Wednesday, March 4, 2015

ကျောင်းသားနဲ့ ရဲတို့ လက်ရှိ အနေအထားအတိုင်း ဆက်နေဖို့ သဘောတူ

ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့တွေ လက်ရှိ နေရာမှာပဲ လက်ရှိ အနေ အထားအတိုင်း ဆက်နေဖို့ နှစ်ဖက်သဘောတူညီမှု ရခဲ့ပါတယ်။ပဲခူးတိုင်း နယ်လုံဝန်ကြီးဗိုလ်မှူးကြီး သက်ထွန်းနဲ့ ကျောင်းသားတွေ မတ်လ ၂ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီချက် ရခဲ့တာပါ။ လက်ပံတန်းမြို့ ဒေသခံ သံဂါတွေရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုတွေအရ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေက အောင်မြေဗိမာန်ကျောင်းတိုက် အနီးက လမ်းပေါ်မှာ ၀န်းရံပေးတဲ့ အနယ်နယ်က သံဂါတွေနဲ့အတူ အစာငတ်ခံ ဆန္ဒပြနေတာပါ။ ရဲတပ်ဖွဲ့ကတော့ ရာနဲ့ချီပြီး ကျောင်းသားတွေကို ဘေးနှစ်ဖက်ကနေ ပိတ်ဆို့ထားတာပါ။ လက်ရှိ သဘောတူညီချက် အရ ကျောင်းသားတွေဟာ လမ်းပေါ်မှာ မနက်ဖြန်အထိ ရှိနေမှာ ဖြစ်သလို ရဲတပ်ဖွဲ့ ကလည်း ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ ရန်ကုန်ကို ချီတက်ဖို့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေ မဖယ်မချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ကျောင်းသားတွေနဲ့ နယ်လုံဝန်ကြီးတို့ မနက်ဖြန် မတ်လ ၄ ရက်နေ့မှာ ဆက်လက် ညှိနှိုင်းဖို့ သဘောတူ ထားပါတယ်။ .


Credit : DVB TV - 03.03.2015

0 comments: