
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အစိုးရတပ်မတော် ထိန်းချုပ်ထားသည့် လောက်ကိုင် မြို့နယ်တွင် စစ်ဘေးရှောင်
ရန် နေအိမ်မှ ထွက်ခွါသည့်ဒေသခံတရာကျော် ပစ်ခတ် သတ်ဖြတ်ခြင်းခံရသည် ဟု ဒေသခံ
များကပြောသည်။
သျှမ်းပြည်နယ်အစိုးရ မှ ကိုးကန့်ဒေသအား အရေးပေါ်
အခြေအနေ ထုတ်ပြန်ကြေငြာသည့်နောက်ပိုင်း ဖေဖေါ်ဝါရီ ၁၅ နှင့် ၁၆ ရက် အတွင်း
စစ်ဘေးရှောင်ရန် နေအိမ်မှ ထွက်ခွါသည့် ဒေသခံ အသက် ၁၀ နှစ်မှ အသက် ၈၀ ကျော်
ကြားက ကျားမ မရွေး လူတရာကျော် သတ်ဖြတ်ခံနေရ သည်ဟု ဒေသခံများက ပြောသည်။
“ တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ သွားတဲ့သူလဲ သတ်ခံရတယ်။
အိမ်ထဲပုန်းနေရင်လည်း တံခါးခေါက် ပြီး ရိုက်နှက်စစ်ဆေးတယ်။ တျခားေ ဒသ ကို
စစ်ဘေးရှောင်ဖို့၊ အသုံးအဆောင် ပစ္စည်းလာယူတဲ့သူတွေလဲ အများ ကြီး သတ်ခံရတယ်။
ကျနော် အစ်မ ဆို သူ့သားနဲ့ အသတ်ခံရတယ်။ သူသားက ၁၁ နှစ်ဘဲရှိသေးတယ်။
ဗမာတပ်တွေဘဲသတ်တာ၊ အိမ်ကနေအထွက် လမ်းထိပ်နားမှာဘဲ ပစ်သတ်လိုက်တာ” - ဟု
အထည်ဆိုင်ပိုင်ရှင် အားကွမ်း က ပြောသည်။
“ချင်းရွှေဟော် ကနေ
လောက်ကိုင်အထိ အစိုးရတပ်ပြည့်နေတာဘဲ၊ သူတို့ဘဲ ထိန်းချုပ်ထားတာ။ လောက်ကိုင်
မှာလဲ ဒကစ ရှိတယ်။ ကျနော်တို့တပ်က တကယ့်တောင်ပေါ်မှာဘဲ။ မြို့နားတောင်
ကပ်လို့မရဘူး။ အဲဒီတပ် တွေကဘဲ အကြောင်းမရှိအကြောင်းရှာ တွေ့တဲ့သူတိုင်းကို
ပစ်သတ်နေတာ။ အခု တရာကျော်နေပြီ။ ကြက်ခြေနီ အဖွဲ့ တိုက်ခိုက်ခံရတယ်ဆိုတာကလဲ
တကယ့် အဖြစ်အပျက်လား။ စဉ်းစားစရာဘဲ။ လူထု သတ်ဖြတ်ခံရတာ ကျနော်တို့
တော်တော်စိုးရိမ်မိတယ်။ လူမျိုးရေးအသွင်ဖန်တီးလာမှာကို စိုးရိမ်တယ်” - ဟု
MNDAA ကိုးကန့် တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ထွန်းမြတ်လင်းက ပြောသည်။
ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ကလည်း ဖေဖေါ် ဝါရီ ၁၇
ရက်နေ့မှစ၍ ကိုးကန့်ဒေသ အား စစ်အုပ်ချုပ်ရေးဖြင့် သုံးလကြာ
အုပ်ချုပ်သွားမည်ဟု ထုတ်ပြန်ကြေငြာထားပါသည်။
ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ
ဦးခွန်စိုင်းက “ဖုန်ကြားရှင်း ဟာ ၁၉၆၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကိုးကန့်
(အထူးဒေသ ၁ ) မှာ ကြီးစိုးလာတဲ့ပုဂ္ဂိုလ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတေ ကာ၊
ကာကွယ်ရေးဦးစီးချုပ်ကော တွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်းပေးပြီး
ဖုန်ကြားရှင်းနဲ့အဖွဲ့ကို နေရာပေးသင့်တယ်။ ပယ်ဆောက်ချိန် နဲ့ လဲ
အဆင်ပြေအောင် ကြားဝင်ညှိနှိုင်းပေးသင့်တယ်။ တပ်မတော်ခေါင်းေ ဆာင်အနေနဲ့
ငြိမ်း ချမ်းရေးကို ရဲရဲရင့်ရင့် လုပ်ဆောင်သွားမှသာ စစ်မီး ဆက်မကူးမှာ” -
ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့သည် အစိုးရပြော သည့် တိုင်းရင်းသား ၁၃၅
မျိုးတွင် ပါဝင်ကြောင်း၊ မည်သော အခါမှ ခွဲထွက်ဖို့ လည်း မစဉ်းစားကြောင်း၊
တရုတ်ထံမှ အထောက်အပံ့ ရသည်ဆိုသည့် ကိစ္စလည်း မဟုတ်မှန်ကြောင်း၊ ၁၉၈၉ ဖုန်ကြား
ရှင်းနှင့် မြန်မာအစိုးရ ရယူထားသည့် ငြိမ်းချမ်းရေး ကတိ ကဝတ် ပြန်လည်ရယူ
လိုကြောင်း၊ တခြားတိုင်းရင်းသား များနှင့်အတူ
စစ်မှန်သည့်ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူရေးသာ အလိုရှိကြောင်း
ကိုးကန့်တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ထွန်းမြတ်လင်းက ပြောသည်။
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment