Thursday, February 19, 2015

အိပ်နေတဲ့နဂါးကို သွားစတာမျိုး မဖြစ်စေလို

ကိုးကန့်နဲ့တိုက်ပွဲကို အစိုးရအနေနဲ့ တရုတ်ပြည်မကြီးနဲ့ ဖြစ်နေသလို ဆိုရှယ်မီဒီယာကတဆင့် ပုံဖော်ပြီး လူတွေရဲ့ တရုတ်အပေါ်မုန်းတီးစိတ်ကို အသုံးချပြီး ထောက်ခံမှူရယူတယ်။


မောင်တောက လူမျိုးရေးအဓိကရုမ်းမှာ ဘင်ဂါလီတွေနောက်မှာ ဘင်းဂလားဒေ့စစ်တပ် ရှိသလို ပုံဖော်ပြီး ရေရှည်စစ်ပွဲ နွှဲရမယ် လို့ သမ္မတရုံး ညွှန်မှူးကိုယ်တိုင် ပြောပြီး ပဋိပက္ခကို ပိုကြီးထွားစေ ပျံ့နှံ့စေခဲ့တယ်။

အခုတခါလည်း အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှု ပုံသဏ္ဌာန်ကို လှုံ့ဆော်တာ မလုပ်စေချင်ပါဘူး။ လုပ်တော့ လုပ်နေပါပြီ။ သိထားဖို့က နိုင်ငံတကာ စာမျက်နှာမှာရော စစ်ရေးအရရော အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ခိုက်ရင် အမြဲလိုလို ရှုံးခဲ့ရတာပါ။ ပြည်တွင်းမှာသာ ပြောရဲပေမဲ့ တကယ်တမ်း ပြောကြပြီဆိုရင် အမြဲလျှော့ပေးခဲ့ရတာပါ။


တရုတ်ကို သွားပြီး မထိတထိစပြီး လူမျိုးနွယ်တူ ကိုးကန့်ကို တရုတ်ပြည်မကြီး ထောက်ပန့်ရင် ပြသနာ သိပ်ကြီးပါလိမ့်မယ်။ နိုင်ငံရေးအရ ထောက်ခံမှူ လိုချင်လို့ လူမျိုးရေး မုန်းတီးမှူတွေ ဖော်ဆောင်ရင် တန်ဖိုးကြီးကြီးမားမား ပေးရနိုင်ပါတယ်။ ကိုးကန့်ကို တရုတ်တွေမို့ ပြန်သွား မောင်းထုတ်မယ် လေအမြောက်တွေ ပစ်ရင် ကိုးကန့်နယ်မြေကို တရုတ်တကယ် ထိပါးလာရင် ဘာလုပ်ကြမလဲ။


အိပ်နေတဲ့နဂါးကို သွားစတာမျိုး မဖြစ်စေလိုပါဘူး။


ဘင်းဂလားဒေ့ ရေတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး နိုင်ငံတကာ တရားရုံး အဆုံးအဖြတ်ကိုလက်ခံပြီး ရေပိုင်နက်အချို့လွှဲပေးလိုက်ရတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ပြည်တွင်းစစ်ကို ကျူးကျော်စစ်ဆိုပြီး လိမ်တာကို အမျိုးသားရေးစိတ်ကို အဆွခံရပြီး လူအများက လက်ခံလိုက်ကြတယ်။


တကယ်တော့ တရုပ်တွေရဲ့ စီးပွါးရေးလက်ဝါးကြီးအုပ်မှူရယ် ဗဟုသုတနည်းပါးတာရယ်ကို အခြေခံပြီး ပြည်သူတွေ လှည့်စားခံရ အသုံးချခံနေရတာပါဘဲ။


တကယ် ပြည်တွင်းရေး ပြသနာတွေ ဖွဲ့စည်းပုံအခြေခံဥပဒေပြသနာတွေ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ပြသနာတွေ ပြည်ပကျူးကျော်မှူကြောင့် နောက်ရောက်သွားအောင် လုပ်နေတာပါဘဲ။
May Popa

0 comments: