Monday, March 9, 2015

လူမဆန်သောမြန်မာစစ်သွေးကြွတပ်တို့ဂျက်လေယာဉ်များဖြင့် MNDAAတပ်ပေါင်းစုကိုတိုက်ခိုက်ခဲ့

၇.၃.၂၀၁၅ ရက်နေ့လည် ၁.၀၀နာရီမှ ညနေ ၅.၀၀ ထိ လွန်ခဲ့သော ၆.၃.၂၀၁၅ ရက်တွင်တိုက်ပွဲဖြစ်သောနေရာ လောက်ကိုင်မှ ချင်းရွှေဟော် သို့ ဆင်းလာသော ကားလမ်း၊ လုံထန် အနီးရှိ စန်တာ့အိုင်ရှန် တောင်ရှိ MNDAA စုပေါင်းတပ် စခန်း အား မြန်မာစစ်သွေးကြွတပ်မ (၃၃) တို့ချေလျင် တပ်ဖြင့် တိုက်စစ်ဆင်ရာ မအောင်မြင်အကျအဆုံးများပြားသဖြင့် စစ်ဂျက်တိုက်လေယာဉ် (၄) စင်းဖြင့် (၁၀) ကြိမ်တိတိ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခဲ့ရာတွင် ၄င်းတို့တပ်မ (၃၃) စစ်ကြောင်းရှေ့ဆုံးနေရာ များသို့လည်းလက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့သဖြင့်မြန်မာစစ်သွေးကြွစစ်သားများအကြီးအကျယ်သေဆုံးကြရသဖြင့် ဟော်ဟစ် ပြောဆိုသံများကို အတိုင်းသားကြားရကြောင်း ရှေ့တန်းမှ သတင်းပေးပို့လာပါသည်။

ထူးခြားချက်မှာ မြန်မာစစ်သွေးကြွတပ်ဂျက်ဖြင့်လေကြောင်းပစ်ကူလုပ်ရာ တွင် နယ်စပ်မျဉ်းကို ကျော်ဖျတ်ပြီးတရုပ် နိုင်ငံ တွင်းမကြာခန ဝင်ရောက်ကာဂျက်လမ်းကြောင်းကိုပြန် ခေါက်ဦး လှည့်ယူခဲ့ကြောင်းနှင့် ၇.၃.၂၀၁၅ တွင် မြန်မာစစ်အစိုးရ ကိုယ်စာလှယ်များ ပေကျင်းသို့ သွားရောက်ပြီးပြန်လာရာ ယူနန်ပြည်နယ် ခွန်းမိန်မြို့သို့ ရောက်ရှိနေသော အချိန်နှင့်လည်း တိုက်ဆိုင် နေကြောင်းသိရသည်။

Source. BumLen Awng Trans.
‪#‎Col‬. Victor Aung

0 comments: