
28.4.2015 ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေတပ်ရင်း
(၃၈) ဒေသ သို့ ထိုးစစ်ဆင်ကျူးကျော် ၀င်ရောက်လာ သော မြန်မာစစ်
တပ် နှင့် ကေအိုင်အေတပ်ရင်း (၃၈) တပ်ဖွဲ့ တို့ ဖောင်းဆိုင် နှင့် မာန်
ယာန်ကြားလမ်းခွဲ တွင် ထပ်တိုက် ရင်ဆိုင် တိုက်ပွဲ အပြင်း အထန်
ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါသည်။
ထို တိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည် ဆုတ်ခွာ
သွားကြောင်း သိရှိရပါသည်။
၂၆.၄.၂၀၁၅ ရက်နေ့ နံနက် (၇း၃၀)အချိန် ကချင်ပြည်နယ် အနောက်
ဘက်ခြမ်း ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ ကေအိုင်အေ
တပ်ရင်း (၁၁)ဒေသ သို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော
မြန်မာ စစ်တပ် (ခလရ-၃၈၁)တပ်မျ အင်အား (၇၀)ခန့်ရှိ စစ်ကြောင်း
နှင့် ကေအိုင်အေ တပ်ရင်း (၁၁)တပ်ဖွဲ့ တို့ ဒွမ်ဘွမ် နှင့် လွယ်လီချောင်း
အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါသည်။
၂၆.၄.၂၀၁၅ ရက်နေ့ ကချင် ပြည်နယ်ဖါးကန့်ဒေသ ကေအိုင်အေ တပ်
ရင်း (၆)ဒေသ ဖြစ်သော ဖါးကန့် ကပ်မော် ဘက်သို့ ကျူးကျော် ၀င်ရောက်
လာသော မြန်မာ စစ်တပ် (ခမရ-၄၂၅) တပ် မှ စစ်ကြောင်း နှင့် ကေအိုင်
အေ တပ်ရင်း (၆) တပ်ဖွဲ့ တို့ နံနက် (၁၀း၀၀)နာရီအချိန် ခင်တောင်းရွာ
အနီးတွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဤတိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ (၂)ဦးကျဆုံးပြီး (၆)ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်းသိရှိရပါသည်။ထို့ နောက် မြန်မာ စစ်တပ်မှ အနီးရှိ ရွာများ
သို့ လက်နက်ကြီးဖြင့် အချက် (၂၀)ကျော် ပရမ်းပသာ ပစ်ခတ် သွားခဲ့
ကြောင်း သတင်းရရှိပါသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment