Saturday, May 2, 2015

ပန်ဆန်း ညီလာခံ စပြီ

ဓာတ်ပုံ ဂျေပိုင်





ယနေ့ မေလ ၁ ရက်တွင် စတင်ခဲ့သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမြို့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကိုးကန့်ဒေသ၌ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ရေး ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

ညီလာခံတက်ရောက်လာသူများထဲတွင် ကိုးကန့်အဖွဲ့ (MNDAA ) မှ စစ်ဦးစီးချုပ် ဖုန်လားရှင် နှင့် ဒုတိယစစ်ဦးစီးချုပ် ရန်ဝေကျုံးနှင့် ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းတို့အပါအ၀င် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် စစ်ရေးအခြေအနေတင်းမာနေဆဲ ဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) မှ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တို့လည်း ပါဝင်သည်။


အခြားတက်ရောက်လာသူများမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်ချုပ်ကြီး ဗိုလ်ချုပ် ဇောင်းဟရား ၊ ဒုတိယ တပ်ချုပ် ဗိုလ်ချုပ် အင်ဘန်လ ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်တိုးတတ် ရေးပါတီ ( SSPP/SSA )မှ ဗိုလ်ချုပ်ဆေထင် ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) မှ ဒုဥက္ကဌ ဦးစမ်းရီ ၊ မိုင်းလားအဖွဲ့ (NDAA) မှ ဥက္ကဌ ဦးဆန်းပယ် ၊ မွန်ပြည်သစ်ပါတီ ( NMSP) မှ စစ်ဦးစီး ချုပ်- ဥက္ကဌ နိုင်ထွန်းမွန် ၊ဒု ဥက္ကဌ နိုင်ဟံသာ ၊ ကရင်နီ အမျိုးသား တိုးတတ် ရေးပါတီ (KNPP) မှ ဒုဥက္ကဌ ခူဦးရယ် နှင့် ဒုစစ်ဦးစီးချုပ် ခေါင်မြတ် ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဌ ခွန်မြင့်ထွန်း၊ ဒုဥက္ကဌ- စစ်ဦးစီးချုပ် ခွန်သူရိန်၊ တအောင်း-ပလောင် လွတ်မြောက်ရေး အဖွဲ့ (PSLF/ TNLA) မှ ဒုဥက္ကဌ တားဂျုတ်ဂျာ တို့ ဖြစ်ကြသည်။


သတင်းရင်းမြစ် - ဧရာဝတီ

0 comments: