Monday, March 9, 2015

''ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးနေမှု စိုးရိမ်ပူပန်ကြောင်း အမေရိကန် ပြောပြီ''


လက်ပံတန်းမှာ ကျောင်းသား ၅ယောက်ကို ဖမ်းဆီးမှုအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးဖမ်းဆီးတာမျိုးတွေကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ဒီမိုကရေစီကိုဦးတည်တဲ့ အသွင်ကူးပြောင်းမှုမျိုး မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က မတ်လ ၆ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေးကို လေးစားလိုက်နာရမှာ
ဖြစ်ကြောင်း၊ ဒါဟာ ဘယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာမဆို အရေးကြီးတဲ့ အစိတ်
အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ ရွှေပြည်သာအလုပ်သမားသပိတ်၊ မြို့တော်ခမ်းမရှေ့က ကျောင်းသား
ဆန္ဒပြမှုနဲ့ လက်ပံတန်း ပင်မစစ်ကြောင်းက ကျောင်းသားတွေကို ဖမ်းဆီးရာမှာ အကြမ်းဖက်နည်းတွေနဲ့ အင်အားသုံးဖမ်းဆီးခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက စောင့်ကြည့်
နေချိန်မှာ အမေရိကန်ပြည်ထောင်စုက ပထမဆုံး စိုးရိမ်ပူပန်တယ်လို့ ထုတ်ဖော်ပြောဆို
လာတာဖြစ်ပါတယ်။

သတင်း-Kamayut Media

0 comments: