦးစီးချုပ်ကသာ၎င်းစိတ်တိုင
ထုတ်ပယ်ခွင့်ကိုကျင့်သုံးပါ
ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်း
သည့်သူသည် ဒုတိယသမ္မတ ဖြစ်ခွင့်ရပြီး
အခြေအနေပေးလျှင် သမ္မတအထိ ဖြစ်သွား
နိုင်စရာရှိပါတယ် ။
ကောင်းပါပြီ ။
သမ္မတအထိ ဖြစ်နိုင်ခွင့်ရှိသည့်အုပ်ခ
အာဏာအမြင့်ဆုံးတာဝန်ကို ကာကွယ်ရေး
ဦးစီးချုပ်က၄င်းတဦးတည်းသေ
ခန့်အပ်နိုင်သည်ဆိုလျှင် ။
ယင်းအချက်သည်ထူးခြားချက်တရပ
သမ္မတ ရာထူး ခဏ ထားပါဦး ။
ဖွဲ့စည်းပုံတွင် ကာကွယ်ရေးဦးစီးချုပ် ကိုမည်သို့
ရွေးချယ်ခန့်အပ်နိုင်ကြောင်
မထားရုံမက ကာချုပ်၏ရာထူးသက်တမ်း
ကန့်သတ်ထားခြင်းပင်လျှင် မတွေ့ရပါ ။
ထို့ပြင် ကာချုပ်သည်အောက်ပါရာထူးတာဝန
များကိုခန့်အပ်ရန် အမည်စာရင်းတင်သွင်း
နိုင်ပါသေးတယ် ။
ကာကွယ်ရေးဝန်ကြီး
ပြည်ထဲရေးဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီး
ထိုပြည်ထောင်စုဝန်ကြီးဌာနမျ
လက်နက် ကိုင်အဖွဲ့အစည်းများဖြစ်ပါတ
ဖွဲ့စည်းပုံတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလံ
သည် ကာကွယ်ရေးဦးစီးချုပ်၏လက်အေ
နိုင်ငံတော်တရားလွှတ်တော်ချု
တဦးသည် သာမာန်တပ်မတော်သားတဦး၏
ရာဇဝတ်မှုတခုခုကိုပင်လျှင် စီရင်ဆောင်ရွက်ခွင့်
မရှိစေရ ပဲ ၊ စစ်ဖက်ဆိုင်ရာတရားရုံးကိုလည
ကာချုပ်ကပင် စီရင်ဆောင်ရွက်ခွင့်ရနေပြန်
ထိုပြင်မက ၊ နိုင်ငံတော်လုံခြုံရေးနှင့်
ကော်မတီ (၁၁) ဦးတွင် ၆ ဦးက ကာချုပ်ခန့်ထား
သည့်လူ ဖြစ်နေပါတယ် ။
အနှစ်ချုပ်ရလျှင် ။
ဒီ ကနေ့ နိုင်ငံတော်၏အမြင့်မားဆုံးအ
သမ္မတ ကကိုင်တွယ်ထားသည်ဟု သင်ထင်မြင်
ယူဆနေလျှင် သင့်အမြင်တိမ်းစောင်းနေကြော
သိသာရန် ဖွဲ့စည်းပုံ စာအုပ်ကို ရှာဖတ်ပါ ။
ဖွဲ့စည်းပုံတွင် ပုဒ်မ (၄၃၆)ကိုမြင်အောင်ကြည့်ပါ
ကာကွယ်ရေးဦးစီးချုပ်ဟောင်း
သန်းရွှေသည် သူ့ကိုသစ္စာခံမည့် သူအယုံကြည်
ရဆုံး ထားဝယ်သား မင်းအောင်လှိုင်ကို
ကာကွယ်ရေးဦးစီးချုပ်ရာထူးေ
အရိုက်အရာကို လွှဲပြောင်းပေးခဲ့ကြာင်း
သိသာထင်ရှားပေါ်လွင်ခဲ့ပါတယ်
ပြည်သူလူထုလိုလားတောင့်တနေေ
ဒီမိုကရေစီစနစ်ကိုလည်း ဦးသန်းရွှေက
စာအုပ်အစိမ်းကြီးဖြင့် ၁၂နှစ်တိတိရေးဆွဲကာ
ပါတီစုံဖွဲ့စည်းခြင်း၊ပြည်န
ခန်အပ်ခြင်း ၊ပြည်ထောင်စုလွှတ်တော်
ကျင်းပခြင်း ၊ဆန္ဒပြခွင့်ပေးခြင်း၊ဥပဒေကြ
ရေးဆွဲအတည်ပြုခြင်း ၊ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅ဖြင့်
ဖမ်းဆီးထောင်ချခြင်း ၊ တိုင်းရင်းသားလက်နက်
ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်
စစ်ပွဲများဆင်နွဲပေးခြင်း၊ နိုင်ငံရေးကျားကွက်
ဘာသာသာသနာ မျိုးစောင့်ဥပဒေဖန်တီးခြင်း
စသည့် မီးစတဖက် ရေမှုတ်တဖက် ဇာတ်ညွှန်းများ
ရေးဆွဲကာ မြန်မာနိုင်ငံရေးခရီးကြမ်းက
အချောမသတ်ချင်ပဲ ဇာတ်ကွက်ဇာတ်လမ်းအရ
ကပြအသုံးတော်ခံခိုင်းခဲ့ပါတ
ဤပွဲတွင် ဦးသန်းရွှေသည် မုဆိုးဖြစ်လျှက်
ပြည်သူက သားကောင်ဖြစ်လျှက်ရှိနေပါတယ
ထို့ကြောင့် အားလုံးကိုခြုံကြည့်လျှင်
၂၀၁၀ ကတည်းကမြန်မာနိုင်ငံသည် မင်းပြောင်း
မင်းလွဲဖြစ်ခဲ့ပြီး ထိုမင်းဟာ ဦးသိန်းစိန်
မဟုတ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လ
ဖြစ်ခဲ့ပါတယ် ။
သက်သေ သာဓကထပ်ပြဦးမယ် ။
ဒေါ်ကြိုင်ကြိုင်သည် တွံတေး ဓနုတ်စေတီကို
ထီးတော်တင်ခဲ့ရာ ပြိုကျသဖြင့် နောက်ဆုတ်
ခဲ့သည် ၊ ၄င်းစေတီကိုပင် မင်းအောင်လှိုင်သည်
ကျိုက်ထီးဆောင်းအကူအညီဖြင့်
ခဲ့ရာအောင်မြင်ခဲ့ပါတယ် ။
မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်
ဖြစ်ပြီးနောက် ၄င်း၏ဇာတိ ထားဝယ်မြို့
ရွှေတောင်စားစေတီကို ဘက်စုံမွမ်းမံကာ
အောင်ပွဲခံခဲ့ပါတယ် ။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက်
တောင်းဆိုနေခဲ့သော လေးပွင့်ဆိုင်ဆွေးနွေးရေး
မအောင်မမြင်ဖြစ်ရသောအဓိက အကြောင်းမှာ
ကာကွယ်ရေးဦးစီးချုပ်မင်းအေ
လုံးဝ လုံးဝ သဘောမတူညီ၍ဖြစ်ပါတယ် ။
ယခုလို အကျယ်တဝင့် ရေးပြရခြင်းမှာ
အချို့ကနိုင်ငံအရေး နကန်းတလုံးမသိပဲ
ရမ်းသမ်းဝေဖန်နေ၍ဖြစ်ပြီး ၊ဖြစ်စဉ်သမိုင်း
သဘောကို အလွယ်တကူသိရှိစေရန်သာ
အမှန်အတိုင်းရေးပြခြင်းသာဖြ
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ပူးပေါင်းဆောင်ရွက်နေသည့် ၄၃၆ ပြင်ဆင်ရေး
ဟာသမိုင်းတွင်အဘယ်မျှအရေးပါ
မီးမောင်းထိုးပြခြင်းဟုအဓိပ
ပါတယ် ။
မှတ်ချက် ။ ကျနော်သည်ယခုအခါမည်သည့်ပါတီ
ဝင်မျှမဟုတ်ပါ ၊အမှန်တရားဘက်တော်သား
ရှေနေတယောက်သာဖြစ်ပါတယ် ။သမိုင်းသည်
လေ့လာအပ်သောအရာဖြစ်၍မိမိ၏မျ
နားကိုအမြဲဖွင့်လှစ်ထားပြါေ
ကိုအသိပေးအပ်ပါတယ် ။
နိုင်ငံရေးသည် ဝင်္ကန္တ ကဲ့သို့
တခါတရံ အသိရခက်ခဲလှပေတကား ။
Posted by PNSjapan at 1:15 AM 0 comments
Labels: ဆောင်းပါး
လက်ရှိ ကရင်ပြည်နယ်ဘက်က အခြေအနေ...
ဗိုလ်မှူးစောဆန်းအောင်တပ် ( DKBA ) နှင့် အစိုးရတပ် ပစ်ခတ်မှု ( 2.7.2015 )
ဗိုလ်မှူးစောဆန်းအောင်တပ် ( DKBA ) နှင့် အစိုးရတပ် ပစ်ခတ်မှု( 2.7.2015 )
Posted by နာမည် ဆိုသည်မှာ on Saturday, July 4, 2015
Posted by PNSjapan at 1:12 AM 0 comments
Labels: ရုပ်သံသတင်း
Friday, July 3, 2015
ဟန်ပြဒီမိုကရေစီ စစ်အာဏာရှင် လူလိမ် သမ္မတသိန်းစိန်အား ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖေါ်တောင်းဆိုပါမည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်မဲခေါင် ဒေသတွင်း နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်မည့် အာစီယံအလှည့်ကျ ဥက္ကဌ ဦးသိန်းစိန် အား အောက်ပါအစီအစဉ်အတိုင်း ကန့်ကွက် ဆန္ဒ ထုတ်ဖေါ်တောင်းဆိုရန် အသိပေး တိုက်တွန်းနိုးဆော်ပါသည်။
...
နေ့ရက် -ဇူလိုင်-၄ရက်-၂၀၁၅ -(စနေနေ့)
စုရပ် -YOTSUYAဘူတာရှေ့
*၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံးပြင်ဆင်ရေး
*မတရားဖမ်းဆီးထားသော ကျောင်းသား၊ပြည်သူများအားချွင်းချက်မရှိ
အမြန်ဆုံးလွတ်မြာက်ရေး
*အပစ်အခတ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေးအတွက်အမျိုးသားပြန်လည်
သင့်မြတ်ရေးကိုအကောင်ထည်ဖော်ဆောင်ရွက်ရေး၊
*လွတ်လပ်၍တရားမျှတမှုရှိသော၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး
*ဂျပန်နိုင်ငံအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး အတွက် သိန်းစိန်-ကြံ့ဖွံ့အစိုးရအား ဖိအားပေးတိုက်တွန်းရေး
Posted by PNSjapan at 12:32 AM 0 comments
Labels: နှိုးဆော်ခြင်း
ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်အသီးသီးက ရွေးကောက်တင်မြှောက်ရန်အဆိုအား တပ်မတော် ကန့်ကွက်။ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်လ်မူကို မြန်မာ့တပ်မတော် ဆန့်ကျင်။

Posted by PNSjapan at 12:28 AM 0 comments
Labels: သတင်း
“တင်းမာနေရင်တော့ အလှမ်းဝေးသွားနိုင်တယ်”
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအကြား ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး ဇွန်လ ၂၉ ရက်က နေပြည်တော် ဘုရင့်နောင် ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်က လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) လုပ်ငန်းစဉ်ကို လက်ခံရေး ထပ်မံပြောဆိုလာခြင်းအပေါ် စစ်တပ် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform (SSR) ပြုလုပ်ရေးပြောဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ သဘောထားမည်သို့ရှိမည် ဆိုသည်ကို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဒီလဆန်းပိုင်းက လော်ခီးလာမှာ ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ Mr. Sun Guoxiang နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့တွေ့တော့ ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ DDR လုပ်ငန်းစဉ်ကို လက်ခံဖို့ပြောသွားတာတွေ့ရတယ်။
ဖြေ ။ ။ ဟုတ်တယ်။ မတ်လတုန်းကလည်း အဲဒါကို သူတို့ပြောပါတယ်။ သူတို့ဘက်ကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို DDR လိုပဲ သူတို့ကတော့အကောင်အထည်ဖော်ချင်တယ်။ ကျနော်တို့ကတော့ နှစ်ပေါင်း ၆၀ ကျော် ယုံကြည် စိတ်ချလို့မရတဲ့ အနေအထားမျိုးပေါ်မှာ တို့ရဲ့တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ အနေအထားမျိုးမဖြစ်သင့်ဘူး။ တဖက် ကလည်း တို့နိုင်ငံက ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝရှိတဲ့နိုင်ငံလည်း မဟုတ်ဘူးဗျ။ တပ်ကနေ အာဏာတွေအများကြီး ယူထားတဲ့ အနေအထားအပေါ်မှာ တို့မှာ တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ တဖက်သတ်အမြင်မျိုးကလည်း လက်ခံလို့ မရဘူးလေဗျာ။
ဒါပေမယ့်ပေါ့ဗျာ။ နိုင်ငံတခုမှာ တပ်မတော်တခုပဲရှိရမယ်ဆိုတဲ့ မူကို တို့လည်း လက်ခံတယ်။ ဒါပေမယ့် အနာဂတ်မှာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်။ တပ်မတော်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စုနဲ့ အညီဘယ်လိုဖွဲ့စည်းမလဲ။ ဘယ်လို ပြင်ဆင် မလဲစတဲ့ ကိစ္စလေ အဲဒါကလည်း အများကြီး စကားပြောသေးတယ်ဗျ။ သူတို့ (တပ်မတော်) ဘက်ကတော့ လုံးဝ ပြင်ချင်တဲ့ပုံမရှိဘူး။ အဲဒါမျိုးဆိုရင်လည်း တို့က လက်ခံလို့မရဘူး။
တို့ဘက်ကတော့ တို့ရဲ့ တပ်တွေကို ပြည်နယ်လုံခြုံရေး တပ်တွေသဘောမျိုးနဲ့ပေါ့ဗျာ အဲလိုထားပြီးတော့မှ တနိုင်ငံလုံးရဲ့ တပ်မတော်ဦးဆောင်မှုရဲ့ အောက်မှာ နေသွားမယ်။ အဲဒီပုံစံမျိုး ဖြစ်သင့်တယ်။ ဒါက တပ်တွေကို ဒီလိုခွဲထားခြင်းအားဖြင့် စစ်တပ်က အာဏာသိမ်းတဲ့ပုံစံမျိုးမလုပ်နိုင်ဖို့ အကာအကွယ်ပေးပြီးသား ဖြစ်သွားမယ်။ တဖက်ကလည်း ယုံကြည်မှုမရှိတဲ့ အတွေ့အကြံအရပေါ့ဗျာ။ နှစ်ဖက်စလုံးက အာမခံချက်ရှိဖို့ကတော့ အဲသလို နေဖို့ သင့်တယ်လို့ တို့ဘက်ကတော့ ခံယူတယ်ဗျ။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ အထဲမှာ လက်ရှိအချိန်ဟာ ပါတီစုံနိုင်ငံရေးကို သွားနေတာဖြစ်လို့ ဘယ်သူ မဆို၊ ဘယ်အဖွဲ့အစည်းမဆို တရားဥပဒေနဲ့အညီသာ လိုက်ပါဆောင်ရွက်ရမယ်လို့ ပြောထားတာလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာရော အန်ကယ်တို့အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ဥပဒေနဲ့ အညီဆိုတဲ့ စကားလုံးကလေ အဓိပ္ပါယ် အမျိုးမျိုးဆွဲလို့ရနေတယ်ဗျ။ တို့ဘက်ကလည်း ဥပမာ အပစ်ရပ်တယ် ဆိုပါစို့။ ပြည်တွင်းမှာတော့ ဒီအစိုးရရဲ့ ဥပဒေကျင့်သုံးရမယ့်လိုက်နာရမယ့် ဥပဒေတွေကိုတော့ လိုက်နာမှာပဲဗျ။ ဒါပေမယ့် ဥပဒေနဲ့ အညီဆိုတာ ရှေ့လုပ်ငန်းစဉ်တွေ တို့နဲ့ညှိနှိုင်းရာမှာ တို့ရဲ့လွတ်လပ်ခွင့်တွေအားလုံးကို သူတို့ရဲ့ ဥပဒေနဲ့ ချုပ်ကိုင် ထားတဲ့ သဘောမျိုးသက်ရောက်နိုင်တယ်လေ။ အဲတော့ တို့က အဲဒီဟာကို ဘယ်လိုလုပ်လက်ခံလို့ရမလဲ။ လက်ခံလိုက်ရင် တို့မှာ ဘာမှ လှုပ်ရှားလို့မရတော့ဘူး။ လုပ်လို့ မရတော့ဘူး။
သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ စသဖြင့်ပေါ့ဗျာ။ ဥပဒေကို အားလုံးလိုက်နာ စသဖြင့်ပေါ့ဗျာ။ ကနေ့ကတော့ နိုင်ငံရေးဆွေးနွေးဘက်တွေ ဖြစ်နေတော့ သူ့လွတ်လပ်ခွင့်နဲ့ သူ့အနေအထားနဲ့ သူ ရှိရမှာပေါ့။ အဲဒါကို တဘက်က အားလုံး ငါ့လက်အောက်မှာ လာနေဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ဥပဒေနဲ့ကိုယ် ချုပ်ကိုင်လိုက်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ ဖြစ်ဖို့ မသင့်ဘူးပေါ့လေ။ ကျနော်ကတော့ အဲသလိုမျိုး မြင်တယ်ဗျ။
မေး ။ ။ အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြင်ဆင်လာတဲ့ (NCA) မူကြမ်းကို လက်မခံသလို လောခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးက ဖွဲ့စည်းပေးလိုက်တဲ့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ ကိုလည်း လက်မခံဘူးဆိုပြီး သိရတယ်။ အဲဒါလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ အေး အဲဒါလည်း မရေရာသေးဘူးဗျာ။ ပထမတော့ အဲဒီသဘောရှိတာပေါ့ဗျာ။ ဒါကို မကြာခင်မှာ ဦးအောင်မင်းတို့ကလာပြီး တော့မှ အဖြေပေးမယ်လေ။ အဲဒီအဖြေပေးတဲ့အခါကြမှ အတိအကျသိမယ်ဗျ။
မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောဆိုနေတဲ့ အပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလား။ ဘယ်လို အခြေအနေတွေဖြစ်လာနိုင်လဲခင်ဗျ။
ဖြေ ။ ။ အေးဗျ။ ဒီလိုပဲ တင်းမာနေရင်တော့ အလှမ်းဝေးသွားနိုင်တယ်။ တဖက်ကတော့ အစိုးရဘက်က ပြောပြောနေတဲ့ အနေအထားက တို့ကပဲ အချိန်ဆွဲချင်သလိုလို ဒီအစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ချင်သလိုလို အဲလိုပုံစံမျိုး ပြောနေတာကတော့ မမှန်ဘူးဗျ။ အမှန်ကတော့ တို့ကတော့ လုံခြုံစိတ်ချရတဲ့ အနေအထားတခုကို ဖြစ်စေချင်တယ်။ အဲဒီအနေအထားမျိုးမှာ အပစ်အခတ် ရပ်စဲရေး မြန်မြန်ဖြစ်လေ ကောင်းလေပေါ့ဗျာ။ အေးဒါပေမယ့် စိတ်ချရလောက်တဲ့ အနေအထားမျိုးတော့ ဖြစ်စေချင်တာပေါ့။
မေး ။ ။ မကြာခင်ရက်ပိုင်းက ထွက်လာတဲ့ ဝန်ကြီး ဦးအောင်မင်း ရေးတဲ့ ဆောင်းပါးထဲမှာ လက်ရှိ အခြေ အနေဟာ ငြိမ်းချမ်းရေးလုပ်ဖို့ လက်မလွှတ်သင့်တဲ့ အချိန် အခါကောင်းလို့ဆိုတယ်။ တဖက်မှာ တိုင်းရင်းသားတွေက NCA ကို လက်မှတ် ထိုးဖို့ရာ အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားတယ်။ အစိုးရကကြတော့ တချို့အဖွဲ့တွေကို လက်မခံချင်ဘူးဆိုတော့ ဒီအချိန်အခါ ကောင်း ဆိုတာက အားလုံးပါဝင်ရေးမဟုတ်တဲ့ အချိန်အခါကောင်းဆိုတဲ့ ပုံစံမျိုးဖြစ်မနေဘူးလား။
ဖြေ ။ ။ အဲဒါကလည်း သူတို့ဘက်က တို့ဘက်ကို ပြောထားတဲ့ ကိစ္စလေ MNDAA ရယ်၊ TNLA ရယ်၊ AA ရယ် အဲဒီသုံးဖွဲ့ကို အပစ်ရပ်ရေး ထဲမှာ လက်မခံသေးဘူး။ နောက်ချန်ထားမယ်ဆိုတဲ့ ကိစ္စကလည်း သူတို့ပြန်ပြီး လက်ခံတယ်ဆိုတဲ့ သဘောထား မျိုးလည်း ရှင်းရှင်းလင်းလင်း မပြောသေးဘူးဗျ။ အဲဒီကိစ္စလည်း တို့ဘက်က တော်တော်လေးကို စိတ်မချမ်းမသာတော့ ဖြစ်မိတယ်။
မတ်လ ၃၁ ရက်နေ့ (NCA မူကြမ်း) လက်မှတ် မထိုးခင်မှာ ရှင်းရှင်းကြီးပြောထားတယ်။ နှစ်ဖက် သဘောတူစာချုပ်ထဲမှာလည်း ရေးထားတယ်။ အခု မူကြမ်းအဆင့် အနေအထားမှာပဲ လက်မှတ်ထိုးတာဖြစ်တယ်။ မူကြမ်းဆိုတာကတော့ အတည်ဖြစ်သေးတာ မဟုတ်ဘူး။ တို့ဘက် NCCT အနေနဲ့လည်း အပြီးအပိုင် ဆုံးဖြတ်ပေးနိုင်တဲ့ အဆင့်မျိုးမရှိဘူး။ အခု အဲဒီမူကြမ်းကို UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) အနေနဲ့ကတော့ UPCC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) ကိုတင်ရမယ်။ တို့ဘက်ကလည်း ထိပ်သီးခေါင်းဆောင်တွေကို တင်ပြရမယ်။ အဲဒီမှာ လိုအပ်တဲ့ ပြင်ဆင်မှု ရှိရင် ပြင်ဆင်၊ ဖြည့်စွက်မှုရှိရင်လည်း ပြင်ဆင်ပါ။ ဖြည့်စွက်ပါ စသဖြင့်ပေါ့ဗျာ။
အဲလိုပြင်ဆင်ဖြည့်စွက်ပြီးရင် ထပ်ပြီးတော့မှ ဆွေးနွေးရမယ်။ အဲလိုမျိုး အတိအကျ ပြောထားသားပဲဗျနော်။ မီဒီယာမှာလည်း ပြောထားတယ်။ စာချုပ်ထဲမှာလည်း ရှိတယ်။ ဒါပေမယ့် အခုကျတော့ဗျာ အဲဒီစာချုပ်ကို မပြင်ချင်တော့ဘူး။ မဖြည့်ချင်တော့ဘူး။ အဲသလိုပြောလာတယ်။ အဲဒါလည်း တို့ဘက်ကတော့ တော်တော်လေး စိတ်မကောင်းဘူးဗျာ။ ဒါကတော့ စိတ်ပျက်စရာကြီး ဖြစ်နေတယ်ဗျာ။ ဒီလောက်ပြောထားတဲ့ စကားကို ဟိုတုန်းက တမျိုးပြောပြီးတော့ အခုတမျိုးပြောတော့ နောက်ထပ် ဘယ်လိုလုပ်ယုံကြည်စိတ်ချလို့ ရတော့မလဲဗျ။
သတင်းရင်းမြစ် - ဧရာဝတီ
Posted by PNSjapan at 12:24 AM 0 comments
Labels: မှတ်တမ်း