ဂျွန်လ ၃၀ ရက် ကျောင်းသားသမဂ္ဂလူငယ်များမှ ဦးဆောင်ပြီး ၂၀၀၈ အခြေခံဥပဒေအား ဆန့်ကျင်ရေးနှင့် လွှတ်တော်တွင် တပ်မတော်သား ၂၅ရာခိ...
Posted by Mizzima - News in Burmese on Tuesday, June 30, 2015
Tuesday, June 30, 2015
၂၀၀၈ အခြေခံဥပဒေအားဆန့်ကျင်ဆန္ဒပြ
Posted by PNSjapan at 11:50 PM 0 comments
Labels: ရုပ်သံသတင်း
Saturday, June 27, 2015
" ဂျပန်နိုင်ငံ၏ မြို့တော် တိုကျို (Tokyo) အကြောင်း သိကောင်းစရာများ"

တိုကျိုမြို့ပြ အစိုးရသည် အထူးရပ်ကွက် (၂၃) ရပ်ကွက်ကို ကိုင်တွယ် အုပ်ချုပ်သည်။ အဆိုပါ အထူး ရပ်ကွက်များတွင် လူဦးရေ ၉ သန်းကျော် နေထိုင်၍ တိုကျိုခရိုင်သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့ပြနယ်မြေ တစ်ခုဖြစ်ကာ လူ ၃၅ သန်းေ ကျာ် နေထိုင်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး မြို့ပြ စီးပွားရေး လုပ်ငန်းကြီးများ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ရာ မြို့ဖြစ်ပြီး GDP အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၇၉ ထရီလီယံ ရှိသဖြင့် နယူးေ ယာက် မြို့ပြနယ်မြေထက် ပိုမို များပြားသည်။
စီးပွားရေးအချက်အချာ
တိုကျိုမြို့ကို ကမ္ဘာ့စီးပွားရေး အချက်အချာ ဒေသ သုံးခုအနက် တစ်ခုအဖြစ် နယူးယောက်၊ လန်ဒန်တို့နှင့် တန်းတူ သတ်မှတ်ခြင်း ခံရသည်။ တိုကျိုမြို့ကို ကမ္ဘာ့ ဂလိုဘယ် စီးတီး စာရင်းတွင် စတု တ္ထ နေရာ၌ သတ်မှတ်ထားပြီး စစ်တမ်းများအရ ကမ္ဘာ့စရိတ်စက အကြီးဆုံး မြို့တော် အဖြစ်လည်း ၂ဝ၁၂ ခုနှစ်က သတ်မှတ် ခံရသည်။ ၂ဝဝ၉ ခုနှစ်ကမူ Monocle မဂ္ဂဇင်းက ကမ္ဘာ့ နေချင်စရာ အကောင်းဆုံးနှင့် နေထိုင် ဖွယ် အကောင်းဆုံး မြို့ပြနယ်မြေ အဖြစ် ရွေးချယ် သတ်မှတ်ခြင်း ခံရသည်။ တိုကျိုမြို့သည် ၁၉၆၄ နွေရာ သီ အိုလံပစ် အားကစား ပြိုင်ပွဲများကို လက်ခံ ကျင်းပ ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် နွေရာသီ အိုလံပစ် အတွက် အိမ်ရှင် ပြုလုပ်ခွင့် ရရန် လျှောက်ထားလျက် ရှိသည်။
တံငါရွာလေး
တိုကျိုမြို့မှာ ရှေးယခင် မူလက အီဒိုဟုခေါ်သော တံငါ ရွာငယ်လေး တစ်ရွာသာဖြစ်သည်။ နောက်ပိုင်းတွင် ခံတပ်မြို့နှင့် ရှိုးဂန်းများ၏ စစ်အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ၁၈ ရာစုတွင် အီဒိုဒေသသည် ကမ္ဘာ့ လူဦးရေ အများဆုံး မြို့တော်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး လူဦးရေ ၁ သန်းအထိ ရှိလာခဲ့သည်။ နှစ်ပေါင်း ၂၆၃ နှစ် ကြာပြီးနောက်တွင် ရှိုးဂန်းများ၏ အုပ်စိုးမှုမှ ဘုရင် အုပ်ချုပ်မှု သို့ ပြောင်းလဲခဲ့သည်။ ၁၉၄၄-၁၉၄၅ ခုနှစ်တို့တွင် ဗုံးကြဲ တိုက်ခိုက်ခံရမှု များကြောင့် မြို့၏တစ်ဝက် ပျက်စီးခဲ့ပြီး လူဦးရေ ၇၅ဝဝဝ မှ ၂ဝဝဝဝဝ အထိ သေဆုံးခဲ့သည်။ ၎င်း ပမာဏမှာ အနုမြူဗုံးေ ကြာင့် ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့နှစ်မြို့ပေါင်း သေဆုံးမှု နီးပါးရှိသည်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက် တိုကျိုမြို့ကို အပြည့်အဝ ပြန်လည် တည်ဆောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် နွေရာသီ အိုလံပစ် ပွဲကို ကျင်းပ နိုင်ခဲ့သည်။ ၁၉၇ဝ ပြည့်လွန် နှစ်များတွင် ဖွံ့ဖြိုး တိုးတက်မှု မြင့်မားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် နာရီတာ လေဆိပ်ကို တည်ဆောက် နိုင်ခဲ့ကာ လူဦးရေမှာလည်း ၁၁ သန်း အထိ ရှိလာခဲ့ သည်။
တိုကျိုငလျင်
တိုကျိုမြို့၏ မြေအောက် ရထားနှင့် မြို့ပတ်ရထား ကွန်ရက်သည် ကမ္ဘာပေါ်တွင် ခရီးသွား အများဆုံး လုပ်ငန်း တစ်ခုဖြစ်သည်။ နယ်မြို့များတွင် နေထိုင်သူများသည် တိုကျိုမြို့ပြ ဒေသသို့ ပြော င်းရွှေ့ လာကြပြီး ၁၉၈ဝ ပြည့်လွန် နှစ်များတွင် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများမှာ ထိုးတက် လာခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တိုကျို ဆူနာမီ ငလျင်ကြောင့် ဟွန်ရှုးကျွန်း အရှေ့မြော က်ပိုင်း ဒေသကို ထိခိုက်ပျက်စီး စေခဲ့ပြီး တိုကျိုမြို့ကိုလည်း သက်ရောက်မှု ရှိခဲ့သည်။ တိုကျိုမြို့၌ ၁၇ဝ၃၊ ၁၇၈၂၊ ၁၈၁၂၊ ၁၈၅၅ နှင့် ၁၉၂၃ ခုနှစ်တို့တွင် အင်အား အကြီးဆုံး ငလျင်များ လှုပ်ခတ်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ငလျင်သည် အင်အား အကြီး မားဆုံးဖြစ်ပြီး ပမာဏမှာ ၈ ဒသမ ၃ ရှိကာ လူဦးရေ ၁၄၂ဝဝဝ သေဆုံးခဲ့သည်။ တိုကျိုမြို့သည် လွှာတွန့် တောင် သုံးခု အနီးတွင် တည်ရှိသည်။
ရာသီဥတု
တိုကျိုမြို့သည် စွတ်စို၍ ခြောက်သွေ့သော ဇုန်ထဲတွင် ကျရောက်နေပြီး ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် ပြင်းထန်မှု နည်းပါးသော ဆောင်းရာသီတို့ကို ရင်ဆိုင်ရလေ့ ရှိသည်။ အပူနွေးဆုံး လမှာ သြဂုတ်လ ဖြစ်ပြီး ပျမ်းမျှ အပူချိန် ၂၇ ဒသမ ၅ ဒီဂရီရှိကာ အအေးဆုံးလမှာ ဇန်နဝါရီ ဖြစ်၍ ပျမ်းမျှ အပူချိန် ၆ ဒီဂရီရှိသည်။ တိုကျိုမြို့သည် ဖန်လုံအိမ် ဓာတ်ငွေ့များ လျှော့ချ ဖြတ်တောက်ရေး အ တွက် ဥပဒေတစ်ရပ် ရေးဆွဲ လုပ် ဆောင်နေသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။ ၂ဝဝ၆ ခုနှစ်တွင် တို ကျိုမြို့ ၁ဝ နှစ်တာ စိမ်းလန်းရေး စီမံချက်ကို ချမှတ် ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ စီမံချက်အရ လမ်းများ၏ ဘေးတွင် သစ်ပင် အရေအတွက် ၁ သန်းထိ တိုးချဲ့ စိုက်ပျိုးရန် စီစဉ်လျက် ရှိသ ည်။ ၂ဝဝ၇ ခုနှစ် တရားဝင် စာရင်းများအရ တိုကျိုမြို့တွင် နေထိုင်သူ လူဦးရေ ၁၂ ဒသမ ၇၉ သန်းရှိသည်။ နိုင်ငံခြားသား အခြေချ နေထိုင်သူ ၃၆၄၆၅၃ ဦးရှိသည်ဟု သိရသည်။ အများဆုံး နေ ထိုင်သော နိုင်ငံခြားသားများမှာ တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနှင့် ပြင်သစ်တို့ ဖြစ်သည်။
စီးပွားရေး
တိုကျိုမြို့သည် ကမ္ဘာ့အကြီးဆုံး မြို့ပြစီးပွားရေး အချက်အချာ နေရာဖြစ်ပြီး နိုင်ငံတကာ အဓိက ဘဏ္ဍာရေး ဗဟိုဌာန တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့ ကုမ္ပဏီကြီး ၅ဝဝ ထဲမှ ၅၁ ခုမှာ တိုကျိုမြို့တွင် အခြေစိုက် ထားကြ သည်။ ကမ္ဘာ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် အာမခံ ကုမ္ပဏီ အများအပြားမှာ တိုကျိုတွင် အခြေ စိုက်ကြသည်။ ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး၊ ပုံနှိပ် ထုတ်ဝေေ ရးနှင့် ရုပ်မြင်သံကြား ရိုက်ကူး ထုတ် လွှင့်ရေး လုပ်ငန်းများ၏ အချက်အချာ နေရာလည်းဖြစ်သည်။ တိုကျိုစတော့ အိတ်ချိန်းသည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး စတော့ အိတ်ချိန်းဖြစ်ပြီး ဈေးကွက် အရင်းအနှီးတွင် အကြီးမားဆုံး ဖြစ်သည်။ မြို့၏ ၃၆ ရာခိုင်နှုန်းမှာ သစ်တောများ ဖုံးလွှမ်းလျက် ရှိသည်။
ခရီးသွားလုပ်ငန်း
ခရီးသွား လုပ်ငန်းမှာ တိုကျိုမြို့၏ စီးပွားရေးအတွက် အဓိက ထောက်ပံ့ပေးသော လုပ်ငန်းဖြစ်သည်။ ၂ဝဝ၆ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ၄ ဒသမ ၈၁ သန်းနှင့် ဂျပန်လူမျိုး သန်း ၄၂ဝ တို့ တိုကျို မြို့သို့ လာရောက် လည်ပတ် ခဲ့ကြသည်။ ထို့ကြောင့်ဝင်ငွေ ၉ ဒသမ ၄ ထရီလီယံ ယန်း ရရှိခဲ့သည်။ ခရီးသွားများသည် တိုကျိုမြို့၏ မြို့လယ်နေရာများ၊ စတိုးဆိုင်များ၊ ဖျော်ဖြေရေး ရပ်ကွက်များနှ င့် တိုကျိုမျှော်စင်၊ တိုကျို အမျိုးသား ပြတိုက်နှင့် ရှီဘူရာ ရပ်ကွက်များသို့ အများဆုံး သွားရောက် လည်ပတ်ကြသည်။ တိုကျိုမြို့၏ အနောက်ပိုင်းတွင် ရပ်ကွက် ၂၆ ခု ရှိသည်။
သယ်ယူပို့ဆောင်ရေး
တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏ မီးရထားကုန်းလမ်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ အဓိက အချက်အချာ နေရာဖြစ်သည်။ တိုကျိုမြို့တွင် လူထုအတွက် သန့်ရှင်း၍ မြန်ဆန် ထိရောက်မှုရှိသော ရထားများနှင့် မြေအောက်ရထား ကွန်ရက်များဖြင့် ဆောင်ရွက်ပေးသည်။ ထို့အပြင် ဘတ်စကားများ၊ ဓာတ် ရထားများနှင့် ပို့ဆောင်သည်။ ဟာနေဒါလေဆိပ်မှာ ပြည်တွင်းနှ င့် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကို ဆောင်ရွက်ပေးသည်။ နာရီတာ လေဆိပ်မှာ တိုကျိုမြို့ အပြင်ဘက်တွင် တည်ရှိပြီး ဂျပန် လေကြောင်းလိုင်း များဖြစ်သည့် Japan Airline, All Nippon Airways, Delta Airlines ESifh United Airlines တို့သည် နာရီတာ လေဆိပ်ကို ဗဟိုပြု၍ ပျံသန်းကြသည်။ ရထား ပို့ဆောင်ရေးမှာ တိုကျိုမြို့၏ အဓိက သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မြို့ပြ ရထားလမ်း ကွန်ရက်ရှိသည်။
ပညာရေး
တိုကျိုမြို့တွင် တက္ကသိုလ်၊ ကောလိပ်နှင့် အသက်မွေး ပညာ သင်တန်းကျောင်းများ ရှိသည်။ ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာ အကြီးမားဆုံး တက္ကသိုလ်ကြီးများမှာ တိုကျိုတွင်ရှိရာ တိုကျိုတက္ကသိုလ်၊ ဟီတိုဆူဘာရှီ တက္က သိုလ်၊ တိုကျို နည်းပညာတက္ကသိုလ်၊ ဝါဆေးဒါ တက္ကသိုလ်နှင့် ကီအို တက္ကသိုလ်တို့ ပါဝင်သည်။ မူလတန်း ကျောင်းများနှင့် အလယ်တန်း၊ အထက်တန်း ကျောင်းများကို နယ်မြေခံ ရပ်ကွက်များနှင့် စည်ပင်သာယာ ရုံးများမှ ဖွင့်လှစ် ဆောင်ရွက်သည်။ တိုကျိုမြို့တွင် ပြည်သူပိုင် အထက်တန်း ကျောင်းများမှာ တိုကျိုမြို့ပြ ပညာရေး အုပ်ချုပ်မှု အဖွဲ့က စီစဉ်ဆောင် ရွက်သည့် မြို့ပြ အထက်တန်းကျောင်းများဟု ခေါ်ဆိုသည်။
အနုပညာ
တိုကျိုမြို့တွင် ပြတိုက် အများအပြား ရှိသည်။ တိုကျို အမျိုးသား ပြတိုက်မှာ နိုင်ငံ၏ အကြီးဆုံး ပြတိုက်ဖြစ် ပြီး ဂျပန်ရိုးရာ အနုပညာများကို အထူးပြု ပြသထားသည်။ အခြား ပြတိုက်များမှာ အမျိုးသား အနောက်တိုင်း အနုပညာ ပြတိုက်၊ အူအီနို တိရစ္ဆာန် ဥယျာဉ်နှင့် တိုးတက် ဖွံ့ဖြိုးလာသော သိပ္ပံနှင့် ဆန်းသစ် တီထွင်မှု အမျိုးသား ပြတိုက်တို့ဖြစ်သည်။ တိုကျိုမြို့တွင် ကဇာတ်ရုံ များစွာလည်း ရှိသည်။ ရိုးရာ ပုံသဏ္ဌာန်နှင့် ခေတ်ပုံသဏ္ဌာန် နှစ်မျိုးစလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဇာတ်ရုံများတွင် ကပြကြသည်။
ရုပ်ရှင်
ဂျပန်နိုင်ငံ၏ လူဦးရေ အများဆုံးမြို့ ဖြစ်သော တိုကျိုမြို့တွင် နိုင်ငံ၏ အကြီးဆုံး ရုပ်သံလွှင့် ဌာနများနှင့် စတူဒီယိုများ ရှိသည်။ ဟောလီးဝုဒ် ဒါရိုက်တာ အချို့သည် တိုကျိုမြို့သို့ လာရောက် ရိုက် ကူးလေ့ ရှိသည်။ ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် တိုကျိုနောက်ခံ ဇာတ်ကားများမှာ My Geisha Tokyo Story နှင့် ဂျိန်းစ်ဘွန်း ဇာတ်ကားတစ်ကား ဖြစ်သော You Only Live Twice တို့ အပြင် The Fast and TheFurious, Inception စသည့် ဇာတ်ကား များကိုလည်း ရိုက်ကူးခဲ့သည်။
ဗိသုကာ
တိုကျိုမြို့ရှိ ဗိသုကာ လက်ရာများမှာ မြို့တော်၏ သမိုင်းကြောင်း အရ ဖြစ်ပေါ်လာသည်။ ၁၉၂၃ ကန်တို ငလျင်ကြီးနှင့် ဒုတိယ ကမ္ဘာစစ် အပြင်းအထန် ဗုံးကြဲ ခံရမှုများက တိုကျိုမြို့၏ အနေ အထားကို ထိခိုက် ပျက်စီး စေခဲ့သည်။ ထို့ကြောင့် တိုကျိုမြို့ပြ ပုံစံများမှာ မော်ဒန်နှင့် ခေတ်ပြိုင် ဗိသုကာ လက်ရာများ များပြားနေပြီး ရှေးဟောင်း အဆောက်အအုံများ နည်းပါးနေသည်။ တိုကျို မြို့၏ ထင်ရှားကျော်ကြားသော ခေတ်မီ ဗိသုကာ အဆောက်အအုံ များတွင် တိုကျို နိုင်ငံတကာ ဖိုရမ် အဆာဟိဘီယာ ခန်းမနှင့် သက်တန့် တံတား (Rainbow Bridge) တို့ ပါဝင်သည်။ တိုကျို မြို့တွင် ထင်ရှားသော မျှော်စင် နှစ်ခုရှိရာ တိုကျို တာဝါ နှင့် Tokyo Skytree တို့ဖြစ်သည်။ Tokyo Skytree သည် ဂျပန် နိုင်ငံတွင် အမြင့်ဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး ဖြစ် သည်။ တိုကျိုမြို့တွင် ပန်းခြံနှင့် ဥယျာဉ် အမြောက်အမြား ရှိပြီး တိုကျို စီရင်စုတွင် အမျိုးသား ဥယျာဉ် လေးခုရှိသည်။
U Than Win(FB) စာမျက်နှာသတင်းမှ...
Ref: Myanmar In Japan FB Page
Credit : Myanmar Market Economy
Posted by PNSjapan at 12:51 PM 0 comments
Labels: ဂျပန်နိုင်ငံအကြောင်း
ပထမဆုံး တအာင်း (ပလောင်) စကားပြော မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ စာတန်းထိုးတဲ့ မှတ်တမ်းရုပ်ရှင်

Posted by PNSjapan at 12:48 PM 0 comments
Labels: အင်တာဗျုး
-- မြန်မာ တရူပ် ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့် --

Kunming နဲ့ Shilin မြို့တို့ကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမနဲ့ နီးစပ်တဲ့ ပိုင်းလိုင်းတဆစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ယိုစိမ့်မှု ဟာ ဘာကြောင့်...ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာကို ကွဲကွဲ
ပြားပြား မသိ ရသေးပေမဲ့ အနီးတဝှိုက်မှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြောင့်ဖြစ်ဘွယ်ရှိ
ယိုစိမ့်မှု ကို သတိပြုမိလိုက်သည်နှင့် တပြိုင်နက်မှာ အဝေးပြေးလမ်းမ ကို ပိတ်နိုင်ခဲ့ပြီး အချိန်မှီ ထိမ်းသိမ်းနိုင်တဲ့ အတွက် ဘာထိခိုက်မှုမျှ မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။
ပိုက်လိုင်း အဆစ်အပိုင်း အတွင်း မှာ ရှိတဲ့ ဓါတ်ငွေ့ကို ကုန်စင်အောင် ဖယ်ထုတ်ပြီးမှ ယိုစိမ့်မှုကိုပြုပြင်ရမှာ ဖြစ်တဲ့အတွက် ချက်ချင်း ပြင်ဆင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မိုင် ၅၀၀နီးပါးရှည်လျားတဲ့ ဒီပိုက်လိုင်းကို China National Petroleum Corporation (CNPC) နဲ့ Myanmar Oil and Gas Enterprise (MOGE) ဖက်ဆပ်ပိုင်ဆိုင်ကြတာဖြစ်ပြ
Posted by PNSjapan at 12:15 AM 0 comments
Labels: သတင်း
Thursday, June 25, 2015
" ဂျပန်မှာ မြန်မာလို ညည်းတွားနေသူများ "

...
အဲဒါတွေကတော့ -
(၁) အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ …သူတို့ကတော့ သိမှာမဟုတ်ဘူး …. ဒီလာမှ သိမှာ
(၂) သူတို့ကသာ အထင်တွေစွတ်ကြီးနေတာ လုပ်နေရတာက ပန်းကန်ဆေးရတာ ....
(၃) လုပ်ရတဲ့အလုပ်နဲ့ ပြန်သုံးရတာ မကာမိအောင် အသုံးစရိတ်တွေက ကြီးလိုက်တာ ....
(၄) ခြွေတာလိုက်ရတာ ခြိုးခြံလိုက်ရတာ .....
(၅) နေရတဲ့ အခန်း (အိမ်) ကလည်းကျဉ်းလွန်းတယ် ....
(၆) လူအောက်ကျတာကလည်း မပြောပါနဲ့ ....
(၇) စည်းကမ်းတွေကလည်း များလိုက်တာ .....
(၈) အချိန်ကလည်း ဘယ်နေရာမှ နောက်ကျမခံ .....
ကြားရတာတွေက ဂျပန်ဆိုဘယ်သူမှတောင် ထပ်မသွားချင်တော့လောက်အောင်
ဒါပေမယ့် ဂျပန်ဆိုတဲ့ နိုင်ငံကို သွားလို့ရနေတဲ့အချိန်ထဲက ယခုအထိ မြန်မာတွေ အပါအ၀င်
နိုင်ငံတကာကလူတွေ ဘာကြောင့် သွားနေကြသေးတာလဲ ?
ဘာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေသွားရှာနေကြလ
ဘာကြောင့် ကျောင်းသွားတက်နေကြသေးလဲ ?
ဒီမေးခွန်းတွေရဲ့ အဖြေကတော့ ရိုးရှင်းပါတယ်။
ကိုယ့်နိုင်ငံထက် သာလွန်တဲ့ အလုပ်အကိုင် နှင့် ပညာသင်ယူခွင့် အခွင့်အလမ်းတွေ ရှိနေလို့ပါပဲ။
အထက်ကပြောသလို ဂျပန်မှာ ဘာကြောင့်ညည်းကြသလဲဆိုတဲ့ အဖြေရဲ့ အကြောင်းရင်းကတော့
ဂျပန်မသွားခင်မှ အလုပ်သီးသန့် သွားလုပ်တယ်ဆိုရင်လည်း မိမိလုပ်ရမည့် အလုပ်အကိုင်အကြောင်း၊ အလုပ်နဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတများ လေ့လာမှု ရှိခြင်း မရှိခြင်း ၊ ကျောင်းဆိုရင်လည်း တက်ရမည့်ကျောင်း၊ သင်ရမည့်ပညာ၊ နေရမည့်နေရာ၊ သွားရမည့်နေရာတွေရဲ့အကွာအဝေ
Agent Company များ ၊ သင်တန်းကျောင်းများမှ ဆက်သွယ်သွားရောက်ခဲ့မိ၍ သိသင့်သိအပ်သည် များကို အချိန်လွန်မှ သိရှိရခြင်းများလည်း ဖြစ်တတ်ပါသည်။
အမြဲတွေ့ရလေ့ရှိတဲ့ လူနှစ်မျိုးကတော့ (၁) ကာယကံရှင်ကိုယ်တိုင် သေချာမလေ့လာပဲ ဂျပန်ရောက်ပြီး သူများအပေါ် အားကျစိတ် ၊ အထင်ကြီးစိတ်ဖြင့် ဘာဖြစ်ဖြစ်နောက်မှ ကြည့်လုပ်မယ် ဂျပန်ရောက်ရင် ပြီးရောဆိုတဲ့ လူအမျိုးအစား နှင့် (၂) သေချာလေ့လာတယ်၊ ပြင်ဆင်တယ် ၊ ရရှိမယ့် အခွင့် အရေး ကောင်းကျိုး ဆိုးကျိုး ကို ဘာဖြစ်ဖြစ် ကျေနပ်လက်ခံမယ် ဆိုတဲ့ လူမျိုးရယ်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ အကျယ်ရှင်းပါမည်။ ဂျပန်မှာ ဘာလုပ် ရမှန်းမသိပဲ ငွေရပြီးရော အလုပ်လုပ်မယ်။ ဒီအတိုင်းသွားမယ်။ ဟိုရောက်မှ ရတဲ့အလုပ် ကြည့်လုပ်တာပေါ့ ဆိုသူတွေ ဂျပန်ရောက်ရင် ပန်းကန်ဆေးရတာ ဆန်းသလား၊ သန့်ရှင်းရေးလုပ်ရတာ ဆန်းသလား။ တကယ်တမ်းက
ကျောင်းသားများ ဂျပန်ရောက်လို့ ပန်းကန်ဆေးခွင့် ရတာဟာ ကံကောင်းကြောင်း ရောက်မှသာ သိပါလိမ့်မယ်။ ဂျပန်လိုနိုင်ငံမပြောပါနဲ့ ။ ဥပမာ အနေနဲ့ မြန်မာပြည်မှာဆိုရင်တောင် ဘာမှမတတ်
ဘဲ နယ်ကတက်လာတဲ့သူတွေ ရန်ကုန်ရောက်ရင် လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးဖို့ ပန်းကန်ဆေးဖို့ အလုပ်ရဖို့ လွယ်ပါသလား ?
နောက်ပြီး စားသောက်ဆိုင်တွေ ၊ ဟိုတယ်၊ စက်ရုံတွေမှာ အောက်ခြေသိမ်းလုပ်ရတယ်။ လူအောက်ကျတယ် ပြောကြတယ်။ ဟုတ်ပြီ ဒါဆိုရင် ကိုယ်ကရော ဒီအလုပ်တွေနဲ့ မတန်အောင် ဘယ်လောက်များ တော်နေ တတ်နေပါသလဲ။ Company တွေမှာ English လို Japan လိုပြောပြီး တာဝန်ထမ်း ဆောင်နိုင်ပါသလား ? သက်ဆိုင်ရာ အောင်လက်မှတ် Certificate တွေရှိလား ?
လုပ်ငန်းအတွေ့အကြုံတွေ သတ်မှတ်အရည်အချင်းတွေ ကိုယ့်မှာ ရှိပါသလား ?
စဉ်းစားကြည့်ပါ။ သူများလိုနေချင်ရင် သူများလိုပြင်ဆင်ရပါတယ်။ ကြိုးစားရပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ့်အနေထားနဲ့ သင့်တော်တဲ့နေရာကို မကျေနပ်ဘဲ လူ့အောက်ကျတယ်လို့ ထင်ရင် ကိုယ် အလုပ်မရရုံသာ ရှိပါလိမ့်မယ်။ မိမိ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်
ခြွေတာလိုက်ရတာ ဆိုသူတွေကို ခုလို မေးချင်ပါတယ်။
ဂျပန်မှာ ဘာရည်ရွယ်ချက်နှင့်နေတာပါလဲ
ဂျပန်မှာ အချိန်ပိုင်း အလုပ်ချိန်တွေကို ဘယ်လိုရှာမယ် ၊ အလုပ်ထဲမြဲအောင် ဘယ်လိုနေမယ် ၊ အလုပ်ကို ကိုယ်တိုင်က လုပ်နိုင်ဖို့ဆိုတာကတော့ ကာယကံရှင်ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်။ နောက်တစ်ခုက တရားဝင် သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် နိုင်ငံခြားသားအများစု ပိုလုပ်နေကြပါတယ်။ အဲဒီအခါမှာ အခွန်ကိစ္စ ၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ပါးပါး နပ်နပ် ဖြေရှင်းနိုင်ဖို့ ၊ သိနားလည်သူတွေနဲ့တိုင်ပင်ဖိ
အလွန်အရေးပါပါတယ်။
အချိန်ပိုင်းအလုပ်လုပ်ကိုင်
ကျောင်းတက်ရင်းစာသင်ရတဲ့ အတွက် ကိုယ်ရနေတာ ၀င်ငွေအသင့်အတင့် နဲ့ ကျောင်းပြီးရင်း ပညာတစ်ခုပါထပ်ရမယ် ဆိုတာကိုတွက်ရင် ဘယ်လောက်များကိုယ့်ဘက်က ရှုံးနေပါသလဲ ?
နှစ်ခုစလုံးပြီးပြည့်စုံအော
ကသာ အဖြေပေးပါလိမ့်မယ်။
နေရတဲ့အိမ်ခန်း ကျဉ်းတယ်ဆိုတဲ့ အတွက်တော့ မြန်မာပြည်က ကိုယ့်တိုက်ခန်းလေးကိုပဲ ပြန်တွေးပါ။ ရန်ကုန်မြို့မှာ ကိုယ်နေရတဲ့တိုက်ခန်းမှာ မိသားစုဝင်တွေအိပ်တဲ့နေရာဖယ
ဧရိယာလေး ဘယ်လောက်ကျယ်ပါသလဲ ? အင်မတန် ချမ်းသာသူတွေ အိမ်အကြီးကြီးနဲ့နေနေပြီး ဂျပန်မှာတော့ သူများဆီ အလုပ်သွားလုပ်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ခုနေတဲ့ နေရာက ဂျပန်ပြည်ပါ။ Tokyo လိုနေရာဆို၇င် နှစ်ပေါင်းများစွာကမ္ဘာ့ကုန်
စည်းကမ်းကြီးတာ၊ အချိန်နောက်ကျမခံတာတွေ အတွက်ကတော့ မိမိရောက်နေတာ ဂျပန်နိုင်ငံလို့ မေ့မထားရင် ခံစားနေရတာ သက်သာပါလိမ့်မယ် လို့ပဲပြောပါရစေ …
ဂျပန်မှာအလုပ်သွားလုပ်သူတွေ
အတွေ့အကြုံနည်းပါးလို့ သူများပြောတာနားယောင်ပြီး နိုင်ငံရေးခိုလှုံသွားသူတွေ ၊ လက်ရှိအခြေ အနေကို မထိန်းသိမ်းနိုင်ပဲ နောက်ဆုံး Overstay လုပ်သွားသူတွေ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။
သူတို့တွေလဲ မိမိ အခုရင်ဆိုင်နေရတာတွေကိုမလွဲ
ပါ။ အားတင်း ရင်ဆိုင်ပါ။
အချုပ်အနေနဲ့ ပြောရရင် ဒီလိုတွေ မညည်းချင်ရင် နဂိုကတည်းက ကြိုတင်လေ့လာပြင် ဆင်ရပါမယ်။
ဖြစ်လာမယ့် အခြေအနေကို လက်ခံနိုင်မှသာ သွားသင့်ပါတယ်။ သွားပြီးပြီ ရောက်ရှိနေပြီဆိုလဲ
ကျရာအခန်းမှာ အပီပြင်ဆုံး က နိုင်ရပါမယ်။ ကိုယ်ရဲ့လက်ရှိ အခြေအနေကို မကျေနပ်သူဟာ
နောက်တဆင့်ကိုတော့ လှမ်းနိုင်အောင် မကြိုးစားဘဲ ဒီအတိုင်းညည်းတွားနေရုံမျှန
By: YA YA YA
Posted by PNSjapan at 12:01 AM 0 comments
Labels: ဂျပန်နိုင်ငံအကြောင်း
Wednesday, June 24, 2015
တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲပြန်ထန်

Posted by PNSjapan at 11:59 PM 0 comments
Labels: သတင်း
လော်ခီးလာ နိုင်ငံရေး ထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ
လော်ခီးလာ နိုင်ငံရေး ထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ
ခဲ့သည့် လော်ခီးလာညီလာခံမှ ဆုံးဖြတ်ချက်များ ထွက်လာပြီးနောက်တွင် ဦးသိန်းစိန်၊ ဦးအောင်မင်း စစ်အစိုးရသည် အကြပ်ရိုက်လျှက်ရှိသည်။ လူသေကို အသက်မရှင်စေနိုင်တော့သည့် မန္တာန်ဟောင်းကြီး ဖြစ်သည့် တို့ တာဝန်အရေး
သုံးပါးကို မဆီမဆိုင် တတွတ်တွတ်ရွတ်ရင်း ကာချုပ်မင်းအောင်လှိုင်က ၄င်းတို့ အလိုကျ ပြင်ဆင်ထားသည့် အပစ်ရပ်
စာချုပ်ကို လွယ်လင့်တကူ လက်မှတ်မထိုးကောင်းလား ဟူ၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း ခေါင်းဆောင်များအား အပြစ်တင်လျှက်ရှိသည်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်ရုံသာမက လက်သီးပုန်း နှင့် အထိုးခံ
လိုက်ရသလိုဖြစ်ကာ ရှေ့ တိုးရအခက် နောက်ဆုတ်ရအခက် နှင့် မရှုနိုင် မကယ်နိုင်ဘ၀ သို့ ကျရောက်လျှက်ရှိသည်။
အား နှစ်ဘက်ဆက်လက်ဆွေးနွေးကြရန်ကမ်းလှမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။
အရ၊ စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ခြေမရှိ။ နိုင်ငံခြား မှ လက်နက်ခဲယမ်းမီးကျောက်များ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ တိုးတက်ဖွံ့ ဖြိုးရေးအကူအညီများကို အားထားရသည့် ဘ၀သို့ ကျရောက်နေရရုံသာမက ပြည်တွင်းမှပို့ ကုန်အဖြစ် ပြည်ပသို့ ထိထိရောက်ရောက်တင်ပို့ ပြီး နိုင်ငံခြားငွေလောက်လောက်လားလားရှာနိုင်ခြေမရှိ။
နှုန်း မြင့်တက်ရေးအထိ ဦးတည်လာလျှက်ရှိသည်။[ii] ပို့ ကုန်မှ ဒေါ်လာဝင်ငွေ ထိထိရောက်ရောက်မရှာနိုင်၊ သွင်းကုန်လို
အပ်ချက်ကို မဖြည့်ဆည်းနိုင်၊ ယင်း၏ အကျိုးဆက်အနေဖြင့် ကုန်ဈေးနုန်းမြင့်တက်လာပြီးနောက် လူထုအုံကြွမှုများ
ပေါ်ပေါက် မလာအောင်တားဆီးနိုင်ရန် စစ်အစိုးရတွင် ထွက်ပေါက်တခုတည်းသာ ရှိသည်။
မှတ်ထိုးခိုင်း၊ ကမ္ဘာကိုပြ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ ဖြိုးရေးအကူအညီများ အလုံးအခဲနှင့် ၀င်လာစေရန် တဘက်
ကဖိတ်ခေါ်၊ အခြားတဘက်က တိုင်းရင်းသားပြည်နယ်များရှိ လူထုပိုင်သဘာဝသယံဇာတများအား အကြီးအကျယ် တိုးချဲ့ ထုတ်ယူရောင်းချခြင်းသည်သာ ထွက်ပေါက် ဖြစ်သည်။ အခြားနည်းမရှိ။ သို့ ဖြစ်၍ လော်ခီးလာ ညီလာခံ၏ ဆုံးဖြတ်ချက်များကို အပြတ်ပယ်ချ၊ ဆွေးနွေးပွဲများကို လုံးဝရပ်၊ အတည်ပြုမူကြမ်းကို လက်မှတ်မထိုးသည့် တိုင်းရင်း
သားအဖွဲ့ အစည်းမှန်သမျှအား စစ်ရေး နည်းဖြင့်သာ အပြတ်တိုက်ခိုက် ချေမှုန်းသွားမည် ဟူ၍ပြတ်ပြတ်သားသား
ကြေငြာလုပ်ဆောင်ရန်မှာ စစ်အစိုးရအတွက် အခက်အခဲများစွာရှိသည်။
ကြီးများထံမှ ရယူဆဲ၊ ဆက်လက်ရနိုင်ရန် အလားအလာရင့်မှဲ့ နေသော ဒေါ်လာသန်းထောင်ဂဏန်းသို့ ဦးတည်နေ
သည့် ငွေကြေး ထောက်ပံ့မှုများရပ်သွားနိုင်သည်။ လူထုအုံကြွမှု နှင့် လက်နက်ကိုင်တိုက်ပွဲများ စနစ်တကျပေါင်းစည်း
ကာ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မည့် လှုပ်ရှားမှုများ အားကောင်းသွားနိုင်သည်။ ဤသည်ကို အာဏာရှင်စစ်
အစိုးရအဆက်ဆက် အကြောက်ရွံ့ ဆုံး ဖြစ်၍ပင်။
အနေမှာ ၄င်းတို့ နှင့် ပြန်လည်တွေ့ ဆုံဆွေးနွေးရမည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တွင်ပါဝင်သော အဓိကတိုင်းရင်း
သားခေါင်းဆောင်များ၏ အနေအထားဖြစ်သည်။ ယင်းတို့ ၏ အများစုကြီးမှာ လော်ခီးလာညီလာခံဆုံးဖြတ်ချက်များမှ တပြားမှ လျှော့မည့်ပုံမရှိ။ ယင်း၏ အဖွဲ့ ခေါင်းဆောင်မှာ စစ်အစိုးရ နှင့် အလွမ်းသင့်ရုံမက၊ နေပြည်တော်ကို ချောင်း
ပေါက်မတတ် ဖိတ်ကြား၊ အခွင့်အလမ်း အမျိုးမျိုးဖြင့်ချော့မြူထားခဲ့သည့် ကေအင်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး မဟုတ်။ နိုင်ငံရေး အရ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ဒုဥက္ကဌ နော်စီဖိုးရာစိန် ဖြစ်နေသည်။
တင်းတင်း တိုက်တွန်းခဲ့ပါလျှက် ယင်းမိန့် ခွန်းနှင့် ဆန့် ကျင်သည့် ဆွေးနွေးချက်များပေါ်လာသော်လည်းအစည်းအဝေး
မှ ထွက်ခွာမသွားခဲ့။ အစအဆုံးတက်ခဲ့သည်။ အစည်းအဝေးဆုံးဖြတ်ချက်များကို ၀င်ရောက်တာဝန်ခံခဲ့သည်။ အစည်း
အဝေး မှတ်တမ်းများ အားလုံးကို သဘာပတိအနေဖြင့် တာဝန်ခံလက်မှတ်ထိုးပေးခဲ့သည်။ သို့ ဖြစ်၍ ၄င်းအနေဖြင့် ပြန်လည် ချိုးဖေါက်ခွင့်မရနိုင်တော့။ ချိုးဖေါက်လိမ့်မည် ဟုလည်းမယူဆ။ ချိုးဖေါက်ခြင်းဖြင့် မိမိကိုယ်တိုင်လက်နှင့်ရေး
ပြီးသားကို ချေနှင့် ပြန်ဖျက်သူ အဖြစ်မျိုးသို့ ဗိုလ်ချုပ်ကြီးကိုယ်တိုင် မည်သည့်အခါတွင်မျှ အရောက်ခံလိမ့်မည် မဟုတ်
ဟု ယူဆရသောကြောင့်ပင်။
အတွင်း ပြန်လှန်ဆွေးနွေးငြင်းခုံမှုများရှိခဲ့သော်လည်း အစည်းအဝေးအဆုံးသတ်သည့် အချိန်တွင် ဆုံးဖြတ်ချက်များ
အပေါ် အဖွဲ့ အစည်းတခုလုံး တစည်းတလုံးနှင့် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်ဟု သုံးသပ်နိုင်သည်။ ယင်းမှာ ကေအင်
ယူအတွက် နိုင်ငံရေးအရ တဆင့်တက်သွားရုံ သာမက အခြားအဖွဲ့ အစည်းများအတွက်ပါ အားဖြစ်စေခဲ့သည်။ ယင်း
အခြေအနေသို့  ရောက်ရှိစေရေးအတွက် ကေအင်ယူ အဖွဲ့ အစည်း အတွင်းတွင် စိတ်ရှည်သီးခံစွာဖြင့် နိုင်ငံရေးအရ ဖြောင့်ဖြောင့်မတ်မတ်ဦးဆောင်ခဲ့သည့်ခေါင်းဆောင်များ၊ အပြင်မှနေ၍ ပံ့ပိုးခဲ့၊ ဖိအားပေးခဲ့၊ နည်းပေါင်းစုံဖြင့် ဖြည့်
ဆည်းပေးခဲ့ကြသည့် ပြည်တွင်းပြည်ပရှိ ကရင်လူထုအသင်းအဖွဲ့ များ၊ ကရင်အမျိုးသမီးအဖွဲ့ အစည်းများ၊ ကရင်အမျိုး
သားကွန်ရက်များ၊ ကရင်လူငယ်အဖွဲ့ အစည်းများ ၏ အရေးပါသော အခန်းကဏ္ဍကို ဤနေရာတွင်အသိအမှတ်ပြုရ
ပါမည်။ ယင်းအခြေအနေအား လက်ရှိစစ်အစိုးရက မနှစ်သက်ဆုံးပင်။
အနေတခုမှာ ယင်းအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၅) ῎NCCT အဖွဲ့ ဝင်အားလုံးပါနိုင်မှ NCAကိုလက်မှတ်ထိုး၇န်῎ ဟူသော အချက်ပင်။ NCCT အဖွဲ့ ဝင်အားလုံး ဟူသည်မှာ ၁၆ ဖွဲ့ ကို ဆိုလိုသည်။ ယင်းတွင် စစ်အစိုးရက ငြင်းပယ်ထား
သည့် ကိုးကန့် ၊ တအောင်းနှင့် ရခိုင်တပ်မတော် တို့ ပါဝင်နေ၍ ဖြစ်သည်။ ကိုးကန့် ကို သုံးရက်နှင့်အမြစ်ပြတ်ချေမှုန်း
ခဲ့ပြီဟု ကြွေးကြော်ပြီး လက်ခမောင်းခတ်ခဲ့သည့် ဦးသိန်းစိန် သည် အသံတိတ်လျှက်ရှိသည်။ ကိုးကန့် ကပြန်တိုက်လာ
သောအခါ သုံးရက်ဝေး၍ ရက်ပေါင်း ၁၂၀ ကျော်လာခဲ့သည်အထိ အမြစ်ပြတ်ချေမှုန်းနိုင်မည့် အလားအလာကို မတွေ့ 
ရသေး။ ၄င်းတို့ အထင်သေး၊ မလောက်လေး မလောက်စားထား ခဲ့သည့် တအောင်း နှင့် ရခိုင်တပ်မတော်တို့ ကလည်း စစ်စွယ်ကလေးများပြလိုက်သောအခါ စစ်အစိုးရသည်မည်သို့ ဆက်လက်ကိုင်တွယ်ရမည် မသိတော့။ ဘေးကြပ်နံကြပ် ဆိုက်လျှက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား ဖြိုခွဲနိုင်ရေးအတွက် ၁၉၈၉ ခုနှစ်ကစ၍ စစ်အစိုးရအဆက်
ဆက်က ယနေ့ တိုင် အသုံးပြုခဲ့၊ ပြုဆဲဖြစ်သည့် မဟာဗျူဟာမှာ ရှုတ်ထွေးမှုမရှိ၊ ရိုးရိုးကလေးသာဖြစ်သည်။ အဓိက အားဖြင့် ကေအိုင်အို၊ ကေအင်ယူ နှင့် ၀သပ တို့ အကြားတွင် နိုင်ငံရေးနှင့် စစ်ရေးအရ ကစားနေခြင်းဖြစ်သည်။ ၀သပ ကို ထိန်းထား၊ ကေအိုင်အိုကိုချော့၊ ကေအင်ယူကို တိုက်။ ဤသည်မှာ တခုဖြစ်သည်။ ၀သပ ကို ဆက်ထိန်းထား၊ ကေအင်ယူကို ချော့၊ ကေအိုင်အို ကိုတိုက်။ ဤသည်မှာ နောက်တခုဖြစ်သည်။
ဦးဆောင်ကာ တိုက်နေသမျှကာလပတ်လုံး စစ်အစိုးရများက ၀သပကို လက်ဖျားနှင့် တို့ ရဲခြင်းမရှိ။ ကြားထားကာ အဆင်ပြေအောင် မျက်နှာချိုသွေးပေါင်း၊ ချော့ပေါင်း နေရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အချို့ အတွင်းက စစ်အစိုး
ရနှင့် ၀သပ တို့ အကြားဖြစ်ပွားခဲ့သည့် သစ်တောဆိုင်ရာ အငြင်းပွားမှုအား ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့် ကျင်ကာ ၀သပ အားလိုက်လျောပေးလိုက်ရသည့် လတ်တလောသာဓက ကို ကြည့်နိုင်သည်။[iii] သို့ ရာတွင် ကေအိုင်အို၊ကေအင်
ယူ တို့ ခေါင်းဆောင်သည့် တပ်ပေါင်းစုကို ချေမှုန်းနိုင်ပါမူ စစ်အစိုးရက ၀သပ ကို တိုက်မည် မုချဖြစ်သည်။ ဗေဒင် မေးရန်မလို။
ပါတော်လှန်ရေး အဖွဲ့ အစည်းများအား မိမိ၏ ကျေးဇူးရှင်များ အဖြစ်ပင် အဆင့်သတ်မှတ်သင့်သည်။ ယခုမူ ပြောင်းပြန်
ဆက်ဆန်နေပုံရှိသည်။ တခုလုံးအခြေအနေ ကို မတွက်။ မိမိ စစ်မတိုက်ဘဲ ရနေသည့်အခွင့်အရေးများမှာ မိမိတဖွဲ့ 
တည်းက စစ်အင်အားကြီးမားအောင် တည်ဆောက်ထားနိုင်ခြင်းကြောင့် ဟူ၍ ထုတ်ဖေါ်မှုမျိုးပြုလာသည်။ ယင်းမှာ ကျေးဇူးရှင်များအား စော်ကားသည့် အသုံးအနှုန်းများ သုံးခြင်းပင်။
တိုက်ပွဲဝင်ပြခြင်းဖြင့် မိမိတို့ သည် စစ်မှန်သည့် တော်လှန်ရေးအဖွဲ့ အစည်းဖြစ်ကြောင်း သက်သေပြသင့်ပြီ။
လက်နက်ကိုင်အဖွဲ့ အစည်း ထိပ်သီးများ၏ အစည်းအဝေး တွင် ၀သပ က ၀ပြည်နယ် လိုခြင်ကြောင်းတင်ပြသည်ဟု သိရသည်။ ကျန် တိုင်းရင်းသားအဖွဲ့ အစည်းအားလုံးနီးပါးက ရေရေရာရာ အဖြေမပေးကြ။ တဖက်ကလည်း ၀သပ သည် ၀ပြည်နယ်ရလိုရငြား ဦးသိန်းစိန်အစိုးရကို ချဉ်းကပ်ကာ စာတင်ကြောင်းလည်း ကြားရသည်။ ၀သပ သည် မဟာဗျူဟာရော နည်းပရိယာယ်ပါ လွဲချော်၊ အဆင့်လည်း ကျော်လျှက်ရှိပြီ။ ပြည်နယ်သစ်များ ဖွဲ့ စည်းပိုင်ခွင့်ကို လိုခြင်လျှင် (စစ်မတိုက်သည် ရှိစေဦး) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ လက်တွေ့ အတည် ပြု
ကျင့်သုံးခွင့်ရစေရေး နိုင်ငံရေး ကြိုးပမ်းမှု ဖြစ်စဉ်များတွင် အားကြိုးမာန်တက် ပါဝင်ရန်လိုသည်။ ဖက်ဒရယ် ပြည်
ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ ဒုတိယ မူကြမ်းပုဒ်မ ၅၅ မှ ၅၇ အတွင်းတွင် ပြည်နယ်သစ်များဖွဲ့ စည်းရေး ကိစ္စ အတိအလင်းပါရှိသောကြောင့်ပင်။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် စိုးစဉ်းမျှမပါရှိ။ ယခုထွက်ပေါ်လာသည့် ဖွဲ့ စည်းပုံပြင် ဆင်ရေး ဥပဒေ မူကြမ်းတွင်လည်း မပါရှိ။
သည် ပါဝင်ခြင်းမရှိ၊ မသိခြင်ယောင်ဆောင်ကာ ချောင်တချောင်တွင် အောင်းလျှက်ရှိသည်။ စစ်အစိုးရနှင့် နားလည်မှု
ယူ၊ စစ်အစိုးရငြိုငြင်မှု မခံရစေရေးကိုသာ ရှေ့ ရှုနေသည်။ စစ်လည်းမတိုက်၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာ
ရေးအတွက် မည်သည့် နိုင်ငံရေးကြိုးပမ်းမှုတွင်မျှ အားကြိုးမာန်တက် ပါဝင်ခြင်း မရှိဘဲ လက်နက်၊ ငွေကြေးကလေး
များ ဟိုတချို့ သည်တချို့ ထောက်ပံ့ရုံမျှဖြင့် မှိန်းထိုင်ခွင့်၇လျှက်ရှိသည်။ အခွင့်အရေးကိုတော့ လိုခြင်၊ ပင်ပန်းဆင်းရဲ
တော့ မခံခြင်သည့် အချောင်ဇာတ်ခင်းလျှက်ရှိသည်။
ဇာတ်လမ်းကို အဆုံးသတ်သင့်ပါပြီ။ အခြားပြည်နယ်များ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များနှင့် အတူ လက်တွဲကာ
စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်အတည်ပြုကျင့်သုံး
နိုင်ရေး အတွက် မားမားမတ်မတ် ပါဝင်လက်တွဲကြိုးပမ်းသင့်ပြီ။ လော်ခီးလာအစည်းအဝေးတွင် အဖွဲ့ ၁၆ ဖွဲ့  ခိုင်ခိုင်
မာမာ ရပ်တည် ကြိုးပမ်းနေကြသည့် အချိန်မှာ အချိန်ကောင်းဖြစ်သည်။ ၀သပ မည်သည့်ဇာတ် ဆက်ပြီး ခင်းမည်ကို စောင့်ကြည့်ကြရပါမည်။
အနေတခုမှာ အတည်ပြုမူကြမ်း အခန်း (၆) ကြားကာလအတွင်း နှစ်ဘက်ညှိနိုင်း ဆောင်ရွက်ရမည့် အစီအစဉ်များ တွင် ῎မြေယာနှင့် သဘာဝသယံဇာတ စီမံခန့် ခွဲရေးဆိုင်ရာ ကိစ္စရပ်များ῎ ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ သို့ ဖြစ်၍ ဤစာချုပ်ကို လက်မှတ်ထိုးချုပ်ဆိုပြီးနောက်တွင် သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်များ၌ မြေယာနှင့် သဘာဝသယံ ဇာတများအား စစ်အစိုးရ နှင့် မြန်မာစစ်တပ်တို့ တဘက်တည်းဖြင့် ကြိုက်သလို စီမံခန့် ခွဲ၊ ချယ်လှယ်သုံးစွဲခွင့်မရနိုင် တော့။ နှစ်ဘက်ညှိနိုင်းမှုပြုကြရပါတော့မည်။ တိုင်းရင်းသားပြည်နယ်များတွင် ဒေသခံတိုင်းရင်းသားလူထုများနှင့်သော်
လည်းကောင်း၊ ၄င်းတို့ အား ခုခံကာကွယ်စစ်ဆင်နွှဲလျှက်ရှိသော တော်လှန်ရေးအဖွဲ့ အစည်းများနှင့်လည်းကောင်း ညှိနိုင်းခြင်းမရှိဘဲ ကိုယ်တဦးတည်းသာ အမြတ်ထုတ် သွေးစုပ်လိုသော စစ်ခေါင်းဆောင် ဟောင်း သစ်များ၏ နှလုံး သည်းပွတ်ကို တိုက်ရိုက်ထိမှန်သွားသော မျှားချက် ဖြစ်ပုံရသည်။
အနေတခုမှာ အတည်ပြုမူကြမ်းအပုဒ် ၂၆ တွင် ပါရှိသည့် ῎ဤသဘောတူစာချုပ်အားပြည်ထောင်စု လွှတ်တော်သို့ 
လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက်ရရှိရေးဆောင်ရွက်သွားရန်῎ ဟူသော အပိုဒ် နှင့်ဆိုင်သည်။ ဤအပိုဒ်အရ အတည်မပြုပါက မည်သို့ ဆက်လက်ဆောင်ရွက်မည် မပါရှိ။ နှစ်ဘက် သဘောတူညီချက်ရရှိအောင် နှစ် တချို့ ချီ၍ကြိုးပမ်းထားသမျှ အလဟသ ဖြစ်ပါမည်။ စင်စစ်အားဖြင့်မူ စစ်အစိုးရသည် နှစ်ဘက်သဘောတူစာချုပ်ကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် အညီတည်ထောင်ထားသော ပြည်ထောင်စုလွှတ်တော်၏ လက်အတွင်းသို့ ဝ ကွက် အပ်ကာ ထင်သလိုချယ်လှယ်ရန် စီစဉ်ထားသော အခင်းအကျင်းဖြစ်သည်။ ဤသည်ကို လော်ခီးလာ ညီလာခံတက်ခဲ့ သော အဖွဲ့ အစည်းများက သဘောပေါက်သည်။
တော်ကြီး ပျက်စီးခြင်းတိုင်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။
အနေတခုမှာ ῎လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း῎ ဟူသော စကားစုတွင် ῎ပြန်လည်ပေါင်းစည်းခြင်း῎ ဟူသော ဝေါဟာရကို ဖြုတ်လိုက်ခြင်းပင်။ ယင်းဝေါဟာရကို ဆက်လက်ထည့်သွင်းထားပါက အဓိပ္ပါယ်မှာ နှစ်မျိုးဖြစ်နိုင်သည်။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ များပါ တရားဝင်ပါဝင်စုဖွဲ့ စေလျှက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အနေဖြင့် ပေါင်းစည်းသွားခြင်း၊ သို့ မဟုတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ များက လက်နက်များကို ချအပ်ပြီးနောက် အရပ်
