
၂၀၁၅ ခုနှစ် မတ်လ ၂၂ ရက်။
တအာင်းဒေသ၊ တပ်မဟာ(၁) နယ်မြေ မူဆယ်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးတွင် ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၀၈း၃၀ နာရီ မှ ၁၀း၃၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၅၇၁) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်က်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
ထို့အပြင် နေ့လည် ၁၁း၀၅ နာရီမှ ယခုအချိန်ထိ တပ်မဟာ(၁) နယ်မြေ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာအနီးတွင်လည်း တအာင်းတပ်မတော် တပ်ရင်း (၁၁၂) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
ယခုအချိန်ကာလသည် ရန်ကုန်မြို့တွင် NCCT အဖွဲ့နှင့် UPWC တို့တစ်နိုင်ငံလုံး အပစ်ရပ်ဆဲရေး ဆွေးနွေးနေစဉ်ကာလတွင် တအာင်းဒေသသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA
0 comments:
Post a Comment