Sunday, March 22, 2015

ကျွန်တော်တို့ကို နေစရာပေးပါ .....


လူသားတစ်ဦးအတွက် စား၊၀တ်၊နေရေးဆိုတာ အသက်ရှင်ရပ်တည်ဖို့နဲ့ လူဖြစ်ကြောင်း သိသာစေတဲ့ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုပါ။ ဒါပေမယ့် လှိုင်သာယာကျူးကျော်တဲတွေမှာ အကြောက်တရားနဲ့ နေထိုင်ခဲ့ရတဲ့ သူတွေအတွက်ကတော့ နေရေးဆိုတဲ့ အခြေခံအကျဆုံးအရာဟာ သူတို့ရဲ့ ဘ၀တွေအတွက် မရရှိနိုင်သေးတာ သေချာပါတယ် ......

ကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားလှတဲ့ မြန်မာနိုင်ငံရဲ့ Democratic Reform ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အခုကာလမှာတော့ သူတို့ရလစာတွေဟာ တစ်ယောက်ကို တစ်သောင်းနဲ့ နှစ်သောင်း ကြားလောက် တိုးလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ငှားနေရတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းလေးလဲ့ တန်ဖိုးကလည်း ၃၅၀၀၀ အထိ တိုးလာခဲ့ပါတယ် ....

သူတို့ရဲ့ ၀င်ငွေတွေ နှစ်ဆ တက်မလာခဲ့ပေမယ့် လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုအတွက် ပေးလိုက်ရတဲ့ ငွေက နှစ်ဆ ကျော်ရှိလာပါတယ်။ တစ်ရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းကို ထည့်တွက်လိုက်ရင် သူတို့တွေအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်တဲ့ စား၊၀တ်၊နေ ရေးအတွက် အာမခံချက် မရှိနိုင်တော့ပါဘူး ...

မြန်မာနိုင်ငံရဲ့ အိမ်ရာဖွံ့ဖြိုးမှုအတွက် တိကျတဲ့ ဥပဒေတွေ၊ မူဝါဒတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေက အရေးပေါ် လိုအပ်တဲ့ အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပြီဆိုတာ ဒီကျူးကျော်တဲ ပြသနာက ပြဆိုနေပါတယ် ....

တစ်ကယ်တော့ မြန်မာနိုင်ငံလို အရှေ့တောင်အာရှမှာ ကုန်မြေတစ်ဆက်တည်း အကြီဆုံးနယ်နမိတ် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခု လူဦးရေ သန်း ၆၀ ကျော်ပဲ ရှိတဲ့ လူနေ သိပ်သည်းမှုနည်းတဲ့ နိုင်ငံတစ်ခုမှာ ဒီလို နေထိုင်မှုအတွက် ပြသနာတွေ ရှိနေရတယ်ဆိုတာ ဘာကြောင့်ပါလဲ ....

ကျူးကျော်တဲတွေနဲ့ နေထိုင်သူတွေရဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီညတွေလို အင်အားသုံး ဖြေရှင်းလိုက်လို့ ဒီမြေပေါ်မှာ သူတို့ မရှိတော့ပေမယ့် သူတို့တွေ ဘယ်လိုနေထိုင်ပြီး အသက်ရှင်သွားကြမှာလဲ။ အုပ်ချုပ်သူ အစိုးရတစ်ရပ်အနေနဲ့ သူတို့တွေကို မောင်းထုတ်ဖို့တာဝန်ပဲ ရှိပြီး၊ အသက်ရှင်ရပ်တည်နိုင်မှုအတွက် ကူညီပေးဖို့ တာဝန်တွေ ရှိမနေဘူးလား ...

Eleven Media Group

0 comments: