
ပြီးခဲ့တဲ့ အင်္ဂါနေ့ က တရုပ်ပိုင်နက် ယူနန်ပြည်နယ်ထဲ မှာရှိတဲ့ မြန်မာ တရူပ် ဓါတ်ငွေပိုက်လိုင်း ရဲ့အစိပ်အပိုင်းတခုမှာ ဓါတ်ငွေ့ယိုစိမ့်မှု တွေဖြစ်ခဲ့လို့ ဗုဒ္ဓဟူးနေ့က ဓါတ်ငွေ့ပို့ လွှတ်နေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ဆိုပါ တယ်။
Kunming နဲ့ Shilin မြို့တို့ကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမနဲ့ နီးစပ်တဲ့ ပိုင်းလိုင်းတဆစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ယိုစိမ့်မှု ဟာ ဘာကြောင့်...ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာကို ကွဲကွဲ
ပြားပြား မသိ ရသေးပေမဲ့ အနီးတဝှိုက်မှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြောင့်ဖြစ်ဘွယ်ရှိ တယ်လို့ ချိုင်းနားဒေးလီက သတင်းပြောပါတယ်။
ယိုစိမ့်မှု ကို သတိပြုမိလိုက်သည်နှင့် တပြိုင်နက်မှာ အဝေးပြေးလမ်းမ ကို ပိတ်နိုင်ခဲ့ပြီး အချိန်မှီ ထိမ်းသိမ်းနိုင်တဲ့ အတွက် ဘာထိခိုက်မှုမျှ မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။
ပိုက်လိုင်း အဆစ်အပိုင်း အတွင်း မှာ ရှိတဲ့ ဓါတ်ငွေ့ကို ကုန်စင်အောင် ဖယ်ထုတ်ပြီးမှ ယိုစိမ့်မှုကိုပြုပြင်ရမှာ ဖြစ်တဲ့အတွက် ချက်ချင်း ပြင်ဆင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မိုင် ၅၀၀နီးပါးရှည်လျားတဲ့ ဒီပိုက်လိုင်းကို China National Petroleum Corporation (CNPC) နဲ့ Myanmar Oil and Gas Enterprise (MOGE) ဖက်ဆပ်ပိုင်ဆိုင်ကြတာဖြစ်ပြီး ဒီပိုက်လိုင်းကနေ တရုပ်ပြည်ကို မြန်မာ့ကမ်းလွန် ရွှေ ဓါတ်ငွေ့စီမံကိန်းမှ တနေ့ ကုဗပေ သန်း 500(MMCFD) နေ့စဉ် ပို့လွှတ်ပေးနေတာဖြစ်ပါတယ်။
Kunming နဲ့ Shilin မြို့တို့ကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမနဲ့ နီးစပ်တဲ့ ပိုင်းလိုင်းတဆစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ယိုစိမ့်မှု ဟာ ဘာကြောင့်...ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာကို ကွဲကွဲ
ပြားပြား မသိ ရသေးပေမဲ့ အနီးတဝှိုက်မှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြောင့်ဖြစ်ဘွယ်ရှိ
ယိုစိမ့်မှု ကို သတိပြုမိလိုက်သည်နှင့် တပြိုင်နက်မှာ အဝေးပြေးလမ်းမ ကို ပိတ်နိုင်ခဲ့ပြီး အချိန်မှီ ထိမ်းသိမ်းနိုင်တဲ့ အတွက် ဘာထိခိုက်မှုမျှ မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။
ပိုက်လိုင်း အဆစ်အပိုင်း အတွင်း မှာ ရှိတဲ့ ဓါတ်ငွေ့ကို ကုန်စင်အောင် ဖယ်ထုတ်ပြီးမှ ယိုစိမ့်မှုကိုပြုပြင်ရမှာ ဖြစ်တဲ့အတွက် ချက်ချင်း ပြင်ဆင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မိုင် ၅၀၀နီးပါးရှည်လျားတဲ့ ဒီပိုက်လိုင်းကို China National Petroleum Corporation (CNPC) နဲ့ Myanmar Oil and Gas Enterprise (MOGE) ဖက်ဆပ်ပိုင်ဆိုင်ကြတာဖြစ်ပြ
0 comments:
Post a Comment