
မိမိနိုင်ငံတည်ငြိမ်အေးချမ်းပြီး ဘက်စုံ ဖွံဖြိုးစေဖို့အတွက် ပြည်တွင်းနေရာအနံ့အပြားမှာ
ဖြစ်ပွားနေတဲ့ ကျောင်းသားနဲ့ အလုပ်သမား လယ်သမားဆန္ဒပြမှုများကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။
ဒီပွဲမှာ အစိုးရနဲ့ အပေးယူတည့်ရင် မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်
ခတ်ရပ်စဲရေးအပြင် တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်ထည်ဖော်နိုင်
ဖို့ ကချင်ပြည်နယ်၊ တအာင်းခေါ် ပလောင်ဒေသနဲ့ ကိုးကန့် ဒေသတွေမှာ ဖြစ်ပွားနေတဲ့
တိုက်ပွဲတွေကို လျှော့ချရပ်တန့်သွားစေဖို့အတွက် ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်း
ဆွေးနွေးသုံးသပ်ရန် လိုအပ်ပါတယ်
အမြင်သဘောထာ့းကွဲလွဲမှုတွေရှိခဲ့လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၅ လကျော်
၆ လနီးပါးရပ်နားခဲ့ရတဲ့အတွက် အဲဒီကာလအတွင်းမှာလက်နက်ကိုင် တိုက်ပွဲများ နေရာ
ဒေသအနံ့မှာ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။
ဒါတွေက မကောင်းပါဘူး ကျန်တော်တို့ ကြိုးစားတည်ဆောက်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း
စဉ်အတွက် ထိခိုက်စေတယ်။ ဒါတွေကို အချိန်မှီ မထိန်းသိမ်းနိုင်ရင် အခြေနေပိုပို
ဆိုးဝါးလာပြီး အချင်းချင်းအကြား ယုံကြည်မှုလည်း ပိုပိုပျက်ပြားနိုင်တယ်။ ဒါကြောင့် ဒီအခြေနေကိုကျော်လွှားနိုင်ဖို့အတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးပြသနာ
တွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးပြီး ဖြေရှင်းကြဖို့ဆိုတာက မိမိတို့ အန်စီစီတီအဖွဲ့
တာဝန်ရှိသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေမှာ တာဝန်ရှိပါတယ်။ နှစ်ဘက်စလုံးမှာ
တာဝန်ရှိတယ်။
ဒီအချိန်မှာပဲ နိုင်ငံမြောက်ပိုင်း တနံတလျားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်ထန်ထန်ဖြစ်ပွား
နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ သို့သော် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့က
ပိတ်ဆို့ ဟန့်တားမှုများအကြားက ဖြတ်ဆင်းလာပြီး နေပြည်တော်မှာ အစိုးရအကြီး
အကဲတပ်မတော်အကြီးကဲတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ အလားလာဖြစ်ပါတယ်။ ကေအိုင်အိုနဲ့ အစိုးရအကြား ယုံကြည်မှုတည်ဆောက်နိုင်ရင်
အန်စီစီတီနဲ့ အစိုးရတို့အကြား တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ အများကြီး
အထောက်ပံ့ဖြစ်စေနိုင်ပြီး အပစ်ရပ်ရေးနီးစပ်သွားပါလိမ့်မယ်။
ကျန်တော်တို့
အန်စီစီတီဘက်က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် ရည်မှန်းချက်များ ထားရှိ
ထားပြီး ဆောင်ရွက်နေကြသလို ပြည်သူအများလိုလားတဲ့ ငြိမ်းချမ်းရေးရဖို့အတွက်
ကျန်တော်တို့ အန်စီစီတီအနေနဲ့ ဒီခရီးစဉ်ကိုလာခဲ့တာပါ။
အကယ်၍ ဒီပွဲမှာ အစိုးရနဲ့ အပေးယူတည့်ရင် မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံလုံး
ဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအပြင် တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို
အကောင်ထည်ဖော်နိုင်ဖို့ ကချင်ပြည်နယ်၊ တအာင်းခေါ် ပလောင်ဒေသနဲ့ ကိုးကန့်
ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်တန့်သွားစေဖို့အတွက်
ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်းဆွေးနွေးသုံးသပ်ရန် လိုအပ်ပါတယ်။
တနိုင်ငံလုံး
အတိုင်းတာနဲ့ အပစ်ခတ်ရပ်စဲပြီး လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေး
ဆွေးနွေးပွဲကျင်းပနိုင်ပါမှ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်
နိုင်ပါလိမ့်မယ်။ ထို့အတူ မိမိနိုင်ငံတည်ငြိမ်အေးချမ်းပြီး ဘက်စုံ ဖွံဖြိုးစေဖို့အတွက်
ပြည်တွင်းနေရာအနံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားနဲ့ အလုပ်သမား လယ်သမား
ဆန္ဒပြမှုများကိုလည်း စိတ်ရှည်ရှည်ထားပြီး အေးချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။
မိမိတို့ အန်စီစီတီအဖွဲ့ဝင်များအနေနဲ့ မိမိတို့နိုင်ငံအတွင်းမှာ ရေရှည်ဖြစ်ပေါ်နေတဲ့
ပြည်တွင်းစစ်ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းနည်းမှ တပါးအခြားနည်းလမ်း
များ နဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ ထို့အတူ အင်အားသုံးဖြေရှင်းရင် ပြည်သူတွေအတွက်
ပိုပြီးဒုက္ခရောက်မယ် ။ ခေတ်နောက်ကျမယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား
မှာလည်း အမုန်းတရားတွေ ပိုပြီးတိုးပွားလာမယ် ။ တိုင်းရင်းသားအချင်းချင်း
အမုန်းတရာတွေ ပိုပြီးတိုးပွားရင် ဖြေရှင်းရန်မလွယ်တဲ့ အခြေနေတွေ ရောက်ကုန်
ပါလိမ့်မယ် ဒါကြောင့် မိမိတို့ လက်ထဲမှာ မိမိတို့ တာဝန်ယူနေတဲ့ ပြည်တွင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်း
တည်ဆောက်ကြပါစို့လို့ သက်ဆိုင်သူ အားလုံးကို ပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
သတင်း-Sai Aung Lwin.
ဓါတ်ပုံ-MPC
0 comments:
Post a Comment