မေလ ၁ ရက် ၂၀၁၅ ခု
ဧပြီလ ၂၉ ရက် နံနက်ပိုင်း ၀၉း၀၀ မှ ၁၂း၀၀ အချိန်တွင် တအာင်းတပ်မတော် အမှတ်(၅)ဗျူဟာ ကွပ်ကဲမှု အောက်ရှိ TNLA တပ်ရင်း (၃၃၅)သည် တအာင်းဒေသ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား အနီးတွင် နမ့်ဖတ်ကာ တိုက်နယ်အခြေစိုက် မြန်မာ့တပ်မတော်တပ်ရင်းတို့နှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ အနည်း ဆုံး (၅)ဦးခန့် ဒဏ်ရာရှိကြောင်းသိရှိရသည်။
ဧပြီလ ၂၉ ရက် နေ့လည် ၁၁း၀၀ မှ ၁၂း၀၀ အချိန်တွင် တအာင်းတပ်မတော် တပ်မဟာ (၁)ကွပ်ကဲမှု အောက်ရှိ TNLA တပ်ရင်း (၅၇၁)သည် ကွတ်ခိုင်နှင့် မူဆယ်အကြားရှိ မြန်မာ့တပ်မတော် စစ်ကြောင်း တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်ဖွဲ့ဘက်မှ ကျဆုံးမှု မသိရသေးပါ၊ တအာင်းတပ်မတော်မှ ထိခိုက်မရှိဟု သိရသည်။
ဧပြီလ ၃၀ ရက် နံက်ပိုင်း ၁၀း၀၀ မှ ၁၂း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် အမှတ် (၅)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ TNLA တပ်ရင်း (၃၃၅) သည် ကွတ်ခိုင်မြို့အ၀င် အေရှဝေါဂိတ်အနီးရှိ မြန်မာ့ တပ်မတော်တို့နှင့် တိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးအပါအ၀င် အခြားအဆင့်များလည်း ထိခိုက်ကျဆုံးမှုရှိကြောင်းသိရသည်။
ဧပြီလ ၃၀ ရက် နေ့လည် ၁၂း၀၀ မှ ၁၃း၃၀ နာရီအချိန်တွင် တအာင်းတပ်မတော် အမှတ် (၅)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ TNLA တပ်ရင်း (၂၂၃)သည် မြန်မာ့တပ်မတော်စစ်ကြောင်း တို့နှင့် ကွတ်ခိုင်မြို့ နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ (၅)ဦး ကျဆုံးပြီး အနည်းဆုံး (၆)ဦး ဒဏ်ရာပြင်း ထန်စွာရရှိသည်။
ဧပြီလအတွင်း တအာင်းတပ်မတော်မှ တိုက်ပွဲလျော့ချမှုများ ပြုလုပ်ခဲ့သော်လည်း လွန်ခဲ့သည့် ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော် TNLA စခန်းအား လာရောက်တိုက်ခိုက်ပြီးနောက် ယခုကဲသို့ တိုက်ပွဲများ ပြန်လည် ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Friday, May 1, 2015
ဧပြီလ ၂၉- ၃၀ ရက် တအာင်းဒေသ တိုက်ပွဲသတင်း
Posted by PNSjapan at 11:53 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment