အာဏာငတ်တဲ့လူတွေနဲ့ ... ထမင်းငတ်တဲ့လူတွေ
ဘယ်လူကနှောင်ကြိုးဖြတ်နိုင်မလဲဆိုတာကိုတော့
မကြာမီမျှော်လို့ဘဲပြောလိုက်ချင်တယ်။


(၂၁.၂.၂၀၁၅)
ရန်ကုန်ရွှေပြည်သာစက်မှုဇုံတွင် စုပေါင်းပြီးသပိတ်တိုက်ပွဲဝင်နေသော သပိတ်မှောက်အလုပ်သမားများ မနေ့ ညနေပိုင်းက အကြမ်းဖက်ဖြိုခွင်းခံရ ပြီး အလုပ်သမားရာနှင့်ချီ ၍ အဖမ်းခံ ခဲ့ရသည် အလုပ်သမားများစွာ အကြမ်းဖက်ရိုက်နှက်ခံရသည် ယနေ့ နေ့လည်ပိုင်းတွင် အဖမ်းခံရသော အလုပ်သမား ၈ ဦးပြန်လည်လွတ် မြောက်လာပြီး အလုပ်သမားများစွာ ပျောက်ဆုံးလျက်ရှိနေပါသည်။ ယခု အခါ အလုပ်သမားသပိတ်များ ပြန် လည် စုပေါင်း၍ သပိတ်တိုက်ပွဲဆက် လက်ဆင်နွှဲနေကြပါသည်။ အလုပ်သ မား သပိတ်စခန်းအနီး ရဲတပ်ရင်း...များ အရပ်ဝတ်စွမ်းအားရှင်များ SB စရဖ များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပြင် ယူနီဖောင်းပြည့် ကြက်ခြေနီ တံဆိပ်တပ်လူအင်အား ၂၀၀ ခန့် ဖြင့် အသင့်စောင့်နေကြပါသည်။
ရန်ကုန်အလုပ်သမားစုပေါင်းသပိတ်
ရွှေပြည်သာ
ရွှေပြည်သာ
0 comments:
Post a Comment