Sunday, March 22, 2015

KIA တပ်မဟာ(၃)တွင် တိုက်ပွဲပြင်းထန်စွာဖြစ် ၊ အစိုးရတပ်မှ ဖိုက်တာဂျက်ဖြင့် တိုက်ခိုက်

အပြုံးမျက်နှာကိုယ်စီ ဆွေးနွေးပွဲ မြင်လိုက်ရတယ်.., ဆွေးနွေးပွဲလေး ပြီးအောင်တောင် မစောင့်နိုင်ပဲ တိုက်ပွဲပြန်စနေပြီ...

ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၂ရ ) နယ်မြေ မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ စခန်းချထားရာ ကိုင်ထိပ် အနီးက တပ်စခန်းတစ်ခုကို မတ်လ(၂၁)ရက်နေ့ က ဗမာအစိုးရတပ် အင်အား(ရ၀) ခန့် ရှိတဲ့ စစ်ကြောင်း မှ ရုတ်တရက် ၀င်ရောက်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ် ။


အဆိုပါ စစ်ကြောင်းက တပ်မ(၈၈) လက်အောက်ခံတပ်ရင်း ခမရ ( ၃၁ရ) ဖြစ်ပြီး ဗျုဟာမှုး ဗိုလ်မှုး ဇော်ဝင်းထူး က ဦးဆောင်တယ်လို့ သိရပါတယ် ။

ယနေ့  မတ်လ(၂၂)ရက်နေ့ ညနေပိုင်းထိတိုင်အောင် တောက်လျှောက် တိုက်ခိုက်ကာ တိုက်ပွဲ ဖြစ်ပွားနေပြီး ညနေပိုင်း ( ၃ ) နာရီ မှ (၄)နာရီ ပါတ်ဝန်းကျင်ခန့် မှာ ဗမာအစိုးရတပ် မှ လေကြောင်း ပစ်ကူ အနေနဲ့ ဖိုက်တာဂျက် (၂)စင်း မှ (၅ ) ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်မှုကိုတော့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။

ကေအိုင်အို ခေါင်းဆောင်များ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် အတွင်း ဗမာအစိုးရတပ်များ မှ ကေအိုင်အေ တပ်စခန်းများအား အကြိမ်ကြိမ် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။
Copy from - Jade Land Kachin

0 comments: