
တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့ အသီးသီး၏ ရပ်တည်မှု သဘောထား များအပေါ် စာနာပါကြောင်း၊
အားလုံးက တူညီသောစိတ်ဖြင့် မြန်မာစိတ်မွေးကြပြီး မြန်မာဟု သာ
ခံယူစေလိုပါကြောင်း၊ နိုင်ငံတစ်ခုတွင် ညီညွတ်သော အင်အားရှိရန် လိုကြောင်း၊
စုစည်းညီညွတ်မှုရှိမှသာ ကမ္ဘာတည်သရွေ့ မြန်မာဟူ၍ ရပ်တည်နိုင်မှာ ဖြစ်ကြောင်း၊
မိမိတို့၏ ကောင်းသောအမွေကို လက်ဆင့်ကမ်းပေးနိုင်ရန် ဆန္ဒပြုပါ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချု ပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ
ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား
တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားကြောင်း အစိုးရ က ထုတ်ပြန်သည့်
သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KN U)
ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်
တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်၊ ”၀“ ပြည် သွေးစည်းညီညွတ်ရေး
တပ်မတော် အထူးဒေသ -၂ (UWSA) ဗဟို ကော်မတီဝင် ဦးအောင်မြင့်၊ အမျိုးသား
ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ-၄ ((NDAA)
ဒုတိယ ဥက္ကဋ္ဌ ဦးစံလူ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး
ကောင်စီ) KNU/ KNLA (PC) မှ စောရင်နု၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်
(KKO) မှ စောမူရှေး၊ မွန်ပြည်သစ် ပါတီ (NMSP) ဗဟို ကော်မတီဝင်
နိုင်ဟံသာဗွန်ခိုင်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား
ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ရှမ်းပြည် တိုးတက်ရေး
ပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) နာယက ဦးဆေးထင်၊ ချင်းအမျိုးသား
တပ်ဦး (CNF) ဗဟို ကော်မတီဝင် ဒေါက်တာ ရွှေခါးရ်၊ ရခိုင်ပြည် လွတ်မြောက်ရေး
ပါတီ(ALP) ဗဟို ကော်မတီ ဝင် ဒေါ်စောမြ ရာဇာလင်း၊ ပအိုဝ်း အမျိုးသား
လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်း၊ နာဂအမျိုးသား
ဆိုရှယ်လစ် ကောင်စီ NSCN(K)မှ ဦးကျော်ဝမ်းစိန်နှင့် တာဝန်ရှိသူများ
တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KN
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment