Monday, March 16, 2015

TNLA တအာင်းတပ်မတော်မှ သိန်းပေါင်း သုံးသောင်းငါးထောင်ကျော် ကာလတန်ဘိုးရှိ ဘိန်းဖြူ နှင့် ယာမဆေးပြား ဖမ်းဆီးရမိ




၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက် ။

တအာင်းတပ်မတော် စစ်ဦးစီးအဖွဲ့နှင့် တအာင်းအထူးမူးယစ်အဖွဲ့ပူးပေါင်းတို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်စဉ် ၂၀၁၅ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နမ့်ခမ်း-မိုင်းဝီး-မန်တုံ ကားလမ်းမပေါ်ရှိ မန်တုံမြို့နယ်၊ မြန်မာ့တပ်မတော် တပ်စခန်းချထားသော ခိုမုန်းရွာအနီးတွင် ရှောင်တခင်စစ်ဆေးနေစဉ် မိုင်းဝီးဖက်မှ ဆင်းလာသော ကျောက်တင်ကားတစ်စီးအား စစ်ဆေးရာ ဆာလာအိတ်ဖြင့်ထုတ်ထားသော ဘိန်းဖြူ (၁၆.၅)ကီလို ကာလတန်ဘိုး (၉,၀၇,၅၀,၀၀၀)ကျပ် ကိုးရာနှင့်ခုနှစ်သိန်းငါးသောင်း)၊ ယာမဆေးပြား(၂၃၂၀၀၀၀)ပြား၊ ကာလတန်ဘိုး (၃,၄၈,၀၀,၀၀,၀၀၀)ကျပ် သိန်း(သုံးသောင်းလေးထောင်ရှစ်ရာ)၊ စုစုပေါင်းကာလတန်ဖိုး (၃,၅၇,၀၇,၅၀,၀၀၀)ကျပ်၊ သိန်း(သုံးသောင်းငါးထောင်ခုနှစ်ရာနှင့် ခုနှစ်သိန်းငါးသောင်း) ဖမ်းဆီးရမိခဲ့သည်။

ကျောက်တင်ကားအားစစ်ဆေးရန် ရပ်တန့်စဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကာယကံရှင်မှ ထွက်ပြေးထိမ်းရှောင်သွားသဖြင့် ယာဉ်မောင်းနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီရမိခဲ့သည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကာယကံရှင်မှာ နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက် နေထိုင်သည့် တရုတ်လူမျိုး ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ ၄င်းယူလာသည့်နေရာနှင့် ကာယကံရှင်၏ အသေးစိတ်အချက်အလက်အား စုံစမ်းနေဆဲဖြစ်သည်။

သတင်နှင့်ပြန်ကြားရေးဌာန PSLF/TNLA

0 comments: