Friday, March 27, 2015

ကောင်းဝိုင်းရွာအနီး တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကောင်းဝိုင်းနှင့် အနီးတစ်ဝိုက်ရှိ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရ


၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာ အထက်တွင် မတ်လ ၂၄ ရက်နေ့ ညနေတွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွား ခဲ့ကြရာ ကောင်းဝိုင်းကျေးရွာ၊ မန်ကောင်းကျေးရွာနှင့် မန်ကန်ကျေးရွာရှိ ရွာ (၃) ရွာတို့မှ လူအင်အား (၂၀၀၀) နီးပါး နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

လက်ရှိစစ်ဘေးရှောင် ဒုက္ခသည် များသည် ဟိုနားကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းနေထိုင်လျှက်ရှိသည်။ ယခုလက်ရှိ မည်သည့် အဖွဲ့အစည်းမှ လာရောက် ကူညီ စောင့်ရှောက် မည့်သူမရှိသေးကြောင်း သိရှိရသည်။
တိုက်ပွဲက မတ်လ ၂၂ ရက်နေ့လည်းဖြစ်တယ် ၂၄ ရက်နေ့လည်းဖြစ်တယ် အစိုးရတပ်တွေလည်း တပ်အင်အား ထပ်မံ တက်လာတယ် တိုက်ပွဲဆက်လက်ပြင်းထန်လာမယ်ထင်တယ် ဒါကြောင့်မနေရဲဘူး ထွက်ပြေးလာရတယ်ဟု ထွက်ပြေးလာသူထံမှ မေးမြန်းသိရှိရသည်။ရွာအတွင်းမည်သူမှ မရှိတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးလာရကြောင်းလည်း မေးမြန်းသိရှိရသည်။

အခုတော့ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီတာမရှိသေးဘူး ဒီနေ့တော့ ရွာမှာရှိတဲ့စေတနာရှင်တွေက စုပြီးကျွေးထားတယ် မနေ့ညလည်း ဆိုင်ကယ်ရှိတဲ့လူတွေ လူရွယ်တွေတော့ ထွက်ပြေးပြီးရောက်လာတယ် ကျန်နေတဲ့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ ရှိသေးတယ်ဆိုလို့ ဒီကကား(၈)နဲ့ သွာကြိုတယ် ည ၁၁း၀၀ နာရီလောက်မှာ ရွာကိုပြန်ရောက်တယ်ဟု စစ်ပြေးရှောင် ကူညီဆောင်ရွက်နေသူတစ်ဦးထံမှ မေးမြန်းသိရှိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
စစ်ဘေးရှောင်ဒုက္ခသည်များ စေတနာရှင်များမှ ကူညီပြုစု စောင့်ရှောက်နေပုံ။

0 comments: