Monday, March 2, 2015

FUA အတွက် ပထမဆုံးအတွေ့အကြုံ....

ကိုးကန့်တိုက်ပွဲမှာ UNFC အမြတ်ထွက်


ကိုးကန့်တိုက်ပွဲမှာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်တဲ့ မြန်မာအချို့က မြန်မာ့တပ်မတော်ကို ဘက်ပြောင်းထောက်ခံသွားတာ ရှိပေမဲ့ စစ်ရေးအရ... ကြည့်ရင် UNFC အတွက် အမြတ်ထွက်ကြောင်း မိမိ ပြောလိုတယ်။

(၁) ဒေသခံတိုင်းရင်းသားတို့ဟာ UNFC ဘက်မှာ ရှိနေတယ်၊
(၂) ရွှေ့လျားထိုးစစ်မှာ FUA အတွက် ပထမဆုံးအတွေ့အကြုံဖြစ်ပေမဲ့ မြန်မာစစ်တပ်က ဖရိုဖရဲ ဖြစ်သွားတယ်၊
(၃) UNFC လက်အောက်ခံ FUA မြောက်ပိုင်းစစ်ဒေသအဖွဲ့ဝင်များအနက် မြန်မာအစိုးရအသိအမှတ် မပြုတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တို့သာ ဒီစစ်ပွဲမှာ ပါဝင်ခဲ့တယ်။

မဟာဗျူဟာမြောက် စစ်ပွဲ မဟုတ်လင့်ကစား နည်းဗျူဟာမြောက်တိုက်ပွဲတွေကို စနစ်တကျ ပူးပေါင်းတိုက်ပွဲ ဝင်နိုင်ခဲ့တယ်။ ဒီတိုက်ပွဲဟာ FUA ရဲ့ အနာဂတ်တိုက်ပွဲများရဲ့ ပထမဆုံးတိုက်ပွဲ ဖြစ်တယ်။

FUA ရဲ့ ပထမဆုံးတိုက်စစ်ကို သွေးပျက်သွားတဲ့ စစ်တပ်မီဒီယာတို့က FUA က အခြားစစ်ဒေသများ စုစည်းနိုင်ခဲ့ရင် ဘယ်လိုဖြစ်လာမလဲ တွေးပူလျက်ရှိနေပါတယ်။

UNFC နဲ့ မဆွေးနွေးတော့ဘဲ အပြုတ်တိုက်ကြဖို့အထိ ဆော်အော်နေကြတာကို တွေ့ကြရမှာပါ။

U Ravika

0 comments: