(ဓါတ်ပုံ-တိုက်ပွဲ အတွင်း မြန်မာ စစ်တပ်ထံမှ သိမ်းဆီးရမိသော လက်နက်ငယ်အချို့။)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် အနီးရှိ
စန်တာဟိုင်းရှန်း တွင် (၁.၃.၂၀၁၅)ရက်နေ့ နံနက် (၇)နာရီ ခန့် မှ စတင် ကာ တနေ
ကုန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
လောက်ကိုင် မြို့ ၏ အရှေ့ ဘက် စန်တာဟိုင်းရှန်း တွင် မြန်မာ အစိုးရ စစ်တပ် တပ်မ
(၃၃) လက်အောက်ခံ တပ် များ နှင့် ဦးဖုန်ကျားရှင်းဦးဆောင်သော (MNDAA) တပ်၊
တိုင်းရင်းသား တပ်ပေါင်းစုတပ် တို့ (၁.၃.၂၀၁၅) ရက်နေ့ နံနက် (၇)နာရီ ခန့် မှ စတင်
ကာ ညနေ (၅)နာရီ ခန့် အထိ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိ
ပါသည်။
ဤတိုက်ပွဲ တွင် မြန်မာ အစိုးရ စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များခြင်းကြောင့် (၁.၃.
၂၀၁၅) ရက်နေ့ ညနေ ပိုင်းတွင် မြန်မာ စစ်တပ်ဘက် မှ ပြန်လည် ဆုတ်ခွာ သွား
ခဲ့ရကြောင်း သတင်းရရှိပါသည်။
MNDAA ဘက်မှ လည်း (၃)ဦးထက်မနည်းဒဏ်ရာ
ရရှိခဲ့ ကြောင်း ထပ်မံ သိရှိရပါသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment