
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းတပ်မတော် လှုပ်ရှားရာနယ်မြေ ကုန်းကြမ်း-လောက်ကိုင်ဒေသ၊ တာရွှေထန် အနီးတွင် ယနေ့ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀း၀၀ နာရီမှ ၁၁း၀၀ အထိ တအာင်းတပ်မတော် ဗျူဟာ(၅) လက်အောက်ခံ တပ်ရင်း (၄၄၇)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တာမိုးညဲမြို့နယ်ခွဲနှင့် မုံးစီးအကြားတွင်လည်း ၁၂း၄၅မှ ၁၃း၃၀ နာရီအထိ တအာင်းတပ်မတော် ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း (၅၇၁)နှင့် မြန်မာ့တပ်မတော်တို့ ဒုတိယအကြိမ် တိုက်ပွဲဆက်လက်ဖြစ်ပွားရာ မြန်မာ့တပ်မတော်ဖက်မှ (၃) ဦးကျဆုံးသည်။ တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။
၎င်းနောက် တာမိုးညဲမြို့နယ်ခွဲ၊ မန်ဆာကျေးရွာနှင့် နမ့်ဝမ်းကျေးရွာကြားတွင် ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း (၅၇၁) ၁၅း၀၀နာရီမှ ၁၅း၄၅ နာရီအထိ တတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA
0 comments:
Post a Comment