သားများအနေဖြင့် လူ့ အဖွဲ့ အစည်းနှင့် ပေါင်းစည်းသွားခြင်း တို့ ဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေးခေါင်း ဆောင်များက ပထမ တမျိုးကို ရည်ရွယ်သော်လည်း လက်တွေ့ တွင် ဒုတိယတမျိုးသို့ ရောက်ရှိသွားစေရန် ဖိအားပေး ခံရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့ ဖြစ်၍ အဆိုပါမရှင်းလင်းသော ဝေါဟာရကို ဖြုတ်ခဲ့ကြပုံရှိသည်။
အနေတခုမှာ အဓိက ကျသည့် ချွင်းချက်ဝေါဟာရတချို့ ကို ဖြုတ်လိုက်ခြင်းနှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် လွတ်လပ်သောဒေသခံ CSO/CBO တို့ ပါဝင်ဆောင်ရွက်မှုပြုစေခြင်း ဖြစ်သည်။ ချွင်းချက်ဝေါဟာရများမှာ ῎နိုင်ငံရေး ဆွေးနွေးပွဲရလာဒ်များနှင့်အညီ῎ ῎ဥပဒေနှင့်အညီ῎ ῎နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ရယူပြီး῎ ဟူသည်တို့ ဖြစ်သည်။ ယင်း တို့ ကင်းစင်သွားခြင်းဖြင့် စာချုပ်သည် မရေရာမသေချာမှုအောက်တွင် ရှိမနေတော့။ တည်ဆဲဖေါက်ပြန်သည့် ဥပဒေ
များ အရသော်လည်းကောင်း၊ အစိုးရ၏ စိတ်ဆန္ဒအရသော်လည်းကောင်း ထိန်းချုပ်ခံရမှုများ မရှိနိုင်တော့။ စာချုပ်
သည် သန့် ရှင်းသွားမည်။ သဘာဝကျသွားမည်။ အဓိပ္ပါယ်ရှိသွားမည်။
တားဆီးကာကွယ် နိုင်သည့် အခြေအနေကို ရောက်ရှိသွားပါမည်။ စာချုပ်သည် နိုင်းယှဉ်ချက်အရ ပိုမို ခိုင်မာသွား
နိုင်သည်။
အလက်ခိုင်သည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များသည် စုပေါင်းကာ စစ်အစိုးရ၏ ထောင်ချောက်ကို ကွင်း
ရှောင်နိုင်ခဲ့ပြီ ဟု ဆိုနိုင်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်သည့် ရှေ့ ခြေလှမ်းတလှမ်းကို လှမ်းနိုင်ခဲ့ပြီ ဟု သုံးသပ်နိုင်သည်။ သမိုင်းတကွေ့ ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် အခြေအနေသို့ ရောက် မရောက်ကိုမူ စောင့်ကြည့်ရပါဦးမည်။
ကိုယ်ကျ လက်နက်ကိုင်တိုက်ပွဲဝင်ဘူးသည့် တော်လှန်ရေးဖြတ်သန်းမှု စိုးစဉ်းမျှ မရှိပါဘဲလျှက် အတွေ့ အကြုံ
၇င့်ကျက်လှပြီဖြစ်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့  ခေါင်းဆောင်များကိုပါ အောက်ပါအတိုင်း စော်ကားမော်ကား စွဲချက်တင်လိုက်သေးသည်။
တဲ့ ပြသနာ ဖြစ်တယ်။ အထဲမှာ ဘာဖြစ်နေတယ် ဆိုတာ အပြင်က မသိဘူး။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြော
ပြောနေတယ်။ ကျွန်တော်တို့ က သမတ ဦးသိန်းစိန် နောက်လိုက်နေတယ် ဆိုတာ ကို လက်ခံဘို့ လိုတယ်။ တပ်မတော်က အသက်ခြောက်ဆယ်ပြည့်ရင် ပင်စင်ယူတော့။ ထွက်တော့။ အရင်တုံးကလို မဟုတ်ဘဲ Professional Army ဒါမှ မဟုတ်ရင် Standard Army လုပ်မယ်လို့ ကာချုပ်က ကတိပေးထားတာကို တဘက်က တိုင်းရင်းသား
ခေါင်းဆောင်တွေက စဉ်းစားပေးဘို့ လိုတယ်ဗျ။῎
မိသည်။ တပ်မတော်က အသက် ၆၀ ပြည့်ရင် ပင်စင်ယူရုံမျှနှင့် Professional Army ဖြစ်သွားကြောင်း ဘယ်ကမ္ဘာ မှာများ ကြားမိပါလိမ့် ဟူ၍ပင်။ Professional Army ဟူသည်မှာ နိုင်ငံရေးနှင့် လုံးဝကင်းစင်ကာ စစ်သားရိုးရိုးအနေဖြင့် အသက်မွေးဝမ်းကျောင်းအရသာ စစ်မှုထမ်းခြင်းကို ဆိုလိုကြောင်းမျှပင် နားမလည်ပါဘဲလျှက်῎တိုင်းရင်းသားလက်နက်
ကိုင်ခေါင်းဆောင်တွေက မြန်မာပြည်နိုင်ငံရေး ကို ယထာဘူတ ကျကျ နားမလည်တဲ့ ပြသနာ ဖြစ်တယ်။῎ ဟူ၍ သူမို့ 
လို့ ပြောရဲလေခြင်းဟု မှတ်ချက်ပြုမိသည်။
ကြီး သဲသန်ပြင်းထန်လာပါမူ စစ်အာဏာစနစ်ကို ကျားကန်၊ ပခုံးထမ်းပေးကာ၊ အကျိုးစီးပွားခွဲဝေခံစားနေသူများ နိုင်ငံရေးဇာတ်ခုံအနီးတ၀ိုက်မှ လွင့်စင်ကွယ်ပျောက်သွားပါမည်။ သမိုင်းအမှန်တရားကို မည်သူမျှ ဖုံးကွယ်ထား၍ မရ နိုင်ပါ။
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ ဇွန်လ ၂၁ ရက် ၂၀၁၅ ခုနှစ်
Posted by PNSjapan at 12:30 AM 0 comments
Labels: ဆောင်းပါး
Saturday, June 20, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မွေးနေ့ အထိမ်းအမှတ်ပြောကြာားသော ရုပ်သံဖိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မွေးနေ့ အထိမ်းအမှတ်ပြောကြာားသော ရုပ်သံဖိုင်
Posted by NLD Chairperson on Thursday, June 18, 2015
Posted by PNSjapan at 1:01 AM 0 comments
Labels: ရုပ်သံသတင်း
"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"

---------------/--------------
သူ့ရေးသား ချက်ကို စနေနေ့မှာ တင်လိုက်တော့ အခုဆိုရင် အွန်လိုင်းမှာ အနည်းဆုံး အကြိမ် တထောင်ကျော် လက်ဆင့်ကမ်း ဖတ်ရှုနေကြပါပြီ။"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့" လို့ အမည်ပေးထားတဲ့ သူ့ရေးသားချက်တွေထဲမှာ မြန်မာပြည်ရဲ့ အခြေအနေ၊ မြန်မာပြည်သား အများအပြားရဲ့ စိတ်နေစိတ်ထား၊ သတိမပြုမိကြတဲ့ အရေးကြီးအကြောင်းအရာ များစွာ ပါဝင်နေပါတယ်။မဖတ်ရသေးသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
..........................................................................
ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများကဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။
လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။
တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေထုံနေတဲ့ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ကိုယ်ကျိုးမဖက်ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။
Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘ၀င်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းက ချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။
သဘာဝဘေးအန္တရာယ်တွေမကျအောင်သာသနာစောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ်ပေးထားတယ်လို့ သိပ်ဘ၀င်မမြင့်ကြပါနဲ့။ အာရှမှာ ရာသီဥတုဒါဏ် အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံးဖြစ်နေတာကိုမှ မသိပဲ။
မြန်မာနိုင်ငံမှာ ငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘ၀င်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေစံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။
ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာမရှိဘူး လို့ဘ၀င်မြင့် မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေသြဇာအဆိပ်သင့်နေတဲ့ ငါးကြော်တွေကို မစားဖို့ သက်ဆိုင်ရာသံရုံးတွေက သူတို့နိုင်ငံသား တိုးရစ်တွေကို တိုးတိုးတိတ်တိတ် မှာထားတာကိုမှ မသိကြပဲ။ ထမင်းငတ်ပြီး မသေပေမယ့် တရုပ်နဲ့ယိုးဒယားက၀င်လာတဲ့ သူတို့နိုင်ငံသားတွေတောင် မစားတဲ့ သွားရေစာတွေကြောင့်သေနေတဲ့ကလေးတွေ၊ ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက်သား ငါးတွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲလှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကိုကြည့်ပြိး မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုရှိတယ် ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ၀ါးရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာကိုမှ မသိပဲ။
ပြည်တွင်းမှာ ကျပ်တည်းကျဉ်းမြောင်းစွာ အမြဲနေရတာတော့ အကျင့်ပါနေပြီး လူတိုင်းလည်း ငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်း အလကားလာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။တစ်ခြားနိုင်ငံ တချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊ လူတိုင်းရဲ့ကျန်းမာရေး စောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။
အခုချိန်ထိတောင် တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ ကိုယ်လု့ပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်တောင် လို နေသေးတယ်။Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တ၀ုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။
စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ကွန်ပျူတာဆက်စပ် ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့ မြန်မာနိုင်ငံကြီး ခေတ်မှီဖွဲ့ဖြိုး တိုးတက်နေပြီလို့ ထင်နေကြတယ်။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝ မသုံးကြတာကိုမှ မသိပဲ။
မြန်မာပြည်က ရှုခင်းတွေသာ အလှဆုံးလို့ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြား ခရီးသွားတွေလာနေတယ်လို့ ထင်နေကြတယ်။တကယ်တော့ မြန်မာပြည်ထက် အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေနိုင်ငံရပ်ခြားမှာ အများကြီးရှိတယ် ဆိုတာမှ မသိပဲ။ သူတို့လာတာဟာကမ္ဘာ မြင်တွေ့ရခဲတဲ့ တတိယနိုင်ငံက ဆင်းရဲသားတွေရဲ့ ဘ၀ကို တအံ့တသြကြည့်ဖို့လာတာများတယ် ဆိုတာကို သိမှ မသိပဲ။
သိပ်လည်း ဘ၀င်မမြင့်ကြနဲ့ဗျာ.. ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီး သိမ်းတဲ့ခေတ် မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ ကွန်ပျူတာအပါအ၀င် အပ်တိုတစ်ချောင်းတောင် ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။ ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ ရေနံ၊သဘာဝဓါတ်ငွေ့နဲ့တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့ သဘောပဲ။သိပ်လည်းဘ၀င်မမြင့်ကြပါနဲ့။ သယံဇာတတွေကုန်ခန်းစြ ပုနေတဲ့တိုင်းပြည်၊ ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှု ရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။ ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး ကိုလိုနီ လုပ်နေစရာ မလိုပါဘူး။
တရုပ်တွေနေချင်လည်း ရနေတာပဲ။ ကုလားတွေနေချင်လည်း ရနေတာပဲ။ တံခါးမရှိ၊ ဓါးမရှိ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။ ဒါကြောင့် သိပ်လည်း ဘ၀င်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ၀န်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမြှော်လင့်ချက်က သူပဲရှိတော့တယ်။ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာမကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။ ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ၀ိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။
(By Kogyimind Mind)
Posted by PNSjapan at 12:59 AM 0 comments
Labels: ဆောင်းပါး
ဂျပန်နိုင်ငံ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Ethnic Festival of Myanmar ပွဲတော်မှတ်တမ်း
တိုင်းရင်းသားတို့ ရဲ့ အလှ တရားတွေ ပြသနိုင် ပြီဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပ ပြုလုပ် ခဲ့ တဲ့ Ethnic Festival of Myanmar ပွဲ
Posted by Zay Yar on Sunday, May 31, 2015
မိုင်းကျော်ဦး
Posted by PNSjapan at 12:38 AM 0 comments
Labels: မှတ်တမ်း
Wednesday, June 10, 2015
ဗမာ့နိုင်ငံရေးရှုပ်ထွေးမှုနဲ့ တရုတ်သံတမန်ခင်း ပျော့ပြောင်းမှုဆုံလို့ ဒေါ်စုခရီးစဉ် ဖြစ်လာတာပါ – ဒေါက်တာ လှကျော်ဇော

Posted by PNSjapan at 12:30 AM 0 comments
Labels: သတင်း
Monday, June 8, 2015
၁၆ ဖွဲ့လုံးပါမှ NCA ကိုတိုင်းရင်းသားအဖွဲ့တွေ လက်မှတ်ထိုးမည်
Posted by PNSjapan at 8:59 PM 0 comments
Labels: သတင်း