Saturday, May 23, 2015

လှေစီး ဒုက္ခသယ် များအတွက် ၀မ်းမြောက်ဖွယ်




ပင်လယ်တွင်းမှာမြောပါနေတဲ့ လှေစီး ဒုက္ခသယ်များကို အာဖရိက ကနိုင်ငံငယ် တစ်ခုဖြစ်တဲ့ ဂမ်ဘီယာ ( Gambia ) နိုင်ငံက လက်ခံမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။


အခြေချနေထိုင်ခွင့်ကို လက်ခံမဲ့ ဂမ်ဘီယာ နိုင်ငံအကြောင်းကို လေ့လာကြည့် တဲ့အခါ…စင်္ကာပူ ထက် ၁၅ ဆလောက်ကျယ်ဝန်းပါတယ်။ လူဦးရေအားဖြင့် ၁.၈ သန်း ကျော်ပဲရှိပါတယ်။ ( စင်္ကာပူ လူဦးရေက..ငါးသန်းကျော်ရှိပါတယ် )။ အာဖရိက ရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ မပါရှိယုံမက…မြန်မာထက်တောင် သာလွန် နေတာကိုတွေ့ရပါတယ်။

အစိုးရဟာ..စိုက်ပျိုးရေးကို အခြေခံသော လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး အရှိန်အဟုန်ကို မြှင့်တင်လိုတာကြောင့် အခြေချနေထိုင်မဲ့သူ များလိုအပ်တာ ဖြစ်နိုင်ပါတယ်။ ဂမ်ဘီယာ နိုင်ငံဟာ…လှေစီး ဒုက္ခသယ်များသာမက ဘင်္ဂလားဒေ့ရှ် - မြန်မာ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ လူဦးရေ - ရှစ်သိန်းကိုတောင် လက်ခံမယ်ဆို လက်ခံလို့ ရနိုင်တဲ့အနေထား ရှိနေပါတယ်။ အရေးအကြီးဆုံးအချက် ကတော့ ဂမ်ဘီယာ နိုင်ငံဟာ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၉၀ % ရှိတဲ့အတွက် လှေစီး ဒုက္ခသယ်များအတွက် အထူးအခွင့်လမ်း တစ်ခုလည်းဖြစ်ပါတယ်။

 ဒါ့ကြောင့် မြန်မာ အနေနဲ့ လှေစီး ဒုက္ခသယ်များ အရေးကို လျှစ်လျူ ရှုထားမယ် ဟိုပုတ် ဒီလွှဲလုပ်နေမယ်ဆို..ကမ္ဘာ့အလယ်မှာ သိက္ခာကျယုံမက..လူ့အခွင့်ရေးချိုး ဖောက်တယ်ဆိုတဲ့ အမဲစက် ကို လက်ခံနိုင်ဖွယ်ရှိပါတယ်။ မြန်မာကို ဖိအားပေးမူ့ မျိုးစုံနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အဲဒီ့အစား…ကြည်ကြည်ဖြူဖြူ လက်ခံနေတဲ့ ဂမ်ဘီယာ နိုင်ငံအတွက် အားတက်သရော ကြိုးပမ်း လုပ်ဆောင်ပေးခြင်းဖြင့်..လှေစီး ဒုက္ခသယ် များ အရေးကို ဖြေရှင်းနိုင်ဖို့..အချက်အလက်တစ်ခုအဖြစ် အကြံပြုပါတယ်။


22.5.2015
လေးစားလျှက်

Tun Wai

0 comments: