Sunday, May 10, 2015

့ဒီရက်ပိုင်း ကချင်ဒေသ တိုက်ပွဲဆက်ဖြစ်....


ပြီးခဲ့တဲ့ မေ (ရ) ရက် နေ့ က နေ ဒီနေ့ ထိ ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၁၂ ) နယ်မြေ နမ့်လင်းပါ ၊ ကောင်ဂျာ ၊ မာဂါးယန် ဒေသ တစ်ဝိုက်မှာ ဒီနေ့ ထိ တိုက်ပွဲဆက်ဖြစ်ပါတယ် ။ ဗမာ အစိုးရတပ် ခမရ (၁၅) (၁၄၂ ) ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ ဒီရက်ပိုင်း တိုက်ပွဲဆက်ဖြစ်နေတာဖြစ်ပြီး မေလ (၈)ရက်နေ့ မာဂါးယန်ကျေးရွာ အနီး ဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရတပ်ဘက်က ထိခိုက်ကျဆုံးမှု အများဆုံး ဖြစ်တယ်လို့ သိရ တယ် ။ ထိခိုက်မှု များနေတဲ့အတွက် ...အစိုးရတပ်ဘက်က ခလရ (၈၆)တပ်ရင်း နဲ့  တပ်ရင်း နာမည် မသိရသေးတဲ့ တပ်ရင်းတပ်ဖွဲ့ တွေကို အင်အားဖြည့်တင်းပြီး တိုက်ပွဲ အရှိန်မြှင့်နိုင်ဖို့ အတွက် ထပ်မံ စစ်ကြောင်းထိုးနေ တယ်လို့ သိရတယ် ။

အင်အားဖြည့်တင်းဖို့ တက်လာတဲ့ တပ်ရင်းစစ်ကြောင်း တွေ လမ်းတစ်လျှောက် ထပ်မံ တိုက်ခိုက် ခံနေရတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ် ။ ဒီနေ့ ထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ မိမိ ကေအိုင်အေ ဘက်က မျိုးချစ်စစ်သည် (၃) ဦး ထိခိုက်ကျဆုံး ပါတယ် ။ အစိုးရတပ်ဘက်တော့ ထိခိုက်ကျဆုံးမှုများနေပြီး ခန့် မှန်းခြေ အရေအတွက်သိနိုင်ဖို့ ထပ်မံ စုံစမ်းနေပါတယ် ။

0 comments: