Monday, March 9, 2015

အားလုံး သွေးစည်းကြရမယ့်နေ့(၁၀.၃.၂၀၁၅ မနက် ၁၀ နာရီ)



(၃.၃.၂၀၁၅ ရက်နေ့ ကနေပြီ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်ကြောင်း ရန်ကုန်သို့ ဆက်ချီတက်ရာမှာ ကျွန်းကလေး လမ်းဆုံ အရောက် လုံးထိန်း အင်းအား အလုံးအရင်း နဲ့ သပိတ်မှောက် ကျောင်းသားတွေကို ၉.၃.၂၀၁၅ ရက်နေ့အထိ ပိတ်ဆို့ထားခဲ့တာ အခုဆိုရင် ၇ ရက် ရှိပြီဖြစ်ပါတယ်...။။

သပိတ်မှောက် ကျောင်းသားတွေက တက္ကသိုလ် ဝင်တန်း စာမေးပွဲတွေ မဖြေဆိုခင် ရန်ကုန်ကို ဝင်ဖို့အတွက် လက်ပံတန်းမှ သာယာဝတီသို့ ချီတက်ပြီး သာယာဝတီမှ ရန်ကုန်သို့ ကားဖြင့်သွားရန် အချက် (၈) ချက်ကို တောင်းဆိုထားခဲ့ပါတယ် အချက် (၈)ချက်ကို တောင်းဆိုမှုမအောင်မြင်ခဲ့ပါဘူး။

၈.၃.၂၀၁၅ နေ့ ည ၁၀ နာရီမှာ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းမှ အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ ၁၀.၃.၂၀၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ အတားအဆီး ပိတ်ဆို့မှုတွေကို အစိုးရအနေအမြန်ဆုံး ဖြေရှင်းပေးရန် ကြေညာထားပါတယ်။

မနက်ဖြန် ၁၀ နာရီမှ သပိတ်မှောက်ကျောင်းသားတွေ ဆုံးဖြတ်ထားကြတဲ့အတိုင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန်ဟာ သပိတ်မှောက် ကျောင်းသားတွေ တင်သာမက တိုင်းပြည်ရဲ့ မိဘပြည်သူများပါ သွေးစည်း ညီညွှတ် ကြမယ့် နေ့ဆိုလည်း မမှားပါဘူး။ ဒါကြောင့် မနက်ဖြန်ဟာ သမိုင်းဝင် နေ့ တစ်နေ့ ။

ကျောင်းသား အားလုံးနဲ့ ပြည်သူတွေ လက်တွဲညီညီဖြင့် သွေးစည်းညီညွှတ်ကြရမယ့်နေ့မို့ အားလုံး ညီညီညွှတ်ညွှတ်ဖြင့် ဝိုင်းဝန်း ကြပါစို့.......။
=================

မိုးစက် (မြင်းခြံ)
၉၊ မတ်လ ၊၂၀၁၅၊ ၇း၅၅ မိနစ်

0 comments: