Wednesday, February 25, 2015

တိုင်းရင်းသားညီညွတ်ရေး ပြိုကွဲမှုရဲ့ အဓိကတရားခံ


ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က ဒီနေ့ ဒီလိုကျေညာလို့ အံ့သြမိတာမျိုး မရှိဘူး။ ခံပြင်းတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာမယ်လို့ ထင်မှတ်ခဲ့ပြီးသားပါ။ သူ့ကို UNFC ဥက္ကဋ္ဌကိုယ်တိုင်က အောက်ကျို့ခံပြီး သူ့ဌာနချုပ်မှာ သွားတွေ့ရတယ်ဆိုကတည်းက မဟုတ်ခဲ့တာပါ။ နောက်ပြီး NCA အတွက် NCCT က ကြိုပမ်းနေတဲ့အချိန်မှာ သီးခြားအနေနဲ့ ရန်သူနဲ့ ကတိကဝတ် ပြုသွားခြင်းဟာ သစ္စာဖောက်သူတို့ရဲ့ အလုပ်တစ်ခုမျှသာ ဖြစ်တယ်။






အဲဒီလို ကတိကဝတ်ပြုပွဲမှာ KNU အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးခဲ့ပေမဲ့ KNU ကတော့ သူတို့ခေါင်းဆောင်နှစ်ဦးရဲ့ သဘောထားမျှသာ ဖြစ်ကြောင်း ကျေညာချက်ထုတ်ခဲ့ပြီး တိုင်းရင်းသား လူမျိုးများအချင်းချင်း စုစည်းညီညွတ်မှုကို သက်သေပြခဲ့ပါတယ်။ နောက်ပြီး မြန်မာ့တပ်မတော်က ကရင်အဖွဲ့အစည်းများရဲ့ နာမည်အချို့ကို အသုံးချပြီး ကိုးကန့်စစ်ပွဲမှာ သူတို့ဘက်က တရားကြောင်း သက်သေပြဖို့ ကြိုးစားကြရာ DKBA က နည်းနည်းတော့ နောက်ကျပေမဲ့ ကျေညာချက်ပြီး သူတို့ရပ်တည်ချက် မပြောင်းလဲကြောင်း တိုင်းရင်းသားတွေကို အသိပေးခဲ့ပါတယ်။ ကိုးကန့်ကို ဘဝတူ တိုင်းရင်းသား ဖြစ်တယ်လို့ DKBA က သဘောထားသလို တိုင်းရင်းသားလူမျိုးတိုင်းကလည်း သဘောထား ကြပါတယ်။


ဒီအချိန်မှာပဲ RCSS ခေါင်းဆောင်က အစိုးရထောက်ခံတဲ့စကား၊ NCCT ကို ပစ်ပယ်တဲ့စကား၊ တာဝန်မဲ့စကားကို ပြောလာပါတယ်။ ဒါကြောင့် UNFC ညီလာခံကနေ KNU နုတ်ထွက်ခဲ့တဲ့အဖြစ်၊ အစိုးရနဲ့ ကတိကဝတ်ပြုခဲ့တဲ့အဖြစ်၊ နေပြည်တော်ကို ချောင်းပေါက်အောင် သွားခဲ့တဲ့အဖြစ်တွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ အားလုံးက ဘွားခနဲ တွေ့လိုက်ရပါပြီ။

မိမိက ရဲရဲဝံ့ဝံ့ ပြောလိုက်မယ်။


"ဇင်းမယ်မြို့မှာ ရှိတဲ့ ဟန်ယောင်ဝေရဲ့ ဌာနချုပ် Pyidaungsu Institute ပါပဲ။"
ငြင်းဆိုလိုသူတွေ ရှိက CB မှာ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုကြပါရန်။

(မှတ်ချက်-မိမိအာဘော်မျှသာ)
U Ravika

0 comments: