အစိုးရ စစ်တပ်က ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်
(TNLA) နဲ့တိုက်ပွဲမှာ ရဟတ်ယာဉ် အသုံးပြုပြီး တိုက်ခိုက်တဲ့
ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာ အနီးမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေ ၅ နာရီခန့်မှာ ပစ်ခတ်နေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိသလို
ဒေသခံတချို့သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ထောင်နဲ့ ချီတဲ့ ဒေသခံတွေလည်း
အိုးအိမ်တွေစွန့်ခွာပြီး မိုးမိတ်နဲ့ မိုးကုတ်မြို့တွေပေါ်မှာ
စစ်ဘေးခိုလှုံနေကြရပါတယ်။
ရုပ်သံ မှတ်တမ်း - TSYO
0 comments:
Post a Comment