Wednesday, April 1, 2015

တအာင်းဒေသသို့ ထိုးစစ်ဆင်လာသည့် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

၂၀၁၅ မတ်လ ၂၈ ရက်

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲနှင့် မော်ဟန်ကျေးရွာကြားတွင် ယနေ့မတ်လ ၂၈ ရက်နေ့ ညနေ ၁၆း၀၀ နာရီမှ ၁၆း၃၀ နာရီ အချိန်ထိ တအာင်းတပ်မတော် ဗျူဟာ(၅) လက်အောက်ခံ တပ်ရင်း (၃၃၅)နှင့် မြန်မာ့တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တအာင်းဒေသ ဗျူဟာ(၅) လှုပ်ရှားနယ်မြေ အတွင်းသို့ မြန်မာ့တပ်မတော်မှ စစ်အင်အား ထပ်မံ အင်အားဖြည့် ထိုးစစ်ဆင်ရာမှ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA

0 comments: