ကိုးကန့်တိုက်ပွဲသုံးသပ်ချက်××××××××××××××××××××××VOA&စစ်ေထာက်လှမ်းရေးအရာရှိ(ဟောင်း)ဗိုလ်မှူး အောင်လင်းထွဋ္ဋ်
Posted by Naw Jadup on Thursday, May 21, 2015
Saturday, May 23, 2015
စစ်ထောက်လှမ်းရေးအရာရှိ(ဟောင်း)ဗိုလ်မှူး အောင်လင်းထွဋ္ဋ် ကိုးကန့်တိုက်ပွဲသုံးသပ်ချက်
Posted by PNSjapan at 12:06 AM 0 comments
Labels: ရုပ်သံသတင်း
လှေစီး ဒုက္ခသယ် များအတွက် ၀မ်းမြောက်ဖွယ်

Posted by PNSjapan at 12:03 AM 0 comments
Labels: သတင်း
Thursday, May 14, 2015
တိုက်လေယာဉ်တစ်စီး မီးလောင် ပျက်ကျ


====================================
ဘက်ခြမ်း ပြောင်းဖူးခင်း တွင် ယမာန်နေ့ က တိုက်လေယာဉ်တစ်စီး မီးလောင် ပျက်ကျ နေ သည့် မြင်ကွင်း။
အတည် မပြု နိုင်သေး သည့် သတင်းအရ မြန် မာ တိုက်လေယာဉ် များ တရုတ် နယ်ထဲ သို့ နယ်ကျော် ၀င်ရောက်ခြင်း ကြောင့် တရုတ် မြေပြင်တပ် မှ ပစ်ချ ခဲ့ ခြင်း ဖြစ်ကြောင်း လည်း နယ်စပ် တရုတ် ဘက်က သတင်းများ ထွက်နေ ပါ သည်။
ဆက် လက်စုံစမ်းဆဲပါ။

Posted by PNSjapan at 12:10 AM 0 comments
Labels: သတင်း
နာမည်ကျော်လှသော ‘၀’ မြို့တော်ဆီဝယ်
သသ

‘‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ‘၀’အထူးဒေသ (၂) အဖွဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးပေါက်ယိုချမ်အတွက် ချစ်ကြည်ရေးငြိမ်းချမ်းရေးလက်ဆောင်’’ဟု ရေးထားပြီး ဖဲကြိုးပြာဖြင့် ချည်နှောင်ထားသည့် ငွေဆွမ်းအုပ်။

လက်ဖက်ခင်းကိုစောင့်နေသော ၀,တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)
ဆွမ်းအုပ်နှင့်ကပ်လျက်တွင် သာယာလှပသော တောတောင်ရေမြေ နောက်ခံရှုခင်းနှင့် ငွေဒေါင်းဖြူနှစ်ကောင်ပုံပါသည့် ကျောက်စီပန်းချီကားချပ်ကြီးကမူ ‘‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ‘၀’အထူးဒေသ(၂)အဖွဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးပေါက်ယိုချမ်အတွက် ချစ်ကြည်ရေး ငြိမ်းချမ်းရေးလက်ဆောင်’’ဟု ရေးသားထားသောစာကို တွေ့ရသည်။
ထို့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ မေတ္တာလက်ဆောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီးတင့်ဝေက ပေးထားသော ငြိမ်းချမ်းရေး ဓမ္မဒါနလက်ဆောင်၊ ဒုတိယဗိုလ်မှူးကြီးဇော်မင်းစိုး တသခ၊ စရနနှင့် ဗိုလ်မှူးကျော်ထင်အောင် စရဖ(တသခ)တို့က ပေးထားသော အမှတ်တရလက်ဆောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က ပေးထားသော အမှတ်တရလက်ဆောင်၊ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က ပေးထားသော အမှတ်တရလက်ဆောင်အပါအ၀င် များပြားလှသည့် လက်ဆောင်များကိုလည်း အိမ်အ၀င်နံရံတစ်ဖက်တွင် ထင်သာမြင်သာ ချိတ်ဆွဲခင်းကျင်းပြသထားသည်။
ယင်းအိမ်ကြီးသို့ မရောက်မီ ပေ ၁,၀၀၀ ခန့်အကွာတွင် ‘တားမြစ်နယ်မြေ’ဆိုသည့် အပြာရောင်ဆိုင်းဘုတ်တစ်ခုရှိပြီး လက်နက်ကိုင်စစ်သားများက အချိန်ပြည့်စောင့်ကြပ်နေကြသည်။ အိမ်ကြီးကို ‘ဦးပေါက်အိမ်တော်’ဟု အချို့က တိတ်တခိုးခေါ်ဝေါ်ကြ၏။ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုခွဲကာ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရာ တောင်ကုန်းမြင့်ပေါ် ခမ်းခမ်းနားနား တည်ဆောက်ထားသော ထိုအိမ်ကြီးသည် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအစိုးရဥက္ကဋ္ဌ ဦးပေါက်ယိုချမ်၏ အိမ်တော်တစ်ခုပင် ဖြစ်လေသည်။
ပြင်ပလူများ အထူးသဖြင့် သတင်းထောက်များ ၀င်ရန်မလွယ်ကူသလို ၀င်ပြီးနောက် လွဲချော်မှု တစ်စုံတစ်ရာရှိပါက ပြန်ထွက်ရန် မလွယ်ကူသည့် ဒေသအဖြစ် နာမည်သတင်းမွှေးသော ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြို့တော်၊ ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ/ တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်းခမ်း)သို့ ၂၀၁၅ ဧပြီလကုန် မေလဆန်းတွင် လက်တစ်ဆုပ်စာ သတင်းထောက်အချို့ ပထမဆုံးအကြိမ် ၀င်ရောက်ခွင့်ရခဲ့သည်။ အကြောင်းရင်းက ‘၀’ ထိန်းချုပ်နယ်မြေတွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို စောင့်ကြည့်သတင်းယူရန် ဖြစ်လေသည်။
‘‘ခင်ဗျားတို့ ဒီမှာ လွတ်လွတ်လပ်လပ်ပဲ။ ဒါပေမဲ့ စစ်တပ်အကြောင်း၊ စစ်တပ်နဲ့ပတ်သက်တာ လုံးဝမမေးပါနဲ့။ အေး...မေးလည်း ဘယ်သူမှ ဖြေမှာမဟုတ်ဘူး’’ဟု ‘၀’အစိုးရ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဆမ်ခွန်းက သတင်းထောက်များအား ခရီးရောက်မဆိုက်ပင် ပြောသည်။

ပေါက်ယိုချစ်အိမ်တော်မှ လက်ဆောင်ပစ္စည်းများပြသထားသော ဧည့်ခန်း (ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)
UWSA ကို မြန်မာနိုင်ငံရှိ အကြီးဆုံးနှင့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့်ကြည့်သော Myanmar Peace Monitor ၏ ခန့်မှန်းခြေစာရင်းအရ ‘၀’စစ်တပ်အင်အား ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားရှိသည်။ အခြားစစ်တပ်များကမူ အင်အားသုံးသောင်းခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ ထို့ကြောင့်ပင် ၎င်း၏
Posted by PNSjapan at 12:02 AM 0 comments
Labels: ဆောင်းပါး
Wednesday, May 13, 2015
ကိုးကန့်တိုက်ပွဲ သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးအတွက် အလှမ်းဝေးသွားပြီးလား...
ကိုးကန့်တိုက်ပွဲ (May 12,2015)VOA & ဦးထွန်းမြတ်လင်း (MNDAA)
Posted by Naw Jadup on Tuesday, May 12, 2015
Posted by PNSjapan at 11:56 PM 0 comments
Labels: ရုပ်သံသတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်က စစ်ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်

လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှေ
“အခု ၂ ရက် ၃ ရက်အတွင်း အပြင်းထန်ဆုံးလို့ ပြောရမယ်ထင်တယ်။ နန်ထိန်မိန်တ၀ိုက်မှာ ဖြစ်နေတာ။ မနေ့ကလည်း ပြင်းထန်တယ်။ ဝေဟင်ပေါ်ကနေ ဟတ်စကီးနဲ့ စက်သေနတ်နဲ့ ပစ်တယ်။ ဗုံးကြဲတယ်။ အလုံး ၁၀၀ ကျော်ကျပါတယ်။ အောက်မှာတော့ ကြည်းတပ် ထိုးတယ်။ တင့်ကားရော၊ သံချပ်ကာကားပါ ပစ်ကူတယ်။”
အစိုးရတပ်ဘက်က အင်အားကို မသိရပေမယ့် သူတို့ဘက်ကတော့ အင်အား ၅၀၀ ကျော်နဲ့ ပြန်ခုခံနေတယ်လို့ သူက ဆက်ပြောပါတယ်။ လက်တလော တိုက်ပွဲတွေကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှု အရေအတွက်ကိုတော့ မသိရသေးပါဘူး။
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ဘက်မှာတော့ မေလ ၁၀ ရက်နေ့ညက အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ကြား နားတီးရွာနဲ့ မြောက်ဇီရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က ၂၀ ကျဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။
မေလ ၁၁ ရက်နေ့ကလည်း ကွမ်းလုံသွားလမ်းပေါ် တက်လာတဲ့ အစိုးရစစ်ယာဉ်တန်းကို တအာင်းတပ်ဘက်က ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့ရာမှာ အစိုးရယာဉ်တန်းကား ၄ စီး ထိမှန်ပျက်စီးပြီး ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ
ဖေဖော်ဝါရီလကနေ မေလ လယ်ထိ လောက်ကိုင်ဒေသ စွန်သျှန်၊ လောဝ်တုံကို၊ ချီမင်ချွန် စတဲ့ရွာတွေမှာ ကိုးကန့်အရပ်သား သက်ကြီးရွယ်အို ၂ ဦးအသတ်ခံရပြီး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖ
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီ အစိုးရစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သီးခြားအတည်ပြုချက်ရယူနိုင်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
Posted by PNSjapan at 12:09 AM 0 comments
Labels: သတင်း
လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ လူဝတ်လဲပြီး ဦးဆောင်နေတဲ့ လွှတ်တော်ကြီးထဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တောင်တန်း တွေပေါ်က ဘိန်းရာဇာတွေလို့ နာမည်ကြီးနေတဲ့ လွှတ်တော်အမတ် ၂ ဦး ပါဝင်နေတဲ့ အကြောင်း ဒေသခံ တိုင်းရင်းသား တွေနဲ့ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို စောင့်ကြည့်သူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။
ဦးတီခွန်မြတ်က ကွတ်ခိုင်မြို့နယ် အခြေစိုက် “အထူးပြည်သူ့စစ်အဖွဲ့” ခေါင်းဆောင် တဦးဖြစ်ပြီး ဦးကျော်မြင့်ကတော့ နမ့်ခမ်း မြို့နယ်အခြေစိုက် “ပန်းဆေး ပြည်သူ့စစ် အဖွဲ့” ခေါင်းဆောင်ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကနေ ဝင်ရောက် အရွေးချယ် ခံခဲ့သူတွေလည်း ဖြစ်ပါတယ်။
သူတို့ ထိန်းချုပ်ခွင့် ရထားတဲ့ နယ်မြေအတွင်းက တောင်တန်းတွေပေါ်မှာ ကိုယ်တိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးမှု၊ အခွန်အခ ကောက်ယူပြီး ဘိန်းစိုက်ပျိုးခွင့် ပြုမှု၊ ဘိန်းဖြူ၊ ဘိန်းမဲ အပါအဝင် တခြား မူးယစ်ဆေးဝါး တွေကို လက်သိပ်ထိုး ရောင်းချခွင့် ပြုမှု တွေမှာ အဓိက ပါဝင်ပတ်သက်သူတွေဖြစ်တဲ့
Posted by PNSjapan at 12:05 AM 0 comments
Labels: သတင်း
Tuesday, May 12, 2015
တရားစီရင်ရေးမဏ္ဏိုင် ကို စနစ်ဟောင်း အကျင့်ဟောင်းတွေနဲ့
နိင်ငံတော်အဆင့် တာဝန်ရှိသူများအားလုံး ကိုနေမျိုးဇင်က. တရားစီရင်ရေးမဏ္ဏိုင် ကို စနစ်ဟောင်း အကျင့်ဟောင်းတွေနဲ့ပျက်စီးရာပျက်စီးကြောင့်ဆက်မလုပ်ပါနဲ့ အနာဂတ်တိုင်းပြည်နစ်နာတယ်လိုပြော့
Posted by Aye Kyaw on Monday, May 11, 2015
Posted by PNSjapan at 11:56 PM 0 comments
Labels: ရုပ်သံသတင်း
Sunday, May 10, 2015
တိုက်ပွဲဖြစ်ဆဲ ၃ ဖွဲ့ အပစ်ရပ်ချုပ်ဆိုပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း ဝန်ကြီး ဦအောင်မင်းပြော

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ပွဲမှာ လက်ရှိအစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့၊ PSLF/TNLA တအာင်းပလောင်အဖွဲ့နဲ့ AA ရက္ခိုင့် တပ်မတော်တို့ပါဝင်မှာ မဟုတ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောလိုက် ပါတယ်။
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်မယ့်အဖွဲ့တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်ကို ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေ ကြားခဲ့တာပါ။
"အခုနကပြောတဲ့ ကိုးကန့်အဖွဲ့၊ ပလောင်အဖွဲ့၊ AA အဖွဲ့ဟာ ဘိုင်လထရယ် မဆွေးနွေးရသေးပါဘူး၊ ဘိုင်လထရယ် ဆွေးနွေးတဲ့အခါမှာလည်း အချက်အလက်တွေ အများကြီးထွက်လာပါလိမ့်မယ်၊ အဲ့ဒီတော့ သူတို့ကို စောင့်ပြီးခေါ်မယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးကြာနေလိမ့်မယ်၊ အခုပြောထားတဲ့ ၁၆ ဖွဲ့ ဆွေးနွေးနေတဲ့အဖွဲ့နဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ ရှေ့ကနေပြီးတော့ ပထမအဆင့်အနေနဲ့ သွားပါမယ်၊ ကျန်တဲ့အဖွဲ့တွေကတော့ ဘိုင်လထရယ်ဆိုတဲ့ အဆင့်ခံနေတဲ့အတွက် သူကဒုတိယအဆင့်နေနဲ့ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်"
အဲ့ဒီအဖွဲ့တွေဟာ အခုကျင်းပဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မှာမဟုတ် ပဲ နောက်တစ်ကြိမ် ဒုတိယအဆင့်အနေနဲ့ကျင်းပမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်တယ် လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးမူဘောင်တွေ အမြန်ဆုံးချမှတ်နိုင်ရေး အဖြေရှာ ကြဖို့ ပြောကြားခဲ့ပါတယ်။
"နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့အညီ ပဏာမနိုင်ငံရေးဆွေးနွေးမှုများကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့အချက်မှာပါတဲ့ မူဘောင်ရရှိရေးအတွက် အချိန်နဲ့ပတ်သက်တဲ့ အခက်အခဲကို ကျော်လွှားနိုင်အောင် အကောင်အထည်ဖော်နိုင်ရေးလမ်းစရှာတဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်"
ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တချို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိကဝတ်ပြုခြင်း (Deed of Commitment) မှာပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေပါဝင်သလို လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်းပါဝင်ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ၂ဝ၁၅ ရွေးကောက်ပွဲမစမီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ဖွဲ့စည်းသွားဖို့ သဘောတူညီခဲ့ပါတယ်။
ဒီပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့က ခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။
Copy from - rfa.org/
Posted by PNSjapan at 11:48 PM 0 comments
Labels: သတင်း
့ဒီရက်ပိုင်း ကချင်ဒေသ တိုက်ပွဲဆက်ဖြစ်....

အင်အားဖြည့်တင်းဖို့ တက်လာတဲ့ တပ်ရင်းစစ်ကြောင်း တွေ လမ်းတစ်လျှောက် ထပ်မံ တိုက်ခိုက် ခံနေရတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ် ။ ဒီနေ့ ထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ မိမိ ကေအိုင်အေ ဘက်က မျိုးချစ်စစ်သည် (၃) ဦး ထိခိုက်ကျဆုံး ပါတယ် ။ အစိုးရတပ်ဘက်တော့ ထိခိုက်ကျဆုံးမှုများနေပြီး ခန့် မှန်းခြေ အရေအတွက်သိနိုင်ဖို့ ထပ်မံ စုံစမ်းနေပါတယ် ။
Posted by PNSjapan at 11:35 PM 0 comments
Labels: သတင်း
Saturday, May 9, 2015
ကိုးကန့်အရေးသုံးသပ်ချက် (VOA)စစ်တပ်ရဲ့ထိုးစစ်အပေါ် မီဒီယာ ရဲ့ခံစစ်
ကိုးကန့်အရေးသုံးသပ်ချက် (VOA)*************************စစ်တပ်ရဲ့ထိုးစစ်အပေါ် မီဒီယာ ရဲ့ခံစစ်
Posted by Naw Jadup on Thursday, May 7, 2015
Posted by PNSjapan at 12:08 AM 0 comments
Labels: ရုပ်သံသတင်း
မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲ ပြင်းထန်
Posted by PNSjapan at 12:07 AM 0 comments
Labels: သတင်း
Friday, May 8, 2015
သိန်းစိန်အစိုးရ လက်လွတ်ခံလို့ မဖြစ်တဲ့ အခွင့်အရေးတစ်ခု

Posted by PNSjapan at 12:57 AM 0 comments
Labels: သတင်း
Wednesday, May 6, 2015
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး ထုတ်ပြန်ကြေညာချက်





Posted by PNSjapan at 11:52 PM 0 comments
Labels: သတင်း
Saturday, May 2, 2015
မြန်မာ့တပ်မတော်လေက (KNU) နယ်မြေအတွင်းဗုံးကြဲ

မေ - ၁ - ၂၀၁၅
Posted by PNSjapan at 12:26 AM 0 comments
Labels: သတင်း
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပန်ခမ်းအစည်းအဝေး အဖွင့်နေ့ မနက်ပိုင်းမြင်ကွင်း
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပန်ခမ်းအစည်းအဝေး အဖွင့်နေ့ မနက်ပိုင်းမြင်ကွင်း
Posted by Ta'ang Nationality on Friday, May 1, 2015
Posted by PNSjapan at 12:12 AM 0 comments
Labels: ရုပ်သံသတင်း
ပန်ဆန်း ညီလာခံ စပြီ


အခြားတက်ရောက်လာသူများမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်ချုပ်ကြီး ဗိုလ်ချုပ် ဇောင်းဟရား ၊ ဒုတိယ တပ်ချုပ် ဗိုလ်ချုပ် အင်ဘန်လ ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်တိုးတတ် ရေးပါတီ ( SSPP/SSA )မှ ဗိုလ်ချုပ်ဆေထင် ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) မှ ဒုဥက္ကဌ ဦးစမ်းရီ ၊ မိုင်းလားအဖွဲ့ (NDAA) မှ ဥက္ကဌ ဦးဆန်းပယ် ၊ မွန်ပြည်သစ်ပါတီ ( NMSP) မှ စစ်ဦးစီး ချုပ်- ဥက္ကဌ နိုင်ထွန်းမွန် ၊ဒု ဥက္ကဌ နိုင်ဟံသာ ၊ ကရင်နီ အမျိုးသား တိုးတတ် ရေးပါတီ (KNPP) မှ ဒုဥက္ကဌ ခူဦးရယ် နှင့် ဒုစစ်ဦးစီးချုပ် ခေါင်မြတ် ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဌ ခွန်မြင့်ထွန်း၊ ဒုဥက္ကဌ- စစ်ဦးစီးချုပ် ခွန်သူရိန်၊ တအောင်း-ပလောင် လွတ်မြောက်ရေး အဖွဲ့ (PSLF/ TNLA) မှ ဒုဥက္ကဌ တားဂျုတ်ဂျာ တို့ ဖြစ်ကြသည်။
သတင်းရင်းမြစ် - ဧရာဝတီ
Posted by PNSjapan at 12:11 AM 0 comments
Labels: သတင်း
ကိုးကန့် ဒေသ တိုက်ပွဲတွေမှာ ဗမာအစိုးရတပ် ဘက်က ဆင့်ကဲ ဆင့်ကဲ ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေကို လဲ အသုံးပြု ခဲ့တယ်ဆိုတာ ဒီရုပ်သံကို ကြည့်ရင် သိနိုင်ပါတယ် ။
ကိုးကန့် ဒေသ တိုက်ပွဲတွေမှာ ဗမာအစိုးရတပ် ဘက်က ဆင့်ကဲ ဆင့်ကဲ ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေကို လဲ အသုံးပြု ခဲ့တယ်ဆိုတာ ဒီရုပ်သံကို ကြည့်ရင် သိနိုင်ပါတယ် ။
Posted by Lung Jung on Friday, April 24, 2015
Posted by PNSjapan at 12:08 AM 0 comments
Labels: ရုပ်သံသတင်း
Friday, May 1, 2015
ဧပြီလ ၂၉- ၃၀ ရက် တအာင်းဒေသ တိုက်ပွဲသတင်း
မေလ ၁ ရက် ၂၀၁၅ ခု
ဧပြီလ ၂၉ ရက် နံနက်ပိုင်း ၀၉း၀၀ မှ ၁၂း၀၀ အချိန်တွင် တအာင်းတပ်မတော် အမှတ်(၅)ဗျူဟာ ကွပ်ကဲမှု အောက်ရှိ TNLA တပ်ရင်း (၃၃၅)သည် တအာင်းဒေသ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား အနီးတွင် နမ့်ဖတ်ကာ တိုက်နယ်အခြေစိုက် မြန်မာ့တပ်မတော်တပ်ရင်းတို့နှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ အနည်း ဆုံး (၅)ဦးခန့် ဒဏ်ရာရှိကြောင်းသိရှိရသည်။
ဧပြီလ ၂၉ ရက် နေ့လည် ၁၁း၀၀ မှ ၁၂း၀၀ အချိန်တွင် တအာင်းတပ်မတော် တပ်မဟာ (၁)ကွပ်ကဲမှု အောက်ရှိ TNLA တပ်ရင်း (၅၇၁)သည် ကွတ်ခိုင်နှင့် မူဆယ်အကြားရှိ မြန်မာ့တပ်မတော် စစ်ကြောင်း တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်ဖွဲ့ဘက်မှ ကျဆုံးမှု မသိရသေးပါ၊ တအာင်းတပ်မတော်မှ ထိခိုက်မရှိဟု သိရသည်။
ဧပြီလ ၃၀ ရက် နံက်ပိုင်း ၁၀း၀၀ မှ ၁၂း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် အမှတ် (၅)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ TNLA တပ်ရင်း (၃၃၅) သည် ကွတ်ခိုင်မြို့အ၀င် အေရှဝေါဂိတ်အနီးရှိ မြန်မာ့ တပ်မတော်တို့နှင့် တိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးအပါအ၀င် အခြားအဆင့်များလည်း ထိခိုက်ကျဆုံးမှုရှိကြောင်းသိရသည်။
ဧပြီလ ၃၀ ရက် နေ့လည် ၁၂း၀၀ မှ ၁၃း၃၀ နာရီအချိန်တွင် တအာင်းတပ်မတော် အမှတ် (၅)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ TNLA တပ်ရင်း (၂၂၃)သည် မြန်မာ့တပ်မတော်စစ်ကြောင်း တို့နှင့် ကွတ်ခိုင်မြို့ နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ (၅)ဦး ကျဆုံးပြီး အနည်းဆုံး (၆)ဦး ဒဏ်ရာပြင်း ထန်စွာရရှိသည်။
ဧပြီလအတွင်း တအာင်းတပ်မတော်မှ တိုက်ပွဲလျော့ချမှုများ ပြုလုပ်ခဲ့သော်လည်း လွန်ခဲ့သည့် ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော် TNLA စခန်းအား လာရောက်တိုက်ခိုက်ပြီးနောက် ယခုကဲသို့ တိုက်ပွဲများ ပြန်လည် ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Posted by PNSjapan at 11:53 PM 0 comments